Step & Style Official Shop

Step & Style Official Shop ADDA Online Shop

🌷ကျောင်းသွား၊ရုံးသွား၊အလှူမင်္ဂလာပွဲသွားမလား ဘယ်နေရာမဆို လိုက်ဖက်မှုရှိတဲ့ဒီဇိုင်း! ADDA93Z04_W1 ရိုးရှင်းသော်လည်း စတိုင...
12/08/2025

🌷ကျောင်းသွား၊ရုံးသွား၊အလှူမင်္ဂလာပွဲသွားမလား ဘယ်နေရာမဆို လိုက်ဖက်မှုရှိတဲ့ဒီဇိုင်း!

ADDA93Z04_W1 ရိုးရှင်းသော်လည်း စတိုင်ရှိ💯

✨Stylish in every shade.✨
🎨
Black/Brown/Red/Cream
Size 4_6

📲Messenger


#ဘယ်နေရာမဆိုလိုက်ဖက်တယ်

💑 ချစ်သူလေးနဲ့ လျှောက်လည်ဖို့ဖိနပ်သစ်တစ်ရံ?ADDA 25A09-M1 ကိုမမေ့လိုက်နဲ့နော်!👣 Flip-Flop တစ်ရံဖြစ်ပေမယ့်✔️ Curve Fit – ခ...
10/08/2025

💑 ချစ်သူလေးနဲ့ လျှောက်လည်ဖို့ဖိနပ်သစ်တစ်ရံ?

ADDA 25A09-M1 ကိုမမေ့လိုက်နဲ့နော်!

👣 Flip-Flop တစ်ရံဖြစ်ပေမယ့်
✔️ Curve Fit – ချောမွေ့တဲ့ Fit
✔ Lightweight & Flexible –ပေါ့ပေါ့ပါးပါးနဲ့ လှုပ်ရှားလွယ်တဲ့ဖိနပ်တစ်ရံ
✔ Modern Minimal Style – ရိုးရှင်းပေမယ့်စတိုင်ကျ

Walk easy. Walk confident.
For the man with quiet confidence.

🎨 Available Colors – Black / Grey / Navy / Brown
📏 Size – 7 to 9
▪️ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေရ



#ဖက်ရှင်နဲ့အထာကျ

🩴 ADDA – ခိုင်ခံ့မှုနဲ့ ရိုးရှင်းသောအလှပေါင်းစပ်ထားတဲ့ ဒီဇိုင်းမိန်းကလေး? ယောက်ျားလေး? အားလုံးအတွက် သက်တောင့်သက်သာစွာ စီ...
03/08/2025

🩴 ADDA – ခိုင်ခံ့မှုနဲ့ ရိုးရှင်းသောအလှပေါင်းစပ်ထားတဲ့ ဒီဇိုင်း

မိန်းကလေး? ယောက်ျားလေး? အားလုံးအတွက် သက်တောင့်သက်သာစွာ စီးလို့ရတဲ့
ADDA

✨ Ergonomic Design – ခန္ဓာကိုယ်နှင့်ညီညွတ်စေတဲ့ ပုံစံဒီဇိုင်း
🦶 Anti-Slip Technology – ချော်မလဲအောင် ဖန်တီးထားတဲ့အောက်ဖုံးဖော်မြူလာ
🎨 Color Injection Finish – တောက်ပနူးညံ့တဲ့အရောင်အသားနဲ့ ဖန်တီးမှု

📍 ခိုင်ခံ့မှု ✔️
📍 လှပမှု ✔️
📍 သက်တောင့်သက်သာရှိမှု ✔️

🔘 အရောင်များ – pink / blue / purple / red / grey / navy
📏 Size – B1 (11-3), W1 (4-6)
🔸ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေရ

