Reviews by SHWE HPOO KHIN

Reviews by SHWE HPOO KHIN စာ များများဖတ်ပါ၊
သို့သော်....စာအုပ်ထဲမှ အရာရာတိုင်းကို
"အမှန်တရား"ဟု မသတ်မှတ်မိပါစေနှင့်။

နေရထိုင်ရကျပ်တည်းလာလေချစ်မြတ်နိုးရသူတွေကိုမပွန်းမပဲ့စေချင်လေပါပဲ။ #မြကျေး Reviews by SHWE HPOO KHIN
08/10/2025

နေရထိုင်ရကျပ်တည်းလာလေ
ချစ်မြတ်နိုးရသူတွေကို
မပွန်းမပဲ့စေချင်လေပါပဲ။

#မြကျေး

Reviews by SHWE HPOO KHIN

👫ချိန်းတဲ့နေ့👫ဖန်ခွက်ချင်းတိုက်မယ့်အရေးအအေးနှစ်ခွက်ကပူနေအောင် စောင့်နေရပါတယ်။စားပွဲခုံမျက်နှာပြင်ကလည်း မျက်နှာပူလို့ဗာဒံ...
29/08/2025

👫ချိန်းတဲ့နေ့👫

ဖန်ခွက်ချင်းတိုက်မယ့်အရေး
အအေးနှစ်ခွက်က
ပူနေအောင် စောင့်နေရပါတယ်။

စားပွဲခုံမျက်နှာပြင်ကလည်း မျက်နှာပူလို့
ဗာဒံရွက်တွေကလည်း တစ်ရွက်ပြီးမှ
တစ်ရွက်
တိတ်တိတ်ကလေး
ကြွေလို့

မလာမှန်းသိရင် မလာခဲ့ပါဘူး....။

@လင်းမိုးဆွေ
#ကဗျာ
Reviews by SHWE HPOO KHIN

 #ဘော်ဘီဒေါ့ ရဲ့ အမာခံပရိတ်သတ်လေးပါ....Vol.2 စာအုပ်လေး ကံထူးထားပါတယ်။Acc ဟောင်းလေး ပျက်သွားလို့ဒီ Page 👇👇Reviews by SHWE...
15/05/2025

#ဘော်ဘီဒေါ့ ရဲ့ အမာခံပရိတ်သတ်လေးပါ....

Vol.2 စာအုပ်လေး ကံထူးထားပါတယ်။
Acc ဟောင်းလေး ပျက်သွားလို့
ဒီ Page 👇👇
Reviews by SHWE HPOO KHIN လေးမှာပဲ
လိပ်စာနဲ့ ဖုန်းနံပါတ်လေး
Messenger ကနေ ပို့ထားပေးပါဦးနော်
☺️☺️☺️

ကလေးရဲ့ Acc လေး မရှိတော့လို့
စာအရမ်းဖတ်ချင်တဲ့
ကလေးလေး သိအောင်
ဝိုင်း share ပေးကြပါဦးရှင့်

#ဘော်ဘီဒေါ့
#ဘလက်ကတ်
#စာအုပ်လက်ဆောင်

13/05/2025

#လပြည့်အလှူရသူယူပါ ရဲ့
စာအုပ်ကံထူးရှင်လေးကို
ရွေးချယ်ပေးလိုက်ပါပြီ🥰🥰🥰

ကံထူးသွားတဲ့ Phoo Acc ပိုင်ရှင်လေးက Messenger လာပြီး
လိပ်စာ၊ ဖုန်းနံပါတ်လေး ပို့ပေးပါဦးရှင့်😘😘

ကံမထူးသေးတဲ့သူလေးတွေလည်း
နောက်ပိုင်းမှာ #စာအုပ်လက်ဆောင် လေးတွေ ထပ်ပေးဦးမှာမို့
Like & Follow လေး
လုပ်ထားပေးပါဦးနော်☺️☺️☺️

Reviews by SHWE HPOO KHIN
09400302341

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရာ လေးချိုးကြီးများကို စုစည်းထားတဲ့ လေးချိုးပေါင်းချုပ် (ပထမတွဲ) အပါအဝင် ကြွင်းကျန်ခဲ...
11/05/2025

