Othuya

Othuya Bone

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ ယ်ုသာမိ...
14/02/2024

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ ယ်ုသာမိုင့် မွဲာဏ်ု, သိန်းနိုင်, Soeaumg My, Uchit, လင်းလဲ့ဖြူ, ဘဝသမားလေး ကျွန်တော်, Ye Lin Mg

"မျက်နှာ လွှဲနေလိုက်ပါ "=================  တချို့လူတွေက လိမ်နေတယ် ။လိမ်နေမှန်းသိရက်နဲ့မသိချင်ယောင် ဆောင်လိုက်ရတယ်။တစ်ချိ...
22/01/2024

"မျက်နှာ လွှဲနေလိုက်ပါ "
=================

တချို့လူတွေက လိမ်နေတယ် ။
လိမ်နေမှန်းသိရက်နဲ့
မသိချင်ယောင် ဆောင်လိုက်ရတယ်။

တစ်ချို့လူတွေက အကျင့်ယုတ်တယ်။
အကျင့်ယုတ်မှန်း သိရက်နဲ့
မျက်နှာ ပျက်မရလို့ သည်းခံ နေလိုက်ရတယ်။

တချို့လူတွေက လေများတယ်။
လေများမှန်း သိရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖက် ပိတ်နေလိုက်ရတယ်။

တချို့လူတွေက သိပ်အပြောကောင်းတယ်။
မဟုတ်မှန်းသိရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ် ယုံလိုက်ရတယ်။

တချို့လူတွေက ဟန်ဆောင်ကောင်းတယ်။
ဟန်ဆောင်နေမှန်း သိရက်နဲ့
ကိုယ်ပါ မသိချင်ယောင်ဆောင်
ဟန်ဆောင်လိုက်ရတယ်။

လူ့လောကကြီးဟာ
အရမ်း ရှုပ်ထွေးပါတယ်။
သိနေပေမယ့်လည်း
မသိလိုက်တာက ပိုကောင်းသလို
မြင်နေပေမယ့်လည်း
မမြင်ချင်ယောင် ဟန်ဆောင်လိုက်ရတာ
ပိုပြီး ငြိမ်းချမ်းပါတယ်။

အဖြေမထွက်တဲ့ အရာတစ်ခုကို
တစ်ဒေါက်ဒေါက် ခေါက်ပြီး
ထိုင် တွက်ချက်နေလည်း
ဘာမှ မထူးလာတာတွေ ရှိတတ်ပါတယ်။

#ကိုယ်ပြုပြင်လို့_မရမယ့်_အတူတူ
#တစ်ခါတလေ_မျက်နှာလေး_လွှဲနေတာက
#ပိုပြီးကောင်းပါတယ်။

& Photo

တစ်ခါက လင်မယားနှစ်ယောက် တိရ စ္ဆာန်ရုံ သွားကြတယ်။ မျောက်လှောင်အိမ်ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစားနေတာမြင်ပြီးမိန်...
04/01/2024

တစ်ခါက လင်မယားနှစ်ယောက် တိရ စ္ဆာန်ရုံ သွားကြတယ်။ မျောက်လှောင်အိမ်ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစားနေတာမြင်ပြီး

မိန်းမဖြစ်သူက romantic ဆန်တာပဲနော်၊ မျောက်ထီးက အရမ်းချစ်တတ်တာပဲ ။ ယောက်ျားဖြစ်သူက ဘာမှပြန်မပြောဘူး။

ပြီးတော့ သူတို့ခြင်္သေ့လှောင်အိမ်ဖက် သွားကြ တယ်။

အထဲမှာ ခြင်္သေ့အထီး အမ ၂ ကောင်ရှိပေမယ့် ခြင်္သေ့ထီးက ဒေါင့်တစ်နေရာမှာ ခြင်္သေ့မ ရှိမှန်းမသိသလိုကို တစ်ကောင်ထဲ အေးဆေးထိုင် နေတယ်။

ဒါမြင်တော့ မိန်းမက စိတ်ပျက်စရာကောင်းလိုက် တာ ပြောတော့ ... ယောက်ျားက မင်းခြင်္သေ့မ ကို ခဲလေးနဲ့ပေါက်ကြည့်လိုက်ပါလား ပြောတော့ မိန်းမဖြစ်သူ ပေါက်လိုက်တာ ခြင်္သေ့ထီးက ဒေါသတကြီး ဟိန်းပြီး သူ့ ခြင်္သေ့မ ကို ကာကွယ်ဖို့ရောက်လာတယ်။

အဲ့လိုပဲ ခုနက မျောက်မကိုလည်း ခဲလေးနဲ့ပေါက်ကြည့်ပါလား ဆိုတော့ မိန်းမဖြစ်သူပေါက်လိုက်တာ မျောက်ထီးက သူရောအပေါက်ခံရမှာစိုးလို့ မျောက်မကိုထားပြီး လွှတ်ရာကျွတ်ရာ ပြေးပုန်းပါလေရော။