📩 Messengerမှာ လာhiလိုက်တော့နော်


#ဖိနပ်
#ဖက်ရှင်နဲ့အထာကျ



ခုလိုမိုးရာသီမှာ အဆင်ပြေဆုံးဖိနပ်ရှာနေတယ်ဆို ADDDA 58V09_W1ကိုရွေးလိုက်တော့နော်သက်တောင့်သက်သာရှိမှုနဲ့ ခိုင်ခံ့မှုကတော့💯...
29/07/2025

ခုလိုမိုးရာသီမှာ အဆင်ပြေဆုံးဖိနပ်ရှာနေတယ်ဆို ADDDA 58V09_W1ကိုရွေးလိုက်တော့နော်

သက်တောင့်သက်သာရှိမှုနဲ့ ခိုင်ခံ့မှုကတော့💯💯💯✔️✔️✔️

Size 4_6
green,black,light green,pink,cream

ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရ
📲Messengerမှာ မြန်မြန် လာhiလိုက်ပါ🤩




☔⚡ မိုးရာသီမှာ လှပတဲ့ဒီဇိုင်းနဲ့ ခိုင်ခံ့မှုကိုတစ်ပြိုင်တည်း!ADDA ဖိနပ်လှလှတွေက မိုးတွင်းမှာ စီးဖို့အတွက် အကောင်းဆုံးရွေ...
26/07/2025

☔⚡ မိုးရာသီမှာ လှပတဲ့ဒီဇိုင်းနဲ့ ခိုင်ခံ့မှုကိုတစ်ပြိုင်တည်း!
ADDA ဖိနပ်လှလှတွေက မိုးတွင်းမှာ စီးဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါ။

✔ မိုးရေကြောင့် ပျတ်သွားမှာ စိုးရိမ်စရာမလို
✔ ခဏခဏ ဖိနပ်ပြောင်းနေရသူတွေအတွက် အထူးသင့်တော်
✔ နေရာမရွေး စတိုင်ကျစီးလို့ရ
✔ ဖိနပ်မျိုးစုံမဝယ်ရတော့ဘဲ ဘက်ဂျက်ချွေတာလို့ရ

ကြည့်နေတာနဲ့ မင်းရဲ့အကြိုက်ဆုံးဖိနပ်လေးဖြစ်နေတာမသိနိုင်ဘူး…
ခုပဲ ဝယ်ပီး စမ်းစီးကြည့်လိုက်တော့နော်! 🛍️

#မိုးရာသီဖိနပ် #ဖိနပ်လှလှစီးရအောင်

ရွေးချယ်စရာတွေ တကယ်များပေမဲ့… နောက်ဆုံးမှာ မင်းကိုပဲ ထပ်ရွေးမိရတာပဲ 😌ADDA ဖိနပ်လေးက👣 စီးရတာပေါ့ပေါ့ပါးပါး📍 မိမိသွားတဲ့နေ...
22/07/2025

ရွေးချယ်စရာတွေ တကယ်များပေမဲ့… နောက်ဆုံးမှာ မင်းကိုပဲ ထပ်ရွေးမိရတာပဲ 😌

ADDA ဖိနပ်လေးက
👣 စီးရတာပေါ့ပေါ့ပါးပါး
📍 မိမိသွားတဲ့နေရာတိုင်းမှာကို လိုက်ဖက်တယ်
💯 Qualityကလည်း စီးဖူးသူတိုင်း လက်ခံထားပြီးသား

ကြည့်ပြီးကြိုက်ပြီဆိုရင်_
ဒီ post ကြည့်ပြီးရင် Order တင်လိုက်တာက ပိုမြန်တယ်နော်! 😉
ုတ်







🌟 Lady တွေအတွက် – နေရာမရွေး၊ အချိန်မရွေး စီးလို့ရတဲ့ ADDA 74303-W1 👌✔️ ပေါ့ပါး✔️ ခိုင်ခံ့✔️ ကြာရှည်ခံ✔️ စတိုင်ကျ🎨 Availa...
17/07/2025

