See First - Buyer Service

  • Home
  • See First - Buyer Service

See First - Buyer Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from See First - Buyer Service, Shopping & retail, Chaing mai, .

အလွဲလေး✈✈ အနည်းငယ် ရှိခဲ့ပေမယ့် customer လက်ထဲ ရောက်သွားပီ ဖြစ်တဲ့ ပစ္စည်းလေးတွေ💄💄စိတ်ရှည် သည်းခံပေးတဲ့ royal customer မ...
21/05/2026

အလွဲလေး✈✈ အနည်းငယ် ရှိခဲ့ပေမယ့် customer လက်ထဲ ရောက်သွားပီ ဖြစ်တဲ့ ပစ္စည်းလေးတွေ💄💄
စိတ်ရှည် သည်းခံပေးတဲ့ royal customer များ ကျေးဇူး အထူးပါရှင့်🙏🙏

Bath and Body work official store ကနေလဲ🍊🍎 လိုချင်တာလေးတွေသွားဝယ်ပေးပါတယ်🍓🥝🍒👉👉but  ဒီချိန်စျေးများနေသေးတယ်နော် 👈👈Sale ချတ...
11/05/2026

Bath and Body work official store ကနေလဲ🍊🍎 လိုချင်တာလေးတွေသွားဝယ်ပေးပါတယ်🍓🥝🍒
👉👉but ဒီချိန်စျေးများနေသေးတယ်နော် 👈👈
Sale ချတဲ့ အချိန် admin ကြိုပြောပေးပါမယ်ရှင့်❤❤❤

adminတို့ အမြဲပို့နေကျ cargo service လေးပါ😻တာဝန်ယူမှု တာဝန်ခံမှုရှိပီး 100% လုံခြုံစိတ်ချရပါတယ်နော်🫶🫶
08/05/2026

adminတို့ အမြဲပို့နေကျ cargo service လေးပါ😻
တာဝန်ယူမှု တာဝန်ခံမှုရှိပီး 100% လုံခြုံစိတ်ချရပါတယ်နော်🫶🫶

Bakery🍮🥪🎂 ဝါသနာရှင်တွေအတွက် yok Bakery store က mold design စုံလေးတွေ ကြည့်ကြည့်ကြနော်🍔🍕🍰
05/05/2026

Bakery🍮🥪🎂 ဝါသနာရှင်တွေအတွက် yok Bakery store က mold design စုံလေးတွေ ကြည့်ကြည့်ကြနော်🍔🍕🍰

UNIQLO အပါအဝင် Zara၊ H&M စတဲ့ popular branded clothing မျိုးစုံကို order တင်လို့ရပါပြီ။ official website တွေမှာရွေးချယ်ပ...
29/04/2026

UNIQLO အပါအဝင် Zara၊ H&M စတဲ့ popular branded clothing မျိုးစုံကို order တင်လို့ရပါပြီ။ official website တွေမှာရွေးချယ်ပြီး See First page မှတဆင့် အလွယ်တကူ order တင်နိုင်ပါတယ်။ 100% Authentic items များသာပဲရောင်းချပေးထားပြီး စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်နော်😻

အမျိုးသမီးထု ကြီးအကြိုက် shopee lazada shein တို့မှ cosmetic ပစ္စည်းမျိုးစုံ accessories ပစ္စည်းမျိုးစုံကိုလဲ websites မ...
22/04/2026

အမျိုးသမီးထု ကြီးအကြိုက် shopee lazada shein တို့မှ cosmetic ပစ္စည်းမျိုးစုံ accessories ပစ္စည်းမျိုးစုံကိုလဲ websites များ ဝင်ကြည့်ပီး ကြိုက်တာ ရွေးချယ်မှာယူနိုင်ပါပြီ။

Ps. များများဝယ်လေ ပိုတန်လေပါရှင့်😍

ဒီရက်ပိုင်းအတွင်း ဝယ်ပေးဖြစ်တဲ့ အမြဲတမ်း customer အကိုရဲ့ order လေးတွေပါ။လူကြီးမင်းတို့လိုအပ်တဲ့ ထိုင်းနိုင်ငံမှ  လူသုံး...
20/04/2026

