Sar စာဖတ်ကြမယ်

14/09/2025

မြသန်းစံ ရေးသားပူဇော်သည့်
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏
ဘဝခရီးနှင့် ဓမ္မဆီမီး စာအုပ်ကို

https://t.me/mmebooks

Telegram channel မှ
Epub & KFX Format အဖြစ် ဖန်တီးပြုလုပ် ပူဇော်အပ်ပါသည်။

📖မသင်္ကာ နှင့် မသာ📖“ အသက် ” “ နှစ်ဆယ် ” “ အမည် ” “ မောင်ထွေး ” “ အုပ်စု ”  “ ဦးတင်အေး ” ကျွန်တော့် အဖြေ ဆုံးတော့ ကရင်ဗို...
26/07/2025

📖မသင်္ကာ နှင့် မသာ📖

“ အသက် ”
“ နှစ်ဆယ် ”
“ အမည် ”
“ မောင်ထွေး ”
“ အုပ်စု ”
“ ဦးတင်အေး ”
ကျွန်တော့် အဖြေ ဆုံးတော့ ကရင်ဗိုလ် က ကျွန်တော့် ကို စိုက်ကြည့်သည် ။
“ ကျောင်းသားလား ညီလေး ”
“ မဟုတ်ပါဘူး ခင်ဗျ ၊ အလုပ် သွားလုပ်မလို့ ”
သူ ခေါင်းညိတ် ပြတော့ အပြင်သို့ ထွက်လာ ဖြစ်သည် ။ စခန်း အဝင် မှာ စိစစ်ခြင်းပင် ။ ကျွန်တော်တို့ ခဲအုပ်စု ခေါင်းဆော င်မှာ ဦးတင်အေး ဖြစ်၍ အုပ်စုအမေး တွင် ဦးတင်အေး ဟု ဖြေရခြင်း ဖြစ်သည် ။ ဘုရားရှေ့ မှာ သာ ရှိခိုးပြီး လိမ်ချင် လိမ်ရဲမည် ။ ကရင်စခန်း မှာ တော့ မလိမ်ဝံ့ ။ သူပုန် ဟူသော စကားတောင် မဟရ ဟု တစ်ဖွဲ့လုံး က သတိ ပေးသည် ။ ပြင်းပြင်းထန်ထန် တားမြစ်သည် ။ ဂုဏ်တော် တစ်ခု လို ရွတ်ဖတ်လာရသည် က “ ကော်သူလေး ” ဟူသော အခေါ်အဝေါ် ။ ကရင်ဘာသာဖြင့် မျိုးချစ်ရဲဘော် ဟု ပြော၏ ။ ဘယ်လိုပဲ အဓိပ္ပာယ် ထွက်ထွက် သည်နယ် တစ်ဝိုက်မှာ တော့ ' ကော်သူလေး ' ဟု သူတို့ ကို ခေါ်ရသည် ။
ထားပါတော့ ကော်သူပဲ လေးလေး။ ကော်သူပဲ ပေါ့ပေါ့ ကျွန်တော့် အတွက် က ဘာလုပ်လုပ် သူတို့ မသင်္ကာ မဖြစ်အောင် နေဖို့ လိုသည် ။ မသင်္ကာ နှင့် မသာ သည် ဤနယ်တွင် နီးကပ် နေ၏ ။ စစ်ဆေးသည် ဆိုရုံဖြင့် မောင်းတင်ပြီးသား ။ မသင်္ကာစရာ တွေ့သည် ( ဘာကို မသင်္ကာ သည် ကို မသိ ၊ မဖော်ပြ ) နှင့် မသာ ဖြစ်သည် က စက္ကန့်ပိုင်း အတွင်း ။
သည် တော့ ရိုကျိုး မှ ။ စကား ရိုကျိုး ၊ အပြုအမူ ရိုကျိုး ၊ စိတ် က ရိုကျိုး ၊ အဓိက အားဖြင့် မျက်လုံး အကြည့်လေး ပါ ရိုကျိုး ထားစမ်း ။ ဟိုဟိုသည်သည် မကြည့် နဲ့ ပြူးပြူးပြာပြာ မနေနဲ့ ။ ရီဝေသလို ခက်ထန်သလို မဖြစ်စေနဲ့ ။
ဂိတ် က စစ်ဆေး ပြီး၍ လွှတ်လိုက်သည် နှင့် ကျွန်တော့် အဖို့ သေဒဏ် မှ လွတ်လာသူ လို ဖြစ်သွား၏ ။ တစ်ဖွဲ့လုံး ကလည်း လူသစ်ဖြ စ်ပြီး ရန်ကုန် မှ လာသော ကျွန်တော့် ကို ထို ဂိတ်မှ လွှတ်ပေးသည့် အတွက် ဝမ်းသာကြသည် ။ ဦးလေး က အလောတကြီး မေး၏ ။
“ ဘာတွေမေးလဲ ကောင်လေး ”
“ ဦးလေးအုပ်စု က လို့ ပြောတော့ ဘာမှ မမေးတော့ဘူး။ ကျောင်းသားလား တဲ့ ၊ ကျွန်တော် က မဟုတ်ဘူး ၊ အလုပ် သွားလုပ်မှာ လို့ ပြော လိုက်တယ် ”
“ တော်သေးတာပေါ့ ”
သက်ပြင်းချရင်း ပြောလာသည့် ဦးလေး ၏ စကား ကို ကျွန်တော် ရိပ် မိသည် ။ တော်သေးတာပေါ့ ၊ တကယ်ကို တော်သေးတာပေါ့ ။ သုံးရက် နီးပါး ခဲထမ်းရင်း လိုက်လာခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ လည်း ပျောက်ပြီ ။ အထူးသဖြင့် ရန်ကုန် မှ လာသော ကျွန်တော့် အား ဤ ဂိတ်မှ ချောချောမောမော ခွင့်ပြုလိုက်ခြင်းသည် ပထမ အောင်မြင်မှု တစ်ရပ် ဖြစ်တော့သည် ။

📖တောသို့ ဝင်သည့် နေ့📖နေ့စွဲ ။ ၁၅ - ၆ - ၁၉၉၂၂၂ ပိဿာ၂၂ ပိဿာ ရဲ့ အလေးချိန် ထည့်ဝင်ထားသော ခဲအိတ်ကို မ၍ လက်တွင် ဆ ကြည့်သည် ။ ...
26/07/2025

