TSW BOOK SHOP

TSW BOOK SHOP 📚 The Online Book Shop 📚

📚 Books For All 📚

Phone - 09774949342

ဒဿနပုံရိပ်များ မောင်ကြည်သစ် The Philosophic Image တန်ဖိုး -10000 ks
17/06/2026

ဒဿနပုံရိပ်များ
မောင်ကြည်သစ်
The Philosophic Image

တန်ဖိုး -10000 ks

ကွန်ပျူတာမသုံးတတ်သေးရင်၊ သင်တန်းတက်ထားတာကြာပြီး မေ့နေရင်၊ သင်တန်းတက်ဖို့ အချိန်မပေးနိုင်ရင်၊ အိမ်မှာ Laptop တော့ရှိတယ် ဘ...
17/06/2026

ကွန်ပျူတာမသုံးတတ်သေးရင်၊ သင်တန်းတက်ထားတာကြာပြီး မေ့နေရင်၊ သင်တန်းတက်ဖို့ အချိန်မပေးနိုင်ရင်၊ အိမ်မှာ Laptop တော့ရှိတယ် ဘာလုပ်ရမှန်းမသိသေးရင် ဒီစာအုပ်ဖတ်ပြီး လေ့ကျင့်ပါ။

ကွန်ပျူတာအခြေခံ လက်စွဲစာအုပ်တွင်ပါဝင်မှာတွေကတော့

👇👇👇👇👇👇

✅ ကွန်ပျူတာစဖွင့်နည်း၊ ကိုင်နည်းကစပြီး ကွန်ပျူတာအကြောင်းကို စတင်လေ့လာခြင်း

✅ အင်္ဂလိပ်၊ မြန်မာလက်ကွက် လေ့ကျင့်မှုများ

✅ လူသိနည်းပြီး အရမ်းအသုံးဝင်သော Microsoft Windows အသုံးပြုနည်းများ

✅ ပုံတွေကိုရေးဆွဲခြင်း၊ Edit ခြင်းအတွက် Microsoft Paint အသုံးပြုနည်း

✅ ရုံးသုံး၊ ကျောင်းသုံး၊ လုပ်ငန်းခွင်သုံး Microsoft Word သုံးနည်း

✅ စာရင်းဇယားတွေကို ကိုင်တွယ်တွက်ချက်နိုင်မည့် Microsoft Excel သုံးနည်း

✅ ရုံးသုံး၊ ကျောင်းသုံး၊ လုပ်ငန်းခွင်သုံး Microsoft PowerPoint သုံးနည်း

✅ အင်တာနက်ကို ကွန်ပျူတာတွင် စနစ်တကျ အသုံးပြုနည်း

✅ ရုံးသုံး၊ ကျောင်းသုံး၊ လုပ်ငန်းခွင်သုံး Email အသုံးပြုနည်း

✅ AI ကို စတင်အသုံးချနည်း

🟰🟰🟰🟰🟰🟰
တန်ဖိုး - ၃၉၀၀၀ ကျပ်

အရွယ်လွန်မှအောင်မြင်ကြသူများဆန်းလင်းထွန်း ( ဘာသာပြန်သည် )တန်ဖိုး - ၁၅၀၀၀ ကျပ်စာမျက်နှာ - ၁၇၅ ဤစာအုပ်၌ ပါရှိသော နိုင်ငံခေ...
23/05/2026

အရွယ်လွန်မှ
အောင်မြင်ကြသူများ
ဆန်းလင်းထွန်း ( ဘာသာပြန်သည် )
တန်ဖိုး - ၁၅၀၀၀ ကျပ်
စာမျက်နှာ - ၁၇၅

