ChanMyae ThuKha Home

ChanMyae ThuKha Home Malaysia direct preorder prepaid online shop

လင်မယားနှစ်ယောက်ရှိတယ်။ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။မိန်းမက သိပ်မကြိုက်ဘူး။မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင...
29/07/2023

လင်မယားနှစ်ယောက်ရှိတယ်။
ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။
မိန်းမက သိပ်မကြိုက်ဘူး။
မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။ မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး... မချက်ရကောင်းလားလို့လည်း မဆူဘူး.. ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။

ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ စျေးသွားတဲ့အခါ.. မေမေ ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။

တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။
အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တစ်ဝက်ထဲ ကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။ ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။

မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။ အဲဒီနောက် ယောက်ျားကပြောတယ်... ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး.. သူက လူကြီးလူကောင်းလိုမျိုး အသီးပါ တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို
တွေ့ရတယ်။

ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ အပြစ်မဆိုခဲ့ဘူး တဲ့။

(ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ )

လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊
ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ... ဆန္ဒပြုပါသည်

ကစားကွင်းတွေလိုက်ပို့ရတဲ့ စရိတ်သပ်သာအောင်အိမ်မှာပဲ ဖန်တီးပေးဖြစ်တာလေးတွေ
17/01/2022

ကစားကွင်းတွေလိုက်ပို့ရတဲ့ စရိတ်သပ်သာအောင်

အိမ်မှာပဲ ဖန်တီးပေးဖြစ်တာလေးတွေ

🖤ငယ်ငယ်က ဘယ်သူ့ကို အချစ်ဆုံးလဲ လို့ မေးတဲ့အခါ လုံးဝကို “ဖေဖေ” ပဲပေါ့ ။ ဖေဖေကလေ ဆူလည်းမဆူသလို ရိုက်ဖို့ဆိုတာ ဝေးပဲ။🖤ဖေဖေက...
29/06/2021

🖤ငယ်ငယ်က ဘယ်သူ့ကို အချစ်ဆုံးလဲ လို့ မေးတဲ့အခါ လုံးဝကို “ဖေဖေ” ပဲပေါ့ ။ ဖေဖေကလေ ဆူလည်းမဆူသလို ရိုက်ဖို့ဆိုတာ ဝေးပဲ။

🖤ဖေဖေကလေ ‌ကိုယ် လိုအပ်တာတွေ အမြဲ ဖြည့်ဆည်းပေးပေမယ့်
ဖေဖေ့ အတွက် လိုအပ်တာတွေ ဝယ်ပေးချင်လို့ မေးတဲ့အခါ “ဘာမှမလိုအပ်ပါဘူး” တဲ့လေ။

🖤ဖေဖေကလေ အရမ်းသတ္တိရှိပေမယ့်
ကိုယ် နေမကောင်းတဲ့အချိန်တုန်းက ငိုနေခဲ့တယ်တဲ့လေ။

🖤ဖေဖေကလေ ကိုယ် အခက်တွေ့နေတဲ့ အချိန်တိုင်းမှာ ခွန်အား ဖြစ်စေပေမယ့်
ဖေဖေ အခက်တွေ့တဲ့ အချိန်ဆိုတာကို ကိုယ့်ကို
ပေးမသိခဲ့ဘူး။

🖤ဖေဖေကလေ အရမ်းလျှို့ဝှက်တတ်တာပဲ
ကိုယ် ကလေးဘဝ ကနေ အရွယ်ရောက်တဲ့အထိ အပူအပင်ဆိုတာ မကြားရစေအောင်
ဘယ်လိုများနေခဲ့ပါလိမ့်....

🖤“ဖေကြီးကိုချစ်တယ်” ဆိုတဲ့စကားကို ငယ်ငယ်က ခဏခဏ ပြောနေပေမယ့် ခုနောက်ပိုင်း မပြောဖြစ်တော့လို့ တောင်းပန်ပါတယ် ဖေဖေ။

🖤စကားနဲ့မပြောဖြစ်ပေမယ့် ရင်ထဲကတော့ အမြဲချစ်တယ်ပြောရင်း ဖေဖေ မပြောတဲ့ ရင်ထဲကစကားတွေကို နားလည်အောင် ကြိုးစားနေဦးမှာပါ။

🖤ငယ်ငယ်ကလိုပဲ ဖေကြီး ကို အရမ်းချစ်ပါတယ်။

🖤“အဖေ” ဆိုတာ ကိုဝေလသီချင်းထဲက “အများကြီးပေးသူ ဘာမှမရခဲ့သူ” ဆိုတဲ့အတိုင်းပါပဲလေ....

Credit
#ကဗျာ_poem

05/06/2020

😍😍😍😍😍

04/06/2020

မမကြီးနဲ့ အမွှာ ၂တွဲလေး
ချစ်စရာလေးနော်

03/06/2020

ချောတယ်ဆို share သွားနော် 😍😍😍

03/06/2020

Weight loss

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when ChanMyae ThuKha Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share