📖တောသို့ ဝင်သည့် နေ့📖

နေ့စွဲ ။ ၁၅ - ၆ - ၁၉၉၂
၂၂ ပိဿာ
၂၂ ပိဿာ ရဲ့ အလေးချိန် ထည့်ဝင်ထားသော ခဲအိတ်ကို မ၍ လက်တွင် ဆ ကြည့်သည် ။ ခပ်ပေါ့ပေါ့ သဘောထား၍ မရ ။ ကြည့်တော့ ဘူးသီး ခပ်တောင့်တောင့် တစ်လုံး အရွယ်ပင်။ ခဲမှုန့်ကို အခြောက်ခံ၍ အဝတ် တစ်ထပ် ၊ ပြီးမှ ပုဆိုး တစ်ထပ် ၊ နောက်ထပ် လွယ်၍ ကျောပိုးရန် ပုံစံကျကျ ထုပ်နှောင် ထားခြင်း ဖြစ်သည် ။
အချိန်က မနက် လေးနာရီခွဲ ။
ရုတ်တရက် မိုးရွာချလိုက် သဖြင့် စိတ်တွေ ထိုင်းမှိုင်း သွားသည် ။
“ ဖြစ်ရဲ့ လား ကောင်လေး ”
ခဲပိုင်ရှင် လည်း ဖြစ် ၊ ဦးလေး လည်း တော်စပ်သူ ၏ အမေး ကို ခေါင်းညိတ် ပြဖြစ်သည် ။
“ အေးလေကွာ ဒီမနက် မှ မိုးက ရွာတယ်လို့ ”
ကျွန်တော်တို့ အားလုံးပေါင်း ခဲထမ်းသမား ခြောက်ယောက် ရှိသည်။ ခဲပိုင်ရှင် နှစ်ဦးနှင့် ဆိုလျှင် ပေါင်း ရှစ်ယောက်။ နေရာက တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံဘောက်ကျေးရွာ။ သွားရမှာက တောလမ်းမှ တစ်ဆင့် တစ်ဖက်နိုင်ငံ နယ်စပ် နတ်အိမ်တောင် သို့။ ကျွန်တော့် ရည်ရွယ်ချက်က တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင် စားသောက်ရန်၊ ယခု ခရီးကြုံဖြင့် ခဲ ထမ်းရင်း လိုက်ရမည်။ ခဲပိုင်ရှင် ဦးလေး၏ သားဖြစ်သူ ညီဝမ်းကွဲ မောင်သန့်ဇင်သည် တစ်ဖက်နိုင်ငံတွင် အလုပ် လုပ်နေခဲ့သည်မှာ ကာလ အတန်ကြာခဲ့ပြီ။ ယခု အလည် ပြန်လာရင်း ကျွန်တော့်ကို ကူညီ ခေါ်ဆောင်သွားမည်။
ဘာဖြစ်မလဲ ဖြစ်ချင်ရာ ဖြစ်ပေါ့။
ခရီး အထွက်မှာ ပင် မပြတ်စွာ ရွာနေသော မိုးကြောင့် အံကြိတ် ဖြစ်သည် ။ မိုးဦး မှ မိုးဦး စစ်စစ်။ သည်နှစ် မိုးရာသီ တွင် ကံဘောက်ရွာ မှာ ပထမဆုံး ရွာသော မိုး ပါတဲ့ ။ ရှစ်နာရီ မထိုးမီ ဟု သတ်မှတ်ထားကြသည် ။ ကလိန်အောင် ကားလမ်း ကို မနက် ရှစ်နာရီ မထိုးမီ ဖြတ်နိုင်မှ ဖြစ်မည် ဟု အုပ်စုခေါင်းဆောင် က အမိန့်ချသည် ။ ဒါမှ စိတ်ချရမည် ဟု ဆို၏ ။ တဖြည်းဖြည်း ကျိန်းစပ် လာသော ပခုံးနှစ်ဖက် ကို စမ်းရင်း ခဲ လွယ်ထား သော ဟန်ချက် ကို ဆွဲတင်ကြည့်သည် ။ နောက်ထပ် ဆယ့်ငါးမိနစ် ဆို ခေတ္တ နားကြမည် ။ ရှေ့က သွားနေသူများ က အားပေးသည် ။ ပထမဆုံး အခေါက် ဆိုတော့ နည်းနည်း စိတ်ပျက်မယ် ၊ သီချင်း နဲ့ လိုက်ကွ ။ သည် တောလမ်းခရီး မိုးတဖွဲဖွဲ ထဲမှာ လက်ရှိ ဒုက္ခ ကို စိတ် ရောက်နေလျှင် ပို ပင်ပန်းရုံ ရှိမည် ။ အရင်ဆုံး နှုတ် မှ ထွက်လာသည် က
“ မည်သူမဆို မကူညီသည် ဖြစ်စေ ၊ မည်သူမဆို ကူညီသည် ဖြစ်စေ ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝ ကိုယ်အခြေအနေ ၊ ကိုယ့်အားကိုယ်ကိုး မှ ”
မတွေးမိအောင် နေသည့် ကြားမှ အတွေး က အိမ်သို့ ရောက်သွားပြန်သည် ။ ရန်ကုန် ၊ အမေ ၊ သူငယ်ချင်းတွေ ၊ လက်ဖက်ရည်ဆိုင်တွေ နှင့် ယခု ဘဝ တခြားစီပါလား ။ ဘဝ ဆိုတာထဲ ခုန် မချရန် အမေ တားနေသည့် ကြား မှ ချမ်းသာချင်သည့် စိတ် က နေမရပြီ ဆိုတော့ ။
“ ကင်းမရှိဘူးဟေ့ ၊ အေးအေးဆေးဆေးပဲ ”
ရှေ့မှ ကြိုသွားနေသူ က ပြန်လှည့် စောင့်ရင်း ကျွန်တော့်တို့ အုပ်စု ကို ဝမ်းသာအားရ အော် ပြောသည် ။ တစ်ခါတစ်ရံ ကင်းစောင့် ရှိနေလျှင် ကြန့်ကြာတတ်သည် ။ ပြဿနာ ရှည်သွား တတ်သည် ။ အထွက် ခရီး မှာ အဆင်ပြေလျှင် တစ်လမ်းလုံး ချောမွေ့ တတ်သည် ဟု ခဲသမား တို့ စွဲစွဲမြဲမြဲ ယုံကြည်ပြီးသား။
“ ဒီ မိုးဟာ တို့ ကို ကူညီတဲ့ မိုးကွ ”
ခဲပိုင်ရှင် ဦးလေး က ရွာ နေတဲ့ မိုး ကို ကြည့်၍ ပြောသည် ။ ဘုရားရေ ကျွန်တော့် မှာ အသည်း ခိုက်အောင် ခံနေရပြီ ။ သူ က အူလှိုက်သည်းလှိုက် ကျေးဇူး တင်နေသည် ။ ဘာကြောင့် ပါလိမ့် ။ ဩော် မိုးရွာနေလို့ ကင်းသမား မရှိခြင်းပေကိုး ။
တောတောင်တို့ ၏ သဘော မှာ အပြင် မှာ တွေးကြည့်လျှင် သာယာ ပါသည် ။ တကယ် ရောက်နေသူ အဖို့ ကျေးငှက်သာရကာ ၊ စမ်းရေ ၊ ပန်း ရိုင်း စသည် တို့ အား အာရုံခံ ဖို့ ထက် ပျင်းရိဖွယ် ရှုခင်းတွေ သာ များပါသည် ။ တကယ်မှာ လည်း ကျွန်တော့် အနေဖြင့် ဘယ် အာရုံကို ခံစား ကြည်နူးနေရပါ့ ။ တကယ်မှာ လည်း ကျွန်တော် အနေ ဖြင့် ဘယ်အာရုံကို ခံ စားကြည်နူးနေရပါ့ ။ ကျောပခုံး ထက်တွင် စံမြန်းနေသည့် ၂၂ ပိဿာ ခဲထုပ် ကို အပေါ် မှ မိုး လုံအောင် ကာထားရသည့် အထဲ ဇွဲ ဆိုသည့် ပင်ပင်ပန်းပန်း ကိစ္စကြီး အား ဆင်နွှဲနေသည့် ဒုက္ခကြီး ဖြစ်နေသည် ။ ဇွဲ ဆိုတာ ငရဲများ လား။ ခဏ နားလို့ လည်း မဖြစ် ။ မိုးရေ ထဲ မှာ နားလိုက်လျှင် ချမ်းလာမည် ။ ဆက်လျှောက် နေမှ ခန္ဓာကိုယ် သွေးလည်ပတ်ကာ နွေး နေမည်ကိုး ။
ထမင်း စားပြီးတော့ ၂ နာရီ ထိုးပြီ ။ မိုးစဲ သွားစဉ် ခေတ္တ နားကာ ထမင်း စားကြခြင်း ဖြစ်သည် ။
