Movie Gabar

Movie Gabar ဟာသလေးများကြည့်မယ်

ကျွန်တော် ဒီနေ့ ဘုရားသွားဖြစ်သည်။စိတ် အတော်ကြည်နူးရသည်။ ရဟန်းတစ်ပါး ဖိနပ်ပျောက်လို့ အလှူလာခံသည်။ သဒ္ဓါတရားထက်သန်စွာဖြင့်...
02/03/2026

ကျွန်တော် ဒီနေ့ ဘုရားသွားဖြစ်သည်။
စိတ် အတော်ကြည်နူးရသည်။ ရဟန်းတစ်ပါး ဖိနပ်ပျောက်လို့ အလှူလာခံသည်။ သဒ္ဓါတရားထက်သန်စွာဖြင့် ကျွန်တော့် ကတ္တီပါဖိနပ်လေး လှူလိုက်သည်။
အသစ်စက်စက်လေးပါ။
ရဟန်းက လက်မခံပေ။
ဝတ္ထုငွေကိုသာ လှူစေချင်သည်။

ကျွန်တော့် သဒ်ဓါတရားက ပြတ်သားသည်။ ဖိနပ်ကိုသာ အတင်းလှူသည်။ ဆရာတော်က ငြင်းသည်။
နောက်ဆုံး ဖိနပ်ကို ဆရာတော်ရှေ့ချပြီး
ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။
ဆရာတော်နဲ့ ဖိနပ်သာ ကျန်နေခဲ့သည်။
လူတော်တော်များများ ဝိုင်းကြည့်နေကြသည်ကိုတော့
သတိထားမိသည်။

ဘုရားက အပြန်
မှတ်တိုင်တစ်ခုမှာ အမေအို တစ်ယောက်ကိုတွေ့သည်။ ယောပုဆိုးလေးဝတ်ပြီး လည်ကတုံးလေးနဲ့ အလွန်သပ်ရပ်နေတဲ့ ကျွန်တော့နားကိုလာပြီး
ယုဇနဥယျာဉ်မြို့တော်ကိုပြန်ဖို့ လမ်းစရိတ် အလှူလာခံသည်။ စေတနာထက်သန်နေတဲ့ ကျွန်တော့် အတွက် ဒါဟာ တကယ့်ကို ကျေနပ်စရာပင်။

ဖြတ်သွားနေသည့် Taxi တစ်စီးကို
ချက်ချင်းငှားလိုက်ပြီး အမေအိုကို Taxi ပေါ်တင်ပေးရင်း ယုဇနကို အရောက်ပို့ခိုင်းသည်။ Taxi သမားတောင်းသည့်စျေးကို မဆစ်ပေ။ အမေအိုက ကားခပဲပေးစေချင်သည်။

ကျွန်တော်က အမေအိုကို စိတ်မချပေ။
Taxi ပေါ်ဆွဲတင်တော့ အတင်း ခြေကန်ရုန်းသည်။ Taxi တော့ မစီးပါရစေနဲ့လို့ ပါးစပ်က တွင်တွင်အော်သည်။

ကျွန်တော်က စေတနာ ထက်သန်စွာ
ကားပေါ်အတင်း တင်သည်။ အမေအို ရုန်းရင်းကန်ရင်း Taxi ပေါ်ပါလာသည်။
ကျွန်တော် အမေအိုကို စိတ်မချတာနဲ့ Taxi သမားကို သေချာမှာသည်။
လမ်းမှာ ဘယ်လောက်ဆင်းပါမယ်ပြောပြော မချပေးဖို့ မီးပွိုင့်မိနေရင် ဆင်းမပြေးရအောင် Auto Lock တွေ ချထားပေးဖို့ ယုဇနကို မပြန်တော့ပါဘူး ကားခ ပြန်ပေးပါဆို ပြန်မပေးဖို့ အသေအချာမှာရင်း Taxi သမားကို ကားခ ရှင်းပေးလိုက်သည်။