ဒီရက်ပိုင်းအတွင်း ဝယ်ပေးဖြစ်တဲ့ အမြဲတမ်း customer အကိုရဲ့ order လေးတွေပါ။

လူကြီးမင်းတို့လိုအပ်တဲ့ ထိုင်းနိုင်ငံမှ လူသုံးကုန် စားသောက်ကုန်များကို See First buyer services မှ အလွယ်ကူဆုံးနဲ့ အသက်သာဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
အသေးစိတ်သိရှိရန် message box သို့ အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်။

08/11/2022

ပံ့သကူ ဖြစ်ပေါ်လာပုံ

ရှေးယခင်.....
မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါက....
ရဟန်းတော်တို့ဟာ....သင်္ကန်းအတွက်....
လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်
ဒီလိုရှာဖွေကြရတဲ့အခါ....

အဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာက
များသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း ၂နေရာသာ
ဖြစ်ပါတယ်....ဘာလို့လည်းဆိုတော့....
လူတွေက....မိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့
ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့ အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီး...
ထိုခေတ်အခါက....လူတွေသေလွန်ကြတဲ့အခါ...
အလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာ
လာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။

ရဟန်းတော်တို့ဟာ....
ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကို
ကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်း
စသည်တို့ကိုပြုလုပ်ကြရပြီး....သင်္ကန်းအဖြစ်နဲ့
ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့်.... ဒီသင်္ကန်းမျိုးကိုလည်း ....ပံသုကူလစီဝရံ... ပံ့သကူသင်္ကန်း # လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။

(ဒီနေရာမှာ.....အများစုအလွယ်နားလည်အောင် ဒဲ့ပြောရရင်တော့...ပံ့သကူဆိုတာ....လူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့်မယ်....ဤကားစကားချပ်)

ဒီလောက်ဆိုရင်...ပံ့သကူရဲ့အနကျအဓိပ်ပါယျကို မိတ်ဆွေများအနေနဲ့အတော်အတန်သိရှိကြလောက်ပါပြီ။

အခုဖော်ပြခဲ့တာတွေကတော့....ပံ့သကူရဲ့
အနက်အဓိပ္ပါယ်တွေဘဲဖြစ်ပြီး.....ဒီေနရာမွာ...
အထူးသတိထားသင့်တာလေး တစ်ခုကတော့...

လူတွေရဲ့ .......အဝတ်အထည်တွေကို စွန့်ပစ်ကြမှုဟာ...
ရဟန်းတော်တို့ကိုသင်္ကန်းအဖြစ်ရရှိကြစေဖို့ရာ
ရည်ရွယ်တာမဟုတ်ဘဲ.....မိမိတို့မလိုချင်တော့လို့
ဝတ်မရလောက်အောင်ပျက်စီးသွားလို့...
လူသေသွားလို့ ထုံးစံအရ အလောင်းကောင်ကိုလူမမြင်အောင်လို့သာ...

အဝတ်တွေကိုစွန့်ပစ်ခဲ့ကြတာဖြစ်ပါတယ်.....
ဒါဆိုရင်.....ရဟန်းတော်တို့ သင်္ကန်းအဖြစ် စီမံချုပ်လုပ်ဝတ်ရုံလို့ရအောင်ရည်ရွယ်ပြီးတော့...