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လက်ရာ လေးချိုးကြီးများကို စုစည်းထားတဲ့ လေးချိုးပေါင်းချုပ် (ပထမတွဲ) အပါအဝင် ကြွင်းကျန်ခဲ့တဲ့ လေးချိုး
များကို ထပ်မံရှာဖွေပြုစုပြီး (ဒုတိယတွဲ) အဖြစ် ဆက်လက်ထွက်ရှိလာတဲ့ စာအုပ်ပါရှင့်။

လေးချိုးလက်ရာပေါင်း ၂၃၀ ကျော် ပါဝင်ပြီး မဟာလေးချိုးကြီး၊ လေးချိုးကြီး၊ လေးချိုး၊ သံချို စတဲ့ အဖွဲ့အနွဲ့ကဗျာများနဲ့ တေးထပ်တို့ကို ဖတ်ရှုခံစားနိုင်မယ့် စာအုပ်ပါနော်။

ဘွိုင်းကောက်ဘွဲ့တေးထပ်၊ ပဏာမတေးထပ်၊ အာသီသတေးထပ်၊ ခင်အုံရေး အမူးသမား တေးထပ်၊ သေအရက်တေးထပ်၊ ရာဇဝင်တေးထပ် ဘုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ် စတဲ့ တေးထပ်ပေါင်းများစွာကို ထည့်သွင်းဖော်ပြထားပါတယ်။

တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ လေးချိုးများနှင့် တေးထပ်တို့ကို လေ့လာလိုက်စားလိုသူများအတွက် တန်ဖိုးရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပါရှင့်🥰🥰🥰

#စာအုပ်တန်ဖိုး ၉၀၀၀ ကျပ်ကို ဒီ Pageကနေ 10% Discount နဲ့ ဝယ်ယူနိုင်ပါပြီရှင့်။

Reviews by SHWE HPOO KHIN
#လေးချိုးပေါင်းချုပ်(ဒုတိယတွဲ)နှင့် တေးထပ်များ
#သခင်ကိုယ်တော်မှိုင်း
#ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေ
📱09400302341

 #လပြည့်အလှူရသူယူပါနှစ်သက်ရာ comment တစ်ကြောင်းရေးပြီး Like & Share လေးပဲ လုပ်သွားပေးပါနော်🥰🥰🥰13.5.2025 ရက်နေ့ကျရင်Comme...
11/05/2025

#လပြည့်အလှူရသူယူပါ

နှစ်သက်ရာ comment တစ်ကြောင်းရေးပြီး Like & Share လေးပဲ
လုပ်သွားပေးပါနော်🥰🥰🥰

13.5.2025 ရက်နေ့ကျရင်
Comment picker နဲ့ မဲဖောက်ပြီး
ကံထူးရှင်ကို ပို့ပေးပါ့မယ်ရှင့်

#စာအုပ်လက်ဆောင်

📚Review time ပါရှင့်☺️☺️ဒီတစ်ခေါက် ညွှန်းချင်တဲ့စာအုပ်ကတော့မူရင်းစာရေးသူ မန်ချူလူမျိုး တရုတ်စာရေးဆရာကြီး LAO SHE ရဲ့ Ric...
07/05/2025

📚Review time ပါရှင့်☺️☺️

ဒီတစ်ခေါက် ညွှန်းချင်တဲ့စာအုပ်ကတော့
မူရင်းစာရေးသူ မန်ချူလူမျိုး တရုတ်စာရေးဆရာကြီး LAO SHE ရဲ့ Rickshaw Boy ဆိုတဲ့ စာအုပ်လေးပါ။ စာရေးသူက တရုတ်ဘာသာနဲ့ ပြဇာတ်တွေ၊ ဝတ္ထုတွေ များစွာရေးသားခဲ့သူဖြစ်ပြီး သူ့ရဲ့ ဒီ Rickshaw Boy ဝတ္ထုဟာ ပထမဆုံးအကြိမ် အင်္ဂလိပ်ဘာသာ ပြန်ဆိုရတဲ့ စာအုပ်ဖြစ်ပါတယ်။

စာရေးသူ Lao She ဟာ တရုတ်ပြည်ကြီး လွတ်လပ်ရေးရဖို့အတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ခဲ့သူဖြစ်ပြီး သူ့ကို ဖမ်းမိဖို့အတွက် အစိုးရက ဆုငွေထုတ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဒီဝတ္ထုကို ဆရာကြီး တက်တိုးက ဘာသာပြန်ဆိုပေးထားတာဖြစ်ပြီး မြန်မာစာဖတ်ပရိသတ်တွေ ဖတ်ရလွယ်ကူစေဖို့ တရုတ်အမည်တွေအစား မြန်မာအမည်တွေနဲ့ အစားထိုးထားပါတယ်လို့ ပြောပြထားပါတယ်။

