10/05/2026
ဖစ်ဖူးလား တစ်ခုခုကိုတွေးလိုက်တာနဲ့
မျက်ရည်ဝဲတက်လာတာမျိုး 🥹
ထမင်းစားနေရင်တောင် စားနေရင်း
ရုတ်တရက် မျက်ရည်ကျလာတာမျိုး😭
ဖုန်းပွတ်တော့လည်း ကိုယ်နဲ့တိုက်ဆိုင်တာ
တစ်ခုမှ မပါပါဘဲ အလိုလို မျက်ရည်ဝဲတက်လာတာ🥹
အဲ့ဒါကလေ မျိုသိမ့်ထားရတာတွေ ပင်ပန်းတာတွေ ဘောင်ကျော်နေပီနော် လျှံထွက်နေပီနော်ဆိုပီး အထဲကအသိပေးလာခြင်းတမျိုးပါ🥺
ဘယ်လောက်ဘဲ ရင်ဖွင့်ထုတ်ပြတတ်တဲ့သူဖစ်ပါစေ
မိမိ စိတ်အခြေနေတွေကို ထုတ်ဖော်ပြတဲ့အပိုင်းရှိသလို
မထုတ်ပြတဲ့ အပိုင်းလည်း ရှိကြပါတယ် 😣
ဒီအတိုင်းမထားပါနဲ့ ဖြေရှင်းပါ ကျော်လွှားပစ်ပါ စိတ်ကြောင့်ဘဲ လူထိလာနိုင်ပါတယ် ဒါကြောင့်
စိတ်ကော ကိုယ်ပါ အနားပေးဖို့ လိုအပ်လာကြောင်း သိသိသာသာအသိပေးလာတာမို့ အပြည့်ဝအနားပေးပါ အနားယူပစ်လိုက်ပါ 🍀
-NanG💭🍀