15/07/2026
Title: Hippity Skippity Easter
Easter ပွဲတော်မနက်ခင်းမှာ ယုန်ကလေး (Bunny) ဟာ သူ့ရဲ့သူငယ်ချင်း တောရိုင်းတိရစ္ဆာန်လေးတွေဖြစ်တဲ့ ရှဥ့်၊ ပျား၊ ဖား၊ ပိုးကောင်လေးနဲ့ ဇီးကွက်တို့အတွက် Easter eggs လေးတွေကို လိုက်လံဝေငှဖို့ တက်ကြွစွာ ထွက်လာခဲ့တယ်တဲ့ကွယ်။
သူ့သူငယ်ချင်းများထံ အချိန်မီ ပို့ဆောင်ပေးချင်စိတ် စောနေတာကြောင့် လမ်းမှာ အလျင်စလို ပြေးလွှားရင်း လိပ်ကလေး (Turtle) ကို တိုက်မိပြီး ချော်လဲမှောက်ခုံ ဖြစ်သွားပါတော့တယ်တဲ့။ ထိုအခါ သူယူဆောင်လာတဲ့ လှပတဲ့ အီစတာဥတွေ အားလုံးဟာ ကြွေမွပျက်စီးပြီး လွင့်စင်ကုန်ပါရော။ ယုန်ကလေးခမျာ စိတ်မကောင်းဖြစ်ပြီး ငိုကြွေးနေရရှာပါတယ်တဲ့ကွယ်😭
သူ့ရဲ့ သူငယ်ချင်း တိရစ္ဆာန်လေးတွေဟာ လက်မလျှော့ဘဲ ကော်တွေ၊ တိပ်တွေ သုံးကာ ကွဲအက်သွားတဲ့ ဥခွံအပိုင်းအစတွေကို သေသေချာချာ ပြန်လည်စုစည်းပြီး ဧရာမ Easter eggကြီး တစ်လုံးအဖြစ် ဖန်တီးပေးလိုက်ကြပါတယ်တဲ့။ အဲ့ဥကြီးကို ယုန်ကလေးအတွက် Easterလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ကာ ယုန်ကလေးကို အံ့ဩဝမ်းသာစေခဲ့တယ်တဲ့ကွယ်။
ဒီ storyလေးကို ဖတ်ခြင်းဖြင့် ကလေးငယ်များကို
* ရိုင်းပင်းကူညီမှု (Friendship & Cooperation): သူငယ်ချင်းတစ်ဦး ဒုက္ခရောက်ချိန်တွင် ဝိုင်းဝန်းကူညီခြင်း။
* စိတ်ဓာတ်မကျခြင်း (Problem Solving): တစ်ခုခု ပျက်စီးသွားသော်လည်း အကောင်းဆုံးပြန်လည် ပြုပြင်ဖန်တီးနိုင်ခြင်း စသည့် အဖိုးတန်အသိအမြင်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Size-8”x 8”
Softcover
32 pages
Condition- Excellent
💰5000
ရန်ကုန်မြို့တွင်း နှင့် Wepozt ရောက်သော မြို့များအားလုံးအိမ်ရောက်ငွေချေ ပို့ပေးပါတယ်ရှင်။ ကျန်သောမြို့များ ငွေလွှဲ၀င်ပြီး နောက်ရက် Royal ဖြင့်ပို့ပေးပါတယ်။ကားဂိတ်ကနေပို့ပေးရရင်လည်း ဂိတ်ချခ မယူပါဘူးရှင်။
အားပေးတဲ့ မိတ်ဟောင်းမိတ်သစ်များကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 😍