“ မောပြီလား ကိုထွေး ။ ကျွန်တော် ကူသယ် ပေးမယ်လေ ”
သန့်စင် ၏ စကား ကို ကျေးဇူးတင် သော်လည်း ကျွန်တော် ၏ ၂၂ ပိဿာ သည် ကျွန်တော် နှင့် သာ သက်ဆိုင်စေတော့ ။ တစ်ပိဿာ ကို စရိတ်ငြိမ်း ငါးဆယ်ရမည် ဆိုသည့် အတွေး နှင့် တစ်ဖက်နိုင်ငံ ဆိုသည့် မျှော်လင့်ချက်ကြီး ။ တစ်ဖက်နိုင်ငံ သို့ ရောက်လျှင် ကျွန်တော် ဟု ခပ်တည်တည်ပင် တွေးကြည့်မိသည် ။ ထို့အတူ ကြောက်စိတ်များ လည်း လှည့်ဝင်လာ၏ ။ ဒါပေမဲ့ ကျွန်တော့် ရဲ့ အခိုင်မာဆုံးသော ဆုံးဖြတ်ချက် ကို တော့ ပြင်၍ မရတော့ ။
ကျွန်တော့် မှာ သာ ငွေ ထောင်ဂဏန်း မျှ ရှိနေလျှင် ဒီလို ဒုက္ခခံပြီး ခဲကူလီ သယ်သွားရန် မလို ။ အဖေ က နောက်တစ်ပတ်လောက် မှ သွားပါ ဟု ရန်ကုန် မှာ တားခဲ့သည် ကို နောင်တ ရခဲ့သည် ။ ကျွန်တော် ထွက်လာချိန် က လက် ထဲတွင် ငွေခုနစ်ရာ သာ ပါလာ၏ ။ ကံဘောက်ရွာ ရောက် တော့ နှစ်ဆယ် သာ ကျန်သည် ။ ရန်ကုန် မှ သုံးရက် ခရီးသည် သည်မျှ သာ ကျန်ပါမည်။ ကံဘောက်ရွာ မှာ သုံးရက်လောက် နေစဉ် သန့်စင် ပြန် ရောက်လာ သဖြင့် ခရီး ထွက်ရန် ပို မြန်သွားသည် ။ ခက်တာက ကျွန်တော့် မှာ ငွေ မရှိတော့။ နောက်ဆုံး ခဲကူလီ လုပ်ကာ ခရီး စရိတ် ရှာရပြီ ။
တောနင်း ၊ တောင်ဖြတ် ၊ လျှိုပတ်သည့် မင်းမှုထမ်း မဟုတ် ။ ဘဝအမှု ကို ထမ်းဖို့ သက်သက်ပင် ။ တစ်ခါ တစ်ရံ ၌ အားနာခြင်း သည် လည်း လောကဓံဖြစ်သွားသည် ။ သည်းမခံခြင်း သည် လည်း လောကဓံ ဖြစ် သွားတတ်သည် ။ အားနာတာ က ကျွန်တော် ခရီး မထွက်မီ ရည်းစားလေး က ဆွဲကြိုး ရောင်းပေးပါမည် ဆိုသည် ကို အားနာ ၍ မယူရက်။ အဖေ က ရှေ့တစ်ပတ် တွင် ပိုက်ဆံရမည် ဆိုသည် ကို စောင့်မျှော်ရန် သည်း မခံခဲ့သဖြင့် ယခု ခရီးစရိတ် အတွက် လောကဓံ ကို ခံပေတော့ ။
ည အိပ်တော့ ပို ဆိုးပြီ ။
ဝါးကပ် ခင်းထားသော တဲ အထက် မှာ ကျောခင်း လိုက်သည် နှင့် ပူခနဲ ဖြစ်သွားသည် ။ ပခုံးသားများ က အထိ မခံ ၊ ကျောပြင် က ကျိန်းစပ် နေသည် ။ ခဲထုပ် ၏ ဝိညာဉ်ငွေ့ က စိတ္တဇ ဖြစ်ပြီး ပါလာဆဲ ။ ခဲထုပ်ကြီး ထမ်း ထားရသည် ဟု ပင် ထင် နေသည် ။ ပခုံးနှစ်ဖက် ကို သနားစိတ်ဖြင့် ကျွန်တော့် ဘာသာ စမ်းမိသည် ။ ကျွန်တော် ဟာ အင်မတန် ပြင်းထန် လှစွာသော လောကဓံ ကို ခံလိုက်ရသည့် နှယ် နာကြည်းစိတ် ဝင်လာမိ၏ ။
“ ထဦး ကောင်လေး ဒါလေး သောက်ပြီးမှ အိပ်လိုက် ”
“ ဘာလဲ ဦးလေး အရက်လား ”
“ ကရင်ချက်အရက်ပါကွာ။ အကိုက်အခဲ ပြေအောင်လို့ ”
စကား နည်းသော ကျွန်တော် ၏ ဦးလေး က ကျည်တောက်ပိုင်း ဖြင့် ထည့်ထားသော အရက်ခွက် ကို ချပေး သွားသည် ။ မိုး က ရွာ ကောင်းဆဲ ။ တစ်သက်လုံး များ ရွာတော့မှာ လား မသိ ။ မိုးလင်း မှ တိတ်လျှင် လည်း တိတ်သွားခဲ့မှာ ပဲ ဟု တွေးရင်း ကျည်တောက် ကို အသာ နမ်း ကြည့်သည် ။ အနံ့ က သင်း ၏ ။ တစ်တို့ လောက် တို့ ကြည့်တော့ ပူရှိန်းရှိန်း အရသာ တွေ့သည် ။
“ ချလိုက် ကိုထွေး မကုန်ရင် ကျွန်တော့်ကို ပေး ”
ငေါက်ခနဲ ထလာသော သန့်စင် ကို ကျည်တောက် ပေးလိုက်၏ ။
“ သောက်ဦးလေ ဒါမှ အိပ်ပျော်မှာ ”
ကျွန်တော် သောက် လိုက်တော့ မွှန်ထူ သွားသော လည်ချောင်း တစ်ဝိုက် ၊ နှာခေါင်း ၊ လျှာဖျား ၊ ဦးခေါင်း ပြီးတော့မှ ကန်ထွက် လာသော လေပူ များ ။ ပြင်းလိုက်တဲ့ ကရင်ချက်အရက်ပါလား ။ ကျန် အရက် ကို ကျည်တောက် မှ စောင်းငဲ့ ကြည့်ရင်း သန့်စင် ဆွဲယူကာ ထသွားသည် ။ ဦးလေး တို့ ဝိုင်းဘေး မှာ ချထားသော အင်တုံမြေခွက် ထဲမှာ အရက် ရှိနေသည် ကိုး ။
“ ချဦးမလား ကိုထွေး အိပ်ပျော်အောင်လို့ ”
ပြောရင်းလက်စ နှင့် သန့်စင် က ခပ်ကြမ်းကြမ်း မော့သောက်လိုက်သည် ။ ပါးစပ် ကို စေ့ရင်း စုတ်တစ်ချက် သပ်လိုက်ပုံက အရက် ကို ချီးမွမ်းလိုက်သလိုမျိုး။
“ ဟို ရောက်ရင် ပင်ပန်းမယ် နော် ကိုထွေး ။ ကျွန်တော် နဲ့ အတူ ပန်းရံ လုပ်ရမှာ ။ တစ်လလောက် လုပ်ပြီးရင် တခြား နေရာ ပြောင်းမယ် ။ တစ်လ အတွင်း မှာ ပန်းရန် အချော ကိုင်တတ်အောင် သင်ပေါ့ ။ နောက်လိုက် လုပ်ရ တာ ဝင်ငွေ နည်းတယ်ဗျ ”
“ ဘန်ကောက် မှာ ပဲလား ”
“ ဟုတ်တယ် ဟိုရောက်ရင် ကိုထွေး ပျော်မှာ ပါ ”
သူ စကား အဆုံးမှာ ကံဘောက်ရွာ မှ အဒေါ် မှာ လိုက်သည် ကို ကြား ယောင်မိသည် ။ ဆေးလိပ် တစ်လိပ် ကို မြန်မာငွေ ဘယ်လောက် ၊ ရေ တစ်ဘူး ကို ဘယ်လောက် ၊ ဘာလုပ်လုပ် မြန်မာငွေ နဲ့ စဉ်းစားပါ ဟု မှာ လိုက်သည် ။ အကြာကြီး မနေရ ၊ ငွေ စုမိလျှင် မြန်မြန် ပြန်လာရန် ပြီး တော့ မိန်းမ မယူရန်။
“ စိတ်ချပါ ” ဟု ကတိ ရဲရဲကြီး ပေးခဲ့သည် ။ အဒေါ် စကား ကို လိုက်နာသည် ထက် ရည်းစားလေး နှင့် ပေါင်းနိုင်ဖို့ အရေးက ပိုပါသည် ။

