Chi ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Chi, Pattaya.

13/05/2026

မင်းမှာက
တစ်ယောက် နှစ်ယောက် သုံးယောက်
ငါ့မှာက တစ်ယောက်တည်း ။

#အောင်ချိမ့်

13/05/2026

မမျှော်လင့်တဲ့ တွေ့ဆုံမှု
သူမရဲ့ ရုတ်တရက် အပြုံး
ခြေလှမ်းတွေ အသက်ရှုနှုန်းတွေ လွဲမှား
အားနာလိုက်တာ ညနေခင်းရယ်။
နားလည်နိုင်ပါ့မလား
ရိုးသားစွာ သေချာ
မှန်ကန်စွာ ရောင့်ရဲ
ကြေကွဲစွာ ပွင့်လင်း
မျဉ်းကြောင်းတစ်ကြောင်းပေါ်မှာ...
လူတစ်ယောက်ရဲ့ ဖြောင့်ချက်ထက်
ငွေစက္ကူတစ်ရွက်က ပိုအရေးကြီးသလား
ကျွန်တော် လက်နက်ချမိတော့မလို့။
လှသန်း

12/05/2026

ဆုံးရှုံးလိုက်ရတဲ့အရာတွေကို
ဘယ်တုန်းကများ အကောင်းအတိုင်း
ပြန်ရဖူးလို့လဲ ။
ဂန္ဓမာ

12/05/2026

မဖြစ်နိုင်ဘူး ဆိုတာတွေ
ဖြစ်ခဲ့တယ်။
အောင်ချိမ့်

12/05/2026

တစ်ယောက်တည်း ဖြစ်နေသူတွေအတွက်
အတိတ်ဟာ အိမ်တစ်လုံးလိုပဲ
နာကျင်ရတယ် ဒါပေမဲ့
ပျော်ခဲ့ရတယ် ။

ဂန္ဓမာ

12/05/2026

မိုးစက်တွေနဲ့
ညို့မှိုင်းနေတဲ့အိမ်ပြန်လမ်းတွေမှာ
ဘဝအဓိပ္ပာယ်ဆိုတာဘာလဲ စဉ်းစားခဲ့ဖူးတယ်
အခုတော့ ထိုနေ့ရက်များကို
ဖြတ်သန်းခဲ့ရဖူးခြင်းသည်သာ
ဘဝအဓိပ္ပာယ်တစ်ခုဖြစ်ကြောင်း
ကျွန်တော်နားလည်ခဲ့ပါတယ် ။

▪️ဂန္ဓမာ

12/05/2026

အတူရှိချင်ခဲ့ခြင်းဟာ
ဆုတောင်းကနေ
ကျိန်စာအဖြစ်ကိုအံ့မခန်းပြောင်းလဲသွားပုံ
ပညာတတ်ကြီးမင်းကတော့ယုံမှာမဟုတ်ပါဘူး
တကယ်ဆို
လူနှစ်ယောက်ရဲ့ခွဲခွာခြင်းဟာ
ပန်းအိုးနဲ့ အဲ့ဒီ့ပန်းအိုးထဲက
မလိုလို့ အနှုတ်ခံရတဲ့ မြက်ပင်ထက်တော့
ပိုပြီး ဝမ်းနည်းစရာကောင်းသင့်တယ်ထင်တာပဲ
ဒါပေမယ့် မင်းက
မိုးပျံပူဖောင်းလို ပေါ့ပါးသူကြီးလေ
မော့ကြည့်လေ မမြင်ရလေနဲ့
ငါသိပါတယ်
ဆက်ရေးလည်း ဆက်ဝေးနေဦးမှာ...။

▪️ ကျော်ထက်ထွေး

08/05/2026

အဟုတ် ပြောတာ
ရည်းစား တစ်ယောက်လောက်တော့
ထားကြည့်ချင်သား ဒါပေမဲ့
ရည်းစားထားဖို့က မလွယ်ဘူး မဟုတ်လား...

ပထမ ကိုယ့်ကို ချစ်တဲ့လူလည်း ရှိရမယ် ။
သူ့ကိုလည်း ကိုယ်က ပြန်ချစ်ရဦးမယ် ။
အဲဒီ ချစ်တယ်ဆိုတာ ဘယ်လိုလဲလို့
သိပ်သိချင်တာပဲ....✨🤍

#တက္ကသိုလ်ဘုန်းနိုင်

08/05/2026

ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်

လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်

ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်

ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်..

▪️မြကျေး

08/05/2026

ပန်းမပွင့်ရင်တောင်
အရွက်လှဖို့ ကြိုးစားခဲ့သူပါ
ကမ္ဘာမြေ ကျေနပ်ပါလိမ့်မည် ။

▪️အောင်ခင်မြင့်

08/05/2026

အချိန်အခါမဟုတ်
မိုးတွေရွာတော့
အတိတ် မေ့သူများ
ပြန်သတိရ ။

-ဂန္ဓမာ

ที่อยู่

Pattaya

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์