တမင်တကာပံ့သကူပစ်ထားခဲ့တာရော ရှိခဲ့ပါသလား
ဆိုရင်တော့.....ရှိခဲ့ပါတယ်လို့ဘဲ ဖြေရပါလိမ့်မယ်....
ရှိခဲ့တာမှ....လူတောင်မဟုတ်ပါဘူး....
နတ်သမီးတစ်ပါးဖြစ်ပါတယ်။

ဒါသည်ပင်လျှင် ပံ့သကူပစ်ခြင်းရဲ့အစလည်းဖြစ်တာမို့
ဒါလေးကိုလည်း သိသာရုံမျှ...ပြောပြပါရစေ။

ပံ့သကူပစ်ခြင်းအစ
~~~~~~~~~~~

အခါတစ်ပါးမှာ...
အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး...ဟာ ဝတ္႐ုံထားတဲ့
သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်...
အမှိုက်ပုံတွေမှာ...ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ...ထိုနေ့ဟာလည်း
တန်ဆောင်မုန်းလပြည့်နေ့ရဲ့_နံနက်အစောပိုင်း
အချိန်အခါဖြစ်ပါတယ်။

ဒါကို...ကြိုတင်သိမြင်နေခဲ့တဲ့....
ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော
ဇာလိနီနတ်သမီး.....ဟာ....
သူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်....
မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာ...
နတ်အဝတ်၃ထည်ကို မသိမသာ
စွန့်ပစ်လှူထားခဲ့ရာကနေ စပြီး....
ပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့
ကျမ်းအချို့မှာ ပြဆိုထားပါတယ်။

ဒါ့ကြောင့်...
ပံ့သကူအစ_ဇာလိနီက....လို့တောင်
ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့....အသိပေးလိုက်ပါတယ်။။

အထက်မှာဖော်ပြခဲ့သလိုဘဲ....
ဇာလိနီနတ်သမီးရဲ့
တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာ
အဝတ်အထည်ပံ့သကူပစ်ခြင်းကို
အကြောင်းပြုပြီး....
အခုခေတ်အခါကာလတွေမှာလည်း....
တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း
လပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာ...
လူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီး....
လူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ...
ငွေ/အဝတ်အထည်_စသည်တို့ကို_စွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေး_မြင်တွေ့သူတို့
ရကြပါစေ.....။

ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ ...
အနှောင်အဖွဲ့ကင်းတဲ့_ကုသိုလ်ဒါနစိတ်တွေနဲ့....
ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်....။

မှတ်ချက်...။။...။။။ပံသကူမှန်းသိအောင်_ပစ္စည်းမှာ
ပံ့သကူလို့စာရေးသားချိတ်ဆွဲထားကြစေလိုပါတယ်
တတ်နိုင်သူတွေက_လေးနေရာလောက်ကို
ပံ့သကူပစ်ကြပါ_များများပစ်လေ_ကောင်းလေပါဘဲ။

ပစ်တဲ့အခါမှာ....
ငွေဆိုလည်း...၁၀၀၀/၅၀၀၀/၁၀၀၀၀/၁၀၀၀၀၀ စသည်ဖြင့် မိမိတတ်စွမ်းသလို.....
အဝတ်အထည်ဆိုလည်း....
လတ်ဆတ်သစ်လွင်သောအဝတ်အထည်မျိုး.....
စသည်ဖြင့် ဖြစ်ကြစေလိုပါတယ်....ဒါမှ အကျိုးပိုကြီးမှာ
ဖြစ်ပါကြောင်းနဲ့....ငွေနဲ့အတူ အဝတ်အထည်လည်း
မပါမဖြစ်ပါရပါမယ်လို့....ပြောပါရစေ.....။

အရေးကြီးတဲ့အချက်...

ပံ့သကူနဲ့ပတ်သက်ပြီး...အရေးအကြီးဆုံးအချက်နဲ့
ကုသိုလ်အရစေဆုံး ကုသိုလ်အကြီးစေဆုံးတစ်ချက်ကို
မိတ်ဆွေများသိစေဖို့ နောက်ဆုံးအနေနဲ့ အသိပေး
ပြောကြားပါရစေ....။

အဲဒါကတော့....
ရဟန်းတော်တို့သီတင်းသုံးကြတဲ့...
ဘုန်းကြီးကျောင်းတွေမှာ....မဖြစ်မနေ
((ရဟန်းတော်တို့ မြင်သာမယ့်နေရာမျိုးပေါ့))
ရဟန်းတော်တို့နဲ့ပတ်သက်တဲ့...ထီး ဖိနပ် ယပ် သင်္ကန်း
