21/05/2026
ကလေး ချိုင်းတွေ မည်းလာတာကို မိဘတွေ အရမ်းစိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အကြောင်းရင်း အမျိုးမျိုးရှိနိုင်ပြီး အများစုကတော့ သဘာဝဆန်တဲ့အရာတွေပါပဲ။
ကလေး ချိုင်းမည်းရတဲ့ အကြောင်းရင်းများ
အရေပြားပွတ်တိုက်မှု (Friction)
ကလေးတွေ လှုပ်ရှားရင်း အဝတ်အစားနဲ့ ချိုင်းအရေပြား ပွတ်တိုက်မှုများရင် အရေပြားအနည်းငယ် မည်းလာနိုင်ပါတယ်။
ဒါ
ချွေးများခြင်း (Sweat & Moisture)
ချိုင်းနေရာမှာ ချွေးအများကြီးထွက်ပြီး အမြဲစိုနေမယ်ဆိုရင် အရေပြားအရောင် မညီတာ ဖြစ်တတ်ပါတယ်။
Dead skin စုခြင်း
မသန့်ရှင်းဘဲ Dead skin cell တွေစုလာရင် မည်းသလို မြင်ရတတ်ပါတယ်။
Hormone ပြောင်းလဲမှု (အရွယ်ရောက်စ)
အရွယ်ရောက်စကာလ (puberty) ဝင်လာတဲ့ကလေးတွေမှာ hormone ပြောင်းလဲမှုကြောင့် ချိုင်းမည်းနိုင်ပါတယ်။
အဝလွန်မှု (Overweight)
အသားအလေးချိန်များတဲ့ကလေးတွေမှာ skin fold friction ကြောင့် မည်းလာနိုင်ပါတယ်။
အရေပြားရောဂါအချို့
တချို့ကလေးတွေမှာ insulin resistance နဲ့ဆိုင်တဲ့ acanthosis nigricans လို condition တွေကြောင့် မည်းလာနိုင်ပါတယ် (ဒီလိုဆိုရင် ဆရာဝန်ကို ပြသင့်ပါတယ်)။
မိဘတွေ လုပ်ပေးနိုင်တာတွေကတော့
- ချိုင်းနေရာကို နူးညံ့တဲ့ဆပ်ပြာနဲ့ သန့်ရှင်းစေပါ
- ချွေးထွက်လွယ်တဲ့ကလေးဆို breathable အဝတ်အစား ဝတ်ပေးပါ
- ပွတ်တိုက်မှု မဖြစ်အောင် Kids Deodorant Spray ကို ငယ်ငယ်ထဲက သုံးပေးထားဖို့ လိုတယ်နော် မေမေတို့ရေ 🤩
#ချိုင်းမဲတာကိုကာကွယ်ဖို့kidsdeodorantsorat #ကလေးအကြိုက်