Maye Thet Wai

Maye Thet Wai မေမေနဲ့ သားသားမီးမီးတို့အတွက် ဗဟုသုတတွေ မျှဝေမယ်။ အသုံးအဆောင်တွေ ရောင်းဝယ်မယ်။

“ငရဲ နဲ့ မခြောက်ပါနဲ့”>< >< >< >< >< ကလေးတွေကို ငရဲ နဲ့ကြောက်အောင် ခြောက်လှန့်ဆုံးမတာ တကယ်ရော အကျိုးရှိရဲ့လား။ မေ့သက်ဝေက...
20/07/2025

“ငရဲ နဲ့ မခြောက်ပါနဲ့”
>< >< >< >< ><

ကလေးတွေကို ငရဲ နဲ့ကြောက်အောင် ခြောက်လှန့်ဆုံးမတာ တကယ်ရော အကျိုးရှိရဲ့လား။
မေ့သက်ဝေကတော့ ကလေးတွေကို ကြောက်အောင် ခြောက်လှန့်ဆုံးမတာက လွဲမှားတဲ့ ဆုံးမနည်း ဖြစ်ပြီး သူတို့လေးတွေ နားလည်လက်ခံလာအောင် ကျိုးကြောင်းပြ ဆုံးမတာကပဲ မှန်ကန်တဲ့ နည်းလမ်းလို့ ယုံကြည်ပါတယ်။
ငရဲနဲ့ကြောက်အောင် ခြောက်လှန့်ဆုံးမတာက ရေတိုမှာတော့ အလုပ်ဖြစ်တယ်လို့ ထင်ရပေမဲ့ ရေရှည်မှာတော့ ကလေးအတွက် ဆိုးကျိုးတွေပဲ ဖြစ်လာပါလိမ့်မယ်ရှင်။ ဘာကြောင့်လဲဆိုတော့ ငရဲ နဲ့ ကြောက်အောင် ခြောက်လှန့်ပြီးဆုံးမတဲ့အခါ ကြောက်စိတ်ကပဲ Drive လုပ်သွားတာ ဖြစ်တဲ့အတွက် ကောင်းတာဆိုးတာကို ခွဲခြားနားလည်တာမဟုတ်ဘဲ လူကြီးကဖြစ်စေချင်တဲ့ ရလဒ်အတိုင်း ဖြစ်ပေါ်စေလို့ပါပဲရှင်။
အဲဒီလိုမျိုး ကျိုးကြောင်းမဲ့ ကြောက်စိတ်ကို ဦးစီးပြီး ပြောင်းလဲစေတာကနေ ဖြစ်ပေါ်လာတဲ့ အဓိက ဆိုးကျိုးကတော့ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု” ပဲ ဖြစ်ပါတယ်ရှင့်။ ကလေးတွေဟာ အလွန်အမင်းကြောက်ရွံ့လာတဲ့အခါ သူတို့ရဲ့ စိတ်နုနုလေးတွေမှာ စိုးရိမ်လွန်ကဲမှုတွေ ဖြစ်လာတယ်၊ အဲဒီကမှတစ်ဆင့် စိတ်ဖိစီးမှုတွေလည်း ဖြစ်ပေါ်လာ စေပါတယ်ရှင်။ ဒီလိုနဲ့ အိပ်မက်ဆိုးတွေမက်တာမျိုး၊ အဲဒီအကြောင်းကို အမြဲလိုတွေးပြီး ကြောက်ရွံ့နေတာမျိုး ဖြစ်လာနိုင်ပါတယ်ရှင်။
နောက်တစ်ဆင့်ကတော့ “စိတ်ဓာတ်ကျဆင်းလာတာ” ပဲ ဖြစ်ပါတယ်ရှင်။ ငရဲနဲ့ အလွန်အကျူး ခြိမ်းခြောက်ဆုံးမတဲ့အခါ ကလေးဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားလာရမယ်။ ပြီးရင် အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်လို့လည်း တွေးလာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း နည်းပါးလာပြီး သူ့ကိုယ်သူ ယုံကြည်မှုလည်း နည်းပါးလာနိုင်ပါတယ်ရှင်။
Self confidence နည်းပါးလာတဲ့နောက်မှာ မသိမသာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတစ်ခုက ကလေးဟာ ငရဲကို ကြောက်၊ အပြစ်ကျူးလွန်မှာကို အလွန်အမင်းကြောက်လာတာကြောင့် သူ ဘာလုပ်လုပ် အပြစ်ကင်းဖို့ကိုပဲ လိုတာထက်ပို အာရုံစိုက်လာတာမျိုး ဖြစ်ပါတယ်ရှင်။
လူအများစုကတော့ ကိုယ့်ကလေးက အပြစ်ကင်းအောင်နေတတ်တာ ကောင်းတာပဲလို့ တွေးကြမှာပါပဲ။ ဒါပေမဲ့ အဲဒီစိတ်ရဲ့နောက်မှာ ရဲရင့်တဲ့စိတ်တွေအတွက် ကြီးမားတဲ့ အဟန့်အတား ဖြစ်ပေါ်လာစေပါတယ်။ ရဲရင့်တဲ့စိတ် မရှိရင် အမှန်တရား၊ တရားမျှတမှု၊ ကိုယ်ခြင်းစာမှု၊ စတဲ့အရာတွေအတွက်လည်း ခက်ခဲလာပါမယ်။
ကြောက်စရာကောင်းတာကတော့ ရဲရင့်တဲ့စိတ်မရှိရင် ကလေးဟာ မေးခွန်းပြန်မထုတ်တတ်တော့ပါဘူး။ မေးခွန်းပြန်မထုတ်တတ်တော့တဲ့အတွက် သူ့ရဲ့အသိဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကိုလည်း ကန့်သတ်လိုက်သလိုဖြစ်လာပါလိမ့်မယ်ရှင်။ ပြီးတော့ တီထွင်ဆန်းသစ်နိုင်ခြင်းလည်း ချို့တဲ့လာမှာပဲ ဖြစ်ပါတယ်ရှင်။ အဆိုးဆုံးကတော့ ဘာသာရေး၊ လူမှုရေးနဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မေးခွန်းတွေကို ပြန်မမေးရဲတော့တာ ဖြစ်ပါတယ်ရှင်။
ဒါကြောင့် ကလေးတွေကို “ငရဲနဲ့ကြောက်အောင် ခြောက်လှန့်ဆုံးမမဲ့အစား” “ချစ်ခြင်းမေတ္တာနဲ့၊ နားလည်မှုကို အခြေခံပြီးတော့ပဲ ပဲ့ပြင်ဆုံးမသင့်ပါတယ်။” “အပြစ်ကျူးလွန်တာ မဟုတ်ဘဲ အမှားလုပ်မိတာ၊ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကိုပြင်နိုင်တာ” ဆိုတဲ့ လမ်းညွှန်ပြုပြင်မှုမျိုးပဲ ပြုလုပ်ကြဖို့ မေ့သက်ဝေက တိုက်တွန်းလိုက်ပါရစေရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
မေ့သက်ဝေရဲ့ အားထုတ်မှုလေးတွေကို အသိအမှတ်ပြုခြင်းအားဖြင့် Copy ကူးယူခြင်းမပြုဘဲ Share button လေး နှိပ်ပြီး Share ပေးကြရင် ပိုပြီး ဝမ်းသာမိမှာပါရှင့်။

ဘေဘီလေး ဖွံ့ဖြိုးမှုနှေးနေတာ မေမေတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးနော်>< >< >< >< >< >< >< >< >< ><မေ့သက်ဝေရဲ့ မေမေတို့ ကိ...
16/07/2025

ဘေဘီလေး ဖွံ့ဖြိုးမှုနှေးနေတာ မေမေတစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးနော်
>< >< >< >< >< >< >< >< >< ><