ဆွမ်းဆန် ပိဋကတ်၃ပုံစာအုပ် ကျမ်းစာအုပ်
((ဝတ္ထုငွေလုံးဝမပါရ)) စသည်ဖြင့်...
ရဟန်းတော်တို့နဲ့အပ်စပ်ရာကို
ပံသကူအလှူပါဘုရား...လို့စာရေးသားပြီး..
အခင်း၁ခုဖြင့် ပံ့သကူထားပေးကြမယ်ဆိုရင်တော့....
ဒီပံ့သကူဟာ...သာမန်ပံ့သကူမျိုးမဟုတ်တော့ဘဲ
လွန်စွာအကျိုးကြီးသော.....
မဟာပံ့သကူ......ဖြစ်ပါကြောင်း....
အသိပေးပြောကြားရင်းနဲ့.....

လူတို့အား စွန့်လှူသော ပံ့သကူကုသိုလ်ဒါနသည်၎င်း
ရဟန်းတော်တို့အားပေးလှူသော..
မဟာပံ့သကူ ကုသိုလ်ဒါနသည်၎င်း.....
ရရှိကြသူ ရဟန်းရှင်လူအပေါင်းတို့အား
မထင်မှတ်ဘဲ လွန်စွာအံ့ဩဝမ်းသာ
ကြည်နူးစေသည့်ကုသိုလ်ဖြစ်သည့်အတွက်....
တူသောအကျိုးအနေဖြင့် ထိုသို့ ပံ့သကူဒါနကို
ပြုခဲ့ကြသူတို့မှာလည်း ငွေကြေးအဝတ်အထည်
စည်းစိမ်ဥစ္စာတို့ဟာ ထီပေါက်သလိုမျိုး ဝမ်းသာစရာကောင်းလောက်အောင်
အံ့ဩစရာကောင်းလောက်အောင် အရပ်လေးမျက်နှာကနေ မထင်မှတ်ထားဘဲနဲ့
ကြိုတင်မမျှော်လင့်ထားဘဲနဲ့ ဝင်လာမစဲ တသဲသဲ
ဖြစ်လာကြမှာ ရရှိလာကြမှာ....ဖြစ်ပါတယ်လို့
အသိပေးလိုပါတယ်။

သို့သော်.....ဒီနေရာမှာ...
မဖြစ်မနေသိထားရမှာကတော့..ပံ့သကူပစ်တဲ့အခါ....
မိမိရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတဲ့စိတ်မျိုးနဲ့တော့
မပစ်ပါနဲ့...အဲဒီလိုစိတ်နဲ့ပစ်ရင်တော့...
ထားရှိတဲ့စိတ်က အကြောင်းမမှန်တာကြောင့် အကျိုးပေးလည်းမသန်တော့ပါဘူး....
အယုတ်အလတ်အမြတ်မရွေး မိမိပေးလှူတဲ့
ပံ့သကူကြောင့် ရရှိသွားကြသူတို့ အဆင်ပြေကြပါစေ
ဝမ်းမြောက်ကြည်နူးပျော်ရွှင်ကြပါစေဆိုတဲ့....
ကုသိုလ်စေတနာစိတ်မျိုးနဲ့သာ
ပေးလှူပါမှ ပံသကူအစစ်လည်းဖြစ်ပြီး
အကျိုးလည်းကြီးစွာပေးပါလိမ့်မယ်ဆိုတာ...
ကြပ်ကြပ် သတိချပ်ကြဖို့ လိုပါတယ်လို့......
ပြောကြားရင်း.....

သူတစ်ပါးကို_ထီပေါက်သလိုဝမ်းသာရအောင်
မလုပ်ပေးခဲ့ဘူးဘဲနဲ့တော့_မိမိကိုယ်တိုင်လည်း
ထီပေါက်သလို_ဝမ်းသာခွင့်ရဖို့_မဖြစ်နိုင်ပါဘူး......
ဆိုတဲ့.....ဓမ္မဓိဌာန်ကျကျ စကားလေးနဲ့အတူ....
စာလေးကိုနိဂုံးချုပ်လိုက်ပါတယ်။


#ပလ္လင် #ပဌာန်းခုံ #ရာဘာ

13/07/2022

မိမိပြုတဲ့ ကုသိုလ်တွေ
Fb..ပေါ် တင်သင့်ပါသလား?


ဖတ်ကြည့်နော်

Fb ပေါ် မှတ်တမ်းအဖြစ်
တင်သင့်ပါတယ်လို့ပဲ ဖြေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့

ဟိုး ယခင်ကဆို

ကုသိုလ်ပြုပြီးတိုင်း
ကြေးစည်တီးကြပါတယ်။

ကြေးစည်သံကို ကြားရရင်
အိမ်နီးနားချင်းတွေက
အမျှပေးဝေတာပဲဆိုတာ သိရှိပြီး
သာဓုခေါ်ကြတယ်။

ယခုခေတ်မှာတော့
မိမိကုသိုလ်ပြုပြီးတိုင်း
Fbပေါ် တင်ကြတာဟာ...

မိမိကုသိုလ်ကို
အမျှပေးဝေကြခြင်းပါပဲ။

သာဓုခေါ်လိုက်ပါ။
မိမိလဲ ကုသိုလ်ရပါတယ်။

ကြွားဝါတာပါဆိုပြီး
နှလုံးသွင်း မမှားပါစေနဲ့။

သူတစ်ပါး ကုသိုလ်
သင့်အတွက်
အကုသိုလ်ဖြစ်သွားနိုင်လို့ပါ။

{ မိမိရဲ့ ကုသိုလ်တွေကို
facebook ပေါ်
တင်ရခြင်းရဲ့ အကျိုးကတော့ }

၁။ မလှူခင်က
စိတ်ထဲကြံစည်ဖြစ်နေတဲ့
ပုဗ္ဗ စေတနာ၊

၂။လှူနေဆဲ အခိုက်အတန့်မှာ
ကြည်နူးနေမိတဲ့ မုဉ္စ စေတနာ၊

၃။ လှူပြီး မိမိကုသိုလ်ကို
ပြန်လည်အောက်မေ့တဲ့ အပရ စေတနာဆိုပြီး
စေတနာသုံးတန်ရှိတဲ့အထဲက

fbပေါ် တင်ထားတာကို
ခဏခဏ ပြန်ကြည့်လို့လဲ ရတယ်။

fbကလဲ တစ်နှစ်ပြည့်ရင်
ပြန်ပေါ်လာတယ်။

အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ကုသိုလ်ကို
