ဤပစ္စည်းကို ၀ယ်ပြီးအဆင်မပြေလျှင် ပြန်လည်ပေးပို့နိုင်ပါသလား?
ဤပစ္စည်းကို ၀ယ်ယူပြီး အဆင်မပြေမှု တစ်စုံတရာ ရှိပါက သင်လက်ခံရရှိသောနေ့မှ စ၍ ၇ရက်အတွင်း ပြန်လည် ပေးပို့ပြီး ငွေပြန်ထုတ်ယူနိုင်ပါသည်။
မည်ကဲ့သို့ပြန်လည်ပေးပို့နိုင်ပါသလဲ?
သင်၏အော်ဒါကို အွန်လိုင်းမှ တဆင့် ပြန်လည်ပေးပို့ရန်ဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါသည်။
မည်သည့်အခြေအနေများလိုအပ်ပါသလဲ?
အောက်ပါအခြေအနေများနှင့်ကိုက်ညီမှုရှိပါက သင်၏ ပြန်လ
ည်ပေးပို့မှုကိုလက်ခံနိုင်ပါသည်။
- အထုတ်အပိုးအား ဖွင့်ပြီးမှ ကုန်ပစ္စည်းမှားယွင်းခြင်း (သို့) ပျက်စီးနေခြင်းကြောင့် ပြန်လဲလိုသည်မှ လွဲ၍ အခြားအကြောင်းပြချက်များအတွက် ကုန်ပစ္စည်းသည် လာပို့စဉ်ကအတိုင်း ပါကင်ပိတ်ဖြစ်ရပါမည်။
- ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။
- ကုန်ပစ္စည်းသည် အသစ်အတိုင်းရှိရမည်ဖြစ်ပြီး အသုံးပြုထားခြင်း မရှိရပါ။
- ကုန်ပစ္စည်း ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။ည်။
- လာပို့စဉ်ကအတိုင်း အမှတ်တံဆိပ် ကပ်ပြားများ ပါရှိရပါမည်။
- ကုန်ပစ္စည်း ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။
လဲလှယ်/ပေးပို့လိုသော ကုန်ပစ္စည်းအား ကျွန်ုပ်တို့ဘက်မှ လာရောက်မယူခင် (သို့) သင်ပြန်လာမပေးခင် အထိ ပစ္စည်းအား နဂိုမူလပုံစံအတိုင်း ထိန်းသိမ်းထားရပါမည်။ အကယ်၍ ကုန်ပစ္စည်း (သို့) ထုတ်ပိုးထားသော ပါကင် ပျက်စီးနေပါက ပြန်လည် ပေးပို့မှုကို လက်ခံမည် မဟုတ်သောကြောင် ကုန်ပစ္စည်းအား သေသေချာချာ ထိန်းသိမ်း ထားရှိရန် လိုအပ်ပါသည်။
နောက်ထပ် မည်သည့်အဆင့်တွေလိုအပ်ပါသလဲ?
သင်ဝယ်ယူခဲ့သောကုန်ပစ္စည်းအား ပြန်လည်ပေးပို့လိုကြောင်း အကြောင်းကြားပြီးပါက ကျွန်ုပ်တို့မှ ပစ္စည်းပြန်လည်ပို့ဆောင်ရန် သင့်အား ဆက်သွယ်ပေးပါမည်
သင်ကိုယ်တိုင်လည်း ကျွန်ုပ်တို့၏ ရုံးသို့ လာရောက်ပေးပို့နိုင်ပါသည်။
- အကယ်၍ ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် ကိုက်ညီမှု မရှိပါက ငွေပြန်အမ်းခြင်း မရှိဘဲ ကုန်ပစ္စည်းအား သင့်ထံသို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ - ပြန်ပို့သောကုန်ပစ္စည်းအား စစ်ဆေးပြီး စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိပါက ရုံးဖွင့်ရက် (အများဆုံး) ၁၄ရက်အတွင်း ပစ္စည်းတန်ဖိုး ပြန်အမ်းငွေအား ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။