မေ့သက်ဝေရဲ့ မေမေတို့ ကိုယ့် ဘေဘီလေးကို ပျိုးထောင်နေချိန်မှာ ပတ်ဝန်းကျင်ကြောင့်ရော၊ ကိုယ်ကိုယ်တိုင်ကြောင့်ပါ စိတ်ဖိစီးမှု ဖြစ်ဖူးကြသလားရှင့်။
ကျွန်မတို့ မိဘတွေက ကိုယ့်ရဲ့ ကလေးတွေကို သူများကလေးတွေနဲ့ နှိုင်းယှဉ်မိပြီး၊ အားမလိုအားမရစိတ်တွေဖြစ်တတ်ကြတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့လူတစ်ယောက်လိုမျိုး စိတ်ဖိစီးမှုတွေ ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်ကလေးက သူများကလေးလိုမျိုး ကောင်းကောင်း မအိပ်တာ၊ ကောင်းကောင်းမစားတာ၊ ကောင်းကောင်းမဖွံ့ဖြိုးတာ၊ ကိုယ်အလေးချိန်မတက်တာမျိုးနဲ့ ကြုံတွေ့နေရရင်ပေါ့ရှင်။
ဒီစာကို ဖတ်နေတဲ့ မေမေက အဲဒါမျိုး ကြုံတွေ့နေရပြီ၊ စိတ်ဖိစီးနေရပြီ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိပြီဆိုရင်တော့ လက်ရှိစိတ်ထဲက ခံစားချက်တွေကို ရပ်တန့်ဖို့ကြိုးစား၊ ဖယ်ရှားဖို့ ကြိုးစားလိုက်ပါလို့ မေ့သက်ဝေက တိုက်တွန်းချင်ပါတယ်ရှင်။
အဲဒီအစား မေမေ တွေးရမှာက “ငါဟာ ငါ့ကလေးအတွက် အကောင်းဆုံးလုပ်ပေးနေတာပဲ။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံး လုပ်ပေးနေမှာပဲ” ဆိုတဲ့ အတွေးဖြစ်ပါတယ်ရှင်။
ကိုယ်ကိုယ်တိုင်ကလည်း သူများနည်းတူ ကိုယ့်ကလေးကို ဂရုစိုက်တယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုံးလည်း လုပ်ပေးတယ်၊ သူများထက်တောင်မှ ပိုပြီးဂရုစိုက်ပါလျက်နဲ့ ကိုယ့်ကလေးက အိပ်နည်း၊ အစားနည်း၊ ဖွံ့ဖြိုးမှု နှေးနေတယ်ဆိုရင်တောင်မှ ဘာမှစိတ်မပျက်ပါနဲ့။ ပတ်ဝန်းကျင်က အပြောတွေကိုလည်း ဂရုစိုက်မနေဘဲနဲ့ စိတ်ဖိစီးမှု ကင်းကင်းနဲ့ နည်းလမ်းမှန်မှန် ဆက်ပြီး ပျိုးထောင်ပေးသွားဖို့ပဲ လိုအပ်ပါတယ်ရှင်။
ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးပုံချင်း မတူညီကြပါဘူးရှင်။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု စတာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ အဲဒီလိုပဲ အစားအစာ အကြိုက်လည်း ကွဲပြားကြသလို၊ အမူအကျင့်တွေကလည်း တူမနေကြပါဘူးရှင်။
မေ့သက်ဝေတုန်းကလည်း သမီးလေးက အအိပ်၊ အစားနည်းပြီး ပေါင်ချိန်ကလည်း တော်ရုံနဲ့ မတက်၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကလည်း နည်းနည်းနှေးနေလို့ အရမ်းကိုမှပဲ စိတ်ဖိစီးခဲ့ရပါတယ်။ ညဘက်တွေဆိုရင်လည်း ကောင်းကောင်း အိပ်မပျော်လို့ ညလုံးပေါက်နီးပါး ပေါင်ပေါ်တင်ပြီးမှ အိပ်ခဲ့ရတဲ့ညတွေလည်း အများကြီးပါပဲ။ အစားအသောက်ဆိုလည်း တစ်ရက်ကို ထမင်းဆယ်ဇွန်းလောက်ဝင်ဖို့အရေး အတော်လေးကို ကြိုးစားခဲ့ရတာပါရှင်။
ကလေးအထူးကုတွေနဲ့လည်းပြ၊ အားဆေးတွေဆိုလည်း ဆရာဝန်ညွှန်သမျှတိုက်၊ ဖြည့်စွက်စာလည်း မကျန်စေရပါဘူး။ ဒါတောင်မှ သမီးလေးက တခြားကလေးတွေလိုမျိုး ပြည့်ပြည့်လေး ဖြစ်မနေတော့ ငါ ဘယ်နေရာမှာများ မှားနေလို့လဲ၊ ငါတော့ သူများမိခင်တွေလို ဘာလို့ကောင်းကောင်း မမွေးမြူနိုင်ရတာလဲဆိုပြီး စိတ်ဖိစီးမှု များခဲ့ရတာပါရှင်။
ဒီကြားထဲမှာ ပတ်ဝန်းကျင်ကလည်း ကိုယ့်ကလေးကိုကြည့်ပြီး “ကလေးက ပိန်တယ်နော်။ ထမင်းသေချာမကျွေးဘူးလား၊ ငါတို့ကလေးဆိုဘယ်လိုစားတာ၊ ဘယ်လိုတွေတောင်အိပ်တာ” ဆိုတာမျိုးတွေ လာပြောရင် ပိုလို့တောင်ဝမ်းနည်းပြီး စိတ်ဖိစီးမှု များခဲ့ရပါတယ်ရှင်။
အဲဒီနောက်မှာတော့ “ငါဟာ ငါ့ကလေးကို ငါတတ်နိုင်သမျှ အကောင်းဆုံး စောင့်ရှောက်တယ်၊ ပျိုးထောင်တယ်၊ နည်းမှန်လမ်းမှန်နဲ့ ပျိုးထောင်နေတာပဲ” ဆိုပြီး ကိုယ့်စိတ်ကိုယ်ဖြေသိမ့်ပြီး စိတ်လျှော့ထားလိုက်ပါတယ်ရှင်။
ပြီးတော့ “ငါ့ကလေးက သူများကလေးတွေလို အစားအများကြီးမစားလည်း၊ အဆင်ပြေတယ်။ အကြာကြီးမအိပ်လည်း အဆင်ပြေတယ်။ ဝဝတုတ်တုတ်လေး ဖြစ်မနေလည်း အဆင်ပြေတယ်။ အဓိက က ကလေး ကျန်းမာနေဖို့၊ ပျော်ရွှင်နေဖို့ပဲ” ဆိုပြီး တွေးပါတယ်။ အဲဒီလို တွေးလိုက်မှပဲ စိတ်ဖိစီးမှုလည်း အတော်လေးကို ပျောက်လာပါတော့တယ်။
၃ နှစ်ကျော်လာတဲ့နောက်မှာတော့ သမီးလေးလည်း အိပ်သင့်သလောက် အိပ်လာတယ်။ အများကြီးမဟုတ်ပေမဲ့ စားသင့်သလောက်နီးပါး စားလာတယ်။ စားဖို့လည်း ထမင်းမှမဟုတ်ဘူး၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ချိစ် တို့လိုမျိုး တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရပြည့်နိုင်တဲ့ ဘယ်အစားကိုမဆို မရွေးဘဲ ကျွေးပါတယ်။
ရလဒ်ကတော့ ကျွန်မလည်း စိတ်ဖိစီးမှု နည်းလာတယ်။ ကလေးလည်း ဖွံ့ဖြိုးသင့်သလောက်ဖွံ့ဖြိုးပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွားလာပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း ပျော်ရွှင်တတ်၊ ကြင်နာတတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာပါတယ်။
ဒါကြောင့် မေ့သက်ဝေလို အဖြစ်မျိုးကြုံနေရတဲ့ မေမေတွေကို ပြောပြချင်တာကတော့ ကိုယ့်ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လာရင် ပတ်ဝန်းကျင်က နှိုင်းယှဉ်တာ၊ ဝေဖန်တာ၊ အပြစ်တင်တာတွေကို ဂရုစိုက်မနေပါနဲ့။ လိုက်ပြီး ခံစားမနေပါနဲ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အကောင်းဆုံး ပြုစုပျိုးထောင်နေဖို့ပဲ ကြိုးစားပါလို့။
မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်နေရင် ကိုယ့်ကလေးဟာ အချိန်တစ်ခုမှာ တခြားကလေးတွေလိုပဲ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွံ့ဖြိုးတိုးတက်လာမှာပါလို့ မေ့သက်ဝေရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးကို မျှဝေပေးလိုက််ရပါတယ်ရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
မေ့သက်ဝေရဲ့ အားထုတ်မှုလေးတွေကို အသိအမှတ်ပြုခြင်းအားဖြင့် Copy ကူးယူခြင်းမပြုဘဲ Share button လေး နှိပ်ပြီး Share ပေးကြရင် ပိုပြီး ဝမ်းသာမိမှာပါရှင့်။