ဤစာအုပ်၌ ပါရှိသော နိုင်ငံခေါင်းဆောင်များ၊ ဗိသုကာပညာရှင်များ၊ စွန့်ဦးတီထွင်ကြသူများ၊ သဘ၀ဗေဒပညာရှင်များ၊ ပန်းချီပညာရှင်များ၊ ရှပ်ရှင်အနုပညာရှင်များ စသည်ဖြင့် ထင်ရှားကျော်ကြား‌ အောင်မြင်ကြသူများသည် ငယ်ရွယ်စဉ်က အောင်မြင်ကြသူများ မဟုတ်ပဲ၊ အလုပ်တစ်ခုကို ... တစိုက်မတ်မတ် လုပ်ဆောင်ကြရင်း သူတို့၏ ... ဒုတိယအရွယ်လွန် ၊ ... တတိယအရွယ်ရောက်မှ အောင်မြင်ကြသူများ ဖြစ်ကြသည်ကို တွေ့မြင်ရပါသည်။ အောင်မြင်ကြသူများတွင် ရိုးသား၊ ကြိုးစားကြသည့် ပြယုဂ်ကို မလွဲမသွေ တွေ့ရပါမည်။ သူတို့၏ စံနမူနာ ဘ၀များသည် အချိန်ကာလ၏ စမ်းသတ်မှုကို လွန်မြောက်ရာ လူတိုင်းအတွက် အတုယူလေးစားဖွယ်ရာ အမှန်ပင်ဖြစ်သည်။

စာအုပ်မှာယူလိုပါက
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့ပေး၍
Royal ရောက်တဲ့ မြို့နယ်တိုင်းကိုအိမ်ရောက်ငွေချေဖြင့် ပို့ပေးပါတယ်။ ကျန်မြို့များကားဂိတ်ပို့ပေးပါတယ်ဗျ။
📱/ Viber - 09 77 49 49 342

အသက် ၂၅ နှစ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ "Quarter-Life" လို့ ခေါ်တဲ့ အရေးကြီးတဲ့ အကူးအပြောင်းကာလတစ်ခုပါ။ ကလေးဘဝကနေ လူကြီးဘဝ...
07/05/2026

