ArG TV

ArG TV Football Content Creator🔴⚪️

တိုက်စစ်မူးစစ်စစ်မသုံးချင်တဲ့Arteta အခုမှသဘောပေါက်တယ်ထင်တယ်တိုက်စစ်မူးကဘယ်လောက်အရေးပါလဲဆိုတာ။ အရင်နှစ်တွေArsenalဖလားမရတာ...
02/05/2026

တိုက်စစ်မူးစစ်စစ်မသုံးချင်တဲ့Arteta အခုမှသဘောပေါက်တယ်ထင်တယ်တိုက်စစ်မူးကဘယ်လောက်အရေးပါလဲဆိုတာ။ အရင်နှစ်တွေArsenalဖလားမရတာ တိုက်စစ်မူးမရှိတာကြောင့်ရောသက်ဆိုင်တယ်။

Gyokeres မလာခင်ထိAuba နောက်ပိုင်းဘယ်တိုက်စစ်မူးက 22ဂိုးသွင်းဖူးလဲ ၊Gyokeres ကသူ့ကိုမဖန်တီးပေးလျစ်လျူရှုထားတာတောင် တစ်လောကလုံးကဝိုင်းဝေဖန်နေတာတောင် ရာသီမကုန်သေးဘူး၂၂ဂိုးသွင်းထားတယ် ။

゚viralシ #အာဆင်နယ်

22/03/2026

Sakaလိုချီးထုပ်ကောင်ကို တစ်ပါတ်ပေါင်3သိန်းနဲ့စာချုပ်ချုပ်တယ်တဲ့။အသင်းခေါင်းဆောင်လက်ပတ်နဲ့ကွင်းထဲလုပ်ချင်ရာလုပ်နေတယ် လူပေးဖို့mind set လုံးဝပျောက်နေတယ်၊ အဲ့ဒါကိုNo 10ကိုပါပို့လိုက်တဲ့Artetaရဲ့ဦးနှောက်လည်းရွှေကွတ်ထားပေးရမယ်🫡

Odegaard ပြန်ကောင်းလာပြီဆိုတော့ ဒီညCarabao Final ပွဲLineup မှာ ပြန်ထည့်ကစားသင့်လား။ ရှေ့လာမည့်EPL UCL ပွဲစဉ်တွေမှာရော Od...
22/03/2026

Odegaard ပြန်ကောင်းလာပြီဆိုတော့ ဒီညCarabao Final ပွဲLineup မှာ ပြန်ထည့်ကစားသင့်လား။

ရှေ့လာမည့်EPL UCL ပွဲစဉ်တွေမှာရော Odegaard ကိုLineup ထည့်ကစားစေချင်ကြသလားအာဖန်အပေါင်းတို့ရေ

゚viralシ #အာဆင်နယ်

Eze ကပါရင်ပွဲရလဒ်ကောင်းတယ်၊ပွဲကြီးတိုးတယ်ဒီဘဲက။Captain ရေရာသီကုန်ထိပြန်မလာပါနဲ့အုံး ゚viralシ    #အာဆင်နယ်
17/03/2026

Eze ကပါရင်ပွဲရလဒ်ကောင်းတယ်၊ပွဲကြီးတိုးတယ်ဒီဘဲက။
Captain ရေရာသီကုန်ထိပြန်မလာပါနဲ့အုံး
゚viralシ #အာဆင်နယ်

ညကSakaကိုကြည့်ရတာဒေါသအလိပ်လိပ်ကိုထွက်တာ၊ဒီလိုကောင်ကို တစ်ပါတ်ပေါင်၃သိန်းခွဲပေးရတာတော့မဟုတ်သေးဘူး။အသင်းရဲ့ကစားပုံလေးကောင်...
12/03/2026

ညကSakaကိုကြည့်ရတာဒေါသအလိပ်လိပ်ကိုထွက်တာ၊
ဒီလိုကောင်ကို တစ်ပါတ်ပေါင်၃သိန်းခွဲပေးရတာတော့မဟုတ်သေးဘူး။

အသင်းရဲ့ကစားပုံလေးကောင်းနေတယ်တိုက်စစ်ဆင်ပြီဟေ့ကောင်းနေပြီ ညာခြမ်းကSakaကိုရော့ဆိုပြီးဘောလုံးပေးမိရင်အဲ့မှာဘောလုံးပျက်ပြီးကောင်တာပေါက်ပြီဘဲ၊အဲ့တော့မဆိုင်တဲ့Rice တို့Zubiတို့ကပြေးရလွှားရပြန်ရောအဲ့တောပြိုင်းတာပေါ့ဒီကောင်တွေလည်း။

