Pyinsagam book house

Pyinsagam book house Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyinsagam book house, Book shop, အမှတ် ၁၀၃၀(ခ), သမာဓိလမ်း၊နန္ဒဝန်ဈေးဘေး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။, Yangon.

မှာယူနိုင်ပါသည်။ #ရှင်သန်နေဆဲသမိုင်းဝိဉာဉ်အထောက်အထားသစ်များကျော်မျိုးဝင်း(ရှေး/သု)တန်ဖိုး....၇၀၀၀/-ကျပ်🔺ဤစာတမ်းသည် ပျူခေ...
23/04/2026

မှာယူနိုင်ပါသည်။

#ရှင်သန်နေဆဲသမိုင်းဝိဉာဉ်အထောက်အထားသစ်များ
ကျော်မျိုးဝင်း(ရှေး/သု)
တန်ဖိုး....၇၀၀၀/-ကျပ်

🔺ဤစာတမ်းသည် ပျူခေတ်မြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာတို့၏ မြို့ပြတည်ဆောက်ပုံ၊ လူနေမှုစနစ်နှင့် ကိုးကွယ်ယုံကြည်မှုများကို သုတေသနပြု ဖော်ပြထားခြင်း ဖြစ်သည်
⛔ မြို့ပြတည်ဆောက်ပုံနှင့် မဟာဗျူဟာ
-နေရာရွေးချယ်မှု ပျူလူမျိုးများသည် မြို့တည်ရာတွင် ဧရာဝတီမြစ်ကို ကျောထောက်နောက်ခံထားပြီး မြစ်လက်တက်များ၊ ချောင်းများနှင့် လွင်ပြင်များကို အခြေခံသည့် အလွန်စနစ်ကျသော မဟာဗျူဟာကို အသုံးပြုခဲ့ကြသည်။
-မြို့ရိုးနှင့် နန်းတော်
သရေခေတ္တရာသည် ပျူမြို့များအနက် အကြီးဆုံးဖြစ်ပြီး မြို့ရိုးပတ်လည် ၈ မိုင်ခွဲခန့် ကျယ်ဝန်းသည်။ နန်းတော်ရာမှာ ၄၄ ဧကခန့်ရှိပြီး မြို့ရိုးသုံးထပ်ဖြင့် အဆင့်မြင့်စွာ တည်ဆောက်ထားသည်။
-ဗိသုကာလက်ရာ
ဘာသာရေးအဆောက်အအုံနှင့် နန်းတော်များကိုသာ အုတ်ဖြင့် တည်ဆောက်ပြီး လူနေအိမ်များကိုမူ သစ်၊ ဝါးတို့ဖြင့်သာ ဆောက်လုပ်ခဲ့ကြသည်။
⛔ လူမှုစီးပွားနှင့် နည်းပညာ
-ရေစီမံခန့်ခွဲမှု
စိုက်ပျိုးရေးနှင့် မြို့ပြလုံခြုံရေးအတွက် ရေသွယ်ယူခြင်း၊ ရေလှောင်ခြင်းနှင့် ရေနုတ်မြောင်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုခဲ့ကြသည်။
-လက်မှုပညာ
သံရည်ကျိုခြင်း၊ သံထည်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပုတီးစေ့၊ ကျောက်မျက်ရတနာ ပြုလုပ်ခြင်းတို့တွင် အဆင့်မြင့်မားသော နည်းပညာများ ရှိခဲ့သည်။
-ကူးသန်းရောင်းဝယ်မှု
ဧရာဝတီမြစ်ကြောင်းကို အခြေခံ၍ ပြည်ပနိုင်ငံများနှင့်လည်း ဆက်သွယ်မှုရှိခဲ့ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိရသည်။
⛔ ကိုးကွယ်ယုံကြည်မှုနှင့် သင်္ဂြိုဟ်မှုဓလေ့
-ဘာသာရေး
ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး သရေခေတ္တရာရှိ ဘောဘောကြီး၊ ဘုရားမာ၊ ဘုရားကြီး စေတီတော်များမှာ ယနေ့တိုင် အထင်အရှား ရှိနေသည်။
-သင်္ဂြိုဟ်မှုစနစ်
လူသေဆုံးပါက မီးသင်္ဂြိုဟ်ပြီး အရိုးများကို အိုးအတွင်းထည့်ကာ သတ်မှတ်ထားသော အရိုးအိုးကုန်းများတွင် မြှုပ်နှံသည့်စနစ်ကို ကျင့်သုံးခဲ့သည်။
-သုတေသနတွေ့ရှိချက်
ဟန်လင်းမြို့ဟောင်း တူးဖော်မှုများအရ အေဒီ ၅ ရာစုမှ ၇ ရာစုအတွင်း အဆောက်အအုံများနှင့် အရိုးအိုးများကို တွေ့ရှိရပြီး ပျူယဉ်ကျေးမှု၏ အစောပိုင်းကာလ အထောက်အထားများကို ဖော်ထုတ်နိုင်ခဲ့သည်။
🔺ပျူလူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက အရှေ့တောင်အာရှတွင် အဆင့်မြင့်မားသော မြို့ပြယဉ်ကျေးမှုကို တည်ထောင်နိုင်ခဲ့သူများ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် (UNESCO World Heritage Site) အဖြစ် သတ်မှတ်ခံရခြင်းမှာ ၎င်းတို့၏ ထူးခြားပြောင်မြောက်သော ယဉ်ကျေးမှု အဆင့်အတန်းကြောင့်ပင် ဖြစ်ပါသည်။
ရေးသားသူ - ကျော်မျိုးဝင်း (ရှေး/သု)