ကားနောက်ခန်းမှာ မျက်ရည်တွေဝေ့ပြီး ကြည့်နေသည့် အမေအိုကို ခပ်ပြုံးပြုံးလေးကြည့်ရင်း အတွေးထဲမှာ အမေအိုတော့ ဝမ်းသာလွန်းလို့ မျက်ရည်တွေပါ လည်လာတယ်လို့ သတ်မှတ်လိုက်ပြီး
ထွက်သွားသည့် Taxi ပေါ်က ခပ်တွေတွေကြည့်နေသည့် အမေအိုရဲ့ မျက်နှာလေးကို ကြည့်ရင်း ပီတိတွေ အလိုလို ဖြစ်လာရသည်။

ဖိနပ်မပါ ခြေဗလာနဲ့ YBS စီးလာတုန်း ကားပေါ်မှာ နယ်ပြန်ဖို့ အလှူလာခံသည့် သားမိနှစ်ယောက်ကို တွေ့ရပြန်သည်။ ဘယ်ကို ပြန်မှာလဲ မေးတော့
မကွေးဘက်ကိုပြန်မှာပါတဲ့။
စေတနာရှိသလောက် ကူညီပါဆိုတော့
ကျွန်တော့်အတွက် အချိုပေါ်သကာဆင့်သလိုပဲဗျ။

ဒါနဲ့ မကွေးကို တကယ်ပြန်ကြမှာလား
နှစ်ယောက်စရိတ်ရယ် စားဖို့ရယ်ဆိုတော့ အတော်ကုန်မယ်။ ဒါပေမယ့် မပူနဲ့ အမတို့ သားအမိ အဆင်ပြေစေရမယ်ဆိုပြီး သူတို့ လက်ထဲရှိတဲ့ငွေကို တောင်းလိုက်သည်။

နီးစပ်ရာ မှတ်တိုင်မှာဆင်းပြီး Taxi ငှားပြီး အောင်မင်္ဂလာ အဝေးပြေးကို ခေါ်လာခဲ့သည်။ သားမိနှစ်ယောက်လုံးကို
ရုတ်တရတ်ပျော်ရွှင်စေချင်လို့ ကျွန်တော် ဘယ်ခေါ်သွားမယ်ဆိုတာ မပြောပြဖြစ်ပေ။

Taxi က အောင်မင်္ဂလာ ကားကွင်းထဲအရောက် ကားဂိတ်ကို ဖုန်းဆက်ပြီး
လက်မှတ်နှစ်စောင်မှာလိုက်တော့
ကလေးအမေ တုန်လှုပ်နေသည်။
အ့လိုတွေမလိုပါဘူး ကားခပဲပေးပါ
အားနာလို့ပါတွေဆိုပြီး ပြောလာတော့
ကျွန်တော့် ကုသိုလ်အတွက် ပြုံးမိပြန်သည်။

ပီတိတွေ အလိုလို ဖြစ်လာသည်။
တိုက်တိုက်ဆိုင်ဆိုင် မကွေးရန်ကုန်ကားသည် ကျွန်တော့ ငယ်ပေါင်း ဆိုးဖော်ဆိုးဖက်ကောင်ရဲ့ ကားဖြစ်နေတာ သူတို့ အတွက် ပိုကောင်းနေပြန်သည်။

လက်မှတ်ဖြတ်ပြီး သားအမိနှစ်ယောက်ကို ကားပေါ်အတင်း တင်ရပြန်သည်။
ကျွန်တော့်လို စေတနာရှင်နဲ့တွေ့ရတာ
ဇဝေဇဝါဖြစ်နေပုံပေါ်သည်။ ကျွန်တော်က အားမနာဖို့ အကြိမ်ကြိမ်မှာရင်း
ကလေးနဲ့ ကလေးအမေကို ကားပေါ်တင်ပေးလိုက်သည်။

