08/06/2026
𝐈𝐧𝐬𝐭𝐨𝐜𝐤 💞
Skin 1004 Centella Tone Brightening Capsule Ampule.
အဆီဖု/ဝက်ခြံတွေလည်း Calming ဖြစ်မယ် Skin brightening လည်းဖြစ်မယ်ဆို ဘယ်လိုသဘောရလဲ?
ကျနော် ပထမဆုံး စိတ်ဝင်စားခဲ့တာက Skin 1004 ရဲ့ Centella ampule အဝါရောင်လေးပါ။ ဝယ်ဖို့လုပ်တဲ့အချိန်မှာ Tone brightening line ကဝင်ချလာတော့ ဘာမှကိုမစဉ်းစားဘူး ဒါမှဒါပဲ😂။ ကိုယ်တိုင်ကလည်း Brightening ကြိုက်လို့ပါ။ အဆီဖုလေးတွေ နှဖူးမှာ စဖြစ်လာလို့ Centella ကိုလည်းသုံးချင်တယ်။ အဲ့လို Dual action လိုချင်နေတဲ့အချိန်မှာ ဒီ ampule နဲ့က လုံးဝကွက်တိပဲ။
သူက Centella extract ကို 77% ထိထည့်ပြီး Glycerin / Niacinamide နဲ့တွဲပေးထားတာ ရိုးရိုးလေးပဲ။ Skin ပြဿနာဆိုးဆိုးဝါးဝါးမရှိဘူး ရှုပ်ရှုပ်ယှက်ယှက်တွေလည်းမသုံးချင်ဘူးဆို ဒါမျိုးလေးကအဆင်ပြေတယ်။ သတိထားမိတာတစ်ခုက Lactobacillus ferment ပါထည့်ပြီး Skin soothing ကို တော်တော်လေး focus လုပ်ပေးထားတာမို့ ဒါသုံးပြီးမတည့်တဲ့ risk က တော်တော်နည်းမှာပါ။ ( Centella / Nia နဲ့မှမတည့်ရင်တော့ မီရာနဲ )
Texture က ampule ဆိုပေမဲ့ အရမ်းမပျစ်ဘူး။ Medium weight serum လိုပုံစံမျိုးပဲ။ သူ့ထဲမှာ အဖြူရောင် capsule အစေ့လေးတွေပါတယ်။ လိမ်းလိုက်ရင် ကြေပြီး ပျော်ဝင်သွားတာ။ Oily & Combination တွေအတွက်တော်တော်အဆင်ပြေမဲ့ texture ပါ။ နွေရာသီနဲ့ ကွက်တိ။ လိမ်းပြီးရင် လုံးဝ Fresh & Comfort ပဲ။ Dry skin တွေအတွက်တော့ Hydration ထပ်လိုအုံးမယ်။ Fragrance free ပါ။ Sensitive တွေအဆင်ပြေနိုင်ပါတယ်။
Result ကဘယ်လိုလည်းဆိုတော့ Skin 1004 ရဲ့ ဝသီအတိုင်း တမြေ့မြေ့နဲ့တက်လာတာမျိုး။ Action မမြန်ဘူး။ 2 weeks လောက်ကြာတော့မှ စပြီးသိသာလာတာ။ အရမ်းမဆိုးတဲ့ အဆီဖုလေးတွေ ချပ်ကုန်တယ်။ ဒါသုံးပြီး သတိထားမိတာတစ်ခုက Period ကာလမှာတောင် ဝက်ခြံမထွက်လာဘူး။ Barrier လည်းအထိုက်အသင့် ကောင်းလာတယ်ပေါ့။ တစ်လလောက်သုံးပြီးရင် သိသိသာသာကို Skin tone တစ်ဆင့်တက်သွားတယ်။ သူ့ကို AHA နဲ့တွဲသုံးကြည့်တော့လည်း Skin purging မဖြစ်ဘူး။ တော်တော်လေးကို ကျေနပ်မိတဲ့ Ampule တစ်ခုပါ။
Breakouts တွေဖြစ်ထားပြီး အသားလည်းညစ်နေတယ်။ Tired skin ဖြစ်နေတယ်ဆို ဒါလေးနဲ့တော်တော်အဆင်ပြေပါလိမ့်မယ်။ Acne prone skin တွေအနေနဲ့လည်း Calming step အနေနဲ့သုံးရင်ရတယ်။ Skin brightening ကြိုက်တဲ့သူတွေအတွက်တော့ တစ်ငြိမ့်ငြိမ့်လေးတက်သွားတာမျိုးပါ။ Snail လောက် မမြန်ဘူး။ ဒါပေမဲ့ ကြိုက်တယ်။ Snail နဲ့တည့်ရင် snail essence or serum တစ်မျိုးမျိုးနဲ့တွဲသုံး။ လုံးဝကို ထိမိဂွိပဲ။
ကျနော်က ခုကာလမှာ Skincare budget ဘယ်လိုချိန်နေလဲဆိုတော့ ဈေးနဲ့တန်အောင် Amount ရော Quality ရောရှိရမယ်။ ခုက 100 ml ကို 29500 ks ဆိုတော့ များတယ်ထင်ရပေမဲ့ ပမာဏနဲ့ယှဉ်ရင် တော်တော်အသုံးခံတာမို့ တန်တယ်ပြောရပါမယ်။ ဝယ်တုန်းကတော့ မန္တလေး De Dee skincare collections ကဝယ်တာပါ။ Skin 1004 Myanmar Official မှာလည်းဝယ်လို့ပါတယ်။
ဘာမှမရေးတာကြာပြီဆိုပေမဲ့ review လေးကတော့ ဒီလောက်ပါပဲရှင်။ ကျန်းမာရေးဂရုစိုက်ကြပါနော်။