ဆိုင်လိပ်စာ
အမှတ် (၁၀၃၀)၊ သမာဓိလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (နန္ဒဝန်စျေးအနီး)

ဆက်သွယ်ရန်ဖုန်း...
09 780 318 146 (Viber)
09 972 825 817
ဆိုင်တွင်လည်း လူကိုယ်တိုင် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
#ပဉ္စဂံစာအုပ်တိုက် #ရှင်သန်နေဆဲသမိုင်းဝိဉာဉ်အထောက်အထားသစ်များ #ရှေးသု

မှာယူနိုင်ပါသည်။ #တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်                         အတွဲ(၁)တန်ဖိုး....၇၀၀၀၀/-ကျပ်(ကာလာစုံ ဓါတ...
23/04/2026

မှာယူနိုင်ပါသည်။

#တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်
အတွဲ(၁)

တန်ဖိုး....၇၀၀၀၀/-ကျပ်

(ကာလာစုံ ဓါတ်ပုံများစွာဖော်ပြပါရှိပါသည်)

⛔ယခင်က မြန်မာ့သမိုင်းကို ဘုရင်များ၏ နန်းစဉ်ရာဇဝင်များနှင့် ဗုဒ္ဓဘာသာကျမ်းစာများကို အခြေခံ၍သာ ရေးသားခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဘုရင်ဗဟိုပြုသမိုင်းမှ ပြည်သူဗဟိုပြုသမိုင်းသို့ ပြောင်းလဲဖော်ထုတ်ရန် ကြိုးပမ်းလာခဲ့ပြီး ခေတ်ပြိုင်ကျောက်စာများ၊ အထောက်အထားများကို ပိုမိုအလေးထားလာခဲ့သည်။
⛔"အကြိုသမိုင်း" (Prehistory) ဆိုသည်မှာ စာအရေးအသား မပေါ်ထွန်းမီ ခေတ်ကို ဆိုလိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၈ ရာစုနောက်ပိုင်းမှသာ ပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် ဤဝေါဟာရ စတင်ထွန်းကားလာခဲ့သည်။ လူသားတို့၏ ဆင့်ကဲဖြစ်စဉ်နှင့် ယဉ်ကျေးမှုအစကို သိရှိနိုင်ရန်အတွက် ဤခေတ်ကို လေ့လာရန် အလွန်လိုအပ်ပါသည်။
⛔ ယခင်က အကြိုသမိုင်းနှင့် ပတ်သက်၍ အထောက်အထား နည်းပါးခြင်း၊ ကျောက်စာများကို ဖတ်ရှုရန် ခက်ခဲခြင်းနှင့် သုတေသနပြုမှု အားနည်းခြင်းတို့ကြောင့် မြန်မာ့သမိုင်းသည် ခေတ်သစ်တိုင်အောင် ဟာကွက်များ ရှိခဲ့သည်။
⛔ ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ စုပေါင်းကာ မြေအောက်တူးဖော်မှုများ၊ ခေတ်မီနည်းပညာများဖြင့် ဖော်ထုတ်ခဲ့သဖြင့် အကြိုသမိုင်းဆိုင်ရာ အချက်အလက်သစ်များကို ပိုမိုပြည့်စုံစွာ တွေ့ရှိလာရသည်။
⛔ဤစာအုပ်သည် ယခင်က မသိရှိခဲ့ရသော၊ မဖတ်ရှုခဲ့ရသော မြန်မာ့အကြိုသမိုင်းကြောင်းကို ခေတ်ပြိုင်မှတ်တမ်းများ၊ ခိုင်လုံသော အထောက်အထားများဖြင့် ပြည့်စုံစွာ ဖော်ပြပေးထားခြင်း ဖြစ်သည်။ နောင်တွင်လည်း အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်စပ်၍ မြန်မာ့အကြိုသမိုင်းကို ပိုမိုကျယ်ပြန့်စွာ လေ့လာဖော်ထုတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
(အမှာစာအကျဉ်းချုပ်)
- ဒေါက်တာတိုးလှ
(ဒုတိယဥက္ကဋ္ဌ - ၂၊ မြန်မာသမိုင်းအဖွဲ့) - ၂၅. ၁၁. ၂၀၂၅