ပီကင်းမြို့ကြီးဆီ တောကနေ
တက်လာပြီး လံခြားဆွဲတဲ့ လံခြားသမားလေး ‘မောင်မောင်ရွှင်’ ကို ဇာတ်အိမ်တည်ပြီး စာဖတ်ပရိသတ်ကို အဆုံးထိဆွဲခေါ်သွားတဲ့ ဝတ္ထုပါရှင့်။

မောင်မောင်ရွှင်ဟာ လံခြားအငှားဆွဲရာကနေ ကိုယ်ပိုင်လံခြားတစ်စီး ပိုင်ဆိုင်နိုင်ဖို့ ချွေတာစုဆောင်းခဲ့တာ ၃ နှစ်ကျော်အတွင်း ဒေါ်လာတစ်ရာတန် လံခြားတစ်စီးကို ဝယ်ယူနိုင်ခဲ့ပုံ၊ ဒါပေမဲ့ ကံအကြောင်းက မလှတော့ စစ်ဖြစ်နေချိန်မှာ မြို့ပြင်ကို လံခြားဆွဲထွက်လိုက်မိလို့ အငတ်ခံစုဆောင်းပြီး ဝယ်ထားတဲ့လံခြားလေးကို ရန်သူစစ်သားတွေက သိမ်းယူတာ ခံလိုက်ရပုံတို့ကို ဖွဲ့နွဲ့ရေးပြထားပါတယ်။

ဒီလိုနဲ့ လံခြားပြန်မဝယ်နိုင်တော့တဲ့ မောင်မောင်ရွှင်ဟာ လံခြားရုံပိုင်ရှင်ရဲ့ သမီးဖြစ်သူက အမိဖမ်းခြင်းကို ခံရပြန်လေတယ်။ လောကဓံအမျိုးမျိုးရဲ့ အထိုးအနှက်၊ အရိုက်အပုတ်တွေကို ခံရပေမဲ့ လံခြားဆွဲ‌ခြင်းကို လွတ်လပ်ရေးတစ်မျိုးလို့ ခံယူထားတဲ့ မောင်မောင်ရွှင်ရဲ့ အဖြစ်သနစ်တွေကို စုံစုံလင်လင် ဖတ်ရှုခံစားရမှာပါရှင့်....

စိတ်ကူးချိုချိုတိုက်က စတုတ္ထအကြိမ်ထုတ်ဝေထားတာဖြစ်ပြီး စာအုပ်တန်ဖိုး #၅၀၀၀ကျပ် ကို 10%Discount နဲ့
ဝယ်ယူအားပေးနိုင်ပါပြီရှင့်...
😊😊😊

#လံခြားသမား
#တက်တိုး
Reviews by SHWE HPOO KHIN
📱09400302341

“Not အသုံးဟာ ဗမာတစ်ယောက်အဖို့ မှတ်ရတာလွယ်တယ်။ No က ဗမာမှာမရှိတော့ ခက်နိုင်တယ်။ သေသေချာချာမှတ်ဖို့ လိုပေလိမ့်မယ်။ အထူးသဖြ...
24/04/2025

“Not အသုံးဟာ ဗမာတစ်ယောက်အဖို့ မှတ်ရတာလွယ်တယ်။ No က ဗမာမှာမရှိတော့ ခက်နိုင်တယ်။ သေသေချာချာမှတ်ဖို့ လိုပေလိမ့်မယ်။ အထူးသဖြင့် Subject မှာ no သုံးတာမျိုးကို စနစ်တကျ မှတ်သားရမယ်။ ဘယ်သူမှ မလာကြဘူးဆိုတာမျိုးကို Nobody came လို့ ပြောတတ်ရမယ်။ Everybody did not come လို့ ဖြစ်မသွားစေရဘူး။ ကျောင်းသားတစ်ယောက်မှ မဖြေဘူးဆိုတာကို ‘Not a student answered’ ဒါမှမဟုတ် ‘No Student answered’ လို့ ပြောတ်ပါစေ”