အဲ့နောက် ယောက်ျားက ပြောတယ် တချို့တွေရဲ့ romantic ဆိုတာတွေကိုမြင်ပြီး မင်းတို့ အရူးမဖြစ်ကြစမ်းပါနဲ့၊ တော်တော်များများက ရင်ထဲဘာမှမရှိပေမယ့် အရမ်းချစ်တတ်သလို ထင်နေရတာ။ တချို့သူတွေကတော့ ဘာမှမပြတတ်ပေမယ့် သူတို့ရင်ထဲမှာအချစ်တွေအပြည့်နဲ့ပါ။

ဆိုးတာတစ်ခုက လောကမှာ မျောက်ထီးတွေက ပေါနေပြီး ခြင်္သေ့ထီးတွေက ရှားတယ်

အနားမှာ ရှိတဲ့ ယောက်ျား ကောင်းတွေကို တန်ဖိုးထားပေးပါ

Respecting the original

သူများကိုအရှက်ခွဲတော့မယ် မကောင်းပြောတော့မယ်ဆိုရင် ကိုယ့်ရဲ့ကောင်းသတင်း level ဘယ်လောက်ရှိလည်း အရင် check လုပ်ပါ။ ကိုယ်နဲ့...
31/12/2023

သူများကိုအရှက်ခွဲတော့မယ် မကောင်းပြောတော့မယ်
ဆိုရင် ကိုယ့်ရဲ့ကောင်းသတင်း level
ဘယ်လောက်ရှိလည်း အရင် check လုပ်ပါ။
ကိုယ်နဲ့ ကိုယ့်မိသားစု ကိုယ့်ညီကိုမောင်နှမ ရဲ့
History ကိုပြန်ကြည့်ပါ။

လူတိုင်းကို မတူမတန်ဆက်ဆံတဲ့ သူ
တော်တော်များများမှာ သူတို့ရဲ့
သမိုင်းကိုကြည့်လိုက်ပါ။

သူ့ကိုယ်တိုင်တူတန်တဲ့အရည်အချင်းနဲ့အရည်အသွေး confidence မရှိတဲ့သူများတယ်

အရမ်းဆင်းရဲပြီးမှမဖြစ်စလောက်ရှိလာရင်လဲ
မူးကိုမြစ် ထင်နေပြန်ရော။
အရမ်းချမ်းသာပြီးမှ ဆင်းရဲသွားရင်လည်း
ရွှေထီးစောင်းတဲ့ခေတ်ကိုမျှော်ပြီး ဘဝင်
လေဟပ်နေပြန်တာပါ

အကောင်းဆုံးက လက်ရှိကိုယ်ဘာလဲ
ဘယ်နေရာမှာရှိနေလဲ ဘယ်အထိရောက်အောင်
ကြိုးစားမလဲပေါ့ ပတ်ဝန်းကျင်နဲ့အချိန်ဖြုန်းပြီးဟန်ဆောင်နေတာထက်စာရင် ကိုယ့်ကိုယ်ကိုယ်
ဘာဆိုတာသိပြီး ပြောင်းလဲတိုးတက်အောင်
လုပ်ပါ အမှားကင်းအောင်နေနိုင်ပြီး
အချိန်ကိုတန်ဖိုးရှိအောင်အသုံးချနိုင်ရင်
လူဖြစ်ရကျိုးနပ်ပါတယ်

Respecting the original

12/12/2023
09/12/2023

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ

တကယ်တော့

ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက
မလိုလားကြပြန်ဘူး...

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ

တကယ်တော့

တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ

တကယ်တော့

ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ

တကယ်တော့

အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း

သတ်မှတ်တဲ့စံနှုန်းဟာ

သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ...

. သုတဂဝေသီဗန်းမော်
✍️✍️✍️✍️✍️
#စေတနာမေတ္တာလေးစားစွာဖြင့်
🙏🌷🙏🌷🙏🌷🙏🌷🙏

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်============================သူများအိပ်တဲ့အခါကိုယ်က လေ့လာပါ ~~~သူများ တွေဝေနေတဲ့အခါကိ...
24/11/2023

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
============================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုံးရတတ်သည် .......