📖ကျေးဇူး စကားလွှာ📖 ဤဝတ္ထု ပထမပိုင်းအား (မေ၊ ၂၀၁၆) တွင် ထုတ်ဝေခဲ့ပါသည်။ ၃နှစ်ကျော်ပြီးချိန်၌ ဒုဇာတ်သိမ်းပိုင်းကို ကျွန်တေ...
22/07/2025

📖ကျေးဇူး စကားလွှာ📖

ဤဝတ္ထု ပထမပိုင်းအား (မေ၊ ၂၀၁၆) တွင် ထုတ်ဝေခဲ့ပါသည်။ ၃နှစ်ကျော်ပြီးချိန်၌ ဒုဇာတ်သိမ်းပိုင်းကို ကျွန်တော် ရုံးတင်ဖြစ်ခဲ့သည်။ စာမူခွင့်ပြုချက်ရပြီးချိန်တွင် 'အစ်မဝိုင်း' ထံသို့ ကျွန်တော် မဝံ့မရဲ ပေးဖြစ်ခဲ့ပါသည်။ အကြောင်းမှာ ကြောက်ခမန်းလိလိ ကျဆင်းနေသော စာအုပ်ဈေးကွက် ဂယက်ကြောင့်ပင်။
ကျွန်တော်က ဒုဇာတ်သိမ်းပိုင်းကို ပေးခဲ့သည်။
'အစ်မဝိုင်း' မူက ဆန်းလှ၏။ ပ+ဒု ပေါင်း၍ ထုတ်မှ ဖြစ်မည်ဟု ပြောလာပါတော့သည်။ ကုန်ကျစရိတ်တို့ တက်ပေတော့မည်။ ကျွန်တော့်မှာ ကျေးဇူးလည်းတင်၊ အားလည်း နာရပါတော့သည်။ သည် ကာလမျိုးမှာမှ နှစ်အုပ်တွဲ၍ စဆုံး လုံးချင်း ထုတ်သည်မှာ စွန့်စားရာ ကျနေပါသည်။
သည်ဝတ္ထု ဇာတ်သိမ်းပိုင်းကို အမြဲတစေ တိုက်တွန်း နှိုးဆော်ခဲ့ကြသည့် စာပေရောင်းရင်း မိတ်ဆွေများ၊ စာဖတ်ပရိသတ်များနှင့်အတူ အစ်မဝိုင်းတို့၏ ကံ့ကော်ဝတ်ရည် စာပေတိုက်အားလည်းကောင်း၊ အမှာစာ စာများ ချီးမြှင့်ပေးကြသည့် ဆရာဝင်းငြိမ်းနှင့် ဆရာဝင်းသိန်းဦးတို့အား လည်းကောင်း၊ ကျွန်တော် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ခေတ်ကြီး တစ်ခေတ်လုံးအား လည်းကောင်း ကျေးဇူးများစွာ တင်မိပါသည်။
ဤဝတ္ထုအား အချောသတ်‌ ရေးသားပြီးစီးခဲ့သောနေ့မှာ (၂၀.၂.၂၀၁၇) နေ့ ဖြစ်ပါသည်။ လက်ရေးမူ ပြီးခဲ့သည်မှာ အတန်ကြာခဲ့ပါပြီ။ ထုတ်ရနိုးနိုး မထုတ်ရနိုးနိုးဖြင့် တွေဝေနေမိသည်မှာလည်း ကြာခဲ့ပါပြီ။
ထုတ်ဝေလိုသောဆန္ဒနှင့် မထုတ်လိုသောဆန္ဒမှာ ဆတူပင်ဖြစ်နေ၏။ ထုတ်လိုရခြင်းမှာ ပရိသတ်အပေါ် ကတိကဝတ်ရှိ၍တစ်ကြောင်း၊ လူဆိုသော သတ္တဝါ၌ သစ္စာတရား၏ အရေးပါပုံကို မထီမဲ့မြင် မပြုသင့်သည်ကို ပြလိုက်သည်က တစ်ကြောင်း၊ မိမိဖြတ်သန်းသော ခေတ်ကို မိမိနိုင်သမျှ တာဝန်ကျေချင်သည်ကတစ်ကြောင်းတို့ ပါဝင်နေခဲ့ပါသည်။
မထုတ်လိုသောဆန္ဒသည်ကား လက်ရှိဘဝဝန်းကျင်၌ ဆက်နွှယ်ပတ်သက် နေသူများကို ငဲ့ညှာသနားမိသည်က တစ်ကြောင်း၊ အတ္ထုပ္ပတ္တိ ရေးရလောက်အောင် လူလားမမြောက်သေးသည်ကတစ်ကြောင်း၊ ဘဝ၏ ဒဏ်ရာများကို ထုတ်ဖော်ရောင်းမစားချင်သည်က တစ်ကြောင်းတို့ ပါဝင်နေပါသည်။
ထုတ်လိုသောဆန္ဒ အလေးသာခဲ့ရာ၌ အောက်ပါ အကြောင်းတရား အဓိက ပါဝင်ခဲ့လေသည်။
ဇနီးအေး၏ ဒုတိယကိုယ်ဝန် မွေးဖွားခါနီးချိန်သည် ကျွန်တော့်ဘဝ၌ တစ်သက်နှင့် တစ်ကိုယ် မကြုံခဲ့ဖူးသော ငွေကြေးကျပ်တည်းမှုကို မျှဝေခံစားပေးမည့်သူမရှိ။ ကျွန်တော့်ထံမှ ဖြည့်ဆည်း ပေးနိုင်မည့် ရလဒ်များကိုသာ အသင့်လက်ခံမည့်သူများ ရှိနေကြ၏။ သူတို့မှာ ဘာအပြစ်မှ မရှိ။ အရာအားလုံးသည် ကျွန်တော်၏ တာဝန်သာဖြစ်နေသည်။ မျက်စိနှစ်လုံး ပွင့်မှာကိုလည်း ကျွန်တော် ကြောက်နေသည်။ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားမှာကိုလည်း ကျွန်တော် စိတ်မချ။ ရင်ဆိုင်နေရသော ခက်ခဲကြိမ်းတမ်းမှုအား အဖြေမရမချင်း အိပ်မရ။
ကျွန်တော် ဖိုင့်ကို အထူး သတိရမိသည်။
မည်သို့ဆိုစေကာမူ သူ့မဟေသီ သိလို့ လုံးဝမဖြစ်နိုင်သော ကိစ္စရပ်မို့ ငွေမိုး၏ လက်ဆောင်ကိုပါ ချန်လှပ်ထားလိုက်ပြီး ဦးအောင်မောင်းနှင့် အတူ ရုံးခန်းထဲမှ ထွက်ခဲ့လေသည်။
ရမ္မက်နွံထဲမှ ရုန်းမထွက်နိုင်သော ကျွန်တော်သည် ခွန်အားမဲ့ချင်နေပြီ။ ဖိုင်ကော မည်ကဲ့သို့ ရုန်းကန်နေရပါလိမ့်။ ဖိုင့်ကို တိတ်တခိုးလေး သွားကြည့်ချင်မိသည်။ သို့ရာတွင် ကျွန်တော် မကြည့်အားသေး။ ကျွန်တော် ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်သည်အထိ ကြိုးစားရဦးမည်။ လောကဓံကို ကျွန်တော် ညွှတ်၍ မဖြစ်။
ဤတွင် ကျွန်တော် အပြီးမသတ်နိုင်သော ဖိုင်၏ ဘဝကားချပ်အား အသေအချာ စုတ်ချက်တင်ပြဖို့ ဆုံးဖြတ်နိုင်ခဲ့တော့သည်။ ကျွန်တော်၏ တင်ပြမှုများသည် ဖိုင်ဟူသော မိန်းမသား တစ်ဦးအတွက် ပကတိကြည်လင်သော တွေးဆမှု ထင်ဟပ်စေလို၏။ ကျွန်တော် ထိမ်ချန်၍ မနေချင်တော့။ ကျွန်တော်၏ ညံ့ဖျင်းမှု၊ ကျွန်တော်၏ ဘဝင်မြင့်မှု၊ ကျွန်တော်၏ မတရားမှုများကို ဖိုင်နှင့် ဇနီးအေးတို့ အကြောင်းမဲ့ ပါဝင်ပတ်သက်ခဲ့ရသည်ကို ကျွန်တော် ရင်ဆိုင်လိုက်တော့မည်။
လူတော်တော်များများ ကျွန်တော့်ကို ရွံကြမည်။ စိတ်ပျက်ကြမည်။ တေးမှတ်ကြမည်။ ဒါတွေကို ကျွန်တော် မတွေးချင်။ ဖိုင့်ကို မျက်နှာချင်းဆိုင် တွေ့ဆုံလိုသလားဆိုလျှင်လည်း ကျွန်တော် မတွေ့ချင်သေး။ သူ့သတင်းကိုတော့ ကြားလိုသည်။ ဖိုင်သည် ကျွန်တော့်လို လက်ပစ်ကူးနေရသော ဘဝပင်လယ်တွင်း၌ မကျဆင်းနေပါလျှင် ကျွန်တော် ဝမ်းမြောက်လိုသည်။ ကျွန်တော့်ဘဝသည် ကမ်းခြေမရှိသေး။ ကူးချင်၍ ဆင်းကူးသည်မှာ ကျွန်တော်ပင်ကိုး။
မိဘ၊ မောင်နှမ၊ ဇနီး၊ သားမယားမှအစ ကျွန်တော့်တွင် နားခိုလောက်သော ကမ်းခြေသည် မရှိသေး။ စာပေကမ်းခြေမှာတော့ ခေတ္တအမောပြေ နားခွင့်ရနေသည်။ တစ်ခါတစ်ရံ ဘဝဝန်းကျင်မှ အခါပေါင်းများစွာ ကျွန်တော် ထွက်ပြေးသည်။ လက်တွေ့မဟုတ်သည့် ထွက်ပြေးခြင်းဖြင့် ထွက်ပြေးခဲ့ခြင်းပင်။ လက်တွေ့တော့ မပြေးဖြစ်ခဲ့။ အရှုံးတရားကို မကောက်သော်ငြား ငြီးငွေ့မှုတော့ ကျွန်တော် ဖြစ်မိသည်ကို ဝန်ခံပါသည်။
ယခု ဤဝတ္ထုသည် လုပ်သင့်လုပ် ထိုက်သော အမှုကိစ္စအား ဆောလျင် ပြီးပြတ်အောင် ဆောင်ရွက်ခြင်း အဖြစ် ကျွန်တော် တင်ပြခြင်း ဖြစ်ပါသည်။ ကျွန်တော် ရင်ဆိုင်ရမည့် လှိုင်းတံပိုးတို့က မသေး။ အသံပေး၍ ပြေးလာကြပါပကော။

