Thae's Toys Collections

  • Home
  • Thae's Toys Collections

Thae's Toys Collections ဈေးသက်သာတဲ့အရုပ်လေး‌တွေလေးကို COD ဖြင့်ဝယ်ယူနိုင်ပါပြီရှင့် �

"ဘာမှ မရှိတော့တဲ့ အခြေအနေမှာ ဘာတွေ ကျန်သေးလဲ"◾ဘာမှ မရှိတော့ဘူးလို့ ခံစားရတဲ့အခိုက်အတန့်တွေ လူတိုင်းဘဝမှာ ကြုံရပါတယ်။ အား...
07/04/2025

"ဘာမှ မရှိတော့တဲ့ အခြေအနေမှာ ဘာတွေ ကျန်သေးလဲ"

◾ဘာမှ မရှိတော့ဘူးလို့ ခံစားရတဲ့အခိုက်အတန့်တွေ လူတိုင်းဘဝမှာ ကြုံရပါတယ်။ အားလုံး ဆုံးရှုံးသွားပြီလို့ ထင်ရတဲ့အခါ၊ ကိုယ့်အနားမှာ ဘာမှမကျန်တော့ဘူးလို့ ခံစားရတဲ့အခါ၊ ဘယ်လိုဆက်ရှင်သန်ရမလဲ မသိတော့တဲ့အခါမျိုးပေါ့။

ငလျင်ဒဏ်ကြောင့် ရပ်ကွက်ထဲက အိမ်တွေ တစ်အိမ်ပြီးတစ်အိမ် ပြိုပျက်သွားတဲ့အခါ၊ ချစ်သူတစ်ယောက် ထားခဲ့ပြီး ထွက်သွားတဲ့အခါ၊ အားကိုးရတဲ့သူ ကွယ်လွန်သွားတဲ့အခါ၊ ဘဝရဲ့ အဓိကရည်မှန်းချက်ကြီး ပျက်စီးသွားတဲ့အခါ၊ အိမ်မက်တစ်ခုလုံး ပြိုကျသွားတဲ့အခါ၊ ဆယ်စုနှစ်ကြာ ထူထောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း ရုတ်တရက် ပျက်စီးသွားတဲ့အခါမျိုးတွေပေါ့။

📌ဒါပေမယ့် လူဆိုတာ အံ့သြဖွယ်ရာ သတ္တဝါတစ်မျိုးပါ။ အခက်အခဲတွေကြားမှာ ဆက်လက်ရှင်သန်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ လုံးဝအရှုံးပေးရမယ့်အခြေအနေမှာတောင် ကိုယ့်မှာ ကျန်ရစ်ခဲ့သေးတဲ့အရာလေးတွေ ရှိနေပါသေးတယ်။

ကိုယ့်မှာ ကျန်တဲ့အရာတွေက ဘာတွေလဲ ..?

💞ကိုယ့်ကိုယ်ကိုယ် - ဘဝတစ်ခုလုံး လုံးဝအမှောင်ထဲ ရောက်သွားပြီလို့ ထင်စေကာမူ အရာခပ်သိမ်း ပျောက်ဆုံးသွားပြီလို့ ခံစားရပေမယ့် အရာရာ ပြိုကျသွားပြီလို့ ယုံကြည်ရပေမယ့် တစ်ခုကျန်နေပါသေးတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ်ပါ။ ကိုယ့်ရဲ့ စိတ်ဓာတ်၊ ကိုယ့်ရဲ့ရေရှည်ခံနိုင်ရည်စွမ်းအား၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်တို့ ကျန်ရှိနေသေးပါတယ်။

ကိုယ်အသက်ရှူနေသရွေ့ ဆက်ရှင်သန်နိုင်သေးသလို ဆက်ကြိုးစားနိုင်ပါသေးတယ်။ အသက်ရှူသံကို ခဏနားထောင်ကြည့်ပါ။ ကိုယ့်ရဲ့ နှလုံးခုန်သံကို ခဏနားစွင့်ကြည့်ပါ။

💞ကိုယ်ပိုင်စွမ်းရည်များ - ကံကြမ္မာဆိုးရဲ့ ဖျက်ဆီးမှုအောက်မှာ တစ်ချို့အရာတွေဟာ မပျက်စီးနိုင်တာလည်းရှိပါတယ်။ ကိုယ်ရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လိုက်လျောညီထွေနေထိုင်နိုင်စွမ်း၊ ရဲစွမ်းသတ္တိနဲ့ ဇွဲလုံ့လတို့ ကျန်ရှိနေပါသေးတယ်။ ဘဝအတွေ့အကြုံတွေကနေ သင်ယူခဲ့တဲ့ အရာတွေဟာ ကိုယ့်ဆီမှာ မပျောက်ဆုံးသွားနိုင်ပါဘူး။ ကိုယ်တွေ့ရှိခဲ့တဲ့ အမှန်တရားတွေ၊ သင်ခန်းစာတွေက ခက်ခဲချိန်မှာ လမ်းပြပေးနိုင်ပါတယ်။

💞ကိုယ်ရဲ့ယုံကြည်ချက် - ဘာသာရေးယုံကြည်ချက်ပဲဖြစ်ဖြစ်၊ ဒဿနိကယုံကြည်ချက်ပဲဖြစ်ဖြစ် ကိုယ့်မှာ အဓိကထားတဲ့ အမြင်သဘောထားတွေဟာ ကျန်ရှိနေပါသေးတယ်။ ဘဝမှာ အဓိပ္ပါယ်ရှာဖွေဖို့ ကူညီပေးတဲ့ အခြေခံယုံကြည်ချက်တွေပါ။