ဆိုင်လိပ်စာ
အမှတ် (၁၀၃၀)၊ သမာဓိလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (နန္ဒဝန်စျေးအနီး)

ဆက်သွယ်ရန်ဖုန်း...
09 780 318 146 (Viber)
09 972 825 817
ဆိုင်တွင်လည်း လူကိုယ်တိုင် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
#ပဉ္စဂံစာအုပ်တိုက် #တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ် အတွဲ(၁)
#ရှေးသု

23/04/2026

🔴ဆရာဗန်းမော်သိန်းဖေ၏
" မျှဝေလိုသော အတွေးများ"
အတွဲ ၁ ကနေ အတွဲ ၈ ထိ ထွက်ပါပြီ။
တစ်အုပ် တန်ဘိုး-၇၀၀၀ /-ကျပ်စီ

၂၀၀၁ ခုနှစ်ဗုဒ္ဓစာပေ ပထမဆုရဗဟုသုတလင်းရောင်ခြည်  #မဟာသုတဒီပနီကျမ်း (ပထမတွဲ + ဒုတိယတွဲ) #ဘဒ္ဒန္တကုဏ္ဍလလောကီ၊ လောကုတ္တရာ ဗဟ...
23/04/2026

၂၀၀၁ ခုနှစ်ဗုဒ္ဓစာပေ ပထမဆုရ
ဗဟုသုတလင်းရောင်ခြည်
#မဟာသုတဒီပနီကျမ်း (ပထမတွဲ + ဒုတိယတွဲ)
#ဘဒ္ဒန္တကုဏ္ဍလ
လောကီ၊ လောကုတ္တရာ ဗဟုသုတအဖြာဖြာကို တစ်နေရာတည်းမှာ စုံစုံလင်လင် ဖတ်ရှုလိုသူများအတွက် "မဟာသုတဒီပနီကျမ်း" အတွဲများကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဤကျမ်းကြီးသည် သိမှတ်ဖွယ်ရာ အဖြာဖြာကို အလင်းပြပေးမည့် ဗဟုသုတ ရတနာသိုက်ကြီးပင် ဖြစ်ပါတယ်။

စာအုပ် ဈေးနှုန်းများ
ပထမတွဲ (စာမျက်နှာ ၆၈၂ )
ဈေးနှုန်း - ၄၀၀၀၀ /-ကျပ်

ဒုတိယတွဲ (စာမျက်နှာ ၄၂၀ )
ဈေးနှုန်း - ၃၀၀၀၀/- ကျပ်

ဆိုင်လိပ်စာ
အမှတ် (၁၀၃၀)၊ သမာဓိလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (နန္ဒဝန်စျေးအနီး)

ဆက်သွယ်ရန်ဖုန်း...
09 780 318 146 (Viber)
09 972 825 817
ဆိုင်တွင်လည်း လူကိုယ်တိုင် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
#ပဉ္စဂံစာအုပ်တိုက် #ဗုဒ္ဓဘာသာစာပေ #မဟာသုတဒီပနီကျမ်း #စာအုပ်တိုက်

🙏🙏🙏ကျောက်မဲဆရာတော်ကြီးရဲ့ ဓမ္မအတွေးအမြင်သစ်များကို ဖတ်ရှုချင်သူများအတွက်... 📖✨​ဘဝရဲ့ အမောတွေကို ဓမ္မနဲ့ဖြေဖျောက်ဖို့ ကျေ...
23/04/2026

🙏🙏🙏ကျောက်မဲဆရာတော်ကြီးရဲ့ ဓမ္မအတွေးအမြင်သစ်များကို ဖတ်ရှုချင်သူများအတွက်... 📖✨
​ဘဝရဲ့ အမောတွေကို ဓမ္မနဲ့ဖြေဖျောက်ဖို့ ကျောက်မဲဆရာတော်ကြီးရဲ့ လက်ရာမွန် စာအုပ်ကောင်းနှစ်အုပ်ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
​၁။ "ဇွန် စံပယ်နဲ့ ဇလပ် ဇီဇဝါ" (သုတ၊ ရသစာစုများ)
သဘာဝအလှတရားနဲ့ ဓမ္မရသကို ပေါင်းစပ်ပြီး ဘဝအမြင်သစ်တွေပေးမယ့် စာစုများဖြစ်ပါတယ်။
💰 ဈေးနှုန်း - ၃၀,၀၀၀ /-ကျပ်
📄 စာမျက်နှာ - ၇၉၁
​၂။ "မွှေးပျံ့ကြိုင်သင်း ဓမ္မပန်းခင်း"
ဆရာတော်ကြီးရဲ့ တရားဓမ္မတွေကို ပန်းရနံ့တွေလို စိတ်နှလုံးကို အေးချမ်းစေမယ့် စာအုပ်ကောင်းပါ။
💰 ဈေးနှုန်း - ၂၀,၀၀၀/- ကျပ်
📄 စာမျက်နှာ - ၃၉၆
​စိတ်အေးချမ်းမှုနဲ့ အသိပညာဗဟုသုတတွေ ရရှိစေဖို့ အခုပဲ မှာယူဖတ်ရှုနိုင်ပါပြီ။

#ပဉ္စဂံစာအုပ်တိုက်
(ဆိုင်တွင် လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
ဖုန်း.......09 780 318 146(viber)
09 972 825 817

22/04/2026
မှာယူရရှိနိုင်ပါသည်။( ှတဆင့် မှာယူမည်ဆိုပါက အမှာလက်ခံပို့ဆောင်ပေးပါသည်။)💧 #ဗုဒ္ဓစာပန်းချီ (ငွေဉဒေါင်း)ပထမ+ဒုတိယ+တတိယ+စတု...
21/04/2026

မှာယူရရှိနိုင်ပါသည်။

( ှတဆင့် မှာယူမည်ဆိုပါက အမှာလက်ခံပို့ဆောင်ပေးပါသည်။)

💧 #ဗုဒ္ဓစာပန်းချီ (ငွေဉဒေါင်း)
ပထမ+ဒုတိယ+တတိယ+စတုတ္ထ+ပဉ္စမ
(အတွဲစုံရပါပြီ)
တစ်အုပ်....၃၀၀၀၀/-ကျပ်စီ

🔵ဗုဒ္ဓစာပန်းချီ ဟူ၍ဆိုသည့်အတိုင်း....
"ဗုဒ္ဓ""စာ""ပန်းချီ"တည်းဟူသော
ဝေါဟာရသုံးရပ်ကို တွဲစပ်ထားသောအမည်ဖြစ်သည်။
မြတ်စွာဘုရားရှင်၊ ရတနာသုံးပါးနှင့်
စပ်သော အကြောင်းအရပ် အတွေးအသိမျိုးစုံကို ပန်းချီပန်းရုပ်သကဲ့သို့စွမ်းနိုင်သမျှ စာပန်းချီခြယ်မှုန်းပြီးရေးသားထားသောစာဟု ဆိုလိုပါ၏။
🔵🔵"ဗုဒ္ဓပန်းချီ"ဆိုသကဲ့သို့ "ဓမ္မပန်းချီ" " သံဃပန်းချီ" ဟုလည်းဆိုနိုင်ပါသည်။
🔵🔵🔵ဝတ္ထုပါအကြောင်းအရပ်များသည် ဘုရားရှင်၏တရားတော် ဘုရားရှင်နှင့်တပည့်သံဃာတော်များ စသောအကြောင်းအရပ်မျိုးစုံကို ကျမ်းဂန်တို့မှ ဖြစ်ရပ်မှန်များအားမူတည်ပြီး စာရေးသူ၏စိတ်ကူးပန်းချီကားချပ်များပမာ ကြည်ညိုဖွယ်ရာရေးသားထားပါသည်။
🔵🔵🔵🔵ဘာသာရေးဆိုင်ရာအတွေးအမြင်များ၊ဘုရားရှင်၏ဒေသနာဆိုင်ရာမူရင်းကျမ်းဂန်များကို ချဉ်းကပ်နိုင်စေရန်အတွက်ရည်ရွယ်ချက်ထားပြီး ရေးသားထားပါသည်။

#ပဉ္စဂံစာအုပ်တိုက်
(ဆိုင်တွင် လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
ဖုန်း.......09 780 318 146(viber)
09 972 825 817

မှာယူနိုင်ပါသည်။📍ဓမ္မကထိကများနှင့် ဟောပြောပို့ချသူများအတွက် အဖိုးတန် "ဟောရေးပြောရေးဆိုင်ရာလက်စွဲကျမ်း"တရားဓမ္မများ ဟောပြ...
21/04/2026

မှာယူနိုင်ပါသည်။

📍ဓမ္မကထိကများနှင့် ဟောပြောပို့ချသူများအတွက် အဖိုးတန် "ဟောရေးပြောရေးဆိုင်ရာလက်စွဲကျမ်း"
တရားဓမ္မများ ဟောပြောရာတွင်ဖြစ်စေ၊ စာပေပို့ချရာတွင်ဖြစ်စေ ပါဠိတော်၊ အဋ္ဌကထာ နှင့် ဋီကာလာ ဂါထာများကို အလွယ်တကူ ရှာဖွေကိုးကားနိုင်မည့် "သဒ္ဓမ္မကာရီ ဂါထာညွှန့်ပေါင်းကျမ်းကြီး" ရရှိပါသည်။
ဤကျမ်းကြီးသည် ဘုရားဟောဂါထာတော်များကို နက်နက်နဲနဲ လေ့လာလိုသူများအတွက် ရတနာသိုက်သဖွယ် စုစည်းပေးထားခြင်း ဖြစ်ပါသည်။

စျေးနှုန်း - ၂၅,၀၀၀ ကျပ်
စာမျက်နှာ...၆၂၈(အခန့်ချုပ်)

ဆိုင်လိပ်စာ
အမှတ် (၁၀၃၀)၊ သမာဓိလမ်း၊ (၄) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (နန္ဒဝန်စျေးအနီး)

ဆက်သွယ်ရန်ဖုန်း...
09 780 318 146 (Viber)
09 972 825 817

ရန်ကုန်မြို့ရှိ ပဉ္စဂံစာအုပ်တိုက်တွင်လည်း
လူကိုယ်တိုင် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
#ပဉ္စဂံစာအုပ်တိုက် #ဗုဒ္ဓဘာသာစာပေ #ဂါထာညွှန့်ပေါင်းကျမ်း #စာအုပ်တိုက်

-မှာယူနိုင်ပါသည်။-ဗဟုသုတအဖြာဖြာနဲ့ သမိုင်းကြောင်းဆိုင်ရာ စာကောင်းပေမွန်များ ဖတ်ရှုလိုသူများအတွက်... 📚✨​ပဟေဠိဆန်တဲ့ ရှေးဟ...
20/04/2026

-မှာယူနိုင်ပါသည်။

-ဗဟုသုတအဖြာဖြာနဲ့ သမိုင်းကြောင်းဆိုင်ရာ စာကောင်းပေမွန်များ ဖတ်ရှုလိုသူများအတွက်... 📚✨

​ပဟေဠိဆန်တဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေ၊ မြန်မာ့သမိုင်းဝင် နေရာဒေသတွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း တင်ဆက်ပေးလိုက်ပါတယ်။ စာမျက်နှာတိုင်းမှာ ဗဟုသုတအသစ်တွေ စောင့်ကြိုနေမှာမို့ အခုပဲ ရွေးချယ်မှာယူလိုက်ရအောင်လားခင်ဗျာ။

​📍 ရရှိနိုင်မည့် စာအုပ်များ -

၁။ ကိုလိုနီ​ခေတ် မြို့အုပ်ကြီးတစ်ဉီး မှတ်တမ်း
(အနောက်တံခါးမှူးမောင်မှူး)
💰ပတွဲ.....(၂၅၀၀၀/-ကျပ်)စာ-၄၅၀
💰ဒုတွဲ.....(၁၂၀၀၀/-ကျပ်)စာ-၂၃၀

​၂။ သရေခေတ္တရာ (သို့မဟုတ်) ပျူနိုင်ငံနိဒါန်း
- 💰(၁၅,၀၀၀/- ကျပ်)စာ-၄၂၅(အခန့်ချုပ်)

၃ ။ ​အာရှယဉ်ကျေးမှု (ကေဝိုင်)
-💰 (၁၀,၀၀၀ /-ကျပ်)