Credit- Original Writer Respecting the original

လူတစ်ယောက် တော်တာက သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။ အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင် အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှ...
17/11/2023

လူတစ်ယောက် တော်တာက
သူ့ရဲ့ကံကောင်းမှုနဲ့မဆိုင်ပါဘူး။

အကယ်လို့ ကံကောင်းလို့တော်တယ်ဆိုရင်
အများဆုံးသူတစ်ကြိမ်ပဲ တော်နိုင်မှာပါ။

အကယ်၍ အကြိမ်ပေါင်းများစွာ ၊ အချိန်ကြာရှည်စွာ
လူတစ်ယောက်က တော်တယ်ဆိုရင် အဲ့ဒီအရာကို
အရည်အချင်းလို့ခေါ်ပါတယ်။
အရည်အချင်းက ခက်ခက်ခဲခဲ လေ့ကျင့်လို့ရလာတာပါ။

“ဘာဖြစ်လို့အဲ့လောက်တော်တာလဲ မွေးရာပါ ပါရမီလား”
ဆိုပြီး တချို့ကမေးကျတယ်။
အဖြေက “မဟုတ်ပါဘူး။”

တော်ရတဲ့အကြောင်းရင်းက သူများထက်
* ပင်ပင်ပန်းပန်း လေ့ကျင့်လို့၊
* အရာမှန်သမျှ သင်ယူလေ့လာလို့၊
* သူများထက် ပိုဖတ်လို့ ၊
* သူများထက် ပိုကြည့်လို့၊
* သူများထက် ပိုကြုံတွေ့ရလို့၊
* သူများထက် ပိုပြီးနာကျင်ရလို့ပဲ
လူတစ်ယောက်ကို သူများထက်ပိုတော်အောင်
ဖန်းတီးပေးတာပါ။
ဒါဆိုရင် နောက်မေးခွန်းတစ်ခုက
“ပါရမီက တကယ်ရှိလား”လို့ မေးလိမ့်မယ်။
အဖြေက “တကယ်ရှိပါတယ်။”
ဒါပေမဲ့ ပါရမီဆိုတဲ့အရာက ကျွန်တော်တို့ကို
အကြောင်းပြချက်မရှိပဲ အရာတစ်ခုကို
နှစ်သက်အောင် လုပ်ပေးရုံပဲရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီအရာကိုအာရုံစိုက်ပြီး
လုပ်နိုင်တော့ အစပိုင်းမှာအဲ့ဒီအရာကို
ကောင်းကောင်းဆောင်ရွက်နိုင်တာပေါ့ ။

ဒါပေမဲ့ရေရှည်အတွက် အဲ့ဒီပါရမီက မလုံလောက်ပါဘူး။

ဒါကြောင့် ဘယ်အရာမဆို ကျွန်တော်တို့ခက်ခက်ခဲခဲ
လေ့ကျင့်မှ အဲ့ဒီအရာအပေါ် တော်မယ့်လူတစ်ယောက်ဖြစ်မှာပါ ။
လွယ်လွယ်ပြောရရင် Bus ကားလိုမျိုးပါပဲ။

ကျွန်တော်တို့ကို လမ်းထိပ်ထိပဲချပေးမှာပါ။

အဲ့ဒီကနေ ကျွန်တော်တို့လူတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ပန်းတိုင်ကိုဆက်ပြီး
ကြိုးစားပြီးသွားရမှာပါ။

သူများထက်ပိုပြီးကြိုးစားလေ့ကျင့်ရင်
သူများရဲ့အရှေ့မှာ လျှောက်ရမှာပါ။

သူများလို မလေ့ကျင့်မကြိုးစားတဲ့သူကတော့
နောက်ဆုတ်သလိုဖြစ်နေမှာပါ။
“ “ဒါကြောင့်ဒီလောကက မတရားဘူးလို့မပြောပါနဲ့။
တကယ်ဆိုရင် ကိုယ်ကိုတိုင် အသုံးမကျတာပါ။” ”
ဒါကြောင့်
တော်တာက ဘယ်တော့မှ ကံကောင်းမှုကြောင့်မဟုတ်ပါဘူး။

ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်စိတ်ထဲမှာ
"သူဘာဖြစ်လို့ တော်တာလဲ?”
ဆိုတဲ့မေးခွန်းကို ထုတ်ထားလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ အဖြေကတစ်ခုပဲရှိပါတယ်။

“သူက သူများထက် ခက်ခက်ခဲခဲကြိုးစားလေ့ကျင့်ပြီး
ဝီရိယကိုပိုင်ဆိုင်ထားလို့ပါ။”

credit ,နည်စနစ်ကျကျ အတွေးအခေါ် Respecting the original

Good Morning 💛ငါးကြီးကြီး လိုချင်ရင်ပင်လယ်ထဲကို သွားပါ ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။ဘဝကို ကြက်တူရွေးလို မနေဘဲ ...
17/11/2023

Good Morning 💛
ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ
ဒါပေမယ့်
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို ကြက်တူရွေးလို မနေဘဲ
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့
အမြင့်မပျံနိုင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့်
အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့
အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့ ။

တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့ ။

ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး ။

စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။

နာရီလေးက ပြောတယ်
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး ။

ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့ ။

အားလုံးပဲဘဝမှာ အဆင်ပြေကြပါစေ။ 💛

မူရင်းရေးသားသူအားလေးစားစွာဖြင့်
Respecting the original

Address

Ye
1307

Alerts

Be the first to know and let us send you an email when Othuya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Othuya:

Share