💞ရှိသေးတဲ့ဆက်ဆံရေးများ - အခက်အခဲအတွေအကြုံတွေမှာ ကိုယ့်ဘေးနားမှာ ရှိနေသေးတဲ့သူတွေကို သတိပြုမိပါ။ မိသားစု၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းတွေက အမြဲတမ်း ဖယ်ရှားသွားတာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က မျက်စိဖွင့်ဖို့သာ လိုပါတယ်။

💞ရွေးချယ်ပိုင်ခွင့် - ကံကြမ္မာရဲ့ တိုက်ခိုက်မှုအောက်မှာတောင် ကိုယ့်မှာ အမြဲကျန်ရှိနေတဲ့အရာက ရွေးချယ်ခွင့်ပါ။ ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဆက်လက်ရှင်သန်မလဲဆိုတဲ့ ရွေးချယ်မှုက အမြဲတမ်းကိုယ့်လက်ထဲမှာပါ။ အသက်ရှင်နေခြင်းရဲ့အနှစ်သာရက "စဉ်ဆက်မပြတ် ကြိုးစားခြင်း" ပါပဲ။

ဘာမှမရှိတော့တဲ့ အခြေအနေမှာ စွဲမြဲထားရမှာက ကိုယ့်ရဲ့ရှေ့ဆက်လိုတဲ့စိတ်နဲ့ ဘဝအသစ်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ အသက်ရှင်နေသရွေ့ဘာမဆိုဖြစ်ခွင့်ရှိပါတယ်။

#ဉာဏ

April 6, 2025
Crd

စကားနည်းနည်းပဲ ပြောလေလေမင်းရဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ။ဘယ်ကိစ္စကိုမှ အရမ်းမတွေးပါနဲ၊ဘယ်သူမှ သင့်အကြောင်းကို သင့်လော...
05/04/2025

စကားနည်းနည်းပဲ ပြောလေလေ
မင်းရဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ။

ဘယ်ကိစ္စကိုမှ အရမ်းမတွေးပါနဲ၊
ဘယ်သူမှ သင့်အကြောင်းကို
သင့်လောက် မတွေးပါဘူး။

ပြဿနာတွေကို အာရုံစိုက်ရင်
ပြဿနာတွေပဲ ဖြစ်လာမယ်
ဖြစ်နိူင်ချေတွေကို အာရုံစိုက်ရင်
အခွင့်အလမ်းတွေ ပိုများလာမယ်။

သင်အခု ဘယ်လောက်ပဲ နာကြင်ရပါစေ
တနေ့ကျရင် နောက်ပြန်လှည့်ကြည့်တဲ့ အခါ
ဒီအခက်ခဲတွေက သင့်ဘဝကို ပိုကောင်းအောင် ပြောင်းလဲ စေခဲ့တယ်ဆိုတာ
နားလည်လာလိမ့်မယ်။

သင့်ဘဝမှာ လူတွေနဲ့ အကြောင်းအရင်းရှိလို့
တွေ့ရတာ။

မင်းဘဝကို ပြောင်းလဲဖို့ သူတို့ကို လိုအပ်တာလား?
ဒါမှမဟုတ် မင်းက သူတို့ဘဝကို ပြောင်းလဲပေးမှာလား?

အသစ်အသစ်တွေ သင်ယူဖို့ မကြောက်ပါနဲ့။

မင်းသိထားတဲ့ အကန့်အသတ်တွေထဲမှာပဲ နေမယ်ဆိုရင် ဘဝက ပျင်းစရာ ကောင်းလာလိမ့်မယ်။

အခိုက်အတန့်တွေက ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို အဲ့ဒီအရာတွေက အမှတ်တရ ဖြစ်လာတဲ့အထိ မင်းသိမှာ မဟုတ်ပါဘူး။

သင့်မှာ ရှိပြီးသားအရာတွေ
ကျေးဇူးတင်ရမယ့် အရာတွေကို
စာအုပ်ထဲ ချရေးထားရင်
သင့်မှာ မရှိတဲ့ အရာတွေက
အမြင်ထဲကနေ ပျောက်ကွယ် သွားလိမ့်မယ်။

သင့်ရဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်ရင်
သင့်အနာဂါတ်ကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။

ဘဝက မှန်တချပ်လိုပဲ
သင် ဘယ်အရာတွေ တွေးနေလဲ
တွေးတဲ့အတိုင်း ဖြစ်လာတယ်။

သင် မနက်မိုးလင်းတိုင်း ရင်ဆိုင်ရမယ့်
တဦးတည်သောသူက သင်ကိုယ်တိုင်ပဲ။
ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲ အနိုင်ယူပါ။

"ဒိုးနပ်နဲ့ ထိုးမုန့်'' အမြဲ ရန်ဖြစ်နေကျ ပွဲမှာထိုးမုန့်တို့ အလံဖြူ ပြပြီးထွက်သွားပါပြီ ဆိုတဲ့ပိုစ့်အောက်က ကဗျာလေး။ရင်ထဲ...
05/04/2025

"ဒိုးနပ်နဲ့ ထိုးမုန့်'' အမြဲ ရန်ဖြစ်နေကျ ပွဲမှာ
ထိုးမုန့်တို့ အလံဖြူ ပြပြီး
ထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။

ရင်ထဲ ထိလွန်းလို့ Copy ယူခဲ့တယ်။

မူရင်းရေးသားသူအား လေးစားစွာ
credit ပေးပါတယ်။

#ရွှေမန္တလေးရေ

တဖန်ပြန် နိုးထလှည့်ပါအုံး

တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့က ရွှေထည့်ခေါ်လို့ရတာ

တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့ မခေါ်ဘူးလေ

ရတနာပုံမြို့ရေ
တဖန်ပြန် ရုန်းကြွလိုက်ပါအုံး

တို့ရန်ကုန်ဆိုတာ ရန်တွေ ကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေ ပုံ မနေပါဘူး