ကားသမား သူငယ်ချင်းကိုလဲ သေချာမှာရသည်။ သူတို့တွေ ငါ့ကို အားနာပြီး ကားပေါ်က ဆင်းမယ်ဆိုပေးမဆင်းဖို့ အတန်တန်မှာရသည်။ ညစာ အတွက် ကားသမားကို ပေးထားကြောင်း
သူတို့သားအမိကို အော်ပြောခဲ့သေးသည်။

အဝေးပြေးကားကြီး ထွက်တဲ့အခါ
ကလေးအမေက ငိုနေသည်။တစ်ချို့ပျော်ရွှင်ခြင်းက မျက်ရည်တွေဆိုတာ နားလည်လိုက်ပါပြီ။ အဝေးပြေးကားကြီးကတော့ တရွေ့ရွေ့နဲ့
ပျောက်ကွယ်သွားပြန်သည်။

အိမ်အပြန် မနက်က ဘုန်းကြီးကို လှူခဲ့တဲ့ ဖိနပ်ရယ် အမေအိုကို ယုဇနပို့ချိန် အမေအို့ မျက်ဝန်းက မျက်ရည်တွေရယ် သားမိနှစ်ယောက်ကို အဝေးပြေးကားပေါ်တင်ပေးခဲ့ရတာတွေက ကျွန်တော့်ဘဝအတွက် တစ်ကယ့် ကုသိုလ်တွေပါပဲ။

Fb က သူငယ်ချင်းတွေ သာဓုခေါ်စေရန် အလို့ငှာ မျှဝေလိုက်ရပါသည် ။ ။ ။

~Oo_Nyo

01/03/2026

မဖော်ပဲ ပေါ်တဲ့ မိုင်ကိုတို့ အလွဲလေးများ

ဘာလဲ.......ဘာလဲတစ်ဖန် ပြန်ပြောစမ်း.........ပဲလှေ့တွေ ပဲလှော်တွေမသိဘူးအကုန်ကြော်စားလိုက်မယ်
01/03/2026

ဘာလဲ.......ဘာလဲ
တစ်ဖန် ပြန်ပြောစမ်း.........
ပဲလှေ့တွေ ပဲလှော်တွေမသိဘူး
အကုန်ကြော်စားလိုက်မယ်

01/03/2026

နေမျိုးအောင်ကား.......
ဂျင်ဆော့ထားတဲ့ ကြွက်တဲ့....
ဇာတ်ကားအပြည့်အစုံ မန့်မှာကြည့်ရန်

01/03/2026

မိုင်ကို ဟာသ
crd ကိုမိုင်ကို

28/02/2026

အောင်ဇမ္ဗူကိစ္စ
ကိုဖိုးချစ်ရှင်းပြီ အပြည့်အစုံ

01/01/2026

နိုင်ငံခြားပြန်.......
ဖိုးဖိုးထွန်းဟာသ ကြည့်ချင်ပါတယ်ဆိုလို့

30/12/2025

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖိုးဖိုးထွန်းဟာသ
crd

21/12/2025

ငါတို့ဘော်ဒါတွေလိုပဲ........
အဲ့လိုဘော်ဒါတွေရှိရင် mention

27/11/2025

ဖော်စရာမလိုတဲ့
သူခိုးညီနောင်😂😂
ရီနေရတယိ

18/11/2025

ပွဲဟေ့ ပွဲ
ကမ္ဘာစစ်စပြီထင်တယ်😁

16/11/2025

ထိုင်းသရဲကား ကြောက်ရမှာလား
ရီရမှာလား မသဲကွဲတော့ဘူး..........
မန့်မှာလင့်

#ဟိုးစတော့မလုပ်ပါနဲ့ #ဟာသ #ထိုင်းသရဲ #ဝါးလုံးကား #ထိုင်းဟာသ #မလုပ်ပါနဲ့ #ထိုင်းကား #ဟာသအရမ်းကောင်းတယ်

Address

Yangon
10011

Website

Alerts

Be the first to know and let us send you an email when Movie Gabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category