တိုက်စစ်မှာလူပေးဆော့မလားဆိုရင်လည်းမဟုတ်၊သူနဲ့ကစားကွက်ဖော်ဖို့ဘောလုံးပေးလိုက်ပြီဆိုရင် Messiလိုနဲ့တစ်ယောက်တည်းဆွဲပြေးကန်ဖို့လုပ်အဲ့မှာဘောလုံးပျက်၊ခနတိုင်းကိုပျက်နေတာကျကွာအသင်းဖော်တွေကိုဒုက္ခပေးသလို‌ဖြစ်နေပြီ၊ တစ်ယောက်ချင်းလည်းမကျော်နိုင်Madueke ဝင်လာတာတောင်ဟိုကောင်က1 Vs 1 တွေကျော်နိုင်သေးတယ်။ 2vs1လည်းကျော်သလို တိုက်စစ်ကိုလည်းပံ့ပိုးမှုရှိပြီးမြိုင်တယ်ဆော့ရတာ။

Sakaကအကျင့်ကိုပြင်ပြီထင်နေတာလုံးဝမပြင်ဘူးနော်၊တော်ပါသေးတယ် Madueke ဝင်လာလို့သာပေါ့နို့မို့ဆိုဒုတိယအကျော့အတွက်ပိုခက်ခဲသွားနိုင်တယ်။

အမှန်တော့ကျွန်တော်ကဒီညSakaဆီကသွင်းဂိုးတွေ၊assistတွေအများကြီးမျှော်လင့်ထားတာ၊ တကယ်ဆော့တော့ကွင်းထဲမှာကိုယ့်အသင်းဖော်တွေကိုဒုက္ခပေးတဲ့ကောင်ဖြစ်နေတယ်Captainလက်ပတ်နဲ့။

ဘောလုံးရရင်လူပေးဖို့မစဉ်းစားတော့ဘဲMessiဝင်လုပ်နေတယ်၊ဘောလုံးကျသေချာမကိုင်နိုင်ဘူးဘောလုံးကခနတိုင်းပျက်တော့ခနတိုင်းကောင်‌တာပေါက်။

ဒုကျော့မှာတော့လုံးဝအမှားခံလို့မရတဲ့အပြင်ဒုကျော့မှာCaptainလက်ပတ်ဝတ်မယ့်သူကအသင်းဖော်တွေကိုအချိန်တိုင်းခွန်အားပေးလှုံ့ဆော်ပေးမယ့်သူဖြစ်စေချင်တယ်။

ကျနော်တို့အတွက်ဒီရာသီUCL လမ်းကြောင်းကသမိုင်းတစ်လျှောက်အကောင်းဆုံးလမ်းကြောင်းဘဲ။အဲ့တာကိုCaptainလုပ်မယ့်သူကအသင်းဖော်တွေရဲ့ခေါင်းထဲကိုတစ်ပွဲလုံးလှုံ့ဆော်ပေးနေဖို့လိုတယ်လို့မြင်မိပါတယ်။

Arsenal fan တွေကအခုတလောOdegaard မပါလို့ကစားရတာကြည့်မကောင်းဘူး၊အမြန်ပြန်လာပါတော့ဘာညာပြောနေကြတာမြင်ရတယ်။ဒါပေမယ့်ကျနော့်အမြ...
06/03/2026

Arsenal fan တွေကအခုတလောOdegaard မပါလို့ကစားရတာကြည့်မကောင်းဘူး၊အမြန်ပြန်လာပါတော့ဘာညာပြောနေကြတာမြင်ရတယ်။

ဒါပေမယ့်ကျနော့်အမြင်ကတော့မတူဘူး။
မှန်တယ်Eze ဆော့ရင်Arsenal အသင်းကစားပုံမကောင်းဘူး ။ဒါပေမယ့် Eze ဝင်ဆော့နေရင်အသင်းကနိုင်နေတယ်ဗျာ ။အဲ့အချက်ကသတိထားမိတာကြာပြီ။

Odegaard ပါလာရင်ကစားပုံလေးလှလာတယ်ဆိုပေမယ့်ရလဒ်ပိုင်းကဒစ်လည်တတ်တယ်။Eze ပါရင်တော့သူခြေစွမ်းပြသည်ဖြစ်စေမပြသည်ဖြစ်စေ အသင်းကကောင်တွေကပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ဆော့လာတာကိုသိသိသာသာမြင်တွေ့ရတယ်။ Odegaard ကျတော့အသင်းရဲ့ကစားကွက်ကိုသူတစ်ယောက်တည်းကလက်ဝါးကြီးအုပ်ထားတဲ့ပုံကစားတာCaptain ဖြစ်နေတာကရောတစ်ပိုင်းပေါ့။

နောက်ပြီးNo 10 နေရာမှာ Kai သို့မဟုတ်Eze ပါနေရင်အသင်းရလဒ်ကောင်းတယ်ဆိုတာကတော့ငြင်းမရတဲ့အမှန်တရားဖြစ်နေတယ်။