ထိုးမုန့်တို့ရေ
တဖန်ပြန် ရန်တွေ့လှည့်ပါအုံး

တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့ မုန့်မဟုတ်ဘူး
မင်းတို့ ထိုးမုန့်ကမှ မြန်မာ့ ရိုးရာ စစ်စစ်ကြီးပါ

မုန့်ဟင်းခါးကို စားတယ် ပြောပြော
သောက်တယ်ပဲဆိုဆို

မုန့်တီမှာလို့ နန်းကြီးပဲ လာချချ
ငါိိတို့ အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ

မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့ မဝသေးဘူးလေ

မင်းတို့ငိုသလို တို့လဲ ငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို

ငါတို့ကလဲ ရင်ခွင်တွေ ပြိုကျရတာပါပဲ

သွားသူတို့လမ်း
ထိုင်လွမ်းနေရုံ ပြီးပါ့မလား

ထားခဲ့ပြီ ဆိုပေမဲ့
ခွဲသွားကြသူတွေ ကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား

နိုင်သလောက်ကူ
ပိုင်သလောက်ကူ နေကြတာက

ဆိုင်လို့ ဆိုတာထက် ပြိုင်လို့မှ မဝသေးတာ
ခု မောနေတယ်ဆို
မင်းတို့ခဏတော့ ထိုင်နေလိုက်

ငါတို့က ပုဝါနဲ့ သုတ်မပေးပဲ
ချွေးနဲ့ မျက်ရည် တိတ်စေမယ် နော်

အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင် သင်္ကေတတောင်

နန်းပြဿဒ်နဲ့
ရတနာပုံ ရွှေမန္တလေးရေ

ရှေ့တစ်ပြ ပေါင်းများစွာ မှာ
အားမန်ဟုန် လေကိုခွင်းလို့

ပတ္တမြားမှန် နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့ သမိုင်းကြောင်း

တို့ ဒိုးနတ်တွေ သိအောင်
ခြေကန်ကာ အားကုန် ရုန်းလို့

မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း 💪

Nyein Nyein Thet
copy from Chaw Kay Khaing

ငလျင်လှုပ်တဲ့အခါ … အိမ်အပြင်ဘက်ကို ထွက်ပြေးရမလား❓အိမ်အတွင်းမှာပဲ အကာအကွယ်ယူပြီး ပုန်းရမလား❓ (Reading Time: 4-7 mins)အခုအ...
03/04/2025

ငလျင်လှုပ်တဲ့အခါ …
အိမ်အပြင်ဘက်ကို ထွက်ပြေးရမလား❓
အိမ်အတွင်းမှာပဲ အကာအကွယ်ယူပြီး ပုန်းရမလား❓ (Reading Time: 4-7 mins)

အခုအခြေအနေမှာ လူတိုင်း စိတ်ဝင်စားဆုံးမေးခွန်းဖြစ်သလို ရိုးရှင်းပေမယ့် ကိုယ်ရှိနေတဲ့နေရာ၊ငလျင်ရဲ့ပြင်းအား၊ ကိုယ့်အဆောက်အအုံအခြေအနေပေါ်မူတည်ပြီး တိကျမှန်ကန်တဲ့အဖြေမရှိသေးတဲ့အတွက် ကျနော်ကိုယ်တိုင်လည်း တတ်နိုင်တဲ့ဘက်က ရှာဖွေပြီး လေ့လာတွေ့ရှိချက်တချို့ကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။

အရင်ဆုံး ငလျင်ဖြစ်တဲ့အခါ ဘယ်နည်းလမ်းက အသက်ရှင်နိုင်မှုများမလဲဆိုတာ ယခင်သုသေတနမှတ်တမ်းတွေကတဆင့် လေ့လာကြည့်ရအောင်ဗျ။

ငလျင်စလှုပ်တဲ့အခါ -

(1) ထစ်ကျ ဖုံးကွယ် ကိုင်ထား (Drop, Cover, and Hold On)
(2) အသက်ကယ်တြိဂံပုံစံထဲ ခိုဝင်ခြင်းနည်းလမ်း (Triangle of Life) ၊
(3) Low riskဇုန် ရှာဖွေ နေထိုင်ခြင်း ၊
(4) လျင်မြန်စွာ သတိဖြင့် ပြေးထွက်ခြင်း(Evacuation)တို့ကို အသုံးပြုနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံတကာရဲ့ ထောက်ခံမှုအများဆုံးနည်းလမ်းကနေ အမှတ်စဉ်စစီပြီး တခုခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုချက် Definition ၊ အားသာချက် အားနည်းချက် (Pros and Cons)တို့ကို အသေးစိတ် ရှင်းပြထားပါတယ်။

………

1️⃣ ထစ်ကျ, ဖုံးကွယ်, ကိုင်ထား (Drop, Cover, and Hold On)

⭕️ငလျင်ဖြစ်သည့်အခါ နိမ့်ကျသောနေရာ (မြေပြင်နဲ့အနီးဆုံး)သို့ ခန္ဓာကိုယ်ကို ထစ်ကျခြင်း (Drop) ၊ မာကျောသည့် ပစ္စည်းအောက်ကို ငုံ့ဝင်နေခြင်း သို့ ခေါင်းနဲ့လည်ပင်းကို ပစ္စည်းတခုခုဖြင့် ဖုံးကွယ်ခြင်း (Cover) ၊ မတည်ငြိမ်မှုကြောင့် ခိုင်မာသော တစ်နေရာရာကို သေချာကိုင်တွယ်ခြင်း (Hold On) ဖြစ်သည်။ United States Geological Survey (USGS) နှင့် American Red Cross တို့က အဆိုပါ နည်းလမ်း Drop, Cover, and Hold On” ကို လေ့ကျင့်ထားရန် အကြံပြုကြပြီး “Triangle of Life” နည်းလမ်းသည် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများတွင် မသင့်တော်ကြောင်း ဖော်ပြထားသည်။ [1, 2] ထို့အပြင် အမေရိကန် Beaverton, Oregon’s Community Emergency Response Team (CERT) အဖွဲ့သည် “Triangle of Life” နည်းလမ်းကို အားမပေးသင့်သော သီအိုရီတခုအဖြစ် သတ်မှတ်ထားပါသည်။ [3]