အသက် ၂၅ နှစ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ "Quarter-Life" လို့ ခေါ်တဲ့ အရေးကြီးတဲ့ အကူးအပြောင်းကာလတစ်ခုပါ။ ကလေးဘဝကနေ လူကြီးဘဝထဲကို ခြေစုံပစ်ဝင်လိုက်ရတဲ့ အရွယ်ဖြစ်လို့ အဘက်ဘက်က ပြောင်းလဲမှုတွေ ရှိလာသင့်ပါတယ်။
​
​၁။ နေထိုင်ပုံနှင့် အလေ့အကျင့် (Lifestyle)
​ဒီအရွယ်မှာ အပျော်အပါးထက် "စနစ်ကျမှု" ကို အာရုံစိုက်ရပါမယ်။
​ကျန်းမာရေး ရင်းနှီးမြှုပ်နှံမှု: ၂၅ နှစ်ကျော်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက စတင်နှေးကွေးလာပါပြီ။ အအိပ်အစား မှန်ဖို့နဲ့ လေ့ကျင့်ခန်း တစ်ခုခုလုပ်တဲ့ အလေ့အကျင့် စတင်ရပါမယ်။
​အချိန်စီမံခန့်ခွဲမှု: "အချိန်ဖြုန်းခြင်း" ကို လျှော့ချပြီး ကိုယ့်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် အလုပ်တွေမှာ အချိန်ပေးဖို့ လိုအပ်လာပါပြီ။
​၂။ ပြောဆိုပုံနှင့် ဆက်ဆံရေး (Communication)
​စကားပြောတဲ့အခါ "နှုတ်စောင့်ခြင်း" နဲ့ "နားထောင်ခြင်း" က အရေးကြီးဆုံးပါ။
​တည်ငြိမ်မှု: စိတ်လိုက်မာန်ပါ ပြောတာမျိုးထက် အကျိုးအကြောင်းခိုင်လုံစွာနဲ့ ယဉ်ကျေးပျူငှာစွာ ပြောဆိုတတ်ရပါမယ်။
​နေရာဒေသအလိုက် ပြောဆိုမှု: သူငယ်ချင်းချင်း ပြောတဲ့စကားနဲ့ လူကြီးမိဘ၊ အလုပ်ရှင်ကို ပြောတဲ့စကားကို သေချာခွဲခြား သိလာရပါမယ်။
​၃။ ဝတ်စားဆင်ယင်မှု (Dressing)
​ဝတ်စားဆင်ယင်မှုက ကိုယ့်ရဲ့ "တန်ဖိုး (Professionalism)" ကို ဖော်ပြပါတယ်။
​ယုံကြည်မှုရှိသော ဝတ်စုံ: အရမ်းခေတ်မီနေဖို့ထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမယ့်၊ သန့်ရှင်းသပ်ရပ်ပြီး နေရာဒေသနဲ့ လိုက်ဖက်တဲ့ ဝတ်စုံမျိုးကို ရွေးချယ်တတ်ရပါမယ်။
​အရည်အသွေးကို ဦးစားပေးခြင်း: အဝတ်အစား အများကြီးရှိတာထက် ကောင်းမွန်တဲ့ ဝတ်စုံ အနည်းငယ်က ပိုပြီး အထင်ကြီးစရာ ကောင်းတတ်ပါတယ်။
​၄။ ဘာသာတရားနှင့် စိတ်ပိုင်းဆိုင်ရာ (Spirituality)
​ဘဝရဲ့ မုန်တိုင်းတွေကို ခံနိုင်ရည်ရှိဖို့ စိတ်ပိုင်းဆိုင်ရာ အခြေခံကောင်း (Foundation) လိုပါတယ်။
​စိတ်တည်ငြိမ်မှု: ဘာသာတရားကို ကိုင်းရှိုင်းခြင်းက လောကဓံဒဏ်ကို ခံနိုင်ရည်ရှိစေပြီး စိတ်ကို အေးချမ်းစေပါတယ်။
​ကိုယ်ကျင့်တရား: ဘာသာရေးရဲ့ အနှစ်သာရဖြစ်တဲ့ ကိုယ်ချင်းစာတရားနဲ့ သီလကို စောင့်ထိန်းခြင်းက လူ့အသိုင်းအဝိုင်းမှာ မျက်နှာပွင့်စေပါတယ်။
​၅။ လေးစားတတ်မှု (Respect)
​လေးစားမှုဆိုတာ "ပေးမှ ပြန်ရတဲ့အရာ" ဖြစ်ပါတယ်။
​အပြန်အလှန် လေးစားမှု: ကိုယ့်ထက် အသက်ကြီးသူတင်မကဘဲ ကိုယ့်အောက်ငယ်သူ၊ ဂုဏ်ဒြပ်နိမ့်ပါးသူတွေကိုပါ လူသားချင်းစာနာပြီး လေးစားစွာ ဆက်ဆံတတ်ခြင်းဟာ ၂၅ နှစ်အရွယ်ရဲ့ ရင့်ကျက်မှုပါပဲ။
​၆။ ကိုယ်ပိုင်အလုပ်နှင့် ငွေကြေးလွတ်လပ်မှု (Career & Finance)
​ဒီအရွယ်မှာ မိဘလက်ထဲက ထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ အားယူရပါမယ်။
​ကိုယ်ပိုင်အလုပ်လေးတစ်ခု: ဝါသနာပါရာ ဖြစ်ဖြစ်၊ ကျွမ်းကျင်တဲ့ အလုပ်ဖြစ်ဖြစ် အမြဲတမ်းဝင်ငွေရမယ့် လမ်းကြောင်းတစ်ခု ရှိနေသင့်ပါတယ်။
​ငွေစုဆောင်းခြင်း: ၂၅ နှစ်မှာ စတင်စုဆောင်းတဲ့ ငွေက နောင်အသက် ၄၀-၅၀ မှာ သင့်ကို စိတ်အေးချမ်းမှု အပြည့်အဝ ပေးနိုင်ပါလိမ့်မယ်။
​- ၂၅ နှစ်အရွယ်ဆိုတာ ဘဝရဲ့ "အုတ်မြစ်" ချရမယ့် အချိန်ပါ။ အမှားတွေ လုပ်မိနိုင်သေးပေမယ့် အဲဒီအမှားတွေကနေ သင်ခန်းစာယူပြီး ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံး အချိန်ပါပဲ။
​💫💫💫

 #ဆရာမခင်ခင်ထူးရဲ့စာအုပ်များစုစည်းမှု စာအုပ်မှာများယူလိုပါက အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့ပေး၍Royal ရောက်တဲ့ မ...
02/05/2026