ဟုတ်ပါတယ်Eze ကကစားပုံမကောင်းတဲ့ပွဲတွေရှိတယ်။ ဒါပေမယ့်အဲ့ပွဲတွေကရလဒ်ကျတော့ကောင်းနေတယ်🙂

ညီအကိုတို့ရောဘယ်လိုမြင်ကြလဲ Eze ကိုout ပြီးOdegaard နဲ့လာမယ့်ပွဲတွေကိုရှေ့ဆက်ချင်ကြသလား။

゚viralシ #အာဆင်နယ်

ဒီနေ့ပွဲကတော်တော်ချာတူးလန်တာပါ။ နိုင်သွားပေမယ့်တစ်ပွဲလုံးArsenal fanတွေကိုနှလုံးရောဂါရအောင်လုပ်သွားတယ်။Brighton ကArsenal...
04/03/2026

ဒီနေ့ပွဲကတော်တော်ချာတူးလန်တာပါ။ နိုင်သွားပေမယ့်တစ်ပွဲလုံးArsenal fanတွေကိုနှလုံးရောဂါရအောင်လုပ်သွားတယ်။

Brighton ကArsenal ကိုအပေါ်စည်းကနေကစားသွားတာ၊ ကျွန်တော်တို့ဦးဆောင်ဂိုးတစ်ဂိုးရလိုက်ပေမယ့် EPL မှာနိုင်ပွဲဖော်ဆောင်ဖို့ 1ဂိုးသွင်းရုံနဲ့မလုံလောက်ဘူးဆိုတာကျွန်တော်တို့ရှေ့ပွဲတွေမှာမြင်တွေ့ခဲ့ရပြီးပါပြီ။ အခုBrighton ကစားပုံကအချိန်မရွေး 1:1 ဖြစ်သွားနိုင်တာမျိုးဆိုတော့ ကြည့်ရတဲ့ဖန်တွေကတော့ ရင်တမမနဲ့ပေါ့ ။

Arsenal ပွဲကျတော့ကြည့်ချင်တယ် ၊ကိုယ်Goalသွင်းပြီးရင် ပွဲကိုအမြန်ပြီးစေချင်ကြတယ်😅😅။

ဒီနေ့ပွဲက ကွင်းလည်နဲ့ခံစစ်ကြောင့်သာနိုင်သွားတာပါ။ တိုက်စစ်ကတော့အကုန်ငဖြုန်းတွေချည်းဘဲရယ်။
Zubi ကိုထုတ်ပြီးNorgaard ထည့်တာမှန်တယ်။ Zubi ကပြာနေတယ် ။

ဖြစ်နိုင်ရင်တော့ individual အမှားတွေကိုတတ်နိုင်သလောက်မလုပ်စေချင်တော့ဘူး။ အထူးတဖြင့်ကွင်းလည်နဲ့ခံစစ်ဘဲ။ ရှေ့မှာလုပ်ခဲ့တာတွေကတော်လောက်ပါပြီ၊ ပွဲအပေါ်သေချာအာရုံစိုက်နိုင်ဖို့လိုတယ်

ဒီနေ့ဆိုစစကြည့်တုန်းကအိပ်ချင်မူးတူးဘဲ Raya ကြီးတစ်လုံးရောင်းလိုက်မှ လူကမျက်နှာထသစ်စရာမလိုဘဲကိုလန်းသွားတယ်😅😅။

အခုမန်စီးတီးအမှတ်လျော့သွားပြီဆိုပြီးကျနော်တို့ကပေါ့ပြတ်ပြတ်လုပ်နေလို့တော့မရဘူးနော်။အရင်ရာသီတွေတုန်းကအမှတ်တွေဖြတ်ထားချိန်မှာ ပေါ့ပြတ်ပြတ်လုပ်သလိုအဖြစ်ခံလို့မဖြစ်တော့ဘူး။ဘောလုံံးဆိုတာဘာမဆိုဖြစ်သွားနိုင်တယ်။

ဟိုဘက်အသင်းဂိုးသမားကိုလည်းကျေးဇူးတင်တယ်။ ကိုယ်တွေတိုက်စစ်ကShot on Target တောင်သေချာမရတာ အဲ့အလုံးလေးကယ်ပေလို့ပေါ့။

゚viralシ #အာဆင်နယ်

04/03/2026

Brighton 0:1 Arsenal (HT)

ကိုယ့်ကစားသမားတွေဘဲကိုယ်ကြောက်တယ်။
ဒီကောင်တွေနောက်ပြန်ပေးနေတာများနေလို့ လန့်နေရတယ်။

Address

Kuala Lumpur

Telephone

+959761089895

Website

Alerts

Be the first to know and let us send you an email when ArG TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ArG TV:

Share