သူများပါးစပ်နဲ့ ကိုယ့်ကလေးကို မသတ်ပါနဲ့>< >< >< >< >< >< >< >< >< ><ကျမတို့ မြန်မာနိုင်ငံမှာ မိဘအတော်များများက ပြဿနာတစ်ခ...
30/06/2025

သူများပါးစပ်နဲ့ ကိုယ့်ကလေးကို မသတ်ပါနဲ့
>< >< >< >< >< >< >< >< >< ><

ကျမတို့ မြန်မာနိုင်ငံမှာ မိဘအတော်များများက ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ့်ကလေးပြောတာထက် တစ်ပါးသူပြောတာကို ပိုပြီးယုံကြည်တတ်ကြတယ်။ အခုခေတ်မှာ သိပ်မတွေ့ရဘူးဆိုပေမဲ့ ကျမတို့ ငယ်စဉ်တုန်းကဆိုရင်တော့ အတွေ့များပါတယ်။ ကျမ ဥပမာလေးတချို့နဲ့ ပြောပြမယ်နော်။
အပြင်မှာ တခြားတစ်ယောက်ယောက်နဲ့ ပြဿနာတစ်ခုခုဖြစ်လာတယ်။ အိမ်ပြန်ရောက်ရင် ကိုယ့်မိဘ၊ ကိုယ့်အိမ်က လူကြီးတွေက တစ်ပါးသူပြောတာကိုပဲယုံ၊ ကိုယ့်ကိုယ်ကျတော့ ဘာကြောင့်လဲ၊ ဘာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ ဆိုတာမျိုး မမေးဘဲ၊ “နင်ကိုက ပြဿနာကောင်၊ နင်အမြဲတမ်းပဲ ပြဿနာရှာနေတာပဲ” ဆိုပြီး အရင်ဦးဆုံး အပြစ်တင်၊ ဆူပူတော့တာပါပဲ။
ပြဿနာ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပြန်ရင်လည်း ကိုယ်ပြောတာကို မယုံကြည်ဘဲ၊ တစ်ပါးသူ ပြောတာကိုပဲ လက်ခံတယ်။ ပြီးတော့ “နင့်အကျင့်ကိုက အဲလိုပဲ။ လိမ္မာမယ်မရှိဘူး” ဆိုတဲ့ စကားမျိုးကို တစ်ဘက် ပြဿနာဖြစ်တဲ့ ကလေးနဲ့ အုပ်ထိန်းသူရှေ့မှာတင် ကိုယ့်ကိုပဲ အပြစ်တင်တာမျိုးပေါ့။ ဒါမျိုး ခံစားချက်က ကြုံဖူးသူပဲ သိမယ်ထင်ပါတယ်။
အဲဒီခေတ်က လူကြီးသူမတွေရဲ့ လက်သုံးစကားက “ဆန်ရင်းနာနာဖွတ်” ရမယ်တဲ့။ ပြောဆိုစရာရှိရင် ကိုယ့်ကလေးကိုပဲ ပြောဆိုရမယ်တဲ့။ အဲဒီလို ဆန်ရင်းကို နာနာဖွတ်လိုက်တာ သန့်စင်ဖြူဖွေးတဲ့ ဆန်စေ့လေး ဖြစ်၊ မဖြစ် မသေချာပေမဲ့ ကျိုးကြေသွားတဲ့ ဆန်စေ့လေး ဖြစ်ဖို့ကတော့ အတော်လေးကို နီးစပ်သွားပါတယ်ရှင်။
တကယ်ဆိုရင် ကိုယ့်ကလေးက ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ်က မိဘအနေနဲ့ ကိုယ့်သားသမီးကို အရင် ကာကွယ်ပေးရပါမယ်။ ပြီးရင် ဖြစ်ရပ်ကို သေချာကျကျနန မေးမြန်းပြီး အမှန်အမှားကို ဝေဖန်၊ သုံးသပ်၊ ဆုံးဖြတ်ပေးရပါမယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ဘက်က ပြောလာတာကို နားထောင်ရမှာဖြစ်သလို ကိုယ့်ကလေး ပြောတာကိုလည်း အလေးအနက်ထားပြီး နားထောင်ရမှာဖြစ်ပါတယ်။ ထိုက်သင့်တဲ့ ယုံကြည်မှုလည်း ပေးရမှာ ဖြစ်ပါတယ်။ ဖြစ်ရပ်ကို သေချာသိပြီးလို့ ကိုယ့်ကလေး မှားရင်လည်း မှားကြောင်း၊ တစ်ဖက်သားကို ပြန်တောင်းပန်ဖို့ တိုက်တွန်းရပါမယ်။
မိဘတွေအနေနဲ့ ကိုယ့်ကလေး အပြင်မှာ ပြဿနာတစ်ခုခုလုပ်လာတာပဲဖြစ်ဖြစ်၊ အမှားတစ်ခုခု လုပ်လာတာပဲဖြစ်ဖြစ် ကြုံလာတဲ့အချိန်၊ ကိုယ်က ကလေးဘက်မှာ အရင်ဦးဆုံး မရှိနေဘူးဆိုရင် ပထမဆုံး ဆုံးရှုံးသွားတာ နှစ်ခု ရှိပါတယ်။ တစ်ခုက ကလေးရဲ့ ကိုယ့်အပေါ် ယုံကြည်ကိုးစားမှုကို ဆုံးရှုံးသွားတာပါ။ နောက်တစ်ခုကတော့ ကလေးရဲ့ သူ့ကိုယ်သူ ယုံကြည်မှုကို ဆုံးရှုံးသွားစေတာပါ။
အဲဒါဆိုရင်တော့ ကလေးဟာ နောင်တစ်ချိန် ပြဿနာတစ်ခုခု ဖြစ်လာတိုင်း ကိုယ့်ကို ဖွင့်ဟတိုင်ပင်တာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။ သူခံစားရသမျှကို၊ သူကြုံတွေ့ခဲ့ရသမျှကို မိဘတွေဆီ ရင်ဖွင့်တာမျိုး လုပ်တော့မှာမဟုတ်ပါဘူး။ ကလေးရဲ့စိတ်မှာ အားကိုးရာမဲ့တယ်ဆိုတဲ့ အသိက စွဲသွားပြီး အထီးကျန်တဲ့စိတ်၊ သိမ်ငယ်တဲ့ခံစားချက်ကိုပဲ ဖြစ်ပေါ်စေပါတယ်။
ကလေးဟာ အပြင်မှာ တစ်ခုခုဖြစ်လာတာကို အိမ်က မိဘတွေမသိရဘူးဆိုတာမျိုး၊ လက်လွန်၊ ခြေလွန်တွေ ဖြစ်သွားမှ သိရတယ်ဆိုတာမျိုးတွေက ကလေးကြောင့်မဟုတ်ပါဘူး။ ကလေးရဲ့ မိဘအပေါ် ယုံကြည်တဲ့စိတ်၊ အားကိုးလိုတဲ့စိတ်၊ ဖွင့်ဟတိုင်ပင်လိုတဲ့စိတ်၊ သူ့ကိုယ်သူ ယုံကြည်မှုရှိစေတဲ့စိတ်ကို “သူများပါးစပ်နဲ့ သတ်ခဲ့တဲ့ မိဘတွေကြောင့်” ပဲဆိုတာကို သတိထားမိစေချင်ပါတယ်ရှင်။
ချစ်ခြင်းမေတ္တာဆိုတာ လွယ်လွယ်နဲ့ ဖြစ်တည်လာတာ မဟုတ်ပါဘူးရှင်။ အဲလိုအချိန်မျိုးမှာ ကလေးကို တစ်ခုခုဆို သေချာ မေးမြန်းပေးပါ။ ကလေးပြောတာကို နားထောင်ပေးပါ။ မှန်တယ်၊ မှားတယ်၊ ဆိုတာကို ကလေးနားလည်အောင် သေချာရှင်းပြပေးပါရှင်။ အပြစ်တင်ခြင်းထက်၊ အမှားထဲကနေ သင်ခန်းစားယူတတ်ဖို့ သင်ကြားပေးဖို့ လိုအပ်ပါတယ်ရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
မေ့သက်ဝေရဲ့ အားထုတ်မှုလေးတွေကို အသိအမှတ်ပြုခြင်းအားဖြင့် Copy ကူးယူခြင်းမပြုဘဲ Share button လေး နှိပ်ပြီး Share ပေးကြရင် ပိုပြီး ဝမ်းသာမိမှာပါရှင့်။