လူတိုင်းက သတိရကြမှာပါပဲ။

အဲဒီလို ပြန်သတိရခြင်းဟာ
အပရ စေတနာကို
ပိုပြီး အားကောင်းစေပါတယ်🙏

🙏ဒါနထက် သီလက မြတ်တယ်။

🙏သီလထက်
ဘာဝနာက မြတ်တယ်ဆိုတာ
လူတိုင်း သိကြပြီးသားပါပဲ။

အနုဿတိ( ၁ဝ )ပါးထဲမှာ
စာဂါ နုဿတိဘာဝနာ
( မိမိပြုခဲ့ဘူးတဲ့ ကုသိုလ်ကို
ပြန်လည်အောက်မေ့ခြင်း ဘာဝနာပေါ့)

သေချာပြန်ကြည့်လိုက်ပါ။

လှူခဲ့စဉ်က ရိုးရိုးဒါနအဆင့်ပဲနော်။
အပရ စေတနာ

မိမိပြုခဲ့တဲ့ကုသိုလ်ကို
ပြန်အမှတ်ရတာက
စာဂါ နုဿတိဘာဝနာ ဆိုတော့
ဘာဝနာအဆင့်ထိ
ရောက်သွားတယ်။
ပိုပြီး အကျိုးကြီးတယ်ပေါ့။

ပြီးတော့
နေ့စဉ်ပုံမှန်ပြုလုပ်ကြ ကုသိုလ်ကို
အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။

တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့
ကုသိုလ်ကို

အကြိမ်ကြိမ် အခါခါ
ပြန်သတိရနေပါကလည်း
အာစိဏ္ဏကံ ကုသိုလ်ဖြစ်သွားတာပါပဲ။

ဒါနကနေ ဘာဝနာအဆင့်
တစ်ခါပဲပြုခဲ့ဖူးတဲ့ ကုသိုလ်ကနေ
နေ့စဉ်ပြုလုပ်ရာရောက်တဲ့
အာစိဏ္ဏကံ ကုသိုလ်အဆင့်
ဖြစ်တယ်ဆိုတာ
အပရ စေတနာကြောင့် ဖြစ်တာပါပဲ။

ဓာတ်ပုံမှတ်တမ်း
fbမှာ ကုသိုလ်မှတ်တမ်းတွေဟာ
အပရစေတနာကို ဖြစ်စေနိုင်တာမို့
fb ပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ၊
သာဓုခေါ်လိုက်ပါ။

ကိုယ်လဲ ကုသိုလ်ရတာပေါ့။၊

ကြွားဝါနေတယ်လို့ မမြင်ဘဲ
သူတို့
အခုလို ကုသိုလ်ပြုနိုင်တာတွေဟာ
ရှေးဘဝက
ကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါ ဆိုပြီး

လူတစ်ယောက်အပေါ်
ချစ်ခြင်း မုန်းခြင်းကို ဖယ်ပြီး

(ကံ ကံ၏အကျိုးပေးတာကို
ဆင်ခြင်လိုက်တော့ )

ယောနိသော မနသိကာရ
ဖြစ်သွားတာမို့

ကိုယ့်ရဲ့ ဘဝလေးလဲ
ဖြောင့်တန်းသွားတာပေါ့။

🙏ဒါကြောင့် ကုသိုလ်တွေကို
နေ့စဉ်
ရအောင်ယူကြပါစို့

Credit-
ရွှင်လန်း ချမ်းမြေ့ပါစေ

မေတ္တာဖြင့်
ရွှေလေးဝဆရာတော်
Credit-

"ကုသိုလ်ပိုရတဲ့နည်း"            ဝါဝင်ခါနီးအချိန်      ရောက်လာပြီဆိုရင်       မြန်မာဗုဒ္ဓဘာသာတွေ       ဘုရားသွားကျောင်းတက...
11/07/2022

"ကုသိုလ်ပိုရတဲ့နည်း"



ဝါဝင်ခါနီးအချိန်
ရောက်လာပြီဆိုရင်
မြန်မာဗုဒ္ဓဘာသာတွေ
ဘုရားသွားကျောင်းတက်,
ဝါဆိုသင်္ကန်းကပ်တဲ့
အလှူဒါနတွေပြု လုပ်ကြတယ်။

ဗုဒ္ဓဘာသာမှန်ရင် ဝါဆိုသင်္ကန်း
မလှူဖူးတဲ့သူ မရှိသလောက်ပါပဲ.
ကိုယ့်အိမ်မှာ သံဃာတော်တွေ
ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်းကပ်ကြတယ်။

ဘုန်းကြီးကျောင်းတွေ,
တရားရိပ်သာတွေသွားပြီး
သံဃာတော်အရှင်သူမြတ်တွေကို
ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြတယ်။

ဒါပေမယ့် မြတ်စွာဘုရားရှင်ကိုတော့
ဝါဆိုသင်္ကန်းကပ်လှူပူဇော်တဲ့သူ
မရှိသလောက်ရှားပါတယ်။
ဒါကို ...
လူတိုင်းမေ့နေကြတယ်။

ကိုယ့်အိမ်မှာရှိတဲ့
ဘုရားရုပ်ပွားဆင်းတုတော်တွေကို
ပန်း ၊ရေချမ်း ၊ဆီမီး ၊
သစ်သီး ၊ဆွမ်း ၊ဆေးတွေ လှူဒါန်းကြပေမယ့် ...

ဒီ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ဖို့ကိုတော့
သတိမရကြဘူး . . . မသိကြဘူး။

ဒီလို
သင်္ကန်းကပ်လှူတာတွေနဲ့ ပါတ်သက်ပြီးပြောရရင်....

ဝါဆိုလရောက်လာပြီဆိုရင်
ဝါဆိုသင်္ကန်းဆိုပြီး လှူလိုက်ကြတာ...

ဘုန်းကြီးတွေဆို
ဝါဆိုလဆန်း ၁၃,၁၄,၁၅,
လပြည့်ကျော်(၁)ရက်နေ့ထိအောင်
ကျောင်းကိုမကပ်ရဘူး။