၄။ ​အရှေ့တောင်အာရှ ယဉ်ကျေးမှု
(တင်စိန်-ပထဝီဝင်)
💰 ( ၁၀,၀၀၀ /-ကျပ်)

၅။ ​တိုင်းရင်းမြန်မာ လူကျော်များ
(မောင်ဇေယျာ)
💰 (၈,၀၀၀/- ကျပ်)

၆။ ​ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ (မောင်ဇေယျာ)
💰 - (၁၀,၀၀၀ /-ကျပ်)

၇။ ​စာပြုစာဆို ရဟန်းတော်များ
(မောင်ဇေယျာ)
💰 -( ၁၅,၀၀၀ /-ကျပ်)

၈။ စာပွဲသဘင်
(ရွှေပြည်ဉီးဘတင်၏ဟောပြောချက်များ)
ဝင်းတင့်(စာကြည့်တိုက်မှူး)
💰 (၇၀၀၀/-ကျပ်)

၉။​ရန်နောင်စိုး (ထားဝယ်) ၏
-မန္တလေးကိုဘဗဟိုပြု၍
-မန္တလေးဝန်းကျင်မှဘသမိုင်းဝင်နေရာများ
- တစ်အုပ်လျှင် 💰 (၈,၀၀၀ /-ကျပ်)

၁၀။မြန်မာတို့၏ပတ္တမြားမြေ(၁၈၈၅-၁၉၃၉)
မောင်မောင်လေး
💰(၁၀၀၀၀/-ကျပ်)

#ပဉ္စဂံစာအုပ်တိုက်(ရန်ကုန်မြို့)
(ဆိုင်တွင် လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
ဖုန်း.......09 780 318 146(viber)
09 972 825 817

🔴တတိယအကြိမ် ပြန်လည်ထုတ်ဝေလိုက်ပြီ။ Richard Branson ရဲ့ "Losing My Virginity"ကိုဆရာဗန်းမော်သိန်းဖေ ဘာသာပြန်ထားတာပါ။လွန်ခဲ...
20/04/2026

🔴တတိယအကြိမ် ပြန်လည်ထုတ်ဝေလိုက်ပြီ။ Richard Branson ရဲ့ "Losing My Virginity"ကို
ဆရာဗန်းမော်သိန်းဖေ ဘာသာပြန်ထားတာပါ။
လွန်ခဲ့သော ၂၀၁၇ ခုနှစ်က ပထမအကြိမ်
ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
တန်ဘိုး-၁၀၀၀၀, စာမျက်နှာ-၃၉၀

🔴သုညကနေ ဘီလျံနာတစ်ယောက်ဖြစ်အောင်
ဘယ်လိုကြိုးစားခဲ့လဲ။ယခုအချိန်ထိအောင်မြင်
မှုကို ထိန်းထားနိုင်ပါတယ်။ ကိုဗစ်ကာလမှာတော့
သူ့ကုမ္ပဏီလဲ စီးပွားရေးကျဆင်းခဲ့တယ်။
၂၀၂၆ ခုနှစ် ခန့်မှန်းခြေအရ သူ့ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၃ ဘီလျံကနေ ၄ ဘီလျံ ဝန်းကျင်မှာ ရှိနေပါတယ်။ (သူ့ရဲ့ ပိုင်ဆိုင်မှု အများစုဟာ Virgin Group အောက်က ကုမ္ပဏီခွဲပေါင်း ၄၀၀ ကျော်ရဲ့ ရှယ်ယာတွေ ဖြစ်ပါတယ်)။
သူဟာ ဗြိတိသျှ ဗာဂျင်အိုင်းလန်း (BVI) မှာရှိတဲ့
ကိုယ်ပိုင်ကျွန်း Necker Island မှာပဲ အခြေစိုက်ပြီး နေထိုင်ပါတယ်။
အခုနောက်ပိုင်းမှာ စီးပွားရေးသက်သက်ထက် ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေးနဲ့ သန့်ရှင်းတဲ့ စွမ်းအင် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီး ဇောက်ချလုပ်ကိုင်နေတာ တွေ့ရပါတယ်။
ရစ်ချတ်ဘရင်ဆန်ရဲ့လုပ်ကိုင်ပုံက အရင်အတိုင်းပါပဲ။ ကုမ္ပဏီတစ်ခုချင်းစီမှာ ကျွမ်းကျင်တဲ့ CEO တွေကို ခန့်ထားပြီး သူကတော့ Brand Ambassador အဖြစ်နဲ့ အမြဲတမ်း စွန့်စားခန်းအသစ်တွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