မိဘရဲ့ ချစ်ခြင်းမေတ္တာက သားသမီးရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်လဲ>< >< >< >< >< >< >< >< >< ><ကျမ မကြာသေးခင်က...
30/05/2025

မိဘရဲ့ ချစ်ခြင်းမေတ္တာက သားသမီးရဲ့ အနာဂတ်ကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်လဲ
>< >< >< >< >< >< >< >< >< ><

ကျမ မကြာသေးခင်ကကြည့်ထားပြီး၊ အရမ်းလည်းကြိုက်တဲ့ K-Drama လေးရှိတယ်။ မေမေတချို့လည်း ကြည့်ဖူးကြမယ်ထင်တယ်။
အဲဒီကားထဲက ဇာတ်ဆောင် “ဂွန်းမြောင်း” ကို သူ့မိဘတွေက အရမ်းကိုချစ်မြတ်နိုးပေးကြတယ်။
ဆင်းရဲပေမဲ့လည်း သူတို့တတ်နိုင်တာထဲကမှ အကောင်းဆုံးဆိုတာမျိုးတွေကိုလည်း ဖြည့်ဆည်းပေးတယ်။
မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း လုံလုံလောက်လောက်ထုတ်ဖော်ပြသပေးတယ်။
ဂွန်းမြောင်း အရွယ်ရောက်လာတော့ ပိုက်ဆံရှိတဲ့အိမ်ကသူဌေးသားနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့အထိဖိ တ်စာတွေလည်းဝေပြီးမှ သူ့အပေါ်ဆိုးတဲ့ယောက္ခမကို လိုတာထက်ပိုသည်းမခံနိုင်တော့လို့
မင်္ဂလာပွဲကို ဂွန်းမြောင် ဘက်ကစပြီးဖျက်သိမ်းခဲ့တဲ့ အပိုင်း။
“မေ့သက်ဝေ” ပြောချင်တာက အဲဒီချိန်မှာ ဂွန်းမြောင်း ပြောတဲ့စကားလေးကိုအရမ်းသဘောကျတယ် ဆိုတာပါ။
“ကျမက ကျမအိမ်မှာတန်ဖိုးထားချစ်မြတ်နိုးခံရတဲ့သမီးလေးပဲ။ ဘာလို့ တခြားသူအိမ်မှာသွားပြီး အနှိမ်ခံပြီးနေရမှာလဲ။ ကျမအဖေနဲ့အမေငိုလိမ့်မယ်” တဲ့။

ဒီနေရာမှာတွေးမိတာက−
သူလက်ထပ်ဖို့အထိချစ်တဲ့ယောက်ကျားတစ်‌ယောက်ကိုတောင် စွန့်လွှတ်ခဲ့ရဲတယ်ဆိုတာက သူ့မိဘတွေက ချစ်ခြင်းမေတ္တာတရားတွေ လုံလုံလောက်လောက်ပေးခဲ့လို့သာဖြစ်တယ်လို့မြင်ပါတယ်ရှင်။
မိဘကသားသမီးကို လုံလုံလောက်မချစ်ပေးခဲ့ကြတဲ့အခါ၊ ကိုယ့်မိဘက ကိုယ့်ဘက်မှာ သေချာပေါက်ရှိနေပေးမယ်ဆိုတာ မသေချာခဲ့ရင်တော့ ဒီလိုဆုံးဖြတ်ချက်မျိုးမချနိုင်ခဲ့လောက်ဘူးလို့ မေ့သက်ဝေထင်ပါတယ်။
မိဘဆီက ဂရုစိုက်မှုနဲ့ လုံလောက်တဲ့ချစ်ခြင်းတွေမရတဲ့အခါ တခြားသူက နည်းနည်းလောက်ကောင်းပေးလိုက်ရုံ၊ ချစ်‌ပေးလိုက်ရုံနဲ့၊ ဘာမမြင်နိုင်တော့ဘဲ သူကကိုယ့်ကိုဘယ်လိုအရာမျိုးကနေမဆို ကာကွယ်နိုင်မှာပဲထင်ပြီး မျက်စိမှိတ်ယုံ လိုက်ကြတာမျိုး ဖြစ်သွားတတ်ပါတယ်။
နောက်တော့မှ မကောင်းမှန်းသိလည်း မိဘဆီပြန်မသွားနိုင်တော့ဘဲ၊ ဒုက္ခတောထဲမှာပဲ အဆင်ပြေအောင်နေဖို့ ကြိုးစားကြတော့တာမျိုး မေ့သက်ဝေတို့ ပတ်ဝန်းကျင်မှာလည်း တွေ့နေမြင်နေရတယ် မဟုတ်လားရှင်။

အဲဒါကြောင့်လေ မိဘတွေအနေနဲ့ (အထူးသဖြင့် သမီးရှင်တွေ) ကိုယ့်သားသမီးကို နောင်တမရှိအောင်ချစ်ပေးဖို့၊
အစွမ်းကုန်ချစ်ပေးဖို့ လိုတယ်လို့ ပြောပြချင်ပါတယ်။ မိဘတစ်ဦးအနေနဲ့ ကိုယ့်သားသမီးအပေါ် ပေးစရာထပ်မကျန်တော့လောက်အောင်ချစ်ပေးပါ။ ပြီးတော့ မိဘက သားသမီးကို ချစ်တယ်ဆိုတာကိုလည်း သားသမီးသိအောင် ထုတ်ဖော်ပြသပေးဖို့လည်း မမေ့ဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
မေ့သက်ဝေကတော့လေ ကိုယ့်သမီးလေးကို “မိဘနဲ့အတူမလုပ်ဖူးတဲ့အရာဆိုတာမျိုးမရှိအောင်၊ ပျော်ရွှင်စရာအမှတ်တရတွေ အကုန်ဖန်တီးပေးနိုင်အောင်” အမြဲပဲ ကြိုးစားပါတယ်။ ပျော်ရွှင်မှုဆိုတာက ခမ်းနားနေမှမဟုတ်ပါဘူး။ ဘယ်လိုအရာမျိုးမှာမဆိုပျော်ရွှင်မှုကရှိနေတတ်ပါတယ်ရှင်။

အဓိက ကတော့ ကိုယ့်သားသမီးကို တန်ဖိုးထားချစ်ခင်ပေးပါ၊ အရေးတယူဆက်ဆံပေးပါ၊ သူတို့အတွေးအခေါ် အယူအဆတွေကို နားလည်လက်ခံနိုင်ဖို့ အမြဲအသင့်ရှိနေပေးပါ၊ သူတို့ရဲ့ ရွေးချယ်မှုကို လေးစားပြီး ယုံကြည်စွာနဲ့လက်ခံပေးပါ လို့ တိုက်တွန်းချင်ပါတယ်။
အဲဒါမှပဲ တစ်ချိန် ကိုယ့်ရင်ခွင်ထဲကနေ တစ်ပါးသူရဲ့ ရင်ခွင်ထဲကို သွားတဲ့အခါ၊ ကိုယ့် အသိုက်အမြုံလေးကနေ တစ်ပါးသော အသိုက်အမြုံဆီ ရွှေ့ပြောင်းသွားတဲ့အခါ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကောင်းခြင်း၊ ဆိုးခြင်းကို အကောင်းဆုံး ဝေဖန်ပိုင်းခြားနိုင်၊ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူတစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်ရှင်။
ဒါကတော့ “မေ့သက်ဝေ” K-drama ကြည့်ရင်းနဲ့ တွေးမိတဲ့ အတွေးလေးကို ဝေမျှပေးတာပါ။ မေမေတို့ရော ဘယ်လို တွေးကြလဲ၊ ဘယ်လိုထင်ကြလဲ၊ ဘယ်လိုသဘောထားကြလဲဆိုတာကို ကိုယ့်အမြင်တွေကို ဝေမျှပေးသွားကြပါဦးရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
မေ့သက်ဝေရဲ့ အားထုတ်မှုလေးတွေကို အသိအမှတ်ပြုခြင်းအားဖြင့် Copy ကူးယူခြင်းမပြုဘဲ Share button လေး နှိပ်ပြီး Share ပေးကြရင် ပိုပြီး ဝမ်းသာမိမှာပါရှင့်။

အားမနာဘဲ ကာကွယ်ပါ>< >< >< >< >< >< ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမိဘတွေဟာ တစ်ဖက်သားပေါ်မှာ အားနာစိတ်အရမ်းကိုများတတ်ကြပါတယ်။...
20/05/2025

