Heart4every1

Heart4every1 999 ဘက်စုံသုံး ဆပ်ပြာဆီ

'ဝုန်း' ခနဲရောက်လာတဲ့ အဖေ့ရဲ့လက်သီးဒဏ်ကြောင့် ကျနော်ကြမ်းပြင်ပေါ်လဲကျသွားသည်။အဖေ့ထိုးချက်က ခပ်ဖွဖွလေးဆိုပေမယ့် သူ့လက်မှာ...
03/02/2020

'ဝုန်း' ခနဲရောက်လာတဲ့ အဖေ့ရဲ့လက်သီးဒဏ်ကြောင့် ကျနော်ကြမ်းပြင်ပေါ်လဲကျသွားသည်။
အဖေ့ထိုးချက်က ခပ်ဖွဖွလေးဆိုပေမယ့် သူ့လက်မှာဝတ်ထားတဲ့ သိန်း၆၅၀တန်စိန်လက်စွပ်နှစ်ကွင်းကြောင့် ပါးမှာ ခပ်သေးသေးလေးရှသွားသည်။

' ရှင်တော်တော့နော် မွေးထဲက ခြင်ကိုက်တောင်မခံဘူးတဲ့ ကျမသားလေးကို ရှင်ကလက်သီးနဲ့ထိုးတယ်ပေါ့ '

အမေက အော်ဒါမှာထားတော့ သိန်း၃၀တန် ရွှေပုဝါဖြင့် သူ့မျက်ရည်တွေသုတ်ရင်း ပြေးဝင်လာသည်။

ကျနော်က မျက်ရည်စတွေနှင့်

' ထိုးပါအဖေ အဖေ့ ပရာဒိုတစီးကိုရောင်းပီး မိသားစုကိုလုပ်ကျွေးနေတဲ့ မောင်လေးကိုကျောင်းထားပေးနေတဲ့ကြယ်စင်ကို ကူညီပေးလိုက်တာ ကျနော့် ပရဟိတစိတ်ကြောင့်ပါ '

အမေကကျနော့်ကို ဖက်ထားသည်။
ကျနော်ငိုချလိုက်သည်။

အဖေက အံဆွဲထဲအလွယ်တကူထည့်ထားသော အောင်သမာဓိတံဆိပ်ပါရွှေတုံးတွေကိုထုတ်လိုက်ပီး ကျနော့်ကိုလှမ်းရွယ်ကာ

' ငါကောက်ထုတော့မှာ မင်းအိမ်ပေါ်ကဆင်း '

ကျနော် မျက်ရည်စတွေကိုသုတ်ပီး မတ်တပ်ထရပ်လိုက်သည်။

' သား သားအဖေကျေနပ်အောင်အိမ်ပေါ်ကတလလောက်ဆင်းလိုက်နော် ဒီစာအုပ်ထဲမှာ သိန်း၈၀၀ကျော်ရှိတယ် '

ဆိုပီး အမေက တိုးတိုးလေးကပ်ပြောကာ ဘဏ်စာအုပ်လေးကိုပေးရှာသည်။

ကျနော်ကဘဏ်စာအုပ်ကို မယူချင်ယူချင်လှမ်းယူလိုက်ပီး အဖေ့ကိုတည့်တည့်ကြည့်ကာ

' ဟုတ်ပါတယ်အဖေ ကျနော်ကသိုးမည်းပါ အဖေကျနော့်မျက်နှာကိုတလတိတိမမြင်စေရဘူး '

ဆိုပီး ရွှေမှုန်ရတီတို့မဝယ်ခင်ထဲက ကျနော် အရင်ဝယ်ထားသော LVအိတ်ထဲကို ပြင်ဦးလွင်မှာရှိတဲ့ ၁၀၀×၆၀ ပေါ်မှာဆောက်ထားသော အရင်က အင်္ဂလိပ်မင်းကြီးနေခဲ့ဖူးသော နှစ်ဆောင်ပြိုင်အိမ်ကြီးရဲ့အိမ်သော့ကို ထည့်ကာ ထွက်လာခဲ့သည်။

#မိုးမခအိပ်မက်ခရမ်းပြာ

22/05/2019

ညီမတယောက်မေးပါတယ် .. carrot oil လုပ်နည်းလေးသိရင်ပြောပြပါတဲ့ !!