🔴Richard Branson ဟာ သူငယ်စဉ်က Dyslexia ကြောင့် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကစပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး Virgin အမှတ်တံဆိပ်ကို ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတာကို ဒီစာအုပ်မှာ ရေးသားထားပါတယ်။ "Just Do It" စိတ်ဓာတ်နဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာကို တွေ့ရမှာပါ။

🔴"သင်ယူမှု အခက်အခဲရှိတဲ့ ကလေးငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်"
Dyslexia ရှိတဲ့သူတွေဟာ စာဖတ်တဲ့နေရာမှာ အားနည်းပေမဲ့ တခြားနေရာတွေမှာ "Superpowers" လို့ ခေါ်ရမယ့် စွမ်းရည်တွေ ရှိတတ်ကြပါတယ်။
အရာဝတ္ထုတွေကို 3D ပုံစံ မြင်ယောင်နိုင်စွမ်း ရှိကြပါတယ်။
ပုံသေကားချပ်ထဲက မတွေးဘဲ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ထုတ်နိုင်ကြပါတယ်။ (ရစ်ချက်ဘရင်ဆန်ဟာ ဒီအချက်ကြောင့် အောင်မြင်တာပါ)။
ပြဿနာတစ်ခုကို ရှုထောင့်ပေါင်းစုံကနေ မြင်နိုင်ပြီး ဖြေရှင်းနိုင်စွမ်း မြင့်မားကြပါတယ်။

🔴ဒီစာအုပ်ကနေ ဘာတွေသင်ယူနိုင်လဲ -
♨️စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ရမလဲ။
♨️အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်
ကျော်ဖြတ်မလဲ။
♨️ပျော်ပျော်ရွှင်ရွှင်နဲ့ စီးပွားရေးလုပ်နည်း။

🏫🏫🏫
🔴ပဉ္စဂံစာအုပ်တိုက်
(ဆိုင်တွင်လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါသည်)
(၁)
🔴ကျောက်တံတား(၃၅လမ်းဆိုင်)
၁၆၇(မြေညီ)၊၃၅-လမ်း(လယ်)
ကျောက်တံတား၊ရန်ကုန်။
၀၁-၈၃၇၇၀၆၁
09 430 48793
(၂)
🔴တောင်ဥက္ကလာဆိုင်
(တိုက်ထုတ် စာအုပ်များသာမကတခြားစာအုပ်များလည်း ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀,ခ)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
၀၉ ၇၈၀ ၃၁၈ ၁၄၆(Viber)
၀၉ ၉၇၂ ၈၂၅ ၈၁၇
(ရုံးချိန်အတွင်းသာခေါ်ဆိုနိုင်ပါမည်)
(၃)
🔴ပြည်ဆိုင်
အမှတ် ၁၂/ဗိုလ်ချုပ်လမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့။
09 457 622 520

-မှာယူနိုင်ပါသည်။-ဗဟုသုတအဖြာဖြာနဲ့ သမိုင်းကြောင်းဆိုင်ရာ စာကောင်းပေမွန်များ ဖတ်ရှုလိုသူများအတွက်... 📚✨​ပဟေဠိဆန်တဲ့ ရှေးဟ...
20/04/2026

-မှာယူနိုင်ပါသည်။

-ဗဟုသုတအဖြာဖြာနဲ့ သမိုင်းကြောင်းဆိုင်ရာ စာကောင်းပေမွန်များ ဖတ်ရှုလိုသူများအတွက်... 📚✨

​ပဟေဠိဆန်တဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေ၊ မြန်မာ့သမိုင်းဝင် နေရာဒေသတွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း တင်ဆက်ပေးလိုက်ပါတယ်။ စာမျက်နှာတိုင်းမှာ ဗဟုသုတအသစ်တွေ စောင့်ကြိုနေမှာမို့ အခုပဲ ရွေးချယ်မှာယူလိုက်ရအောင်လားခင်ဗျာ။

​📍 ရရှိနိုင်မည့် စာအုပ်များ -

​၁။ သရေခေတ္တရာ (သို့မဟုတ်) ပျူနိုင်ငံနိဒါန်း
- 💰(၁၅,၀၀၀/- ကျပ်)

၂။ ​အာရှယဉ်ကျေးမှု (ကေဝိုင်)
-💰 (၁၀,၀၀၀ /-ကျပ်)

၃။ ​အရှေ့တောင်အာရှ ယဉ်ကျေးမှု
(တင်စိန်-ပထဝီဝင်)
💰 ( ၁၀,၀၀၀ /-ကျပ်)