အားမနာဘဲ ကာကွယ်ပါ
>< >< >< >< >< ><
ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမိဘတွေဟာ တစ်ဖက်သားပေါ်မှာ အားနာစိတ်အရမ်းကိုများတတ်ကြပါတယ်။ ဥပမာဆိုပါစို့။ ကျွန်မတို့အိမ်ကို ဧည့်သည်လာတဲ့အချိန်မျိုးမှာ သူများကလေးနဲ့ ကိုယ့်ကလေးနဲ့ဆော့ကြတဲ့အချိန်မှာ ဧည့်သည်ရဲ့ကလေးက ကိုယ့်ကလေးရဲ့ပစ္စည်း (ကစားစရာ)ကို အရမ်းရချင်နေတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကလေးလေးကလည်း အဲဒီကစားစရာကို အရမ်းကြိုက်နေတဲ့အတွက်မပေးချင်ဘူး။ ကျန်တာတွေကိုတော့ sharing လုပ်နိုင်ပေမယ့် အဲဒီပစ္စည်းလေးကိုတော့မလုပ်ချင်ဘူး။ တစ်ချိန်တည်းမှာပဲ ဧည့်သည်ကလေးကလည်း အရမ်းကိုမှလိုချင်နေပြီး အရမ်းကိုမှ ငိုနေတဲ့အချိန်မျိုးဆို မိဘတွေက ဧည့်သည်ကို အားနာပြီးတော့ ကိုယ့်ကလေးရဲ့ အကြိုက်ဆုံးပစ္စည်းလေးကို ပေးလိုက်ပါ မေမေကအသစ်ပြန်ဝင်ပေးပါ့မယ်ဆိုပြီးတော့ အတင်းပေးခိုင်းတတ်ကြပါတယ်။
တကယ်တမ်းစဉ်းစားရမှာကတော့ ကိုယ့်ကလေးရဲ့အကြိုက်ဆုံးပစ္စည်းလေးကို ကိုယ်ကာကွယ်ပေးရမယ်ဆိုတာကို မတွေးဘဲနဲ့ တစ်ဖက်လူကိုအားနာတဲ့စိတ်က အရင်ရှေ့ရောက်တတ်ကြပါတယ်။ အဲဒီအချိန်မျိုးမှာ ကလေးကိုဆူမိတာမျိုးတောင်ရှိတတ်ကြပါတယ်။
တကယ်တမ်းကျတော့အဲဒါတွေကကိုယ့်ကလေးကိုစိတ်အားငယ်စေပြီးတော့ယုံကြည်မှုတွေကျဆင်းစေပါတယ်။ဖေဖေနဲ့မေမေဟာ ငါ့ကိုတကယ်ပဲကာကွယ်နိုင်မှာလားဆိုတဲ့ သံသယတွေစိတ်လေးတွေလည်း ဝင်ရောက်နိုင်ပါတယ်။
ကလေးကယုံကြည်မှုပျက်ပြားပြီးတော့ မိဘတွေက ကိုယ့်ဘက်မှာတော့မရပ်တည်ပေးဘူးဆိုတဲ့ စိတ်မျိုးခံစားသွားရလို့ရှိရင်တော့၊ အဲဒီကလေးမှာ စိတ်ဒဏ်ရာရ ပြီးတော့အသက်ကြီးလာတဲ့အချိန်မှာ ပြဿနာတစ်စုံတရာကြုံလာတဲ့အချိန်မှာ၊ မိဘတွေကိုအားမကိုးဘဲနဲ့၊ အသိမပေး၊ မတိုင်ပင်ဘဲနဲ့၊ ကြိတ်ဖြေရှင်းတတ်တဲ့လေးတွေလည်းဖြစ်လာတတ်ကြပါတယ်။ အဲဒီလိုတွေ မဖြစ်လာအောင်၊ အစကတည်းက ကိုယ့်ကလေးဘက်ကနေ ရပ်တည်ပေးသင့်ပါတယ်။ ကိုယ့်ကလေးလေးတွေရဲ့အကြိုက်ဆုံးအရာတွေကိုတော့၊ ကိုယ်ကစပြီးကာကွယ်ပေးသင့်ပါတယ်။ ကိုယ့်ကလေးကိုကိုယ်မှမကာကွယ်ဘဲဘယ်သူကကာကွယ်ပေးမှာပါလဲ။
ဘယ်သူမှအနားမှမရှိရင်တောင်မှ မိဘတွေရှိရင်ရနေပြီဆိုတဲ့ကလေးလေးအရွယ်လေးတွေပါ။ တစ်ဘက်သားကို အားနာနေဖို့ထက် ကိုယ့်ကလေးရဲ့စိတ်ခံစားမှုကို ပိုပြီးတော့အလေးထားသင့်ပါတယ်။
ကလေးတော်တော်များများကတော့ sharingလုပ်ရတာကိုနားလည်ပေမယ့် sharing မလုပ်ချင်တဲ့ပစ္စည်းလေးတွေလည်း သူတို့မှာရှိတတ်ကြပါတယ်။ မိဘတွေကအတင်းအကျပ် ဘာဖြစ်လို့ sharing မလုပ်တာလဲဆိုပြီးတော့ ကလေးတွေကိုအပြစ်မတင်သင့်ပါဘူး။
အဲလိုချိန်မျိုးမှာ တစ်ဖက်ကလေးကိုပြောသင့်တာကတော့ ကလေးရေ၊ တခြားဟာလေးယူလိုက်ပါနော်။ နောက်တခါကျရင်တော့ အဲဒီလိုပုံစံတူတာလေးဝယ်ပေးပါ့မယ် ဆိုပြီးတော့ ကိုယ့်ကလေးလေး‌ရှေ့မှာပြောပေးသင့်ပါတယ်။
ကျွန်မငယ်ငယ်က ကျွန်မအရမ်းနှစ်သက်သက်ပြီးတော့ ဘယ်သူ့ကိုမှ မပေးချင်တဲ့ အင်္ကျီလေးတထည်ရှိပါတယ်။ ကျွန်မခဏခဏဝတ်လို့ဆိုပြီးတော့ ကျွန်မမိဘတွေကကြည့်မရဘူးဆိုပြီး အင်္ကျီလေးကိုသူများကိုပေးပစ်ပါတယ်။ ကျွန်မအရမ်းကိုဝမ်းနည်းခဲ့ရပါတယ်။
အဲဒီအမှတ်တရတွေကြီးတဲ့အထိတောင်မှမမေ့ဘဲနဲ့ပါလာခဲ့ပါတယ်။ ကလေးကငယ်သေးတာပဲ။ ဘာမှမဖြစ်ပါဘူးဆိုပြီးမထင်ကြပါနဲ့။ ဒါတွေဟာကြီးလာတဲ့မှတ်ဉာဏ်အထိ ပါလာတတ်ကြပါတယ်။ တချို့ကလေးလေးတွေအတွက်တော့ ပြဿနာမရှိပေမယ့် တချို့ကလေးတွေအတွက်တော့စိတ်ဒဏ်ရာဖြစ်တတ်ပါတယ်။
ကိုယ့်ကလေးရဲ့ စိတ်ရောကိုယ်ရောကို ကာကွယ်ပေးရမှာမိဘတာဝန်ပါ။ ဘယ်ချိန်မဆို မိဘက ကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်ရှင်။

"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
မေ့သက်ဝေရဲ့ အားထုတ်မှုလေးတွေကို အသိအမှတ်ပြုခြင်းအားဖြင့် Copy ကူးယူခြင်းမပြုဘဲ Share button လေး နှိပ်ပြီး Share ပေးကြရင် ပိုပြီး ဝမ်းသာမိမှာပါရှင့်။

ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့ ဆောင်ရန်ရှောင်ရန်တွေ>< >< >< >< >< >< >< >< >< >< >< >< >< >< >< ချစ်ရတဲ့ မေမေတို့ရေ ရ...
04/05/2025

ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့ ဆောင်ရန်ရှောင်ရန်တွေ
>< >< >< >< >< >< >< >< >< >< >< >< >< >< ><

