Polar Bookstore

Polar Bookstore စာအုပ်မျိုးစုံ အရောင်း

18/05/2026

Cao Cao(ချောင်ချောင်)လိုလူမျိုးတွေ‌ တွေ့ဖူးတယ်။ ကိုယ်ပဲဦးအောင်ဆော်မယ် ကိုယ်ဘယ်တော့မှနာတဲ့ riskကိုမယူဘူး။ လောကကြီးမှာ အနာခံပြီး ကိုယ်ပြိုလဲနိုင်မလားမသိတဲ့ Riskကို ဘာကိစ္စယူမလဲတဲ့။ မှန်မှန်မှားမှားကိုယ်မခံရဖို့တဲ့။ မိတ်ဆွေတို့ရော လက်ခံလား???
#သုံးပြည်ထောင်

15/05/2026

ဒေါက်တာသန်းထွန်း ၏ "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်သည် မြန်မာ့သမိုင်းပညာရှင်ကြီးတစ်ဦးဖြစ်သူ ဆရာကြီး၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆန်ဆန် မှတ်တမ်းစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ခုပြန်ထွက်လာတာပါ။
ဤစာအုပ်တွင် ဆရာကြီး၏ ဘဝဖြတ်သန်းမှုများ၊ အတွေးအမြင်များနှင့် ဒဿနများကို ပွင့်ပွင့်လင်းလင်း ရေးသားထားသည်။ ဆရာကြီး၏ ထင်ရှားသော လက္ခဏာဖြစ်သည့် ပြတ်သားမှု၊ ရဲရင့်မှုနှင့် အမှန်တရားကို မြတ်နိုးသော ပညာရှင်မာနတို့ကို ဤစာအုပ်တစ်လျှောက်လုံး တွေ့မြင်နိုင်သည်။စာအုပ်၏ ထူးခြားချက်မှာ ဆရာကြီးက "ငါ" ဟူသောနာမ်စားကိုသုံးထားပြီး ဝါကျတိုတို၊ ပြတ်ပြတ်သားသား ရေးသားဟန်ဖြင့် သူ၏ဘဝအတွေ့အကြုံများ၊ သမိုင်းဆိုင်ရာ အမြင်များ၊ ပညာရေးဆိုင်ရာ သဘောထားများကို တင်ပြထားခြင်းဖြစ်သည်။ ဤစာအုပ်သည် ဆရာကြီး၏ ပုဂ္ဂိုလ်ရေးဘဝနှင့် ပညာရှင်ဘဝနှစ်ခုစလုံးကို ထဲထဲဝင်ဝင် သိရှိနိုင်ရန် အကောင်းဆုံးသော မှတ်တမ်းတစ်ခုဖြစ်ပါသည်။
တန်ဖိုး 7000

#ငါပြောချင်သမျှငါ့အကြောင်း #ဒေါက်တာသန်းထွန်း #သမိုင်း

11/05/2026

ခြေလေးချောင်းတော်လှန်ရေး -သခင်ဘသောင်း

တန်ဖိုး ၄၅၀၀ကျပ်

11/05/2026

အလင်းမြို့-သိုးဆောင်း(အသစ်စက်စက်လုံးချင်း)
တန်ဖိုး ၁၂၀၀၀ကျပ်

#အလင်းမြို့ #သိုးဆောင်း #စာအုပ် #အသစ်

09/05/2026

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးပြီး ကိုယ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ တွတ်ပီရဲ့ "ကျွန်ုပ်နှင့်ရတနာကြန်စုံဆင်ဖြူတော်" စာအုပ်
ဆရာ ဆွေမင်း (ဓနုဖြူ) ရဲ့ လက်ရာမြောက် ဖန်တီးမှုဖြစ်တဲ့ ဒီစာအုပ်ဟာ တွတ်ပီဇာတ်လမ်းတွဲတွေထဲမှာ "Masterpiece" တစ်ခုအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။

တန်ဖိုး 20000ks
#ရတနာကြန်စုံဆင်ဖြူတော် #တွတ်ပီ #မြိုင်ရာဇာတွတ်ပီ #ကာတွန်း

01/05/2026

ဒီဘက်ခေတ် ရုပ်ပြထဲမှာ နာမည်ကြီးတဲ့စာအုပ်ကိုပြပါဆိုရင်
"နိုးနိုးနဲ့ရုက္ခစိုး"စာအုပ်ပဲ။ ပုံတွေကလည်းချစ်ဖို့ကောင်းပြီး ကလေး၊လူကြီးဖတ်ရတာနှစ်သက်ကြပြီး အရောင်းရဆုံးစာအုပ်တအုပ်ထဲပါတယ်။ ရောင်းရလို့ ပစ္စည်းပြတ်သွားတာတော့အချိန်တခုရှိပြီ။ ခုပြန်လည်ထွက်ရှိလာပါပြီ။
တန်ဖိုး ၁၅၀၀၀