လက်ရှိအချိန်ထိ ‘ထစ်ကျ ဖုံးကွယ် ကိုင်ထား (Drop, Cover, and Hold On)’နည်းလမ်းသည် နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ အသက်ရှင်သန်မှုနှုန်း အမြင့်ဆုံးနှင့် နိုင်ငံတကာငလျင်ပညာပေးများတွင် အသုံးပြုလျက်ရှိတာကိုတွေ့ရပါတယ်။

✅ အကျိုးရှိနိုင်သောအခြေအနေများ (Pros)

- ကောင်းမွန်သော RC /Steel Structure သုံးထားသော အဆောက်အဦးများ။

-မြင့်မားသော အဆောက်အဦးများသို့မဟုတ် ထွက်ဖို့မလွယ်သောနေရာများတွင် နေထိုင်သူများ။

-ဖုံးကွယ်ရန် အသုံးပြုနိုင်သော စားပွဲ/ခုံများရှိနေသော အခန်းများ။

❌ အန္တရာယ်ရှိနိုင်သောအခြေအနေများ (Cons)

-မာကျောခိုင်ခံ့သော ပစ္စည်းမရှိလျှင် အကာအကွယ်မဖြစ်နိုင်ခြင်း။
-Aftershocks များ အချိန်တိုအတွင်းထပ်လှုပ်၍ အဆောက်အဦး ပြိုလဲနိုင်မှုရှိလျှင် အန္တရာယ်များနိုင်ခြင်း။

❗️အဆိုပါနည်းလမ်းကို ဘယ်နေရာတွင် အသုံးချသင့်လဲ?

-ဆောက်လုပ်မှု အရည်အသွေးကောင်းသော RC /Steel Structure များ။
-အထပ်မြင့်တိုက်များ။
-အလွယ်တကူ မထွက်နိုင်သောနေရာများ။

ဂျပန်နိုင်ငံက ငလျင်ပညာပေး DCH Video Link :
📌https://www.facebook.com/share/v/1VZtg73fnT/?mibextid=wwXIfr

How to protect yourself during earthquake disaster | American Red Cross
📌https://youtu.be/BLEPakj1YTY?si=p-CZaHCbpDsXcpKx

……….

2️⃣ အသက်ကယ်တြိဂံပုံစံထဲ ခိုဝင်ခြင်းနည်းလမ်း (Triangle of Life)

⭕️ ခိုင်ခံ့သော အကြီးစားပစ္စည်းများ၏ဘေးငလျင်ဖြစ်သည့်အခါ အဆောက်အဦး ပြိုလဲမှုကြောင့် ကိုယ်ပေါ် လဲကျမှု မဖြစ်ဘဲ အသက်ရှင်နိုင်မည့် နေရာတွင် ခိုလှုံခြင်းကိုဆိုလိုသည်။ ၂၀၂၃ ခုနှစ်တွင် ပြုလုပ်သော Turkey သုတေသနစာတမ်းတစ်ခုအရ ဒီ“Triangle of Life” နည်းလမ်းသည် အချို့သော အခြေအနေများတွင် အသက်ရှင်နိုင်မှုကို မြှင့်တင်နိုင်ကြောင်း ဖော်ပြထားသည်။ [4]

✅ အကျိုးရှိနိုင်သောအခြေအနေများ (Pros)

-ခေတ်မီသော ဆောက်လုပ်မှုများတွင် သင့်လျော်ခြင်း _ ခိုင်ခံသော RC Frame များကြောင့် အပြည့်အဝ ပြိုကျမှု မဖြစ်နိုင်
- ခိုင်မာသော မာကျောသည့် ပစ္စည်းများ၏ ဘေးတွင် (ဥပမာ- စားပွဲ ၊ မီးခံသေတ္တာ၊ မွေ့ရာအထူ ၊ ဆိုဗာစသည်)

❌ အန္တရာယ်ရှိနိုင်သောအခြေအနေများ (Cons)

-ခိုင်မာခြင်းမရှိသော ပစ္စည်းများဖြင့် ခိုလှုံလျှင် အန္တရာယ်ဖြစ်နိုင်ခြင်း။

❗️အဆိုပါနည်းလမ်းကို ဘယ်နေရာတွင် အသုံးချသင့်လဲ?

-ဆောက်လုပ်မှု အရည်အသွေးကောင်းသော နေရာများတွင် (e.g. Modern R.C/Steel Structuresများ)

-ပြင်းထန်စွာငလျင်လှုပ်ခတ်မှုကြောင့် မိမိပေါ် ပြိုကျမှုများပြီး အချိန်တိုအတွင်း ထွက်ပြေးရန် လွတ်မြောက်ဖို့ အလားအလာ မရှိသောနေရာများတွင်။

တရုတ်နိုင်ငံ မူလတန်းကျောင်းတခုတွင် “Life of Triangle”အကြောင်း ပညာပေး Videoတခုမှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

📌https://www.facebook.com/share/v/1AStf5fvDb/?mibextid=wwXIfr

……….