ချစ်ရတဲ့ မေမေတို့ရေ ရာသီအကူးအပြောင်းမှာ ဖျားတတ်၊ နာတတ်ကြတာမို့ ဘေဘီလေးတွေကို ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။
ဘေဘီလေးတွေ ကိုယ်ခံအားကောင်းဖို့အတွက် ကလေးအားဆေးတွေကိုပဲ မှီခိုနေဖို့ မရပါဘူးရှင်။ မှန်ကန်တဲ့ အစားအသောက်၊ အနေအထိုင်ဖြစ်အောင် ဂရုစိုက်ပေးဖို့လည်း လိုအပ်ပါသေးတယ်။
နံပါတ် ၁ အချက်က ဘေဘီလေးတွေကို အာဟာရနဲ့ ရေဓာတ် ပြည့်ဝနေအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ရှင်။ အဲဒီအတွက် အစိမ်းရောင်၊ လိမ္မော်ရောင် အသီးအရွက်၊ အသားငါး၊ ပဲအမျိုးမျိုးနဲ့ နို့တို့ကို သင့်တင့်မျှတအောင် ကျွေးမွေးဖို့ လိုအပ်ပါတယ်ရှင်။
မေမေတို့နဲ့ ဘေဘီလေးတွေ မေ့နေလေ့ရှိတာက တစ်နေ့တာ သောက်သုံးသင့်တဲ့ ရေဓာတ်ပမာဏကို ပြည့်ဝအောင် မသောက်မိတာပဲ ဖြစ်ပါတယ်ရှင်။ ရေဓာတ် မပြည့်ဝတဲ့အခါ ကိုယ်ခံအားကျဆင်းမှုကို ပိုမိုလွယ်ကူစွာ ဖြစ်စေနိုင်ပါတယ်ရှင်။ ဒါကြောင့် ရေများများသောက်ပြီး ရှူရှူးများများပေါက်ရဲ့လားဆိုတာကို ဂရုစိုက်ကြည့်ရှုပေးသင့်ပါတယ်ရှင့်။
နံပါတ် ၂ အချက်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးရပါမယ်ရှင်။ အစာမစားခင်တိုင်းမှာ လက်ကို စင်ကြယ်အောင် ဆေးပေးရပါမယ်။ မိမိ အိမ်၊ ပတ်ဝန်းကျင် တစ်ခုလုံးကို သန့်ရှင်းအောင် ထားရပါမယ်။ ဖြစ်နိုင်ရင် ပိုးသတ်ဆေး ဖြန်းသင့်ပါတယ်။ ဒါမှ မိုးတွင်းကာလမှာ ဖြစ်တတ်တဲ့ ဝမ်းရောဂါ၊ ခြင်အန္တရာယ် အစရှိတာတွေကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်ရှင့်။
နံပါတ် ၃ အချက်ကတော့ ဘေဘီလေးတွေကို အိပ်ရေးဝဝ အိပ်အောင်လို့ ဂရုစိုက်ပေးတာပါရှင့်။ အိပ်ရေးဝဝ အိပ်ရရင် ကိုယ်ခံအားကောင်းမွန်စေတဲ့ အကျိုးကျေးဇူးကို ဖြစ်ပေါ်စေပါတယ်။ ၇ နှစ်အောက် ကလေးငယ်တွေရဲ့ ပျမ်းမျှ လိုအပ်တဲ့ အိပ်ချိန်ဟာ ၁၀ နာရီနဲ့ ၁၂ နာရီ ကြားဖြစ်ပါတယ်ရှင်။
ဒီအချက်လေးတွေကို ဂရုစိုက်ပေးလိုက်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျလည်း မများဘဲ ကိုယ်ခံအားလည်းကောင်းမွန်စေပြီး အလေ့အကျင့်ကောင်းလေးတွေပါ ရရှိစေမှာ ဖြစ်ပါတယ်ရှင့်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးနေတာမို့ Like & Follow လေး လုပ်ပေးသွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

သားသမီးတွေကို ညီညီမျှမျှ ချစ်ပေးနိုင်ရဲ့လား>< >< >< >< >< >< >< >< >< ><ဒီမေးခွန်းက သားသမီး တစ်ယောက်ထက်ပိုတဲ့ မိဘတွေအတွက...
01/05/2025

သားသမီးတွေကို ညီညီမျှမျှ ချစ်ပေးနိုင်ရဲ့လား
>< >< >< >< >< >< >< >< >< ><

ဒီမေးခွန်းက သားသမီး တစ်ယောက်ထက်ပိုတဲ့ မိဘတွေအတွက် အရေးကြီးတဲ့ မေးခွန်းဖြစ်သလို၊ ညီအစ်ကို၊ မောင်နှမ ရှိတဲ့ ကလေးတွေအတွက်လည်း အရေးကြီးတဲ့ မေးခွန်းလို့ ပြောရင်လည်း မမှားနိုင်ပါဘူးရှင်။
မေ့သက်ဝေ တို့ ကြီးပြင်းလာတဲ့တစ်လျှောက်လုံး ကြားဖူးနေကြစကားတွေက အငယ်လေးမို့ ပိုချစ်ရတာ။ အကြီးဆုံး၊ သက်ဦးမို့ ပိုချစ်ရတာ။ အလတ် ဆိုတဲ့ အတိုင်းပဲ အလယ်မှာ ပျောက်နေရှာတာလေ ဆိုတဲ့ စကားတွေပဲ ဖြစ်ပါတယ်။
သားသမီးချင်းအတူတူ၊ အကြီးမို့၊ အငယ်မို့၊ သားမို့၊ သမီးမို့ ပိုချစ်ရတယ်ဆိုလိုက်တာနဲ့ တစ်ဘက်က ပိုချစ်မခံရတဲ့ ကလေးက စိတ်ထဲမှာ ဒဏ်ရာ ကြီးကြီးမားမား ရသွားတာပါပဲရှင်။
တချို့ဆိုလည်း သူက ဆိုးတဲ့ကလေးမို့ ပိုချစ်နေရတာ ဆိုတဲ့မိခင်တွေ တွေ့ဖူးကြမှာပါ။ ဟိုတစ်ယောက်ကတော့ လိမ္မာတယ်လေ။ သူ့ကိုက စိတ်ပူစရာမလိုဘူး။ ဒီတစ်ယောက်ကတော့ မလိမ္မာတော့ သူ့ကိုပဲ စိတ်ပူပြီး ပိုဂရုစိုက်နေရတာ ဆိုတာမျိုး မကြာခဏ တွေ့ဖူးကြမှာပါ။
အဲဒီတော့ လိမ္မာတဲ့ကလေးကရော သူ့မိဘဆီက ဂရုစိုက်မှုကို မလိုအပ်တော့ဘူးလား။ တကယ်တော့ သူ လိမ္မာတာ၊ သိတတ်တာနဲ့ ထိုက်တန်တဲ့ ချစ်ခြင်း၊ ဂရုစိုက်ခြင်းကို သေချာပေါက် လိုအပ်တယ်မဟုတ်ဘူးလားရှင်။ အဲဒီ ထိုက်တန်မှုကို မပေးဘဲ သူက လိမ္မာတယ်၊ ဂရုစိုက်စရာမလိုဘူးဆိုပြီး ပစ်ပယ်ထားလိုက်ခြင်းက သူ့အပေါ်မှာ တရားပါ့မလားလို့ မိဘတွေက တွေးမိကြပါရဲ့လားရှင်။
လိမ္မာတဲ့ကလေးကတော့ ဂရုစိုက်မခံရဘဲ ဆိုးတဲ့ကလေးကတော့ ဂရုစိုက်ခံရတယ်ဆိုတာ မျှတရဲ့လားလို့ တချို့မိဘတွေ တွေးသင့်တယ် မဟုတ်လားရှင်။ လိမ္မာတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာသေးသေးလေးတွေက တစ်ဖြည်းဖြည်းနဲ့ စုစုလာပြီး ကြီးကြီးလာနိုင်တယ်ဆိုတာ တွေးကြည့်သင့်ကြတယ် မဟုတ်လားရှင်။
သားသမားတွေကို တန်းတူညီမျှ မချစ်ပေးနိုင်ရင် တစ်ယောက်ထက် ပိုမယူပါနဲ့လို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ သားသမီးတစ်ယောက်ထက် ပိုယူထားပြီးရင်တော့ အားလုံးကို တန်းတူညီမျှ ချစ်နိုင်အောင် ကြိုးစားပေးပါလို့ မေ့သက်ဝေက တိုက်တွန်းလိုက်ပါရစေရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

ဘေဘီလေးတွေ မိတ်ထွက်ရင် ဘာလုပ်ကြမလဲ>< >< >< >< >< >< >< >< >< >< ><အခုတလော မင်မင်တို့ရဲ့ ဘေဘီလေးတွေမှာ မိတ်ကြောင့် ယားယံတ...
29/04/2025