#ဆရာမခင်ခင်ထူးရဲ့စာအုပ်များစုစည်းမှု

စာအုပ်မှာများယူလိုပါက
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့ပေး၍
Royal ရောက်တဲ့ မြို့နယ်တိုင်းကိုအိမ်ရောက်ငွေချေဖြင့် ပို့ပေးပါတယ်။ ကျန်မြို့များကားဂိတ်ပို့ပေးပါတယ်ဗျ။
📱/ Viber - 09 77 49 49 342

19/04/2026
ပီမိုးနင်း၀တ္ထုတိုများပေါင်းချုပ်  ( တတိယ အကြိမ် )20000Ks မြန်မာစာပေသမိုင်းတွင်  ၂၀ ရာစု အစပိုင်း၌ မြန်မာ ၀တ္ထုတိုလောကသည...
07/03/2026

ပီမိုးနင်း၀တ္ထုတိုများပေါင်းချုပ်
( တတိယ အကြိမ် )

20000Ks

မြန်မာစာပေသမိုင်းတွင် ၂၀ ရာစု အစပိုင်း၌ မြန်မာ ၀တ္ထုတိုလောကသည်
တိုးတက်ပြောင်းလဲလာခဲ့သည်။ ပီမိုးနင်းသည် မြန်မာ၀တ္ထုခေတ်ကို စခဲ့သူ
ဖြစ်ရုံသာမက နောက်လူတို့အပေါ်တွင် ဩဇာကြီးသည့် စာရေးဆရာလည်းဖြစ်သည်။ ထို့ကြောင့် ခေတ်ပေါ် မြန်မာ၀တ္ထုတိုကို ယခုခေတ် ပုံစံသို့ရောက်အောင် မျိုးစေ့ချပေးခဲ့သူမှာ ပီမိုးနင်း ဖြစ်သည်ဟုဆိုချင်ပါသည်။
ယခု၀တ္ထုတိုများတွင် တစ်ကြိမ်တစ်ခါမျှ ပြန်လည်ဖော်ပြထားခြင်း မရှိသော ၀တ္ထုတိုများလည်းပါ၀င်သည်။ ထို၀တ္ထုများ စတင်ရေးပြခဲ့ရာ မဂ္ဂဇင်း၊ ဂျာနယ်တို့ကိုပါ ဖော်ပြထားပါသည်။

စာအုပ်မှာယူလိုပါက
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့ပေး၍
Royal ရောက်တဲ့ မြို့နယ်တိုင်းကိုအိမ်ရောက်ငွေချေဖြင့် ပို့ပေးပါတယ်။ ကျန်မြို့များကားဂိတ်ပို့ပေးပါတယ်ဗျ။
📱/ Viber - 09 77 49 49 342

📚 **ကလေးများအတွက် ပုံပြင်စာအုပ်လေးများ ရရှိနိုင်ပါပြီဗျာ** 📚✨ 9 အုပ်တစ်စုံ – **15000 Ks** သာဖြင့် ရရှိနိုင်ပါတယ်။ကလေးမျာ...
27/02/2026

📚 **ကလေးများအတွက် ပုံပြင်စာအုပ်လေးများ ရရှိနိုင်ပါပြီဗျာ** 📚

✨ 9 အုပ်တစ်စုံ – **15000 Ks** သာဖြင့် ရရှိနိုင်ပါတယ်။
ကလေးများအတွက် ဖတ်ရှုလေ့လာရန်ကောင်းပြီး စာဖတ်စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်တဲ့ ပုံပြင်စာအုပ်များ ဖြစ်ပါတယ်။

📦 **မှာယူလိုပါက**
အမည်
ဖုန်းနံပါတ်
လိပ်စာအပြည့်အစုံ
တို့ကို ပို့ပေးပါဗျာ။

🚚 Royal အရောက်ရှိသော မြို့နယ်များတွင် **အိမ်ရောက်ငွေချေ (COD)** ဖြင့် ပို့ဆောင်ပေးပါတယ်။
🚛 အခြားမြို့များကိုတော့ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးပါတယ်။

📱 ဖုန်း / Viber – **09 77 49 49 342**

မြန်မြန်မှာယူထားလိုက်ပါဗျ✨📚

 #ဆရာနေ၀င်းမြင့်စာအုပ်များ ဆရာနေ၀င်းမြင့်၏ ၀တ္ထုများသည် ဘ၀သရုပ်ဖော်၀တ္ထုများ ဖြစ်သည့်တိုင် သရုပ်ဖော် သက်သက်မျှသာမက ခေတ်ပ...
21/02/2026