3️⃣ Low-Risk Zones (အန္တရာယ်နည်းသော နေရာများ)

⭕️ငလျင်ဖြစ်သည့်အခါ ထိခိုက်မှု အနည်းဆုံး နေရာများ ၊ အထူးသဖြင့် RC Column နှင့် Beam များဆုံရာနဲ့အနီးဆုံးရှိသောနေရာများကိုဆိုလိုသည်။ ဒီနည်းလမ်းက ကိုယ့်အိမ်ရဲ့ ကြိုတင်Zoneသိထားနိုင်ပြီးတော့ ရုတ်တရက် စိုးရိမ်လန့်ခြောက်ခြင်း (panic) ဖြစ်ပြီး ဘာလုပ်ရမှန်းမသိတဲ့ချိန် အဆိုပါနေရာကို အလွယ်တကူ ရှာဖွေနိုင်ပါသည်။

အဆိုပါLow-Risk Zonesနေရာများကို ရှာဖွေတာနဲ့ပတ်သက်ပြီး Ma Win Mar Soeရဲ့ Fb Postတွင် လေ့လာနိုင်ပါသည်။

📌https://www.facebook.com/share/1JHYXvabtA/?mibextid=wwXIfr

✅ အကျိုးရှိနိုင်သောအခြေအနေများ (Pros)

-RC Column, Beam အနား တည်ငြိမ်မှုမြင့်မားသောနေရာ။
-Main Hallway (လမ်းကြောင်းများ) ထွက်လွယ်သောနေရာ။
-ဧရာမပစ္စည်းများအောက် – သက်တောင့်သက်သာ ခိုလှုံနိုင်သောနေရာ။

❌ အန္တရာယ်ရှိနိုင်သောအခြေအနေများ (Cons)

-စံနှုန်းမရှိသော အဆောက်အဦးများတွင် မဖြစ်နိုင်ခြင်း။
-အသံထွက်မှုမဖြစ်နိုင်သောနေရာများတွင် အလွယ်တကူ ရှာမတွေ့နိုင်ခြင်း။

❗️အဆိုပါနည်းလမ်းကို ဘယ်နေရာတွင် အသုံးချသင့်လဲ?

- ဂျပန်၊ အမေရိကန် စသည့် နိုင်ငံများတွင် ၂၀၀၀ ပြည့်နှစ်အပြီး တည်ဆောက်ထားသည့် RC အဆောက်အအုံများသည် များသောအားဖြင့် အချိန်အတိုင်းအတာတခုအထိ ပြိုကျမှု အန္တရာယ်မရှိသည့်အတွက် ငလျင်အတွင်း “Low Risk Zones” တွင်ရှိနေနိုင်ခြင်းသည် အမြန်ထွက်ရန်ကြိုးစားခြင်း”Rapid Evacuation”ထက် ပိုမိုလုံခြုံနိုင်သည်ဟုဆိုသည်။ [5]

……..

4️⃣ သတိနဲ့ပြေးထွက်ခြင်း (Rapid Evacuation)

⭕️ငလျင် ဖြေးဖြေးစလှုပ်သည့်အခါ ဦးခေါင်းကို အကာအကွယ်ဖြင့် ဖုံးကာ၍ လျင်မြန်စွာ အဆောက်အဦးအတွင်းမှ အပြင်သို့ သတိနဲ့ ပြေးထွက်ခြင်းဖြစ်ပါသည်။

ဒါပေမယ့် ဒီနည်းလမ်းကို အထူးသဖြင့် ဂျပန်နိုင်ငံလိုငလျင်နဲ့ဆူနာမီတွဲရက် ငလျင်ပြင်းထန်တဲ့နိုင်ငံတွေမှာတော့ လုံးဝကို recommend ပေးမထားပါဘူး။

ဥပမာအားဖြင့် ဂျပန်နိုင်ငံတွင် ပြုလုပ်သော သုတေသနများအရ ငလျင်လှုပ်ခတ်စဉ် ၃ မီတာ (၁၀ ပေ) ခန့်သာ ရွေ့လျားခြင်းဖြင့်ပင် အိမ်တွင်းလူများသည် အတားအဆီးများနှင့် တိုက်မိခြင်း သို့မဟုတ် လဲကျခြင်းကြောင့် ထိခိုက်နိုင်သည်ဟုဆိုသည်။ [6]

⭕️သို့ရာတွင် တောင်ကိုရီးယား KAIST ရဲ့ သုတေသန စာတမ်းတခုအရ ငလျင်လှုပ်ပြီး နောက်ဆက်တွဲအနေနဲ့ အဆောက်အုံထပ်မံပြိုကျခြင်း ၊ ဂတ်စ်ပေါက်ကွဲမှုတို့ကြောင့် မီးလောင်မှုဖြစ်ပွါးနိုင်၍ ထွက်ပြေးလွတ်မြောက်ရန် အစီအစဉ်ချခြင်း (Evacuation Planning) လမ်းကြောင်းများနဲ့ပတ်သက်ပြီး အရေးကြီးသော သုသေတနများ ပြုလုပ်ထားတာကို တွေ့ရှိရသည်။ [7]

အောက် Videoက 2018 Alaska မှာ 7.0ငလျင်လှုပ်တုန်းက ၁ထပ်အိမ်ခြေနေ ရင်ဝယ်ပိုက်ကလေးနဲ့အတူ မိသားစု ၃ဦး ⭕️၁၅စက္ကန့်⭕️အတွင်း လျင်မြင်စွာEvacuation လုပ်သွားတဲ့ CCTVမှတ်တမ်းဖြစ်ပါတယ်။

📌https://youtu.be/RKCd9l14dD0

✅ အကျိုးရှိနိုင်သောအခြေအနေများ
-မြေပြင်နားတွင်ရှိသူများ – အလွယ်တကူ ပြေးထွက်နိုင်သူများ။ (ဥပမာ Basement/၁လွှာမှာနေထိုင်သူများ)
-အဆောက်အဦး ပြိုလဲနိုင်သည့်နေရာများတွင် – ဆိုးရွားသော ဆောက်လုပ်မှု အရည်အသွေးမကောင်းသော အဆောက်အဦး။
-မြန်မာနိုင်ငံအနေနဲ့ ပင်မငလျင်ဗဟိုကြောင်းများနှင့် မနီးသောအိမ်များ။