ဘေဘီလေးတွေ မိတ်ထွက်ရင် ဘာလုပ်ကြမလဲ
>< >< >< >< >< >< >< >< >< >< ><
အခုတလော မင်မင်တို့ရဲ့ ဘေဘီလေးတွေမှာ မိတ်ကြောင့် ယားယံတဲ့ ပြဿနာလေးတွေ ရှိနေကြမယ် ထင်ပါတယ်။ အဲဒါကြောင့် ဘေဘီလေးတွေ မိတ်ထွက်ရင် ဘာလုပ်သင့်လဲဆိုတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။
မိတ်ဖု ဘာကြောင့်ထွက်
><
မိတ်ဖုလေးတွေဟာ ဘေဘီလေးတွေမှာ ပိုထွက်တတ်တာကို တွေ့ရမှာပါ။ အကြောင်းက ဘေဘီလေးတွေရဲ့ ကိုယ်ခန္ဓာဟာ ချွေးရည်ဂလင်းတွေ ပိုကျဉ်းလို့ ပိတ်ဆို့လွယ်ပြီး ချွေးတွေက အရေပြားမျက်နှာပြင်အထိ တက်မလာနိုင်တော့ဘဲ ချွေးငုပ်ရာက စတယ်လို့ သိရပါတယ်ရှင်။
အပြင်မထွက်နိုင်တဲ့ ချွေးတွေဟာ ဘေးပတ်လည်က တစ်ရှူးတွေဆီ ရောက်သွားပြီး၊ အဲဒီအခြေအနေကို ကိုယ်ခန္ဓာက တုံ့ပြန်တဲ့အခါ မိတ်ဖုလေးတွေအဖြစ် ပြောင်းလဲသွားတာလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ချွေးပေါက်ပိတ်ဖို့ပိုလွယ်ကူတဲ့ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်း တို့လို အရေပြားတွန့်ခေါက်တဲ့နေရာတွေမှာ မိတ်လေးတွေက ပိုထွက်တတ်တာပဲ ဖြစ်ပါတယ်ရှင်။
မိတ်ထွက်ရင် ဘာလုပ်ရမလဲ
><
− အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးက ရေချိုးပေးတာပါ။ မနက် ၁၁ နာရီ မကျော်ခင်ချိုးပေးတာ အကောင်းဆုံးလို့ သိရပါတယ်ရှင်။
− ရေချိုးပြီးရင်တော့ Calamine Lotion တစ်မျိုးမျိုး လိမ်းပေးရပါမယ်ရှင်။ မဟုတ်ရင်လည်း Zinc oxide ပါတဲ့ ခရင်မ် တစ်မျိုးမျိုး သုံးနိုင်ပါတယ်။ Hydrocortisone 1% ပါဝင်တဲ့ ခရင်မ်တွေကိုတော့ ဆရာဝန်ညွှန်ကြားမှုနဲ့ပဲ အသုံးပြုသင့်ပါတယ်ရှင်။
− အရေးကြီးတာတစ်ခုကတော့ မိတ်ဖုလေးတွေကို မပေါက်သွားအောင် တတ်နိုင်သမျှဂရုစိုက်ပေးဖို့ပါပဲ။ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေဆိုရင်တော့ ချည်သားပါးပါးနဲ့ လက်အိတ်လေးတွေ ဝတ်ပေးထားသင့်ပါတယ်။ ရေသုတ်တဲ့အခါ ခပ်ကြမ်းကြမ်းသုတ်မိတာ မျိုးကိုလည်း သတိထားရှောင်ကျဉ်သင့်ပါတယ်။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးထားသင့်ပါတယ်။
− ဘေဘီလေးတွေကို အေးမြတဲ့နေရာမှာ ထားပေးဖို့ လိုအပ်ပါတယ်။ သတိပြုရမှာကတော့ အဲကွန်းလေပဲဖြစ်ဖြစ်၊ ပန်ကာလေပဲဖြစ်ဖြစ် ဘေဘီလေးတွေပေါ်ကို တိုက်ရိုက်မကျဖို့ လိုအပ်ပါတယ်။ အဝတ်အစားကို ချည်သားလို အေးမြတာမျိုး၊ ချောင်ချောင်ပွပွ၊ သက်သောင့်သက်သာ ဖြစ်တာမျိုးကို ဂရုစိုက်သုံးစွဲပေးပါရှင်။
− ချွေးအရမ်းထွက်နေရင် အဝတ်အစား မကြာခဏလဲပေးပါ။ မိတ်ဖုထွက်တဲ့နေရာတွေကို ချွေးသုတ်ပြီး သန့်ရှင်းချင်ရင် ကလေးသုံး Wet tissue လိုမျိုးနဲ့ ခပ်ဖွဖွ သုတ်ပေးနိုင်ပါတယ်ရှင်။
− နောက်ထပ် အရေးကြီးတာကတော့ ဘေဘီလေးတွေကို ချွေးထွက်မလွန်အောင် ဂရုစိုက်ဖို့နဲ့ အဖျားဝင်၊ မဝင် ဂရုတစိုက် စောင့်ကြည့်ပေးဖို့ပဲ ဖြစ်ပါတယ်ရှင်။
− ဘေဘီလေးတွေရဲ့ ကိုယ်ခန္ဓာ ပူလွန်းလာရင်၊ အဖျားဝင်လာရင်၊ မိတ်ဖုလေးတွေက အလွန်အမင်းနီရဲပြီး ယားယံနေရင်၊ (ပိုးဝင်သလိုမျိုး ပြည်တည်လာရင်) မိတ်ဖုလေးတွေဟာ တစ်ပတ်ကျော်သွားတဲ့အထိ မပျောက်ရင် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်ရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

ကလေးကို ချစ်ရင် ကိုယ်တိုင်ရွေးချယ်ခွင့်ကိုပေးပါ>< >< >< >< >< >< >< >< >< ><ကလေးလေးတွေကိုရွေးချယ်ခွင့်ပေးသင့်ပါတယ်။ ဘာဖြ...
27/04/2025

ကလေးကို ချစ်ရင် ကိုယ်တိုင်ရွေးချယ်ခွင့်ကိုပေးပါ
>< >< >< >< >< >< >< >< >< ><

ကလေးလေးတွေကိုရွေးချယ်ခွင့်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ငယ်ငယ်တုန်းကတော့ မိဘတွေက သူတို့ကြိုက်တဲ့အရာကို၊ သူတို့လုပ်စေချင်တဲ့အရာကို ကလေးလေးတွေကို ရွေးချယ်ခိုင်းတတ်ကြပါတယ်။ ကလေးလေးတွေ ဘာလိုချင်လဲဆိုတာကို စိတ်မဝင်စားကြပါဘူး။
ငယ်တုန်းတော့ ပြဿနာမရှိပေမယ့် ကြီးလာတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချတတ်တော့ဘဲ မိဘကို မှီ ခိုလွန်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့ ကလေးလေးတွေဖြစ်လာကြပါတယ်။
အဲဒါကြောင့်မို့လို့ ကလေးလေးတွေကို လိုချင်တဲ့အရုပ်၊ ဝတ်ချင်တဲ့အဝတ်အစား၊ ဖြစ်ချင်တဲ့အရာတွေကို စည်းမျဉ်းလေးတစ်ခုထားပြီးတော့ ရွေးချယ်ခိုင်းသင့်ပါတယ်။
သူကြိုက်တဲ့အရုပ်လေးတွေကို သူကိုယ်တိုင် ရွေးချယ်ဝယ်စေတာမျိုး၊ သူကြိုက်တဲ့အဝတ်အစားအရောင်ကို ဂရုတစိုက်မေးပြီးတော့ ဝယ်စေတာမျိုး၊ သူဖြစ်ချင်တာ၊ သူလုပ်ချင်တာကို ပံ့ပိုးပေးတာမျိုး၊ နောက်ပြီးတော့ အဖေနဲ့အမေနဲ့ တစ်ခုခုဆုံးဖြတ်တဲ့အခါမျိုးမှာ၊ (အသေးမွှားကိစ္စမျိုးလေးတွေမှာ) ကိုယ့်ကလေးတွေကိုလည်း ဝင်ရောက်ပြီးတော့ဆုံးဖြတ်ဖို့ မေးမြန်းသင့်ပါတယ်။
ဥပမာအားဖြင့် မေမေကအင်္ကျီတစ်ထည်ဝယ်တဲ့အချိန်မှာ သမီးရေဒီအင်္ကျီကလှရဲ့လား။ မေမေနဲ့လိုက်ရဲ့လား။ ဘယ်ရောင်လေးကမေမေနဲ့လိုက်လဲ ဆိုတာမျိုး သူ့ဆီက ထင်မြင်ချက်၊ ဆုံးဖြတ်ချက် တောင်းတာမျိုးပေါ့။ အဲဒီလိုမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။
ကလေးလေးတွေကို ငယ်ကတည်းကရွေးချယ်ဆုံးဖြတ်ခွင့်ပေးခဲ့မယ်ဆိုလို့ရှိရင် ကြီးပြင်းလာတဲ့အချိန်မှာ ကလေးလေးတွေက သူ့တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာမှာပဲ ဖြစ်ပါတယ်ရှင်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