မာန်(တောင်လုံးပြန်)

📖လန်းဖိုင်စာသိုက် (သို့မဟုတ်) ရိုးဂုဏ်ဖြင့် တင့်တယ်သော ဝတ္ထုတစ်ပုဒ်📖 ကျွန်တော်သည် စာဖတ် အလွန်ပျင်းသူ ဖြစ်ပါသည်။ အထူးသဖြင...
22/07/2025

📖လန်းဖိုင်စာသိုက် (သို့မဟုတ်) ရိုးဂုဏ်ဖြင့် တင့်တယ်သော ဝတ္ထုတစ်ပုဒ်📖

ကျွန်တော်သည် စာဖတ် အလွန်ပျင်းသူ ဖြစ်ပါသည်။ အထူးသဖြင့် အဖွဲ့အနွဲ့၊ အညွန့်အကွန့်တို့ဖြင့် တန်ဆာဆင်ထားသော စာပေမျိုးကို ဖတ်ရမှာ အလွန်ကြောက်ပါသည်။ ယခု စာရေးဆရာမာန် (တောင်လုံးပြန်) က သူ၏ 'လန်းဖိုင်စာသိုက်' အမည်ရှိ လုံးချင်းဝတ္ထုအတွက် အမှာစာ ရေးပေးပါဆိုတော့ ရုတ်တရက် ငြင်းချင်စိတ် ပေါ်လာမိသည်။ ရသစာပေကို နှံ့စပ် ကျွမ်းကျင်ခြင်းမရှိသော ကျွန်တော့်အဖို့ ကိုယ့်အရာမဟုတ်ဟု ယူဆမိသောကြောင့် ဖြစ်ပါသည်။ သို့သော် ကိုယ့်ညီငယ်လေးတစ်ဦးလို ခင်မင်ရင်းနှီးနေလေတော့ ငြိင်းရမှာကို အားနာနေမိသည်။ 'ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်ပြီး ကိုယ့်အမြင်ကို ရေးပေးရတော့မှာပေါ့' ဟု ဆုံးဖြတ်ပြီး လက်ခံလိုက်မိပါသည်။
ထို့နောက် ကျွန်တော်သည် ဤဝတ္ထုကို အလုပ်တခုအနေနှင့် အချိန်ပေးပြီး ဖတ်ခဲ့ပါသည်။ ဝတ္ထုဖတ်ရမှာ ဝန်လေးသော ကျွန်တော့်အဖို့ ဤဝတ္ထုကို သုံးလေးရက်လောက် အချိန်ပေးပြီး ဖတ်ရလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် တကယ်လက်တွေ့ ဖတ်ကြည့်သောအခါမှာ တစ်နံနက်တည်းနှင့် ထိုင်ရာမထ၊ ပြီးစီးအောင် ဖတ်နိုင်ခဲ့သည်ကို တအံ့တဩ တွေ့ခဲ့ရသည်။ ဒီဝတ္ထုကျမှ ဘာကြောင့် မြန်မြန်ဆန်ဆန် ဖတ်နိုင်ခဲ့ပါလိမ့်ဟု ပြန်လည် ဆန်းစစ်ကြည့်ရာ မာန်(တောင်လုံးပြန်) ၏ 'ရိုးသားမှု' ကြောင့် ဟူသော အချက်ကို တွေ့ရှိခဲ့ပါသည်။ သူ့အရေးအသားမှာ အလွန် ရိုးရှင်းပါသည်။ စာဖတ်သူကို တမင်ဆွဲဆောင် ခေါ်ယူသော တစ်နည်းပြောရလျှင် အတတ်ပည်ဖြင့် ဖမ်းစားရန် ကြံရွယ်ဖန်တီးထားသော အထူးပြုလုပ်ချက် အရေးအသားမျိုးကို မတွေ့ရပါ။ ဝတ္ထု အကြောင်းအရာကိုယ်၌ကလည်း တမင်ဖန်တီးရန် မလိုလောက်အောင် စိတ်ဝင်စားစရာ ကောင်းနေလေရာ စာမူကို လက်ကမချတမ်း အစအဆုံး ပြီးစီးအောင် ဖတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤဝတ္ထုနှင့် အတူ မာန်(တောင်လုံးပြန်)က ကျွန်တော့်ကို နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံကို ခေါ်ဆောင်သွားခဲ့သည်။ ကော်သူလေးရဲဘော်ကြီးနှင့် မိတ်ဆက်ပေးသည်။ သူနှင့်အတူ တစ်ဖက်နိုင်ငံတွင် ဝက်မွေးရသည်။ ဘဲမွေးရသည်။ ကြက်သတ်လုပ်ငန်းသို့ လိုက်ခဲ့ရသည်။ ကရင်မလေး 'ဘုတ်ဆုံ' ၏ အလှကို ငေးမောစေခဲ့သည်။ 'ရာမ' ခေါ် စိတ်ကြွဆေး တစ်ပြားကို ရှစ်စိတ် စိတ်ပြီး တစ်စိတ်ကို သောက်စေခဲ့သည်။ ထို့နောက် သူနှင့်အတူ ထိုင်းရဲများထံ အဖမ်းခံစေပြီး အချုပ်ခန်းများ၊ အကျဉ်းထောင်များမှာ နေကြည့်စေသည်။ ထိုင်းလူမျိုး အလုပ်ရှင်များနှင့် မိတ်ဆက်ပေးပြီး သူတို့၏ စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကို လေ့လာစေသည်။ ဘန်ကောက်မှာ လာရောက် အလုပ်လုပ်သော ထိုင်း တိုင်းရင်းသူလေးများနှင့် မိတ်ဆက်ပေးသည်။