#ဆရာနေ၀င်းမြင့်စာအုပ်များ

ဆရာနေ၀င်းမြင့်၏ ၀တ္ထုများသည် ဘ၀သရုပ်ဖော်၀တ္ထုများ ဖြစ်သည့်တိုင်
သရုပ်ဖော် သက်သက်မျှသာမက ခေတ်ပြိုင်ဘ၀နှင့် နှိင်းယှဉ်၍ စဉ်းစားစရာအမြဲဖြစ်တတ်ပါသည်။ ဆရာနေ၀င်းမြင့်၏ ရင်ထဲတွင် ဟာသသည် ပုန်းကွယ်နေသည်။ သို့ရာတွင် သူဟာသသည် နူးညံ့ သိမ်မွေ့သည့်ဟာသ။
လွမ်းစရာကောင်းသော ဟာသဖြစ်သည်ဟု ဆရာမြသန်းတင့်က ဆိုထားပါသည်။

ဆရာနေ၀င်းမြင့်၏ စာအုပ် ( ၂၄ ) အုပ်

#ရေကန်သာကြာတိုင်းအေး
#မြို့ပြပိုးမွှားများ
#၁၈ယူဇနာ
#တောင်တန်းများကိုပင်ပေါ့ပါးစေသည့်မိုးကောင်းကင်သမီးသို့ပေးစာများ
#အေးအေးလူလူအတွေးများ
#တောအလှူနှင့်လူမှုစီးပွားရသအက်ဆေးများ
#ဆုံးမကွပ်ကောင်းမကွပ်ကောင်း...ဟု
#ပင်လယ်ကိုထွန်ယက်ခြင်း
#အုပ်ဖွဲ့ပျံကြိုးကြာသံများ
#အော်တူး၊ကြည်ကြည်၊စိုးခ
#အာရှတိုက်၀တ္ထုတိုများ
#အိုင်ဗန်တူရ်ဂေညက်ဗ်၏၀တ္ထုလတ်၅ပုဒ်
#အိမ်ကလေး16လုံး
#တောကျီးကန်း၀တ္ထုတိုများ
#ဆယ်နှစ်ကြိုး၀တ္ထုတိုများ
#နွေဦးနှင့်ငန်းရိုင်း
#ချင်းတွင်းမဲဇာ
#ရေသွန်မြစ်
#ချစ်သူများနှင့်ခရီးသွားခြင်း
#ဗျိုင်မည်းနှင့်အခြား၀တ္ထုတိုများ
#ခရာနှင့်အခြား၀တ္ထုတိုများ
#ပုစဉ်းရင်ကွဲ၀တ္ထုတိုများစုစည်းမှု
#ကုမ်ရာသီအက်ဆေးများ
#ခရီးနိုင်ငံရေး

✅Series Price - 207500Ks
စာအုပ်မှာယူလိုပါက
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပို့ပေး၍
Royal ရောက်တဲ့ မြို့နယ်တိုင်းကိုအိမ်ရောက်ငွေချေဖြင့် ပို့ပေးပါတယ်။ ကျန်မြို့များကားဂိတ်ပို့ပေးပါတယ်ဗျ။
📱/ Viber - 09 77 49 49 342

 #ရထားပေါ်က လွယ်အိတ်ကလေးတွေ  #အက်ဆေးစုစည်းမှု #ရဲသျှမ်း၊ ဆုဂျေအက်ဆေးဆိုတာ အေးစက်မနေဘဲ  အတွေးဆက်ပေးတာကြောင့် ကျွန်တော် အက...
21/02/2026

#ရထားပေါ်က လွယ်အိတ်ကလေးတွေ
#အက်ဆေးစုစည်းမှု
#ရဲသျှမ်း၊ ဆုဂျေ

အက်ဆေးဆိုတာ
အေးစက်မနေဘဲ အတွေးဆက်ပေးတာကြောင့်
ကျွန်တော် အက်ဆေးတွေ ရေးပါတယ် ။

ရဲသျှမ်း

8000Ks

Address

-
Yangon
95

Website

Alerts

Be the first to know and let us send you an email when TSW BOOK SHOP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category