19/10/2025
Tips for English Speaking Competition[Part 3]
ခေါင်းလောင်းသံကိုဂရုစိုက်နားထောင်ပါ။
ဒီနေ့မှာတော့ တော်တော်များများလေ့ကျင့်ဖို့မေ့နေတတ်တဲ့ အရာတစ်ခုကို sharingလုပ်ပေးချင်ပါတယ်။
အဂ်လိပ်စာထူးချွန်ပြိုင်ပွဲမှာ တစ်ဦးချင်းစီရဲ့ မိမိကျရာ topicပေါ်မှာပြောဖို့အတွက် အချိန်ကန့်သတ်ပေးထားပါလိမ့်မယ်။ အချိန်မပြည့်ခင် စက္ကန့်၃၀လောက်မှာ timer bell ကို judgesတွေကတီးပေးပါလိမ့်မယ်။ အချိန်ပြည့်ရင်နောက်တစ်ခေါက်တီးပါမယ်၊ အချိန်ပြည့်ပြီး ၁၀စက္ကန့်၊ ၃၀စက္ကန့် အသီးသီးမှာ bellနောက်တစ်ကြိမ်တီးပါမယ်။
ဒါကြောင့် ပထမbellတီးလို့ ကိုယ်ပြောတာကိုချက်ချင်းရပ်လိုက်တာမျိုးမလုပ်ပါနဲ့။ ဒီတစ်ချက် alert ပေးဖို့သက်သက်ပါ။ စက္ကန့်၃၀ပဲ ကျန်တော့တာဆိုတာကို သတိပေးတဲ့သဘောပါ။ ဒီတစ်ချက်ကိုအထူးသတိပြုရပါမယ်။
နောက်တစ်ခုကတော့ ကိုယ့်ကပြောလို့ကောင်းနေလို့၊ အရှိန်ပါနေလို့ဆိုပြီး သတ်မှတ်ထားတဲ့အချိန်ကိုတော်တော်ကြီးကျော်သွားရင် ဥပမာ စက္ကန့်၃၀၊ ၁မိနစ်လောက်ထိဆိုရင် အမှတ်လျော့ခံရပါတယ်။ Q&A sessionမှာလည်းသတိထားရပါမယ်။
လျော့မှတ်နည်းပေမဲ့ ဒီတစ်မှတ်နှစ်မှတ်ကလဲ ထူးချွန်ပြိုင်ပွဲတွေမှာအများကြီးစကားပြောပါတယ်။
ဒါကြောင့် bellတီးသံကြားပြီဆိုတာနဲ့ ကိုယ်ပြောတာကို နိဂုံးချုပ် sum upလုပ်ပါ။ အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်သွားတာပဲ ဖြစ်ပါတယ်။ ကိုယ်အိမ်မှာလေ့ကျင့်ကတည်းက ဖုန်းtimerလေးနဲ့လေ့ကျင့်တာကတော့ အလုပ်အဖြစ်ဆုံးပါ။
At the end, preparation is key!
ဆက်လက်၍
https://www.facebook.com/share/15Cf8YxXXY/
လူရည်ချွန်မောင်နှမများ၊ အဂ်လိပ်စာထူးချွန်ကျောင်းသားကျောင်းသူများအတွက် အမြဲမပြတ်study materialsတွေကိုမျှဝေပေးနေသောနေရာ