English for All အင်္ဂလိပ်မဂ္ဂဇင်းတွင် “သဒ္ဒါညီလာခံ” ခေါင်းစဉ်ဖြင့် လစဉ် အခန်းဆက်ဖြေကြားပေးခဲ့သည့် စာရေးဆရာကြီး မောင်သာနိုး၏ သဒ္ဒါဆိုင်ရာ အမေးအဖြေများကို စုစည်းပေးထားသော စာအုပ်ဖြစ်သည်။ မှန်ကန်သော အင်္ဂလိပ်သဒ္ဒါ အသုံးအနှုန်းများနှင့် စကားလုံး ရွေးချယ်မှုများ၊ အမှတ်မှား၊ အသုံးမှားနေကြသော အင်္ဂလိပ်ဝေါဟာရများအပြင် သတိထားရမည့် အင်္ဂလိပ်စာ အရေးအသားနှင့် ဆောင်ရန်၊ ရှောင်ရန်များကိုပါ ရေးသားဖော်ပြထားရာသည်။ မြန်မာပြည်အနှံ့အပြားမှ အင်္ဂလိပ်စာ လေ့လာလိုက်စားသူများ၏ ရှုထောင့်စုံမှ မေးမြန်းချက်များကို နမူနာပြဝါကျများ၊ နှိုင်းယှဉ်ချက်များနှင့်တကွ ရှင်းလင်းစွာ ဖြေကြားပေးထား သော အင်္ဂလိပ်စာ လေ့လာသူများအတွက် အကျိုးများမည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။

#စာအုပ်တန်ဖိုး 12000 ကျပ်အား
ယခု Page တွင် 10% Discount ဖြင့်
ဝယ်ယူနိုင်ပါပြီ။

#ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေရ
#အင်္ဂလိပ်သဒ္ဒါညီလာခံ
#မောင်သာနိုး
Reviews by SHWE HPOO KHIN
📱09400302341

စုံထောက်ကြီး ဦးစံရှားကို ဖန်တီးသူလို့ ပြောလိုက်တာနဲ့  စာရေးဆရာကြီး ရွှေဥဒေါင်းကို တွဲဖက်မြင်ကြမှာပါ။ဒီတစ်ခေါက် ညွှန်းပေး...
23/04/2025

စုံထောက်ကြီး ဦးစံရှားကို ဖန်တီးသူလို့ ပြောလိုက်တာနဲ့ စာရေးဆရာကြီး ရွှေဥဒေါင်းကို တွဲဖက်မြင်ကြမှာပါ။

ဒီတစ်ခေါက် ညွှန်းပေးချင်တဲ့ စာအုပ်ကတော့ ၁၉၆၄ ခုနှစ်တုန်းက ဆရာကြီး ရွှေ‌ဥဒေါင်းရဲ့ ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ပဲ ဖြစ်ပါတယ်။

ကြိုးမိန့်ကျတဲ့သူတွေကို စီရင်အမိန့်ချရာမှာ ‘ကြိုးပေး သတ်ရမည်’ ဆိုတဲ့ စကားရပ်အစား ‘မသေမချင်း သေအောင် သတ်ရမည်’ ဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ရပုံကို ဇာတ်လမ်းဆင် ရေးသားထားတဲ့ အကြောင်းပါ။

ဇာတ်လမ်းက လူတွေကို သတ်ဖြတ်ပြီး ဓားပြတိုက်တဲ့ အမှုနဲ့ လူဆိုးကြီး တရားခံ ‘ဘိုဝ’ ဆိုတဲ့သူဟာ ကြိုးမိန့်ကျခံခဲ့ရပါတယ်။ တပည့်တွေရဲ့ အကူအညီနဲ့ ထောင်ပိုင်အရာရှိတွေ၊ အာဏာသား‌တွေကို လာဘ်ထိုးပြီးတော့ သူ့ကိုစွပ်ရမယ့် ကြိုးကို မခိုင်မြဲအောင် ဓားနဲ့ ကြိုမွှန်းထားစေခဲ့ပါတယ်။

တကယ်ကြိုးပေးခံရတဲ့ နေ့ကိုရောက်တော့ လည်ပင်းစွပ်မယ့်ကြိုးဟာ ဓားလှီးဒဏ်ကြောင့် တဲတဲကလေးပဲ ကျန်တော့တဲ့ အနေအထားပေါ့။ ကြိုးစင်ချလိုက်တဲ့အချိန်မှာ ကြိုးပြတ်သွားခဲ့ပြီး တရားခံဘိုဝလည်း ထိခိုက်ပွန်းပဲ့ရုံကလွဲပြီး အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်လို့ ရေးပြထားတယ်။

