Phoe Wa Lone Myanmar Library

Phoe Wa Lone Myanmar Library If you have any questions �
Can I help you

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင...
17/10/2024

🏮သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🏮

သီတင်းကျွတ် အခါသမယမှာ လူသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြပါစေလို့ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 🙏🙏🙏

ခေတ်ဦးပုဂံပြည်ပုဂံပြည် (အေဒီ ၂ ရာစု – ၉ ရာစု) #မဟာရာဇဝင်ကြီး၏ ဖော်ပြချက်အရ ပုဂံပြည်ကို ပွင့်တော်မူပြီးသော ဘုရားများလက်ထက...
13/10/2024

ခေတ်ဦးပုဂံပြည်
ပုဂံပြည် (အေဒီ ၂ ရာစု – ၉ ရာစု) #

မဟာရာဇဝင်ကြီး၏ ဖော်ပြချက်အရ ပုဂံပြည်ကို ပွင့်တော်မူပြီးသော ဘုရားများလက်ထက်က အောက်ပါအတိုင်းခေါ်ဆိုခဲ့ကြသည်။[၁]

-ကကုသန်ဘုရားလက်ထက်တွင် ပဏ္ဍုပလာသ။
-ကောဏဂုံဘုရားလက်ထက်တွင် တမ္ပကုဋိ။
-ကဿပဘုရားလက်ထက်တွင် တမ္ပဒေသ။
-ဂေါတမဘုရားလက်ထက်တွင် တမ္ပဒီပ။
ဆက်ရန်...
Crd:ကီဝီပီးဒီးယား

ပုဂံခေတ် ။ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ မြန်မာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆု...
13/10/2024

ပုဂံခေတ် ။

ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ မြန်မာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမဆုံးမြန်မာဘုရင့်နိုင်ငံကို တည်ထောင်နိုင်ခြင်းဖြစ်သည်။ ပုဂံခေတ်ကို မြန်မာအစိုးရက ပထမမြန်မာနိုင်ငံတော်အဖြစ် သတ်မှတ်ထားသည်။ ပုဂံခေတ်ကာလကို သက္ကရာဇ် ၄၀၆-ခုမှ ပင်းယမြို့တည်သည့် သက္ကရာဇ် ၆၇၄-ခုအထိ သတ်မှတ်သည်။ [ကိုးကားချက်လိုသည်] ကြာအိုးအံ ပုဂံတည် ဆိုရိုးစကားအရ (ကြာ = ၂ ၊ အိုး = ၁ ၊ အံ = ၁) ၂၁၁-ခုနှစ်၌ တည်ထောင်သည်။ [၁]

အစဦးတွင် မြန်မာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ဒဏ္ဍာရီလာသာဖြစ်ပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ပုဂံပြည်နှင့်ခမာအင်ပါယာတို့သည် ခေတ်ပြိုင်အင်အားကြီးအင်ပါယာများဖြစ်သည်။

သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၎င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ မင်းများလက်ထက်တွင် တစ်ဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တစ်ဖန်ကျဆင်းသွားရပြန်သည်။

နောက်ဆုံး အေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုပ်သိမ်းအပြီး နန်းတက်ကြသည့် ကျစွာ၊ စောနစ်၊ စောမွန်နစ်တို့မှာ ရှမ်းညီနောင်သုံးဦး လက်အောက်ခံပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ် (သို့မဟုတ်) ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။

ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ ရှမ်းလူမျိုးများ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တချို့က သုံးသပ်ကြသည်။

မင်းဆက်များ # # # # #

ပါးစပ်ရာဇဝင်များအရ ပုဂံမင်းဆက်သည် ပျဉ်ပြားမင်းကစခဲ့သည်၊ ၅၅ ဆက်ရှိသည်ဟု ဆိုသော်လည်းသမိုင်းမှတ်တမ်းများကို ခိုင်မာသည်ဟုယူဆရသော ကာလမှစကာ နန်းတက်သည့် ပုဂံမင်းဆက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ကွမ်းဆော်ကြောင်ဖြူ (နန်းတက်နှစ် အေဒီ ၉၆၄)

၂။ ကျဉ်စိုး (နန်းတက်နှစ် အေဒီ ၉၈၆)

၃။ စုက္ကတေး (နန်းတက်နှစ် အေဒီ ၉၉၂)

၄။ အနော်ရထာမင်း (နန်းတက်နှစ် အေဒီ ? ၁၀၄၄ - ? ၁၀၇၇)

၅။ စောလူး (နန်းတက်နှစ် အေဒီ ၁၀၇၇ - ၁၀၈၄)

၆။ ကျန်စစ်သား (နန်းတက်နှစ် အေဒီ ၁၀၈၄ - ၁၁၁၃)

၇။ အလောင်းစည်သူ (နန်းတက်နှစ် အေဒီ ၁၀၉၂ - ၁၁၆၇)

၈။ နရသူ (နန်းတက်နှစ် အေဒီ ၁၁၆၀ - ? ၁၁၆၅)

၉။ နရသိင်္ခ (နန်းတက်နှစ် အေဒီ ၁၁၇၀)

၁၀။ နရပတိစည်သူ (နန်းတက်နှစ် အေဒီ ၁၁၇၃)

၁၁။ ထီးလိုမင်းလို (နန်းတက်နှစ် အေဒီ ၁၂၁၀)

၁၂။ ကျစွာ (နန်းတက်နှစ် အေဒီ ၁၂၃၄)

၁၃။ ဥဇနာ (နန်းတက်နှစ် အေဒီ ၁၂၅၀)

၁၄။ နရသီဟပတေ့ (နန်းတက်နှစ် အေဒီ ၁၂၅၄) (တရုတ်ပြေးမင်း)

၁၅။ ကျော်စွာ (နန်းတက်နှစ် အေဒီ ၁၂၈၇)

၁၆။ စောနစ် (နန်းတက်နှစ် အေဒီ ၁၂၉၈)

၁၇။ စောမွန်နစ် (နန်းတက်နှစ် အေဒီ ၁၃၂၅)

- ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၅

Copy :ဝီကီပီးဒီးယား

https://my.m.wikipedia.org/wiki/%E1%80%9D%E1%80%AE%E1%80%80%E1%80%AE%E1%80%95%E1%80%AE%E1%80%B8%E1%80%92%E1%80%AE%E1%80%B8%E1%80%9A%E1%80%AC%E1%80%B8:%E1%80%A1%E1%80%91%E1%80%BD%E1%80%B1%E1%80%91%E1%80%BD%E1%80%B1_%E1%80%9E%E1%80%90%E1%80%AD%E1%80%95%E1%80%BC%E1%80%AF%E1%80%96%E1%80%BD%E1%80%9A%E1%80%BA

ที่อยู่

Bangkok
10140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phoe Wa Lone Myanmar Libraryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Phoe Wa Lone Myanmar Library:

แชร์