တခါထဲ,
ရလိုက်တဲ့ သင်္ကန်းတွေကလည်း
အစုံ,၅၀,၆၀,၁၀၀
လှူလိုက်ကြတဲ့ သင်္ကန်းတွေ....

ကထိန်ကျတော့လည်း
ပဒေသာပင်တွေနဲ့
လာလိုက်ကြတာ,
ကထိန်သင်္ကန်းတွေ။

ဒီ "ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

ဒီ "ဝါဆိုသင်္ကန်း"
ဖြစ်ပေါ်လာအောင်

ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကိုတော့
ဘယ်သူ ဝါဆိုသင်္ကန်းကပ်ဖူးလဲ?

မြတ်စွာဘုရားရှင်ကို
ဘယ်သူ ကထိန်သင်္ကန်းကပ်ဖူးလဲ.???

ကပ်ဖူးတဲ့သူ
တော်တော်ရှားပါလိမ့်မယ်...

လောက လူတွေဟာ
မလုပ်ဖူးတာဆို ... လုပ်ချင်ကြတယ်။
မစားဖူးတာဆို ... စားကြတယ်။
မဝတ်ဖူးတဲ့ အဝတ်အစား အသစ်အဆန်းတွေဆို
ဝတ်ကြတယ်။
မသွားဖူးတဲ့နေရာဆို ... သွားကြတယ်။

အခုလို
မလုပ်ဖူးသေးတဲ့ ဒါနကုသိုလ်မျို းကိုလည်း
လုပ်ဖို့ မကောင်းဘူးလား.???

ဒါကြောင့်
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း မကပ်ဖူးသေးရင်
ကပ်လှူပူဇော်ပါ။

ဘယ်လိုကပ်ရမလဲ.?
ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

ဝါဆိုလဆန်း ၁၂,၁၃,၁၄, ရက်တွေမှာ
သင်္ကန်းတိုက်မှာသင်္ကန်းသွားဝယ် . . .

"ဗန်းလေးနဲ့ကလပ်လေး"နဲ့ထည့်။

ဘုရားရှေ့မှာ,
" ဘုန်းကြီးတော်မူသော မြတ်စွာဘုရား,
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား "

ဆိုပြီး ဘုရားကို ဝါဆိုသင်္ကန်း ကပ်ပါ။

တတ်နိုင်တဲ့သူတွေကတော့..
အိမ်ကို သံဃာ(၅)ပါးပင့်ဖိတ်ပြီး
မြတ်စွာဘုရားရှင်ကို
သင်္ကန်းတစ်စုံ
သံဃာတော်
အရှင်သူမြတ်တွေကိုလည်း
သင်္ကန်းတစ်စုံစီ ဆက်ကပ်လှူဒါန်းပါ။

မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်မိုးတွင်းလုံး
ဘုရား ကျောင်းဆောင် မှာ
ကပ်လှူထားပါ,..
"သီတင်းကျွတ်"တော့့မှ စွန့်ပါ.

စွန့်ပြီး အဲ့ဒီသင်္ကန်းကို
ဘယ်ကျောင်းကကိုယ်တော်
သင်္ကန်းမရှိဘူးလဲ
အဲ့ဒါလှူလိုက်ပါ..
ဒါမှမဟုတ်
ကိုယ့်အိမ်မှာ ဆွမ်းခံကြွနေတဲ့
ရဟန်းတော်,တစ်ပါးပါး
ရှိလိမ့်မယ်.
အဲ့ဒါစွန့်ပြီး ပြန်လှူလိုက်..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကဲ . . . ဓမ္မမိတ်တွေတို့
ကုသိုလ်ပိုရသလား . . . မရဘူးလား?

ပြီးတော့ သင်္ကန်းဝယ်ရင်လဲ
အညံ့စားမဝယ်နဲ့...
လောက အထွဋ်အထိပ်ဖြစ်တဲ့
ဘုရားရှင်ကိုလှူမည့်သင်္ကန်း,
သင်္ကန်းကောင်းကောင်းဝယ်ပါ..
သရီးရိုင်ဖယ်တို့ ဘာတို့ ပေါ့...

အဲ့ဒါ
ဆွမ်းခံကြွတဲ့ ကိုယ်တော်ကလည်း
သရီးရိုင်ဖယ်လို
သင်္ကန်းအကောင်းစား
ရတော့ သူကလည်းပျော်လို့...
သဘောတွေကျလို့ပေါ့....

သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်,
ဘုရားကို ကထိန်သင်္ကန်းလှူထား
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်
လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ,

တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

အဲ့ဒါ ဘုရားမှာ
တစ်ပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရတယ်။

ကဲ...ဘယ်လိုလဲ,?
ဒါ..
ကောင်းလား,မကောင်းဘူးလာ?
ကုသိုလ်ပိုရသလား,မရဘူးလား?

အဲ့တော့
ဒီအသက်အရွယ် ဒီအချိန်အထိ
ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်ပါ...

တရားကိန်း၍ ကုသိုလ်အထူးလည်းရကြပါစေ

မဟာမြိုင်
မျှဝေပူဇော်သည်

https://www.facebook.com/profile.php?id=100047745462872

