05/02/2026
သင့် Branding က အသုံးစရိတ်လား၊ ရင်းနှီးမြှုပ်နှံမှုလား?
ကားတစ်စီးဝယ်ရင် ဝယ်ပြီးတာနဲ့ တန်ဖိုးကျသွားတတ်ပါတယ်၊ ဒါဟာ "အသုံးစရိတ်" ပါ။ အိမ်ခြံမြေဝယ်ရင်တော့ အချိန်ကြာလေ တန်ဖိုးတက်လေပါပဲ၊ ဒါဟာ "ရင်းနှီးမြှုပ်နှံမှု" ပါ။
ပရော်ဖက်ရှင်နယ် Brand ပုံရိပ်တစ်ခုဆိုတာ Digital အိမ်ခြံမြေနဲ့ တူပါတယ်။ Logo တစ်ခုတည်းကို ဝယ်တာမဟုတ်ဘဲ ခိုင်မာတဲ့ Brand စနစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ သင့်လုပ်ငန်းရဲ့ Brand Equity (အမှတ်တံဆိပ်တန်ဖိုး) ကို တည်ဆောက်တာပါ။
Brand မှာ ရင်းနှီးမြှုပ်နှံသင့်တဲ့ အကြောင်းရင်းများ -
ဈေးနှုန်းကို စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း: ရိုးရိုးတီရှပ်တစ်ထည်က ၅,၀၀၀ ကျပ်ဆိုရင် နာမည်ကြီး Brand Logo ပါတဲ့ တီရှပ်က ၅၀,၀၀၀ ကျပ် ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ Brand ရဲ့ စွမ်းအားပါ။ Branding ကောင်းရင် ဈေးနှုန်းကို မြှင့်ရောင်းနိုင်ပါတယ်။
ကြော်ငြာခ သက်သာခြင်း: လူတွေက သင့် Brand ကို ယုံကြည်သွားတဲ့အခါ ကြော်ငြာခ အများကြီးသုံးစရာမလိုဘဲ ဖောက်သည်တွေက သင့်ဆီ အလိုလို ရောက်လာမှာပါ။
ရေရှည်ခိုင်မာမှု: ခေတ်ပေါ်ဒီဇိုင်းတွေက ခဏပဲခံပေမဲ့ ဗျူဟာကျကျ ဆွဲထားတဲ့ Brand တွေကတော့ ဆယ်စုနှစ်နဲ့ချီပြီး ခိုင်မာနေမှာပါ။ ၆ လတစ်ခါ ပြန်ပြင်နေစရာမလိုဘဲ ရေရှည်အသုံးတည့်မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးပါ။