22/05/2025
Stainless Steel တွေဘာလို့အရောင်မှိန်သွားရတာလဲ❓
——————————————
Hello ငယ်တို့ရေ 👋
Stainless Steel လေးတွေဝတ်ရတာ အဆင်ပြေပေမယ့်အရောင်မှိန်သွားတာတွေ၊ မွဲခြောက်သွားတာတွေ ကြုံနေရပြီလား❓ဒါဆိုရင်တော့ စိတ်မပူပါနဲ့နော် Yuki ကပြောပြပေးပါ့မယ်ရှင်
Stainless Steel တွေ
အရောင်မှိန်ရတဲ့အကြောင်းအရင်းတွေကတော့
1️⃣ချွေးထွက်များခြင်း
ချွေးမှာပါတဲ့အက်စစ်ဓာတ်နဲ့ဆားဓာတ်တွေကအရောင်ကျွတ်ရခြင်းရဲ့အကြောင်းရင်းတွေပါ
သဲလေးတို့က ရေကူးတဲ့အခါမှာလည်းဝတ်ထားတက်တယ်ဆိုရင်တော့ ရေမှာပါတဲ့ ကလိုရင်းဓာတ်ကလည်း အရောင်ဖျော့သွားစေပါတယ်ရှင်
2️⃣ဓာတုပစ္စည်းများနှင့်ထိတွေ့မှုများခြင်း
ရေမွှေး ၊ lotion နဲ့ ဆပ်ပြာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေကလည်းအရောင်ပျက်စီးစေပါတယ်
3️⃣ပွတ်တိုက်မှုများခြင်း
Stainless Steel တွေကမာတယ်ဆိုပေမယ့် အခြားမာကျောတဲ့အရာတွေနဲ့ထိခိုက်မိတာ ပွတ်တိုက်မိတာမျိုးဆိုရင် အရောင်ပျက်စီးစေနိုင်ပါတယ်ရှင့်
ဒါဆိုရင် ဘယ်အချက်လေးတွေ လုပ်ရမလဲ🤔
✅ချွေးစို ၊ ရေစို ရင် အဝတ်နုလေးနဲ့ချက်ချင်းသုတ်ပါ
✅ရေမွှေး၊ ဆပ်ပြာ နဲ့ lotion တို့နဲ့တိုက်ရိုက်မထိတွေ့အောင်ထားပါ
✅သန့်ရှင်းရေးလုပ်ရင် Brush အမာတွေနဲ့မတိုက်ပါနဲ့
✅အပွန်းအစင်းတွေမဖြစ်အောင်သိမ်းတဲ့အခါမှာ သီးသန့်အိတ်ကလေးနဲ့သိမ်းပါနော်
သဲလေးတို့ရေ Stainless Steel လေးတွေဝတ်တဲ့အခါအရောင်တွေ မပျက်စီးရအောင် ဒီအချက်လေးတွေကို ဂရုတစိုက်လိုက်လုပ်ကြပါနော်😉
Yuki ဆီမှာ Quality ကောင်းတဲ့ Stainless Steel လေးတွေမှာချင်တယ်ဆိုရင်တော့
Viber/-09-771-775-700
Page Chat Box တို့ကို ဆက်သွယ်မှာယူနိုင်ပါတယ်နော် 🙆♀️
အားလုံးပဲကျေးဇူးပါ🥳