🌟 Lady တွေအတွက် – နေရာမရွေး၊ အချိန်မရွေး စီးလို့ရတဲ့ ADDA 74303-W1 👌

✔️ ပေါ့ပါး
✔️ ခိုင်ခံ့
✔️ ကြာရှည်ခံ
✔️ စတိုင်ကျ

🎨 Available Colors: Cream, Light Brown, Red, Brown, Black
👸 ဒီဇိုင်းလှလှနဲ့ သက်တောင့်သက်သာစွာ စီးနိုင်လို့ မိန်းကလေးတွေအတွက် အထူးထုတ်ထားပါတယ်။

📏 Size: 35-40
💯 Quality ကောင်း – ADDA Thailand ထုတ်

🛍 Order ချင်သူများ Messenger ကို တိုက်ရိုက် message ပေးလိုက်ပါနော်!








ုတ်

🏆နောက်ဆုံး ၂လုံးမှန်သူယူ🥰🥰💢တစ်ဦး ၃ကြိမ် ခန့်မှန်းလို့ရ💢🌷Pageအား Like &follow လုပ်ထားသူ ဦးစားပေးမည်။🤩🤩🤩
14/07/2025

🏆နောက်ဆုံး ၂လုံးမှန်သူယူ🥰🥰

💢တစ်ဦး ၃ကြိမ် ခန့်မှန်းလို့ရ💢

🌷Pageအား Like &follow လုပ်ထားသူ ဦးစားပေးမည်။🤩🤩🤩

Edit -မှန်သွားပါပြီ🏆နောက်ဆုံး ၂လုံးမှန်သူယူ🥰🥰🌷Pageအား Like &follow လုပ်ထားသူ ဦးစားပေးမည်။🤩🤩🤩
13/07/2025

Edit -မှန်သွားပါပြီ
🏆နောက်ဆုံး ၂လုံးမှန်သူယူ🥰🥰

🌷Pageအား Like &follow လုပ်ထားသူ ဦးစားပေးမည်။🤩🤩🤩

ဘဝမှာ ရွေးချယ်မှုတွေ မမှားဖို့လိုတယ်နော်😔😔😔😔တစ်ချို့အမှားတွေက ပြန်ပြင်လို့ရပေမဲ့☺️☺️☺️☺️☺️☺️တစ်ချို့အမှားတွေကျ ပြန်ပြင်လ...
11/07/2025

ဘဝမှာ ရွေးချယ်မှုတွေ မမှားဖို့လိုတယ်နော်😔😔😔😔

တစ်ချို့အမှားတွေက ပြန်ပြင်လို့ရပေမဲ့☺️☺️☺️☺️☺️☺️

တစ်ချို့အမှားတွေကျ ပြန်ပြင်လို့မရတော့ဘူး😢😢😢😢😢

အချိန်လဲလွန် နောင်တလဲရပေါ့😭😭😭😭😭😭😭😭

နောင်တတွေမရချင်ရင်တော့ ADDAဖိနပ်ကိုသာရွေးချယ်လိုက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မှာမလွဲသေချာပဲ





🙏 #ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ~~~~~~~~~~~~~~~~~မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ဝါဆို လပြည့်နေ့သည် -၁။ ဂေါတမဘုရား...
09/07/2025