ဒါပေမဲ့ သူ့ကို သံသယမကင်း ဖြစ်ကြရတော့ တစ်သက်တစ်ကျွန်းဆိုပြီး အမိန့်ချလိုက်တယ်။ မကြာင်မှာပဲ ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပြန်ပြီး ရာဇဝတ်မှုတွေကိုပဲ ထပ်တလဲလဲ ပြန်လုပ်တဲ့အကြောင်း၊ ဘိုဝအစား ‘ဝသုံးလုံး’ လို့ အမည်ခံထားပြီး အသင်းသားတွေစု ခိုင်းစေတဲ့အကြောင်းတွေကို ရင်တမမနဲ့ စိတ်ဝင်တစား ဖတ်ရှုခံစားရမှာပါ။

အစိုးရအဖွဲ့ကိုတောင် ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းရဲတဲ့ ဘိုဝ ရဲ့ သတ္တိနဲ့ စွန်းစားခန်းတွေကို ဒီစာအုပ်မှာ မြင်ရမယ့်အပြင် ဘိုဝကို ဖမ်းဆီးပေးရမယ့် စုံထောက်နဲ့ သူ့သမီးတို့ရဲ့ ထက်မြက်မှုတွေကိုတော့ စာရေးသူက အဆုံးသတ်ရောက်မှ ချပြသွားပါတယ်။

၂၀၂၂ ခုနှစ်၊ စိတ်ကူးချိုချို တိုက်ထုတ် စာအုပ်ကို ဖတ်ပေးထားတာဖြစ်ပြီးစာမျက်နှာ ၂၀၀ ကျော်လောက်သာ ပါရှိလို့ တစ်ထိုင်တည်း ဖတ်လို့ရမယ့် စုံထောက်ဝတ္ထုကောင်းလေးပါလို့....
😊😊😊

စာအုပ်မှာယူချင်သူများ #စာအုပ်တန်ဖိုး 4500 ကျပ်ကို ဒီ Pageကနေ 10% Discount နဲ့ ဝယ်ယူနိုင်ပါတယ်ရှင့်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ ပို့ပေးပါ့မယ်။

#ဝသုံးလုံး
#ရွှေဥဒေါင်း
Reviews by SHWE HPOO KHIN
Shwe Hpoo Khin
📱09400302341

ဒီတစ်ခါ စကားပြေအရေးအသား ကောင်းလှ‌ချည်ရဲ့လို့ နာမည်ကြီးခဲ့တဲ့  သုတေသနပညာရှင် စာရေးဆရာ ငြိမ်းကျော်ရဲ့ နောက်ဆုံးရေးသားခဲ့တဲ...
22/04/2025

ဒီတစ်ခါ စကားပြေအရေးအသား ကောင်းလှ‌ချည်ရဲ့လို့ နာမည်ကြီးခဲ့တဲ့ သုတေသနပညာရှင် စာရေးဆရာ ငြိမ်းကျော်ရဲ့ နောက်ဆုံးရေးသားခဲ့တဲ့ ဝတ္ထုကို ညွှန်းပါ့မယ်ရှင့်။ ကျမဖတ်ခဲ့တုန်းကတော့ ပထမ၊ ဒုတိယ နှစ်အုပ်တွဲကို တစ်အုပ်ချင်း ဖတ်ခဲ့ရတာပဲ။
အခုတော့ တစ်အုပ်တည်း စုစည်းထုတ်ဝေထားပြီလို့ သိရပါတယ်။

- သာယာပျော်ရွှင်နေတဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားရပါလျက်နဲ့ ချစ်သူကွယ်ရာမှာ ဖောက်ပြားခဲ့ပြီး ကာမဂုဏ်နွံအတွင်း သက်ဆင်းသွားတဲ့ မြဝင်းနွယ်…။

- ချစ်သူအပေါ် အဆုံးစွန်အထိ ခွင့်လွှတ်ယုံကြည်ပေးထားပါလျက် လက်ထပ်ခါနီးမှ ဘဝကို ဖျက်ဆီးခံလိုက်ရတဲ့ ညီလှိုင်…။

