Khit Thae

Khit Thae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khit Thae, Monywa.

မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလိုဝဋ်ကြွေးလည်း ဖြစ်နို...
17/02/2025

မနှောင့်ယှက်ဘဲနဲ့ နေနိုင်ပါတယ်။
သတိမရဘဲတော့ မနေနိုင်ခဲ့ဘူး။

ဆုံခဲ့ခြင်းတွေက ရေစက်ကြောင့် ဖြစ်နိုင်သလို
ဝဋ်ကြွေးလည်း ဖြစ်နိုင်ပါတယ် ချစ်သောရဲ့။

တချို့အမှတ်တရတွေကို ရင်မှာ သိမ်းထားတယ်။
တချို့ကိုတော့ မေ့ထားလိုက်တယ်။

ဝန်ခံရရင် အများကြီး သတိရတယ်။
ကိုယ့်အပိုင်မဟုတ်ကြောင်း အတွေးဝင်မိတော့
လျှောက်လာတဲ့ ခြေလှမ်းလေးတွေ နောက်ဆုတ်ခဲ့ရတယ်။

ကိုယ့်ကိုယ်ကိုယ်လည်း တည်ဆောက်ရဦးမယ်။
ရင့်ကျက်ဖို့လည်း အများကြီး ကြိုးစားရဦးမယ်။

ချစ်သောရေ ...
ဝေးသော အရပ်မှာ နီးတဲ့သူနဲ့ အဆင်ပြေပါစေ။
မပိုင်ဆိုင်ရလည်း မြတ်နိုးရပါကြောင်း
အမှာ‌ပါးလိုက်ပါရစေ။

phyo
15022025

မင်းက ...ဘယ်အရာကြောင့်ပဲ အဆင်မပြေ မပြေငါ့ကို ပစ်ထားဖို့ပဲ ရွေးတယ် ။ကိုယ်ကသာ မင်းနဲ့အဆင်မပြေရင်တောင်မင်းအနားနေဖို့ပဲတွေးခ...
12/02/2025

မင်းက ...
ဘယ်အရာကြောင့်ပဲ
အဆင်မပြေ မပြေ
ငါ့ကို ပစ်ထားဖို့ပဲ ရွေးတယ် ။

ကိုယ်ကသာ
မင်းနဲ့အဆင်မပြေရင်တောင်
မင်းအနားနေဖို့ပဲ
တွေးခဲ့တာ ။

#2001
//crd

အချစ်🥀❤️ချစ်တယ်ဆိုတာဟာလေ  လုပ်ရပ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ညီမလေးရေ..........ပန်းပင်လေးကို ချစ်တယ်ဆိုရင် ဒီပန်းလေ...
11/02/2025

အချစ်🥀❤️
ချစ်တယ်ဆိုတာဟာလေ လုပ်ရပ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ညီမလေးရေ..........
ပန်းပင်လေးကို ချစ်တယ်ဆိုရင် ဒီပန်းလေးတစ်ပွင့်ပြီး တစ်ပွင့် ပွင့်လာဖို့ရန် ဥယျာဉ်မှူးက အမြဲကြည့်ပြီး လိုအပ်တဲ့ အဟာရဓာတ်တွေ ဖြည့်ဆီပေးသလိုမျိုးပေါ့ ။
တကယ်က ပန်းပင်လေးကို ချစ်တယ်သာပြောပြီး အခြေခံကျတဲ့ ချစ်ခြင်းမေတ္တာအလား ရေကိုတောင် မလောင်းပေးရင် ဒီပန်းပင်လေးက ပန်းတွေပွင့်ဖို့‌ နေနေသာသာ ဆက်လန်းနိုင်ပါ့မလား သေချာတာက တဖြည်းဖြည်း ခြောက်ကပ် သေဆုံးရမှာပဲပေါ့ ညီမလေးရေ .......
အရာရာဟာ မေတ္တာဓာတ်တွေ လိုအပ်သလို၊ယုယကြင်နာမှူတွေ လိုတယ် ၊ လေးနက်မှုတွေလိုတယ် ၊ဖေးမမှုတွေ လိုတယ်။
ဒါကြောင့် ပန်းလေးလိုချစ်တယ်သာပြောပြီး ပန်းလေးရဲ့ ဖူးပွင့်မှုကို မပံ့ပိုးနိုင်ရင်တောင် ဒီပန်လေး ဆက်လက်ရှင်သန်ဖို့ ‌အခြေခံကျတဲ့ ရေလောင်းခြင်းအလုပ်ကို ညီမလေး သတိတရ နေ့စဉ် လုပ်ဆောင်သွားပါနော်။
#ခေတ်သဲ