သူနှင့်အတူ ရိုတီအမည်ရှိ ကုလားမုန့်တစ်မျိုးကို ဘန်ကောက်မြို့မှ လမ်းမတစ်ခုပေါ်မှာ လှည်းကလေးနှင့် တွန်းပြီး ရောင်းရတာ ပျော်စရာလိုလို လွမ်းစရာလိုလို ခံစားရသည်။ ဘန်ကောက်မြို့ စာတိုက်ကြီးနားက ပတ်စ်ပို့အတု လုပ်ရောင်းသူများနှင့်လည်း တွေ့ရသည်။ ထို့နောက် 'ဆဖန်ကွိုင်' အရပ်က နှစ်ကားတဲ့ ညစ်ညမ်း ရုပ်ရှင်ကို လိုက်ပြသေးသည်။ အားလုံး အားလုံး ကျွန်တော့်အဖို့တော့ အသစ်အဆန်းတွေချည်းပင်။ အထူးသဖြင့် အချုပ်စခန်းနှင့် အကျဉ်းထောင်များက ကြားဖူးနားဝရှိသည်များနှင့် ဆန့်ကျင်ဘက်တွေ ဖြစ်နေသောကြောင့် ကျွန်တော့်အဖို့ အံ့ဩခြင်းကြီးစွာ ဖြစ်ခဲ့ရသည်။
ဤဝတ္ထု၏ အဓိကဇာတ်ကောင်ဖြစ်သော 'ကိုထွေး' သည် တကယ်တော့ မာန်(တောင်လုံးပြန်) ကိုယ်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ဝတ္ထုဟု ဆိုရမည်ထက် စာရေးဆရာ မာန်(တောင်လုံးပြန်) ၏ ဘဝတစ်စိတ်တစ်ဒေသကို ဖော်ကျူးထားသည့် အတ္ထုပ္ပတ္တိဟုပင် ဆိုနိုင်သည်။ လူငယ်ပီပီ ကြီးပွားတိုးတက်လိုစိတ်ဖြင့် တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာ နောက်ဆုံးတော့ ဒုက္ခသုက္ခ တွေ့ကြုံကာ နောင်တရပြီး ပြန်လာသော ဖြစ်ရပ်များဖြင့် တန်ဆာဆင်ထားသည့် ဗီဒီယို ဇာတ်ကားများကို ကျွန်တော် ကြည့်ခဲ့ရဖူးသည်။ အများစုမှာ ရည်ရွယ်ချက်တစ်ခုဖြင့် ဖန်တီးထားခြင့်ကြောင့် ရိုးသားမှုမရှိသည်ကို တွေ့ရသည်။ မာန်(တောင်လုံးပြန်) ကတော့ အဖြူထည်သက်သက်ဖြစ်သည်။ တစ်ဖက်နိုင်ငံသို့ သွားသည်။ အလုပ်လုပ်သည်။ မကောင်းသည့်သူတွေ အကြောင်းပါသလို ကောင်းသည့်လူတွေအကြောင်းလည်း ဖော်ပြထားသည်။ သူပဲ ကံကောင်းခဲ့လို့လား မသိပါ။ တစ်ဖက်နိုင်ငံတွင် လူကောင်းသူကောင်းတွေနှင့်သာ သူ အတွေ့များခဲ့သည်။ 'လန်းဖိုင်စာသိုက်' ဆိုသည်မှာ သူတွေ့ခဲ့သည့် ရိုးသား ပွင့်လင်းပြီး သစ္စာတရားကို တန်ဖိုးထားသော တစ်ဖက်နိုင်ငံသူ မိန်းကလေး၏ အမည်ဖြစ်သည်။ ဝတ္ထုတစ်အုပ်လုံး ခြုံငုံသုံးသပ်ကြည့်သောအခါ 'လန်းဖိုင်စာသိုက်' သည် တစ်ဖက်နိုင်ငံသူ 'လုံမပျိုအများစု' ၏ ဘဝ၊ အတွေးအခေါ်၊ အမူအကျင့်တို့ကို ကိုယ်စားပြုပြီး ဇာတ်လိုက်ကျော် 'ကိုထွေး' ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှ 'လုလင်ပျိုအများစု' ၏ ဘဝ၊ ယုံကြည်ချက်၊ ဆန္ဒနှင့် ဇာတိမာန်တို့ကို ကိုယ်စားပြုနေသည် ဟု ထင်မိပါသည်။ ကြီးကြီးကျယ်ကျယ် ပြောသည်ဟု ထင်ချင်လည်း ထင်ကြပါတော့။ ဤဝတ္ထုသည် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူတို့ အကြား စစ်မှန်သော နားလည်မှု တစ်ခုကိုပင် ရိုးသားစွာ ဆောင်ကြဉ်းပေးနိုင်သည်ဟုပင် ဆိုချင်ပါသည်။
ကျွန်တော်သည် ရသစာပေအကြောင်း နားလည်တတ်ကျွမ်းသူ မဟုတ်ကြောင်း အစကပင် ဝန်ခံပြီးပါပြီ။ ထို့ကြောင့် ဝတ္ထုတစ်အုပ် ကောင်း မကောင်း ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်နိုင်စွမ်း ကျွန်တော့်မှာ မရှိပါ။ သို့သော် ဝတ္ထုစာအုပ်ဆို ကိုင်ဖို့ပင် ဝန်လေးတတ်သော ကျွန်တော့်ကို လန်းဖိုင်စာသိုက်က တစ်နံနက်တည်းနှင့် အပြီး ဖတ်ချင်အောင် ဆွဲဆောင် ခေါ်ယူသွားခဲ့သည်ကတော့ အမှန်ပင်။
ထို့ကြောင့် ကျွန်တော့်လို ဝတ္ထုဖတ်ရမှာ ကြောက်သူများအဖို့ ဖတ်ရှုရန် အသင့်ဆုံး ဝတ္ထုတစ်ပုဒ်ဟုသာ ပြောလိုပါသည်။