အထိအတွေ့ သာယာမှုကို နှစ်သက်သူနဲ့ အရာရာကို စောင့်စည်းထိန်းသိမ်းလိုသူတို့ရဲ့ အတွဲမညီတဲ့ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

ညီလှိုင်နဲ့ မြဝင်းနွယ်တို့နှစ်ဦးက တက္ကသိုလ် တက်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး တစ်အိုးတစ်အိမ်ထူထောင်ဖို့ နှစ်ဖက်သော မိဘတွေကလည်း သဘောတူညီထားကြသတဲ့။

ရည်းစားသက်တမ်း ခြောက်နှစ်ကျော်ကြာပြီးနောက်ပိုင်းမှာ ချစ်သူမိန်းကလေးက အခြားသူတစ်ဦးနှင့် ဖောက်ပြန်နေတာကို ညီလှိုင်သိခဲ့ကြားခဲ့ရတယ်။ မြဝင်းနွယ်ကတော့ မဟုတ်တာမလုပ်ကြောင်း ခိုင်ခိုင်မာမာ ငြင်းဆိုခဲ့တယ်။ နောက်တစ်ကြိမ် အမှားလုပ်တဲ့အချိန်မှာတောင် သူ့ကိုယ်သူ မတော်မတရားပြုကျင့်ခံရသူလိုလို ချစ်သူကို ထပ်မံအယုံသွင်းခဲ့ပုံတွေကို ဇာတ်ကောင်စရိုက်ပေါ်လွင်အောင် ပီပီပြင်ပြင် ရေးဖွဲ့ထားပါတယ်။

ညီလှိုင်ကိုချစ်ပေမဲ့ အထိအတွေ့ရဲ့ သာယာမှုနောက်ကိုလိုက်ရင်း မရုန်းထွက်နိုင်တော့တဲ့ မြဝင်းနွယ်ကို မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကပါ မနှစ်မြို့တော့တာကိုပဲ ညီလှိုင်က ခွင့်လွှတ်ပေးနေတယ်။ ဖတ်ရင်းနဲ့ မြဝင်းနွယ်ကို စိတ်ထဲ မကျေမနပ် ဖြစ်မိတဲ့အထိပါပဲ။

ချစ်သူရဲ့ သစ္စာဖောက်ဖျက်မှုကို မျက်မြင်ကိုယ်တွေ့ ထပ်မံကြုံတွေ့လိုက်ရချိန်မှာ မယုံကြည်နိုင်တဲ့ အံ့ဩတုန်လှုပ်မှု၊ ပူပြင်းဆူဝေလာတဲ့ ဒေါသ၊ ခံပြင်းစိတ်၊ ဝန်တိုစိတ်၊ ကြေကွဲမှုတွေ၊ နှမြောတသ၊ ယူကြုံးမရဖြစ်ရခြင်းတွေနဲ့ နာနာကျင်ကျင်ပြောနေတဲ့ ညီလှိုင်ရဲ့ ခံစားချက်ဝေဒနာတို့ကို စာဖတ်သူရင်ထဲ ကူးစက်လာစေသည်အထိ ဖွဲ့နွဲ့ရေးသားထားတာပါ။

ရမ္မက်ကျွန်အဖြစ်ကနေ မလွတ်မြောက်လိုတဲ့ မြဝင်းနွယ်နဲ့ စတင်ချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့် တောင်းခဲ့တဲ့ ညီလှိုင်တို့ ဘယ်လိုအဆုံးသတ်မလဲ...............
ဖတ်ရှုခံစားကြည့်ကြပါဦးနော်......

စာအုပ်မှာယူချင်သူများ #စာအုပ်တန်ဖိုး 12000 ကျပ်ကို ကျမဆီမှာ 10% Discount နဲ့ ဝယ်ယူနိုင်ပါမယ်ရှင့်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ငွေချေ ပို့ပေးမှာပါနော်။

#အချစ်ရယ်တောင်စွယ်မှာနေကွယ်မှတော့ (ပ+ဒုဇာတ်သိမ်း)
#ငြိမ်းကျော်
Shwe Hpoo Khin Reviews by SHWE HPOO KHIN
📱09400302341

Address

Yangon
11441

Website

Alerts

Be the first to know and let us send you an email when Reviews by SHWE HPOO KHIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category