မင်းမို့လို့ ချစ်တာဆိုတဲ့ လူတွေကပဲတစ်ချိန်ကျရင်ကိုယ့်မို့လို့ မချစ်တော့တာဆိုတဲ့အခြေအနေတွေအထိ ရောက်သွားတတ်တယ်ပြုံးနေတာလေး...
03/02/2025

မင်းမို့လို့ ချစ်တာဆိုတဲ့ လူတွေကပဲ
တစ်ချိန်ကျရင်
ကိုယ့်မို့လို့ မချစ်တော့တာဆိုတဲ့
အခြေအနေတွေအထိ ရောက်သွားတတ်တယ်

ပြုံးနေတာလေးကို
သဘောကျတာပါဆိုတဲ့သူက
နောက်ဆုံးက
ငိုအောင် လုပ်ပြီး ချန်ထားခဲ့ရတာကို
နှစ်ခြိုက်သွားတယ်ထင်ပါတယ်

လိုချင်လို့ဆိုပြီး
အတင်း ကပ်တွယ်ခဲ့တဲ့ လက်တွေက
မလိုအပ်တော့လို့ဆိုပြီး
ဖြုတ်ချသွားဖို့ကျပြန်တော့လည်း
လွယ်လိုက်တာ ..

ဘ၀မှာ …
နီးခြင်းဝေးခြင်းတွေ
အများကြီး ဆုံခဲ့ပြီးသွားတော့

နောက်ထပ်
ဘယ်လက်နဲ့မှ မနီးချင်တော့သလို
နောက် ဘယ်သူနဲ့မှ ထပ်မဝေးချင်တော့ဘူး ။

#ကျေးကို

03/02/2025

နောက် ( ၅ )နှစ်ကြာတဲ့အခါ

( ၁ ) မိဘတွေကို ဒီထက်ပိုကောင်းတဲ့နေရာမှာ ထားနိုင်အောင် ကြိုးစားပါ။

(၂) ဒီထက် စိတ်ထားကောင်းပြီး ရင့်ကျက်တဲ့သူ ဖြစ်အောင် ကြိုးစားပါ။

( ၃ ) ကိုယ်လိုချင်တဲ့ဘဝ ကိုယ်လိုချင်တဲ့အိပ်မက် ကိုရအောင် ကြိုးစားပါ။

( ၄ ) ဒီထက် ပိုလှလာအောင် ကြိုးစားပါ။

( ၅ ) တစ်ယောက်တည်းလည်း ပျော်ပျော်နေတတ်သူဖြစ်အောင် ကြိုးစားပါ။

( ၆ ) သင်ထင်သလောက် လူတွေသင့်ကို မချစ်ဘူးဆိုတာ လက်ခံနိုင်အောင် ကြိုးစားပါ။

ာသား #ဘဝအတွက် #အသိပညာ #ကျင့်ဝတ် #စာပေ #စိတ်ခွန်အား #ဗဟုသုတ

New Ways"ဘဝအတွက် နည်းလမ်းကောင်းများ"

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...နေပျော်သလိုသာ နေပါ စကားတွေ အများကြီးမပြောတော့ဘူးမျှော်လင့်ချက်တွေ အများကြီ...
03/02/2025

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...
နေပျော်သလိုသာ နေပါ

စကားတွေ အများကြီးမပြောတော့ဘူး
မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး
စကားတွေ အများကြီးပြောရင်
ရန်တွေ ဖြစ်ရတယ်
ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့
ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်

ပြီးတော့ ...
မမျှော်တော့ဘူးသိလား
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး
ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး
မျှော်နေရင်း မောသွားတဲ့
လူတစ်ယောက်လို့ပဲထားပါ

ပြီးတော့ ... ကျွန်တော်က
အတွေးသိပ်များပြီး
ပွစိပွစိလုပ်တတ်တဲ့
လူတစ်ယောက်လို့ပဲ ထားပါ ...
နေပျော်သလို နေလို့ရပါပြီ

ပြီးတော့ ...
ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ
ကျွန်တော် ... ပင်ပန်းနေပြီမို့
ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။

-crd

ဘဝမှာ ဘာဖြစ်ချင်သလဲဆိုရင် ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့လူတွေရဲ့ First priority ပဲဖြစ်ချင်တယ် ဥပမာ.. ဘယ်လိုရွေးချယ်မှုမျိုးမှ...
30/01/2025