ပထမနည်း
Carrot/ ဥနီ/ ခါကြက်ဥ ကို ဂျစ်နဲ့ ခြစ်ပြီး အုန်းဆီ/သံလွင်ဆီ/ ကြိုက်နှစ်သက်ရာဆီနှင့် မီးအေးအေးမှာ ကြော်ပါ
ထိုအကြော်ဆီကို စစ်ယူ၍ ပုလင်းတွင်ထည့်ပြီး လိုအပ်သလို အသုံးပြုနိုင်ပါသည်

ဒုတိယနည်း
ခြစ်ပြီးသား carrot များကို ဖန်ပုလင်းတွင်ထည့်, နှစ်သက်ရာဆီတမျိုးမျိုးထည့်၍ ရေထည့်ထားသော အိုးတွင်ထည့်၍ ပေါင်းပါ(ပုလင်းလိုက် ပြုတ်ပါ)
ဤနည်းတွင် ရေနှင့်ဆီရောနေမည် .. spray bottle တွင်ထည့်၍ မျက်နှာဖြန်းနိုင်သည် ..ကြာရှည် ထားလိုလျှင် ရေနှင့်ဆီကို ခွဲထုတ်ပြီး
ထိုဆီကိုစစ်ယူ၍ ပုလင်းတွင်ထည့်ပြီး လိုအပ်သလို အသုံးပြုနိုင်ပါသည်

တတိယနည်း
Carrot များကို ခြစ်၍/ ပါးပါးလှိး၍ အခြောက်ခံပါ။ dehydratorစက်ဖြင့် အခြောက်ခံလျှင် ပိုကောင်းမည် .
ထို carrot အခြောက်များကို နှစ်သက်ရာ သင့်လျှော်ရာ ဆီတမျိုးမျိုးဖြင့် အလုံပိတ် ဖန်ဗူးတွင် စိမ် ၍ ( တလ,၄၅ရက်ခန့်) ထိုဆီကို စစ်ယူ သုံးစွဲပါ

Carrot oil သုံးခြင်းဖြင့် မျက်နှာမှ အရေးအကြောင်းငယ်များ, အသားမညီမှုများကို လျှောကျစေပါသည်..အဆီပြန် အသားအရည်ကို ထိန်ညှိပေးနိုင်သည်
ဆံကေသာကျန်းမာရေးကိုလည်း အထောက်အကူပြုသည် .. သက်လတ်ပိုင်း အမျိုးသမီးတို့၏ အသားအရည် နှင့်သင့်တော်ပါသည်

မှတ်ချက် ။ ။ carrot oil ထုတ်ယူလိုလျှင် carrier oil တခုခု မဖြစ်မနေသုံးရပါသည် ..ထောပါတ်သီးမှာကဲ့သို့ သူ့ချည့် ဆီထုတ်ယူ၍ မရနိုင်ပါ

ကျမအနေနှင့် carrot oil လုပ်မည်ဆိုလျှင် တတိယနည်း, cold process နည်းကို ရွေး၍ သံလွင်ဆီ, အာဂန်ဆီ , စပြစ်စေ့ဆီ, အလ်မွန်ဆီ( ဆီပျော့ တမျိုးမျိုး) နှင့် လုပ်ပါမည်

သို့သော် တခါမှတော့ လုပ်၍ မသုံးဘူးသေးပါ 😂





Photo credit : internet

22/05/2019

Address

အမှတ် ၂၉၊ ကုန်းဘောင်လမ်း၊ ဇုန် ၇၊ လှိုင်သာယာမြို့နယ်၊ ရမ်ကုန်မြို့။
Yangon
90092

Website

Alerts

Be the first to know and let us send you an email when Heart4every1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share