၄။ ​တိုင်းရင်းမြန်မာ လူကျော်များ
(မောင်ဇေယျာ)
💰 (၈,၀၀၀/- ကျပ်)

၅။ ​ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာစာအုပ်များ (မောင်ဇေယျာ)
💰 - (၁၀,၀၀၀ /-ကျပ်)

၆။ ​စာပြုစာဆို ရဟန်းတော်များ
(မောင်ဇေယျာ)
💰 -( ၁၅,၀၀၀ /-ကျပ်)

၇။ စာပွဲသဘင်
(ရွှေပြည်ဉီးဘတင်၏ဟောပြောချက်များ)
ဝင်းတင့်(စာကြည့်တိုက်မှူး)
💰 (၇၀၀၀/-ကျပ်)

၈။​ရန်နောင်စိုး (ထားဝယ်) ၏
-မန္တလေးကိုဘဗဟိုပြု၍
-မန္တလေးဝန်းကျင်မှဘသမိုင်းဝင်နေရာများ
- တစ်အုပ်လျှင် 💰 (၈,၀၀၀ /-ကျပ်)

၉။မြန်မာတို့၏ပတ္တမြားမြေ(၁၈၈၅-၁၉၃၉)
မောင်မောင်လေး
💰(၁၀၀၀၀/-ကျပ်)

#ပဉ္စဂံစာအုပ်တိုက်(ရန်ကုန်မြို့)
(ဆိုင်တွင် လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
ဖုန်း.......09 780 318 146(viber)
09 972 825 817

-မှာယူရရှိနိုင်ပါသည်။-စိန်ခေါ်မှုတွေကို ကျော်ဖြတ်လိုသူတွေအတွက် ဖတ်သင့်သောစာအုပ်တစ်အုပ်။ 📍"စာ​ရေးစာဖတ်ရတာ အခက်ခဲဆုံးရောဂါ...
20/04/2026

-မှာယူရရှိနိုင်ပါသည်။

-စိန်ခေါ်မှုတွေကို ကျော်ဖြတ်လိုသူတွေအတွက် ဖတ်သင့်သောစာအုပ်တစ်အုပ်။

📍"စာ​ရေးစာဖတ်ရတာ အခက်ခဲဆုံးရောဂါ (Dyslexia) ရှိခဲ့ပေမဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တဲ့သူ..." 🚀
​ကျောင်းစာမှာ အဆင်မပြေလို့ အသက် (၁၇) နှစ်နဲ့ ကျောင်းထွက်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ ကုမ္ပဏီပေါင်း (၄၀၀) ကျော်ပါဝင်တဲ့ Virgin Group အင်ပါယာကြီးကို ဘယ်လိုတည်ဆောက်ခဲ့တာလဲ?။
📍 ​သူ့ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျနဲ့ ပွင့်လင်းလင်းလင်း ရေးသားထားတဲ့ ဆာရစ်ချတ် ဘရန်ဆန် (Sir Richard Branson) ရဲ့ "Losing My Virginity" ဘဝမှတ်တမ်းကို မြန်မာဘာသာနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
📍 ​ဆင်းရဲတဲ့မိဘက မွေးဖွားလာပြီး ဘယ်သူ့အကူအညီမှမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့ပုံတွေက လူငယ်တွေအတွက် တကယ့်ကို ခွန်အားဖြစ်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။

​📖 စာအုပ်အမည် - စွန့်စွန့်စားစားစီးပွားရေးသမား
ဆာရစ်ချတ် ဘရန်ဆန်
-ဗန်းမော်သိန်းဖေ

💰 စျေးနှုန်း - ၁၀,၀၀၀/- ကျပ်
📄 စာမျက်နှာ - ၃၉၀

#ပဉ္စဂံစာအုပ်တိုက်(ရန်ကုန်မြို့)
(ဆိုင်တွင် လာရောက် ရွေးချယ်ဝယ်ယူနိုင်ပါသည်)
အမှတ်(၁၀၃၀)၊သမာဓိလမ်း၊
(၄)ရပ်ကွက်၊တောင်ဉက္ကလာ။
(နန္ဒဝန်စျေးအနီး)
ဖုန်း.......09 780 318 146(viber)
09 972 825 817

Address

အမှတ် ၁၀၃၀(ခ), သမာဓိလမ်း၊နန္ဒဝန်ဈေးဘေး၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
Yangon

Website

Alerts

Be the first to know and let us send you an email when Pyinsagam book house posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category