ကိုယ့်ကလေးကို သူများက လာမကဲ့ရဲ့ပါစေနဲ့ >< >< >< >< >< >< >< >< >< ><အရပ်ထဲက လူအတော်များများက ကလေးတွေကို ကဲ့ရဲ့တတ်ပါတယ်။တ...
25/04/2025

ကိုယ့်ကလေးကို သူများက လာမကဲ့ရဲ့ပါစေနဲ့
>< >< >< >< >< >< >< >< >< ><
အရပ်ထဲက လူအတော်များများက ကလေးတွေကို ကဲ့ရဲ့တတ်ပါတယ်။
တစ်ခါတုန်းက မင်မင်နဲ့ သမီးလေး ဘောလုံးပစ်တမ်းဆော့နေကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် ပစ်ပေးပြီး ဖမ်းတမ်းဆော့တာပါ။ သမီးက မဖမ်းနိုင်ဘဲ လွတ်သွားတဲ့အခါတွေ များပါတယ်။ ဒါကို မြင်တော့ ဘေးခြံက လူတစ်ယောက်က “ဟာ ဖမ်းလည်း မဖမ်းနိုင်ဘူးကွာ” ဆိုပြီး ပြောပါတယ်။ ကလေးကို လှောင်တာပါ။
သမီးကိုကြည့်တော့ ချက်ချင်းပဲ မျက်နှာလေးငယ်ပြီး သူလွတ်သွားတဲ့ဘောလုံးကိုတောင် လိုက်မကောက်နိုင်တော့ပါဘူး။ မင်မင့်မျက်နှာလည်း ချက်ချင်းပဲ တည်သွားပြီး သမီးကို အဲဒီလို လာမစဖို့ ပြောလိုက်ပါတယ်။ (ပြောတာထက် ရန်တွေ့တာပိုမယ်ထင်ပါတယ်)
လူကြီးတစ်ယောက်အနေနဲ့ ဘောလုံးမဖမ်းနိုင်တဲ့ကလေးကို “ဟာ ဖမ်းလည်း မဖမ်းနိုင်ဘူးကွာ” ဆိုပြီး ပြောမဲ့အစား “ဟာ မိကာနီးပြီ။ နောက်တစ်ခါဆိုမိတော့မှာ။ ကြိုးစားနော်” ဆိုပြီး ပြောသင့်တဲ့အကြောင်း အဲဒီလူကို ပြောလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ မဖမ်းနိုင်ဘူးကွာလို့ပြောတာဟာ ကလေးကို ချစ်လို့စတာလို့မခေါ်ဘဲ ကဲ့ရဲ့တာလို့ ခေါ်ကြောင်း၊ ကလေးတွေရဲ့ စိတ်အားထက်သန်မှုကို ရပ်တန့်သွားအောင် လုပ်လိုက်တာနဲ့တူကြောင်း၊ ကလေးတွေကို အားပေးစကားပဲ ပြောရမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။
အဲဒီ ဘေးခြံကလူက မင်မင်ပြောတာကို နားလည်တဲ့ပုံမပေါ်ပါဘူး။ သူက ချစ်လို့စတာကို ဘာတွေလာပြောနေတာလဲ ဆိုတဲ့ပုံစံနဲ့ မျက်နှာကြီး ပုပ်ပြီးထွက်သွားပါတော့တယ်။ သူတို့တွေဟာ သူတို့ ငယ်ငယ်တုန်းက အဲဒီလိုမျိုး ကဲ့ရဲ့ခံရပြီးကြီးလာကြတာဖြစ်လေတော့ ကလေးတွေကိုလည်း ချစ်လို့စတာဆိုတာလောက်ပဲ သိပုံရပါတယ်။
ဒါပေမဲ့ မင်မင့်လို အလားတူ ချစ်မေမေတို့လည်း ကိုယ့်ကလေးကို လာစရင် လုံးဝသည်းမခံပါနဲ့နော်။ လာစတဲ့သူ၊ လာနှိမ်တဲ့သူကို ကလေးရှေ့မှာပဲ အဲဒီလိုမစသင့်ကြောင်း၊ မနှိမ်သင့်ကြောင်း တုံ့ပြန်ပေးပါ။ ကိုယ့်ကလေးကို ကာကွယ်ပေးကြပါနော်။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

ကလေးကို ငိုအောင် စနောက်ခြင်းရဲ့ ဆိုးကျိုးတွေ >< >< >< >< >< >< >< >< >< >< >< အရပ်ထဲက လူတော်တော်များများက ကလေးတွေကို စတတ...
23/04/2025

ကလေးကို ငိုအောင် စနောက်ခြင်းရဲ့ ဆိုးကျိုးတွေ
>< >< >< >< >< >< >< >< >< >< ><
အရပ်ထဲက လူတော်တော်များများက ကလေးတွေကို စတတ်၊ နောက်တတ် ကြပါတယ်။ ကောင်းကောင်းမွန်မွန် စတတ်၊ နောက်တတ်ကြတာမဟုတ်ပါဘူး။ ကလေး စိတ်ဆိုးအောင်၊ ငိုကြွေးအောင်အထိ စတတ်၊ နောက်တတ်ကြတာပါ။
ဥပမာ − ကလေးကို ရုပ်ဆိုးတယ်လို့ ပြောတာ၊ မင်းကို အမှိုက်ပုံက ကောက်လာတယ်လို့ ပြောတာ၊ ကလေးဆီက အရုပ်၊ ဒါမှမဟုတ် တစ်ခုခုကို ယူပြီး ပြန်ပေးမလို၊ မပေးဘူးလိုနဲ့လုပ်တာမျိုးတွေက အများဆုံးမြင်တွေ့ရတတ်တဲ့ စပုံ၊ စနည်းတွေပါ။
အထက်ပါ စပုံ၊ စနည်းတွေနဲ့ စတဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ ဝမ်းနည်းတာ၊ ခံပြင်းတာ၊ ဒေါသထွက်တာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအတွက် မခံမရပ်နိုင်ဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်တာ၊ ကြမ်းတမ်းတဲ့ စကားလုံးတွေ ပြောတတ်လာတာ၊ ငိုကြွေးတတ်လာတာ၊ အဲဒီလိုမှမဟုတ်ရင် စိတ်ဓာတ်ကြမ်းတမ်းလာတာ၊ စိတ်အားငယ်သွားတာမျိုးတွေ ဖြစ်စေပါတယ်။
နောက်တစ်ချက်ကတော့ ကလေးဟာ အဲဒီလိုမကောင်းတဲ့ လူကြီးတစ်ယောက်ရဲ့ အမူအကျင့်ကို အတုယူမိသွားတတ်တာပါပဲ။ အဲဒီလို အစခံရတဲ့ကလေးတွေဟာ သူတို့ရဲ့သူငယ်ချင်းတွေ၊ ဒါမှမဟုတ် သူတို့ထက်ငယ်တဲ့ ကလေးတွေကို သူတို့ခံစားခဲ့ရသလို ပြန်လည်စတတ်၊ နောက်တတ်လာတာပါပဲ။ နောက်ဆုံးကျတော့ အဲဒီကလေးက အကျင့်မကောင်းဘူး၊ အနိုင်ကျင့်တတ်တယ်၊ ရိုင်းတယ်ဆိုပြီး လူကြီးတွေက တံဆိပ်ကပ်တော့တာပါပဲ။
ကိုယ့် ကလေးကို အဲဒါမျိုးလုပ်လာရင် လုံးဝ လက်မခံပါနဲ့။ ပြတ်ပြတ်သားသား ကန့်ကွက်ပါ။ ကိုယ့်ကလေးဘက်ကလည်း ခိုင်ခိုင်မာမာ ကာကွယ်ပါ။
"မေ့သက်ဝေ" က ချစ်ခင်ရတဲ့ မေမေတွေ၊ အိမ်ရှင်မတွေအတွက် အသုံးဝင်မဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးတာ ဖြစ်ပါတယ်ရှင်။

Address

Yangon

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Maye Thet Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share