❌ အန္တရာယ်ရှိနိုင်သောအခြေအနေများ (Cons)

-ထိခိုက်နိုင်မှုမြင့်မားခြင်း _ ငလျင်လှုပ်နေစဉ် ပြေးရင် မကြာခင် ပြတင်းပေါက်မှ မှန်များကျခြင်း၊ အဆောက်အဦးမှ ပြိုကျမှု။
-ပြေးရာလမ်းများတွင် အန္တရာယ်ရှိနိုင်ခြင်း – လမ်းတွင် လိမ့်ကျမှု၊ လျှပ်စစ်ကြိုးပြိုကျမှု။
-လူနေထူထပ်၍ အထပ်မြင့်မားသော အဆောက်အဦးများတွင် မသင့်တော်ခြင်း။

❗️အဆိုပါနည်းလမ်းကို ဘယ်နေရာတွင် အသုံးချသင့်လဲ?

- မြေညီထပ်နဲ့ နီး၍ စက္ကန့်ပိုင်းအတွင်း အဆောက်အအုံအတွင်းမှ အပြင် ဘေးကင်းရာသို့ လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်တဲ့အခြေအနေ။



❗️❗️❗️ဒါဆိုရင်ဖြင့် မြန်မာနိုင်ငံက အဆောက်အဦးအမျိုးအစားများနှင့် လုံခြုံမှု နည်းလမ်းတွေက ဘာတွေရှိမလဲဆိုတာ လေ့လာကြည့်ရအောင်ဗျ ❗️❗️❗️

1️⃣ Reinforced Concrete (RC) Frame Structure Buildings (ကွန်ကရစ်ဘောင်စနစ်)

📌 သုံးစွဲသည့်နေရာများ – လမ်းမများ၊ ကုမ္ပဏီများ၊ အထပ်မြင့်တိုက်များ (Condominiums, Shopping Malls, Office Buildings, Schools, Hospitals)

✅ သင့်တော်သည့် နည်းလမ်း – Drop, Cover, and Hold On

❗️❗️သို့သော် ဤအဆောက်အဦးများသည် အခြားအမျိုးအစားများထက် ပိုမိုတည်ငြိမ်မှုရှိနိုင်သော်လည်း သတ်မှတ်ထားသော Design codesများအတိုင်း လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက အချိန်တိုအတွင်း ပြိုကျနိုင်ပါတယ်❗️❗️

✔ အထပ်မြင့် တိုက်များတွင် အလွယ်တကူ ထွက်မရနိုင်သဖြင့် စားပွဲ၊ မာကျောသည့် ပစ္စည်းများအောက်တွင် ခေတ္တ ခိုလှုံခြင်း။

✔ လမ်းကြောင်းများတွင် ပြေးလွှားမသွားသင့်ခြင်း (အဆောက်အဦး မျက်နှာချပ်ပြိုကျမှု၊ မှန်အကြီးစားများ ကွဲကျမှုကြောင့်)

✔ လျှပ်စစ်မီး၊ ဗိုက်လိုင်းများမှ အဝေးတွင် နေခြင်း

❌ မသင့်တော်သည့် နည်းလမ်း – ပြေးထွက်ခြင်း (Rapid Evacuation)

✖ မြင့်မားသော အဆောက်အဦးများမှ အလွယ်တကူ ထွက်မရနိုင်ခြင်း
✖ လှေကားများ ပြိုကျနိုင်ခြင်း

……….

2️⃣ Brick Masonry Buildings (တည်ဆောက်မှု အရည်အသွေးမကောင်းသည့် အုတ်တံတိုင်းတည်ဆောက်မှုများ)

📌 သုံးစွဲသည့်နေရာများ – နယ်ဘက်က မြန်မာနိုင်ငံတွင် အများစုသော အိမ်များသည် Brick Masonry (အုတ်တံတိုင်း) အသုံးပြုထားခြင်းဖြစ်သည့်အတွက် ငလျင် အန္တရာယ်အလားအလာများပါတယ်။

✅ သင့်တော်သည့် နည်းလမ်း – Life Triangle + Rapid Evacuation(အခြေအနေပေါ်မူတည်ပြီး)

✔ RC Structure မဟုတ်သောကြောင့် မခိုင်ခံနိုင်၍ ပြေးဖို့လမ်းကြောင်းရှာ၍ ပြေးဖို့မလွယ်ကူပါက Life Triangle (အကြီးစားပစ္စည်းဘေးတွင် ခိုလှုံခြင်း)
✔ မြေပြင်နဲ့အနီးနားရှိလျှင် အလျှင်အမြန် သတိထားပြေးထွက်ခြင်း
✔ လမ်းကြောင်းပိတ်မနေသေးလျှင် ထွက်လွယ်သောနေရာသို့ ရှောင်တိမ်းစွာ ပြေးထွက်ခြင်း

❌ မသင့်တော်သည့် နည်းလမ်း – Drop, Cover, and Hold On
✖ အထူးသဖြင့် Structureမကောင်း၍ အလွယ်တကူပြိုကျနိုင်သဖြင့် အုတ်တံတိုင်းအဆောက်အဦးများသည် columnတိုင်များသည်ပင် အလွယ်တကူ ပြိုကျနိုင်ခြင်း
✖ စားပွဲ/ခုံများသည်လည်း အလွှာလိုက် ပြိုကျပါက တည်ငြိမ်မှုမရှိနိုင်ခြင်း

……….