ဝင်းသိန်းဦး
(၄.၁.၂၀၁၆)

ခေတ်ပြိုင်ခံစားမှုများနဲ့ လန်းဖိုင်စာသိုက် ဆရာမာန် (တောင်လုံးပြန်) က သူရေးထားတဲ့ လန်းဖိုင်စာသိုက်ဝတ္ထု ဒုတိယပိုင်း (ဇတ်သ...
22/07/2025

ခေတ်ပြိုင်ခံစားမှုများနဲ့ လန်းဖိုင်စာသိုက်

ဆရာမာန် (တောင်လုံးပြန်) က သူရေးထားတဲ့ လန်းဖိုင်စာသိုက်ဝတ္ထု ဒုတိယပိုင်း (ဇတ်သိမ်းအတွက်) အမှာစာ ရေးပေးဖို့ မေတ္တာရပ်ခံခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော် အလုပ်များနေတာကြောင့် သူ့ဝတ္ထုကို တော်တော်နဲ့ မဖတ်ဖြစ်သေးပါဘူး။ မဖြစ်မနေ ပေးရတော့မယ့်အချိန် ရောက်လာတော့မှ ညနေပိုင်း အိမ်ပြန်ရောက်ချိန် ပထမတွဲ ဖတ်ပြီးချိန်မှာ ည ၁၂ နာရီ ကျော်ခဲ့ပါပြီ။ ပထမပိုင်းကို မဖတ်ဘဲ ဒုတိယပိုင်းအတွက် ဇာတ်လမ်းကို သိနိုင်မှာ မဟုတ်လို့ ပထမပိုင်းကစပြီး ဖတ်ခဲ့ခြင်းဖြစ်ပါတယ်။
ဝတ္ထုများစွာ အလုပ်ဝတ္တရားအရ ဖတ်ခဲ့ရတဲ့ ကျွန်တော့်အတွက် 'ဖြစ်ရပ်မှန်ကို ရေးထားတာပါ' လို့ ဆိုတဲ့ ဝတ္ထုတွေ အများကြီးပါပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှန်တိုင်းဟာ ဝတ္ထုကောင်း ဖြစ်မလာနိုင်ခဲ့ပါဘူး။ ဆရာမာန်ရဲ့ အတ္ထုပ္ပတ္တိလို့ ဆိုရမယ့် လန်းဖိုင်စာသိုက်ကတော့ စွန့်စားခန်းတွေ၊ အတွေ့အကြုံတွေ များစွာနဲ့ ရောယှက်ထားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ပြင်ပ ကမ္ဘာထဲက သက်ရှိ ပုဂ္ဂိုလ်များကို ဝတ္ထုထဲမှာ ဇာတ်ကောင်အဖြစ် ထည့်သွင်းရေးဖွဲ့ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဆရာမာန်ကတော့ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သက်ရှိ ပုဂ္ဂိုလ်များကို သူ့ဝတ္ထု သို့မဟုတ် သူ့အတ္ထုပ္ပတ္တိထဲမှာ ဇာတ်ကောင်များအဖြစ် ပိုင်ပိုင်နိုင်နိုင် ဖန်တီးသွားပါတယ်။
ဒီနေ့ခေတ် လူငယ်များကို ကိုယ့်နိုင်ငံမှာကိုယ် လုပ်ကိုင် စားသောက်ရတာထက် အိမ်နီးချင်း နိုင်ငံများမှာ သွာရောက်လုပ်ကိုင် စီးပွားရှာရတာကို ပိုမိုနှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း နည်းမျိုးစုံနဲ့ အဆက်အသွယ်ရှာကြ၊ ငွေကုန်ကြေးကျခံကြ၊ ဒီလို အဆက်အသွယ် မရှိရင် အောက်လမ်းကနေ ထွက်ကြ၊ အမျိုးစုံ ကြံဆောင်ကြပါတယ်။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံမှာ အဆင်ပြေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်က ခပ်ရှားရှားပါ။ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ လူငယ်တစ်ယောက် အိမ်ထောင်ကျသွားတဲ့အခါ စီးပွားရှာဖို့ အတွက် မလေးရှားနိုင်ငံကို သူ့မိခင်ရဲ့ အဆက်အသွယ်နဲ့ ထွက်သွားခဲ့ပါတယ်။ သွားစဉ်ကာလတုန်းကတော့ တရားဝင် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ပြီး လေယာဉ်နဲ့ သွားခဲ့တာပါ။ ဟိုရောက်တော့ မူလပြောထားတဲ့ လစာကြေးငွေရဲ့ ထက်ဝက်လောက်သာ ရတဲ့အပြင် စားရ သောက်ရတာကလည်း ဟင်းချိုပန်းကန်လုံးလောက်ရှိတဲ့ ထမင်းကိုသာ စားရတာဖြစ်လို့ အိမ်မှာလို ဇလုံနဲ့ အားရပါးရ မစားရတော့တဲ့ အတွက် စိတ်ဆင်းရဲမှု ကြုံရပါတယ်။ ပိုပြီးဆိုးတာက သဘောတူခဲ့တဲ့ လစာမရ၊ အလုပ်ကို တစ်နေရာပြီး တစ်နေရာ ရွှေ့ပြီး ခိုင်းနေတဲ့အတွက် နေရတာ မပျော်တော့ဘူး။ နောက်ဆုံးမှာ ဆိုင်တာဝန်ခံနဲ့ စကားများတဲ့အတွက် အဲဒီဆိုင်ကနေ ထွက်လိုက်ရပါတယ်။ အိမ်ပြန်ချင်ပေမယ့် နိုင်ငံကူးလက်မှတ်ကို သူတို့က သိမ်းထားတာဖြစ်လို့ ပြန်လိုချင်ရင် ဘယ်ရွေ့ဘယ်မျှ လျှော်ရမယ်လို့ ဖြစ်လာတယ်။ လာစဉ်ကာကတုန်းကလည်း သူများထံက ချေးငှားထားတဲ့ ငွေနဲ့ လာခြင်းဖြစ်လို့ နိုင်ငံကူးလက်မှတ် ပြန်ရဖို့ တောင်းတဲ့ငွေကို မတတ်နိုင်ပါဘူး။ နောက်ဆုံးတော့ အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မိန်းမထံ ငွေပို့ပေးဖို့ တောင်းရတော့တာပေါ့။ မိန်းမကလည်း သူ့ယောင်္ကျား ဒုက္ခရောက်နေပြီဆိုတော့ ပေါင်နှံချေးငှားပြီး ငွေပို့ပေးလိုက်ရတယ်။ နိုင်ငံကူးလက်မှတ် မရှိတဲ့အတွက် အပေါ်လမ်းက သွားခဲ့တဲ့ သူ အောက်လမ်းကနေ တရားမဝင် ပြန်လာခဲ့ရတယ်။
စီးပွားရှာချင်လို့ စွန့်စားသွားခဲ့တဲ့သူ နောက်ဆုံးမှာ အိမ်ပြန်ရောက်တော့ အကြွေးတစ်ပုံတစ်ပင် တင်နေတာပဲ အဖတ်တင်ပါတော့တယ်။ ဆရာမာန်ကတော့ အိမ်နီးချင်း နိုင်ငံများကို အောက်လမ်းက စွန့်စားသွားခဲ့တဲ့အတွက် နိုင်ငံပေါင်းစုံက အချုပ်တွေ၊ ထောင်တွေကိုလည်း ရောက်ခဲ့ရဖူးတယ်။ နှိပ်စက်ညှဉ်းပန်းသမျှကိုလည်း ခံခဲ့ရဖူးတယ်။ သူ့ အတွေ့အကြုံများကြားမှာ ချစ်စရာကောင်းတဲ့ ယိုးဒယားမလေး လန်းဖိုင်စာသိုက်နဲ့ ကြုံခဲ့၊ ဆုံခဲ့ရာက သမီးလေးတစ်ဦး မွေးဖွားခဲ့ပေမယ့် သူ့ရင်သွေးနဲ့ သူ ဆုံစည်းခွင့်တော့ မရနိုင်တော့ပါဘူး။
ဝတ္ထုဆိုတာ စိတ်ကူးယဉ်အိပ်မက်များကို ဖွဲ့သီထားတာလို့ ဆိုကြပေမယ့် ဆရာမာန်ကတော့ သူ့ရင်ထဲ့မှာ အစိုင်အခဲ ဖြစ်တည်နေတဲ့ ကိုယ်တွေ့ ဖြစ်ရပ်များကို အိတ်သွန်ဖာမှောက် သွန်ချထားခြင်း ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမယ့် ညည်းငွေ့စရာမရှိ၊ စွန့်စားခန်းအတိနဲ့ ခြယ်မှုန်းထားတာ ဖြစ်ခြင်းကြောင့် ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များအနေနဲ့ ရသရော သုတပါ ပွားများစေတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဆရာမာန်က အရေးအသား ပြေပြစ်သပ်ရပ်ခြင်းကြောင့် ကြိုပြီးတော့ မသိရင် အတ္ထုပ္ပတ္တိလို့ မသိနိုင်ဘဲ ဝတ္ထုတစ်ပုဒ်အဖြစ်သာ ဖတ်ဖြစ်သွားကြမှာပါ။
လန်းဖိုင်စာသိုက်ဟာ ခေတ်လူငယ်များအတွက် ခေတ်ပြိုင်ခံစားမှု အပြည့်အဝပေးထားတဲ့ ဝတ္ထုဖြစ်ခြင်းကြောင့် ပထမတွဲဖတ်ပြီးမှသာ ဒုတိယတွဲကို ဆက်ပြီး ဖတ်ရင် ဆရာမာန်ရဲ့ အတ္ထုပ္ပတ္တိကို ပိုပြီး ပြည့်ပြည့်စုံစုံ သိနိုင်မယ်လို့ ဆိုချင်ပါတယ်။