#နိုးနိုးနဲ့ရုက္ခစိုး #နိုဘယ်အောင် #ကာတွန်းချစ်သူများ🥰 #ရုပ်ပြ

01/05/2026

တက္ကသိုလ်ကျောင်းသားဘဝရဲ့ အချစ်၊ အလွမ်း၊ အမှတ်တရတွေကို တာရာမင်းဝေရဲ့ လက်ရာမြောက် "နတ်ပျိုမအတွက်ပန်း" ကိုပြန်လည်ဖတ်ရှူလိုသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။
နတ်ပျိုမအတွက်ပန်းစာအုပ်ပြန်လည်ထွက်ရှိလာပါပြီ။
တန်ဖိုး ၁၅၀၀၀ကျပ်

#နတ်ပျိုမအတွက်ပန်း #တာရာမင်းဝေ #စစ်တုရင် #စာပေချစ်သူ

24/04/2026

တရုတ်ပြည်ရဲ့ သမိုင်းကြမ်းကြီးကို ဖြတ်သန်းခဲ့ရတဲ့ မျိုးဆက် (၃) ဆက် အမျိုးသမီးများ

​စစ်ဘုရင်တစ်ယောက်ရဲ့ မယားငယ်အဖြစ် သိမ်းပိုက်ခံခဲ့ရပြီး နာမည်ကြီး Lotus feetနဲ့ "အဖွား"...

မော်စီတုန်းရဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ "အမေ"...

Red Guards အဖွဲ့ဝင် ဖြစ်လာခဲ့ပေမဲ့ စနစ်ကြီးရဲ့ အမှောင်ဘက်ခြမ်းကို မြင်တွေ့ပြီး လွတ်မြောက်ရာကို ရှာဖွေခဲ့တဲ့ "သမီး" (စာရေးဆရာမ Jung Chang ကိုယ်တိုင်)...

​ဆရာ ကျော်အောင် ဘာသာပြန်ဆိုထားတဲ့ "ငန်းရိုင်းများ (Wild Swans)" စာအုပ်ဟာ ရာစုနှစ်တစ်ခုစာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ အမျိုးသမီးတွေ ဘယ်လို ရုန်းကန်၊ အသက်ရှင်၊ ရှင်သန်ခဲ့ရလဲ ဆိုတာကို မျက်ရည်လည်ရလောက်အောင် ရေးဖွဲ့ထားတဲ့ "ဖြစ်ရပ်မှန်" မှတ်တမ်းကြီးတစ်ခု ဖြစ်ပါတယ်။

​ကမ္ဘာတစ်ဝန်း အုပ်ရေ သန်းချီရောင်းချခဲ့ရပြီး နိုင်ငံတကာဆုတွေ အများကြီးရထားတဲ့ ဒီ Masterpiece ကြီးကို သမိုင်းနဲ့ ဖြစ်ရပ်မှန် နှစ်သက်သူတိုင်း မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။

​🛒 Polar Bookstore မှာ အခုပဲ မေးမြန်းမှာယူနိုင်ပါပြီ။
တန်ဖိုး ၃၂၀၀၀ကျပ်

#ငန်းရိုင်းများ #ကျော်အောင်

24/04/2026

တကယ်ချစ်ပြီဆိုရင် ရပ်လို့မရတော့ဘူးဆိုတာ ဒီစာအုပ်ဖတ်ကြည့်မှ သိမယ်... After We Fell — Anna Todd ရဲ့ After series တတိယအပိုင်း 💔

Movie လည်းရှိတယ်နော် 🎬 စာအုပ်က ပိုနာတယ်ဆိုတာ ကိုယ်တိုင်ဖတ်ကြည့်ပါ 😅

English Level: Intermediate (B1–B2) ဆိုဖတ်လို့ရပြီ။ High school English ကောင်းရင် OK ပါပြီ 📚

#မြန်မာBookTok

23/04/2026

သာမန်အိမ်ထောင်ရေးဇာတ်လမ်းလို့ ထင်ခဲ့ပေမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ "နတ်ကွန်းထဲကဆီမီးလျှံ"။ ဇနီးတစ်ယောက်ရဲ့ ပဟေဠိဆန်တဲ့ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ယောက်ျားဖြစ်သူက ဘယ်လိုဖော်ထုတ်မလဲ။ စိတ်လှုပ်ရှားစရာ အချစ်၊ လျှို့ဝှက်ချက်နဲ့ Psychology အချို့ကို ဖတ်ရင်းခံစားကြည့်ရှုလို့ရပါမယ်
Price 21000ks
#နတ်ကွန်းထဲကဆီမီးလျှံ #ဝေယံဘုန်း #စာအုပ်

21/04/2026

IMDb rating ရော Rotten tomatoes မှာပါ Feedbackကောင်းရှယ်ရထားတဲ့ Project Hail Mary ဆိုတဲ့ဇာတ်ကားကို စာအုပ်ရှိလားဆိုပြီးလာမှာတာ ကိုယ်တိုင်လည်းစိတ်ဝင်စားသွားလို့ အကျဉ်းချုံးလေးလုပ်ပြီး Polarbookstore fan‌ တွေအတွက်ပြန်တင်ပေးရခြင်းဖြစ်ပါတယ်။ Interstellar လို Scifi ကြိုက်တဲ့သူ‌တွေပါကြိုက်မယ့်ဇာတ်လမ်းမလို့ စာအုပ်အနေနဲ့ဖတ်ချင်ရင်လည်း အော်ဒါတင်လို့ရပါတယ်နော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Polar Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category