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”===============ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ...
08/07/2022

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”
===============

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း
သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ်၊ သောတာပန်အလှမိဖုရားအဖြစ်၊
ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ်
ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။

သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့
ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊
သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့
အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။
ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ “မိစ္ဆာဒိဋ္ဌိမိဂါရသူဌေး”နဲ့
မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့ပါတယ်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။
အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊
လေးကျွန်လုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။
အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်
လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား
ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။
အဲဒီအချိန် ရဟန်းတော်များဟာ ရေချိုးပြီးလို့
တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။
ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ
သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက
ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။

ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။
ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့
သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ
ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ
ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ
ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။

အဲဒီဆု(၈)ပါးက
••••••••••••••••••••••••••••••••••
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၄။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမွဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့
ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။

■အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ
စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။
ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး
မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

■ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ
အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို
ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို
ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ
ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း
အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။
တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက
အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး
ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက
အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။
တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက
ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

■သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ)
ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက
သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။
ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း
အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

■သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက
ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး
သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

■အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ “ယာဂုအကျိုးဆယ်မျိုး”ရှိတယ်
လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား
တပည့်တော်မ အသက်ထက်ဆုံး “ယာဂုလှူလိုပါတယ်”ဘုရား။

■အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့
ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့
ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို
ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး
ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု
ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။

သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ
သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ
ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့်
တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က
ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊
အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့
ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို
လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့
“ဝါဆိုသင်္ကန်း”ရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့
သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။ အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက
ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့
တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။ ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။
ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါတယ်လို့
ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

=================

Ashin Nyana Satedi.

Address

Chaing Mai

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

09787075756

Website

Alerts

Be the first to know and let us send you an email when See First - Buyer Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share