လေးစားစွာဖြင့်
ဝင်းငြိမ်း

📖လန်းဖိုင်စာသိုက်မာန်(တောင်လုံးပြန်)🖌ဒီစာအုပ်ဟာ ဆရာ့အကြောင်းပါ။ ဆရာက သူ့ရင်ထဲက အစိုင်အခဲအဖြစ် ဖြစ်တည်နေတဲ့ ကိုယ်တွေ့ ဖြစ...
19/07/2025

📖လန်းဖိုင်စာသိုက်
မာန်(တောင်လုံးပြန်)🖌

ဒီစာအုပ်ဟာ ဆရာ့အကြောင်းပါ။ ဆရာက သူ့ရင်ထဲက အစိုင်အခဲအဖြစ် ဖြစ်တည်နေတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တွေကို အိတ်သွန်ဖာမှောက် သွန်ချထားပါတယ်။ ဆရာက အိမ်နီးချင်းနိုင်ငံတွေကို အောက်လမ်းကနေ စွန့်စားသွားခဲ့ဖူးတယ်။ နိုင်ငံပေါင်းစုံက အချုပ်တွေ၊ ထောင်တွေကိုလည်း ရောက်ခဲ့ဖူးတယ်။ နှိပ်စက်ညှဉ်းပန်းသမျှကိုလည်း ခံခဲ့ရဖူးတယ်။ ငတ်တလှည့် ပြတ်တလှည့်နဲ့ ပင်ပန်းဆင်းရဲခဲ့ရဖူးတယ်။ သူ့အတွေ့အကြုံတွေထဲမှာ ချစ်စရာကောင်းတဲ့ ယိုးဒယားမလေး လန်းဖိုင်စာသိုက်နဲ့ ကြုံခဲ့၊ ဆုံခဲ့ရာက သမီးလေးတဦး မွေးဖွားခဲ့တာကအစ အဖြစ်အပျက် အားလုံးကို ရင်မောရအောင် စီးမျောမိသွားစေပါတယ်။

မြိုင်ရာဇာ တွတ်ပီကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေသင်္ကြန်နိဂုံး✍️ဆွေမင်း (ဓနုဖြူ)✍️
17/04/2025

မြိုင်ရာဇာ တွတ်ပီ
ကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေ
သင်္ကြန်နိဂုံး

✍️ဆွေမင်း (ဓနုဖြူ)✍️

မြိုင်ရာဇာ တွတ်ပီကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေသင်္ကြန်အတက်နေ့✍️ဆွေမင်း (ဓနုဖြူ)✍️
16/04/2025

မြိုင်ရာဇာ တွတ်ပီ
ကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေ
သင်္ကြန်အတက်နေ့

✍️ဆွေမင်း (ဓနုဖြူ)✍️

မြိုင်ရာဇာ တွတ်ပီကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေသင်္ကြန်အကြတ်နေ့✍️ဆွေမင်း (ဓနုဖြူ)✍️
15/04/2025

မြိုင်ရာဇာ တွတ်ပီ
ကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေ
သင်္ကြန်အကြတ်နေ့

✍️ဆွေမင်း (ဓနုဖြူ)✍️

မြိုင်ရာဇာ တွတ်ပီကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေသင်္ကြန်အကျနေ့✍️ဆွေမင်း (ဓနုဖြူ)✍️
13/04/2025

မြိုင်ရာဇာ တွတ်ပီ
ကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေ
သင်္ကြန်အကျနေ့

✍️ဆွေမင်း (ဓနုဖြူ)✍️

မြိုင်ရာဇာ တွတ်ပီကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေသင်္ကြန်အကြိုနေ့✍️ဆွေမင်း (ဓနုဖြူ)✍️
13/04/2025

မြိုင်ရာဇာ တွတ်ပီ
ကျွန်ုပ်နှင့် လွမ်းရစ်တော့လေ သင်္ကြန်နွေ
သင်္ကြန်အကြိုနေ့

✍️ဆွေမင်း (ဓနုဖြူ)✍️

ที่อยู่

Chiang Mai
Bangkok
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์