🙏 #ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ
~~~~~~~~~~~~~~~~~
မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
ဝါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမည်ရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ္မစက္က_ပ၀တ္တန ၏ အဓိပ္ပာယ်မှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
***********************************
သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။

____________________________________
________

🙏 #မြတ်ဗုဒ္ဓ၏ဓမ္မတရားတော်များသည် ဆရာတော်
သံဃာတော်များထံမှ သင်ယူခြင်း,ဖတ်ရှုခြင်း,နာကြား
ခြင်း,များသည် အဖိုးမဖြတ်နိူင်သော ရတနာမြတ်(၃)
ပါး၏ ဂုဏ်ကျေးဇူးများသာ ဖြစ်ပါသည်။🙏🙏🙏

_____________________________________________
#မူရင်းဓမ္မစာပေ✍️&📷Photo,Credit
#ကျေးဇူးတင်စွာလေးစားဂုဏ်ယူဂါရဝပြုပါသည်🙏
____________________________________

🟤(ဥပုသ်)စောင့်ကြတာ'ဟာ💥(ဥပုသ်)နေ့▪︎▪︎▪︎ဖြစ်လို့စောင့်တာလား !💥နတ်ပြည်'ကိုရောက်ချင်လို့စောင့်တာလား !💥(နိဗ္ဗာန်)လိုချင်လို့စ...
09/07/2025

🟤(ဥပုသ်)စောင့်ကြတာ'ဟာ

💥(ဥပုသ်)နေ့▪︎▪︎▪︎ဖြစ်လို့
စောင့်တာလား !

💥နတ်ပြည်'ကို
ရောက်ချင်လို့
စောင့်တာလား !

💥(နိဗ္ဗာန်)လိုချင်လို့
စောင့်တာလား !

ဘာ ရည်ရွယ်ချက်'တွေ
ရှိသေးလဲ !

💥တကယ်က

🟤ဥပုသ်'သီလ ရဲ့
အကျိုးကျေးဇူး ကို
ဆင်ခြင် သုံးသပ်
ပြီးတော့မှ

ဥပုသ်'စောင့်တာ ဟာ
ပိုပြီး အနှစ်သာရ
ရှိတယ်ပေါ့

🩸(ရာဂ)ကို နှိမ်နင်းရန်
ဥပုသ်'စောင့်မယ်

🩸(ဒေါသ)တွေ နှိမ်ဖို့
ဥပုသ်'စောင့်မယ်

🩸(လောဘ)နှိမ်ရအောင်
ဥပုသ်'စောင့်မယ်

🩸(မာန)များ နှိမ်နင်းရန်
ဥပုသ်'စောင့်မယ်
အစ'ရှိသဖြင့်ပေါ့

🟤(ခန္တီ)ဆိုတဲ့
သည်းခံခြင်း ကို
အကြောင်းပြုပြီး
စောင့်တာပဲ ဖြစ်ဖြစ်

အဆာခံပြီး
စောင့်တာပဲ ဖြစ်ဖြစ်
ပျော်စရာ'တွေကို
စွန့်ခွာပြီး
စောင့်တာပဲ ဖြစ်ဖြစ်

ဒီ အရည်အချင်း'ဟာ
သူတော်စင်'တွေ ရဲ့
တကယ့်
အရည်အချင်း'တွေပဲ

မြင့်မြတ်တဲ့
အကျင့်'တွေ နဲ့
နေထိုင်ပြီး

ဥပုသ်'သီလ
စောင့်ထိန်းခြင်း ဟာ
သူတော်စင်'တွေ ရဲ့
အလေ့အထ တစ်ခု
ဖြစ်သည့်
အတွက်ကြောင့်

ရည်ရွယ်ချက်
မှန်မှန်ကန်ကန် နဲ့

မြတ်မြတ်နိုးနိုး
ထိန်းသိမ်း
စောင့်ရှောက်တဲ့
ဥပုသ်'သီလ ဟာ

မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးရဲ့
သာသနာ'တော် နဲ့
ကြုံတွေ့ခိုက်

သာသနာ'တွင်း ဥပုသ်
ဖြစ်လို့

သာသနာ'ပ မှာ
စောင့်တဲ့
ဥပုသ်'သီလ ထက်
မြတ်ပါတယ်

(သီလ)ရဲ့
တန်ဖိုးရှိမှု ကို
ယုံယုံကြည်ကြည်
လေးလေးစားစား

တန်ဖိုး ထားပြီး
ကုသိုလ်'တရား
ဖြစ်ပွားအောင်
ကျင့်ကြံ ကြိုးကုတ်
ကြိုးစားအားထုတ်တော်
မူနိူင်ကြပါစေသတည်း၊

🙏ကျေးဇူးတော်ရှင်

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး၊

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Step & Style Official Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share