3️⃣ Wooden & Bamboo Houses (လျှပ်စစ်မသုံးသော သစ်သား/ဝါးဆောက်လုပ်မှု အိမ်များ)

📌 သုံးစွဲသည့်နေရာများ – မြန်မာ့ ရွာများ၊ ချင်း၊ ကယား၊ ကရင်ရခိုင်၊ ရှမ်းနှင့် တောင်သူဦးများ၏ အိမ်များ
📌 မြန်မာနိုင်ငံတွင် အစဉ်အလာအရ တည်ဆောက်ထားသည့် သစ်သားနှင့် ဝါးတို့ဖြင့် ဖွဲ့စည်းထားသော အဆောက်အဦးများ

✅ သင့်တော်သည့် နည်းလမ်း – Rapid Evacuation
✔ အိမ်များသည် တည်ငြိမ်မှုနည်းသောလည်း မိမ်ပေါ်ပြုတ်ကျနိုင်သော Interior Furniture များသည် ကြောင့် RCအိမ်များထက် ထိခိုက်မှုနည်းသဖြင့်အလျှင်အမြန် ထွက်နိုင်ခြင်း။
✔ အထူးသဖြင့် မြေပြင်နားတွင် နေထိုင်သူများအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ခြင်း။

❌ မသင့်တော်သည့် နည်းလမ်း – Drop, Cover, and Hold On
✖ မာကျောသည့် ပစ္စည်း မရှိသည့်အတွက် ခိုလှုံရာမရှိနိုင်ခြင်း

……….

4️⃣ Steel Structure & Factory Buildings (သံမဏိတည်ဆောက်မှုများ၊ စက်ရုံများ)

📌 သုံးစွဲသည့်နေရာများ – စက်ရုံများ၊ စစ်ဆေးရေးဌာနများ၊ သံမဏိအလွှာများ သုံးထားသော နေရာများ။
📌 လေဝင်လေထွက်ကောင်းသည့် Portal Steel Structures သံမဏိဆောက်လုပ်မှုများသည် ပြိုကျမှုလျော့နည်းနိုင်။

✅ သင့်တော်သည့် နည်းလမ်း – Drop, Cover, and Hold On + Low-Risk Zone
✔ သံမဏိတည်ငြိမ်မှုရှိသောနေရာများသဖြင့် Low-Risk Zonesများပြားခြင်း
✔ သံမဏိတိုင် တန်းဘောင်များအောက်တွင် Drop, Cover, and Hold On ခေတ္တာလုပ်ထားခြင်း

❌ မသင့်တော်သည့် နည်းလမ်း – Rapid Evacuation
✖ ဘိလပ်မြေတံတိုင်းများ/သွပ်ပြား အကာများသုံးထားသောနေရာများရှိပါက ပြိုကျမှု ပြုတ်ထွက်မှုကြောင့် လမ်းများပိတ်နိုင်ခြင်း။
✖ အဆောက်အဦးအတွင်းရှိ စက်ယန္တရားများ၏ငလျင်ကြောင့်လှုပ်ရှားမှုသည် ထွက်ပြေးရာတွင် ထိခိုက်ဒဏ်ရာ အကြီးစားဖြစ်နိုင်သဖြင့် အန္တရယ်များ။



📌အနှစ်ချုပ်ပြောရရင်တော့ မြန်မာနိုင်ငံအနေနဲ့ ငလျင်ပြင်းအားနဲ့မိမိအိမ်အခြေအနေပေါ်မူတည်ပြီး နည်းလမ်းအားလုံးကို ကိုယ့်ဥာဏ်စွမ်းရှိသလို ပေါင်းစပ်ပြီး ရှင်သန်လွတ်မြောက်ဖို့ ကြိုးစားကြရမှာပဲဖြစ်ပါတယ်။ ❗️❗️❗️

⭕️ကြိုတင်ကာကွယ်တဲ့အနေနဲ့ အောက်ပါအချက်တွေ လုပ်ထားနိုင်တဲ့အကြောင်းကိုတော့ အကြံပြုချင်ပါတယ်။

1️⃣ အိမ်တွင်း/အပြင်မှာ အန္တရာယ်နည်းဇုန် Low Risk Zonesများကို ကြိုတင်သတ်မှတ်ထားနိုင်ပါတယ်။

2️⃣ ပြတင်းပေါက်မှန်နဲ့ ဝေးသည့် အိမ်ရဲ့Columnတိုင်နားမှာ မွေ့ယာခုတင်၊စားပွဲ၊ခုံရှိပါက Triangle of life နေရာများ နဲ့ Drop, Cover, and Hold On အတွက်အခွင့်အရေးများ ကြိုတင်ဖန်တီးနိုင်ထားပါတယ်။

3️⃣ မြေပြင်နဲ့နီးသောအလွှာများတွင်နေထိုင်သူများက ပြေးဖို့လမ်းကြောင်းများ (Rapid Evacuation Planning Routes)ကို ကြိုတင်လေ့လာထားနိုင်ပါတယ်။

….

မြန်မာနိုင်ငံသားအားလုံး ငလျင်အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေလို့ ဆုတောင်းလျက် ကျနော် တတ်နိုင်တဲ့ဘက်က လေ့လာတွေ့ရှိချက်များကို မျှဝေပေးထားခြင်းဖြစ်ပါတယ်။

Min Htet | M.Sc. (Civil Engineering) |
Specialized in Construction Management |
Seoul National University of Science and Technology, Seoul, South Korea.



