09/09/2021
#ထောပတ်သီး .... ကြိုက်သူတွေ သိသင့်သောအရာများ😊
ထောပတ်သီးကို... အနာကင်းစွာမှည့်ရန်နှင့်
မှည့်နေသောထောပတ်သီးများအား ထားသိုနည်း
၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့
ဒါထောပတ်သီးစားသူတိုင်း
သိထားရမဲ့အချက်ပါနော်
( ရေလုံးဝမထိရပါဘူး။)
အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး
ပုတ်တတ်ပါတယ်။
တကယ်လို့ ဘုရားကပ်မယ်။
လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့
tissue အစိုနဲ့သုတ်ပြီး။
အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါရှင့်။
သူ့အရောင်အလိုလိုတက်လာပါမယ်။
တချို့ရောင်းတန်းတွေမှာ
အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက
အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။
အသီးကြောတင်းပြီး စားမကောင်းတော့ပါ။
ကျမ ရောင်းသမျှအသီး မြေကြီး ပေနေတောင်
လုံးဝ မသုတ်ပေးပဲ
သဘာဝအတိုင်းပဲရောင်းပါတယ်။
၂။အမြန်မှည့်ရန်*****
ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့
သတင်းစာနဲ့တလုံးချင်းပတ်။
နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ
ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။
အသီးအရမ်းစိမ်းရင် ၃ ရက်။
မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။
ဆန်အိုးထဲမထားရပုတ်လွယ်သည်။
၃။အမှည့်မလွန်ပါနဲ့****
အညှာလေး ဖယ်ကျိလို့
အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။
ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံး
နောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်
အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို
ပစ်ရပါလိမ့်မယ်။
မာယာ များတဲ့ထောပတ်သီးကို သေချာ ဂရုစိုက်စားပါက
အကောင်းဆုံး အရသာ ရပါမယ်နော်။
၄။မှည့်နေသော အသီးအား ကြာကြာထားနည်း*****
ဒါကတော့ မခက်ခဲပါဘူး။
ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့
ရေခဲသေတ္တာရှိရင် ok ပါတယ်။
မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ
ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ်
အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင်
ကြာကြာထားစားလို့ရပါတယ်။
အဓိက လေလုံနေဖို့ပါ။
စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင်
ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါရှင့်။
မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ
ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်
ဆီလေးသုတ်ထားပါနော်
အဓိက က
အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီရှင့်
ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါ
အနည်းငယ်အိရင် အကောင်းဆုံးပါ။
မာတောင်နေရင် တရက်နှစ်ရက်သုံးရ
ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်ရှင့်
မူရင်းပိုင်ရှင် ေးပါတယ်ရှင့်