ဘဝမှာ ဘာဖြစ်ချင်သလဲဆိုရင်
ကိုယ်သိပ်ချစ်ရပါတယ်ဆိုတဲ့လူတွေရဲ့
First priority ပဲဖြစ်ချင်တယ်

ဥပမာ.. ဘယ်လိုရွေးချယ်မှုမျိုးမှာမဆို
ကိုယ့်ကိုအရင်ဆုံးသတိရပြီး ကိုယ့်လက်ကိုအရင်ဖမ်းဆွဲပြီး
ကောင်းကောင်း ဆိုးဆိုးကိုယ့်ကိုအရင်အသိပေးပြီး
ကိုယ့်ဘက်ပဲရှိပေးနေချင်တာမျိုးပေါ့။

💭🌻🤍

မင်းက ဘယ်အရာကြောင့်ပဲ အဆင်မပြေ မပြေ ငါကိုပြစ်ထားဖို့ပဲ ရွေးတယ် ကိုယ်ကသာ မင်းနဲ့ အဆင်မပြေရင်တောင် မင်းအနားနေဖို့ပဲ တွေးခဲ...
30/01/2025

မင်းက ဘယ်အရာကြောင့်ပဲ
အဆင်မပြေ မပြေ
ငါကိုပြစ်ထားဖို့ပဲ ရွေးတယ်
ကိုယ်ကသာ မင်းနဲ့ အဆင်မပြေရင်တောင်
မင်းအနားနေဖို့ပဲ တွေးခဲ့တာ ။

🍂❤️‍🩹

30/01/2025

@မနေနိုင်ဘဲ နေတတ်ကြောင်း ပြတဲ့အခါ အသည်းတစ်ခြမ်းကွဲတယ်
@သူ့ဘက်က နေနိုင်ကြောင်းသိရတဲ့အခါ နောက်အသည်းတစ်ခြမ်းထပ်ကွဲရပြန်တယ်
@ ဒီလိုပါပဲ ဘဝမှာ ရင်နာနာနဲ့ လွှတ်မချနိုင်တဲ့အရာတွေတွက် ပင်ပန်းစွာ ရှင်သန်ရဦးမယ်

🌻ခေတ်သဲ

မရနိုင်တဲ့ မေတ္တာတွေကို မတောင့်တတာ ကောင်းပါတယ် ။မေတ္တာပေးရင် မေတ္တာပြန်ရရမှာပေါ့ဆိုပြီးကလေးအတွေးတွေနဲ့ကိုယ်ချစ်မိတဲ့ လူတ...
29/01/2025

မရနိုင်တဲ့ မေတ္တာတွေကို မတောင့်တတာ ကောင်းပါတယ် ။

မေတ္တာပေးရင် မေတ္တာပြန်ရရမှာပေါ့ဆိုပြီး
ကလေးအတွေးတွေနဲ့
ကိုယ်ချစ်မိတဲ့ လူတစ်ယောက်ဆီက
ကိုယ့်ကို ပြန်ချစ်လာမှာပေါ့ ဆိုပြီး
မျှော်လင့်မနေတာကောင်းပါတယ် ။

တချို့လူတွေ
ချစ်ပေးတာကို သိပ်လိုချင်သလောက်
နည်းနည်းလေး ပြန် ငဲ့ကြည့်ဖို့တောင်
ပျက်ကွက်တတ်တာ များပါတယ် ။

တစ်ခါတစ်လေကျတော့
ကိုယ့် ဘယ်လောက်ချစ်ပေးချစ်ပေး
မလုံလောက်ရတာနဲ့
မလိုအပ်တာနဲ့
ကိုယ်သာ တန်ဖိုးမဲ့သွားရတာမျိုးလည်း
ကြုံရတတ်တယ် ။

တစ်နေ့ကျရင် ဆိုတဲ့အတွေးဟာ
မျှော်လင့်ချက်ကို ဆွဲဆန့်ဖို့ ကောင်းသလောက်
ဖြစ်မလာရင်
သိပ်နာကျင်ဖို့ ကောင်းတာမျိုးလေ

ကိုယ့်အတွက်မို့
ခက်ခဲနေတတ်ပေမယ့်
တခြားတစ်ယောက်နဲ့ဆို
လွယ်လွယ်ကူကူ ဖြစ်ပျက်သွားတာတွေချည်းပဲမို့

မရနိုင်တဲ့ မေတ္တာကိုဆို မတောင့်တတာ ကောင်းပါတယ်

#ကျေးကို

Address

Monywa

Website

Alerts

Be the first to know and let us send you an email when Khit Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Thae:

Share