References ကိုးကားချက်များ 📚

[1] https://www.usgs.gov/faqs/what-triangle-life-and-it-legitimate?utm_source=chatgpt.com

[2] American Red Cross Response to ‘Triangle of Life’https://www.earthquakecountry.org/library/Petal_Rejoinder_to_Copp_0906.pdf

[3] https://apps2.beavertonoregon.gov/docsCERT/Debunking_the_triangle_of_life.pdf?utm_source=chatgpt.com

[4]https://www.researchgate.net/profile/Sarper-Yilmaz-3/publication/370228870_Drop_Cover_and_Hold_On_versus_Fetal_Position_in_the_Triangle_of_Life_to_Survive_in_an_Earthquake_A_Delphi_Study/links/64496e0297449a0e1a5a662c/Drop-Cover-and-Hold-On-versus-Fetal-Position-in-the-Triangle-of-Life-to-Survive-in-an-Earthquake-A-Delphi-Study.pdf

[5] https://e-housing.jp/post/japans-earthquake-resistant-buildings-overview-history

[6] https://www.academia.edu/52567260/Evacuation_Behavior_and_Fatality_Rate_during_the_2011_Tohoku_Oki_Earthquake_and_Tsunami

[7] https://www.mdpi.com/2220-9964/9/7/432



Crd https://www.facebook.com/share/p/19yDnAPC31/

Disney's Sofia the First Magic Sparkle Skye the Unicorn Plush Toy – A Magical Friend! 🦄✨Bring home the Magic Sparkle Sky...
01/03/2025

Disney's Sofia the First Magic Sparkle Skye the Unicorn Plush Toy – A Magical Friend! 🦄✨

Bring home the Magic Sparkle Skye the Unicorn from Disney's Sofia the First! This plush toy is as magical as it gets, featuring Skye the Unicorn with sparkly details and a soft, cuddly body that’s perfect for snuggling. A must-have for any Sofia the First fan!

Get yours now for only 7,000 MMK at Thae’s Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

White Bunny Plush Toy – Soft, Cuddly, and Pure Adorableness! 🐰✨This white bunny plush toy is the perfect snuggle buddy! ...
01/03/2025

White Bunny Plush Toy – Soft, Cuddly, and Pure Adorableness! 🐰✨

This white bunny plush toy is the perfect snuggle buddy! Soft, fluffy, and absolutely adorable, it’s perfect for cuddling, decorating, or gifting to someone special.

Get yours now for only 6,000 MMK at Thae’s Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

Winnie-the-Pooh Plush – Adorable and Unique! 🐻✨This Winnie-the-Pooh plush toy has a quirky look with a gem on its forehe...
01/03/2025

Winnie-the-Pooh Plush – Adorable and Unique! 🐻✨

This Winnie-the-Pooh plush toy has a quirky look with a gem on its forehead! 😜 With its playful design, it’s still as lovable and perfect for cuddling. 🐝💎

Get yours now for only 4,000 MMK at Thae’s Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

Baby Plush Toy – Soft, Sturdy, and Adorable! 🧸✨This baby plush toy is perfect for your little one, with its firm yet sof...
01/03/2025

Baby Plush Toy – Soft, Sturdy, and Adorable! 🧸✨

This baby plush toy is perfect for your little one, with its firm yet soft texture that provides a cuddly yet supportive feel. Designed to be sturdy and durable, it’s made for long-lasting fun while remaining gentle on the skin.

Get yours now for only 7,000 MMK at Thae’s Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

Blue and Pink Teddy Bear – A Huggable Friend! 🧸💖💙This adorable blue and pink teddy bear is the perfect cuddle buddy! Sof...
01/03/2025

Blue and Pink Teddy Bear – A Huggable Friend! 🧸💖💙

This adorable blue and pink teddy bear is the perfect cuddle buddy! Soft, colorful, and oh-so-sweet, it’s a perfect gift for any occasion. Once you hold it, you won’t want to let go!

Get yours now for only 6,500 MMK at Thae’s Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

Shaun the Sheep Plush – Too Cute to Let Go! 🐑✨Love Shaun? This soft and huggable Shaun the Sheep plush is perfect for cu...
01/03/2025

Shaun the Sheep Plush – Too Cute to Let Go! 🐑✨

Love Shaun? This soft and huggable Shaun the Sheep plush is perfect for cuddling, decorating, or gifting! Once you hug it, you won’t want to let go!

Get yours now for only 7,000 MMK at Thae's Toys Collection!

📌 Order now – Contact Thae’s Toys Collection before it’s gone!

Kanini Bunny – ဖက်လိုက်ပြီးရင် မလွှတ်ချင်ဘူး! 🐰✨နူးညံ့ပြီး အိဖက်နေတဲ့ Kanini Bunny ကို ချစ်စရာကောင်းဆုံးသူငယ်ချင်းအနေနဲ့...
01/03/2025

Kanini Bunny – ဖက်လိုက်ပြီးရင် မလွှတ်ချင်ဘူး! 🐰✨

နူးညံ့ပြီး အိဖက်နေတဲ့ Kanini Bunny ကို ချစ်စရာကောင်းဆုံးသူငယ်ချင်းအနေနဲ့ အပိုင်ဝယ်ယူလိုက်‌တော့နော် 😜

Price - 5000ks

Panda Plush Toy 🐼 ချစ်ဖို့ကောင်းတာလေး!အသားလေးကလည်း နူးညံ့နေပြီး ကလေးပဲဖြစ်ဖြစ် လူကြီးကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ကောင်း...
01/03/2025

Panda Plush Toy 🐼 ချစ်ဖို့ကောင်းတာလေး!

အသားလေးကလည်း နူးညံ့နေပြီး ကလေးပဲဖြစ်ဖြစ် လူကြီးကိုပဲဖြစ်ဖြစ် လက်ဆောင်ပေးလို့ကောင်းတဲ့အရုပ်လေး ဖြစ်တာကြောင့် ...

📌 Sold out ဖြစ်သွားအောင် Messenger ကိုလာပြီး အမြန် ဝယ်ယူလိုက်တော့နော် 🤭

Price - 5000ks

Address


Website

Alerts

Be the first to know and let us send you an email when Thae's Toys Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share