Lwin

Lwin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lwin, Yangon.

သုည-မင်းခိုက်စိုးစန်'ကျောက်တုံးတစ်တုံးပေါ်ကိုအလင်းရောင်ကျနေတယ်...။အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်အမှောင်ရိပ်ကျလာမှာပဲ...
25/05/2025

သုည-မင်းခိုက်စိုးစန်

'ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင်ကျနေတယ်...။
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
အမှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှမပြောင်းလဲသွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ်။
ကိုယ်က မကောင်းမှုပြုကြတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်းအမှောင်ကို ထွန်းညှိနေတာပါ။'

ဆရာမင်းခိုက်စိုးစန်ရဲ့ 'သုည' ဆိုတဲ့ စာအုပ်ကို သူငယ်ချင်းတစ်ယောက်ရဲ့ ညွှန်းဆိုမှုကြောင့် ဖတ်ဖြစ်ခဲ့တယ်။ စိတ်ခံစားမှုဘက်သွားတဲ့ စာအုပ်မျိုးဆိုတာထက် အတွေးအခေါ်ပိုင်းပိုသွားတဲ့ စာအုပ်မျိုးဖြစ်တာတွေ့ရတယ်။ ဇာတ်ကောင်တွေရဲ့ အတွေးအမြင် တွေကိုရေးဖွဲ့ထားတာတွေက ကျွန်မအတွက်တော့ တွေးစရာလိုဖြစ်နေပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်ကိုတော့ အရမ်းမကြိုက်မိပေမယ့် အရေးအသား၊အတွေးအခေါ်ကိုတော့ သဘောကျမိပါတယ်။

ဇာတ်လမ်းကို ရင်ထဲစွဲကျန်တဲ့အထိ ဖတ်တတ်ကြတဲ့သူတွေအတွက်တော့ ပုံမှန်စာအုပ်တစ်အုပ်သာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ အတွေးအမြင်တွေကတော့ ရင်ထဲစွဲကျန်နေမယ်ဆိုတာတော့ ပြောရဲပါတယ်။

Note ဤစာအုပ်သည် ဟာသများလည်းထည့်ထားပါသည်။ ရယ်ရ၊ တွေးရတာကို နှစ်သက်သူများအဖို့ ဖတ်ရှုဖို့ရန် ပိုပြီးသင့်တော်ပါသည်။

P.S စာအုပ်ဖတ်ပြီး ရယ်နေမိလို့ အိမ်ကလူတွေ ဝိုင်းကြည့်တာပါခံရသော ကျွန်မ😑

#သုည
#မင်းခိုက်စိုးစန်

မမေ့မလျော့-ဒေါက်တာဖြိုးသီဟ "တကယ်တော့ လောကမှာ စိတ်ကောင်း "ရှိ”  တဲ့ သူဆိုတာ မရှိပါဘူး...  စိတ်ကောင်းများများ "ဖြစ်” အောင်...
19/05/2025

မမေ့မလျော့-ဒေါက်တာဖြိုးသီဟ

"တကယ်တော့ လောကမှာ စိတ်ကောင်း "ရှိ” တဲ့ သူဆိုတာ မရှိပါဘူး...
စိတ်ကောင်းများများ "ဖြစ်” အောင် ကြိုးစားနေတဲ့ သူပဲရှိပါတယ်။”

အခု Review ပေးချင်တဲ့ စာအုပ်ကတော့ ဒေါက်တာဖြိုးသီဟရဲ့ "မမေ့မလျော့” ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဆရာကတော့ ဗုဒ္ဓအဆုံးအမတွေနဲ့အညီ ဘဝနေနည်းတွေကို လက်တွေ့ကျကျ သေချာရှင်းပြပေးထားတာတွေ့ရပါတယ်။

၂၁ရာစုနောက်ပိုင်း ကျွန်မတို့ရဲ့ အတွေးအခေါ်၊ အယူအဆတွေလည်း ပြောင်းလဲလာပါတယ်။ ထို့နည်းတူစွာပဲ Classical Buddhism ကနေမှ Secular Buddhism အဖြစ် လူအများလက်ခံ၊ကျင့်သုံးလာကြပါပြီ။

ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို စိတ်ချမ်းသာ၊ ရိုးရှင်းစွာ နေထိုင်ဖို့ရန် ဘယ်လိုMindset တွေ ထားရှိသင့်သလဲဆိုတာကို ဗုဒ္ဓအဆုံးအမတွေနဲ့အညီ လက်ရှိပစ္စုပ္ပန်မှာ ဆက်စပ်နေပုံတွေကို နားလည်လွယ်အောင် ချိတ်ဆက်ရှင်းပြထားတာကို ယခုစာအုပ်မှာ မြင်တွေ့နိုင်ပါတယ်။

"သင်က Classical Buddhismလား?
Secular Buddhismလား?
ဘာလို့ ဒါတွေ သိရမှာလဲ?”
အဲ့ဒီလို အတွေးမျိုးဝင်လာပြီဆိုရင်တော့ ဖတ်ကြည့်ဖို့ Recommend ပေးပါရစေ။

(မှတ်ချက်။ ဤစာအုပ်သည် ရိုးရှင်းနက်နဲသဖြင့် အချိန်ပေး၍ သေချာဖတ်စေချင်ပါသည်။)

#မမေ့မလျော့
#ဒေါက်တာဖြိုးသီဟ

20/04/2025

ဗုဒ္ဓအဆုံးအမ

လူ့ဘဝဆိုတာ တိုတောင်းပါတယ်။
မမေ့မလျော့မပေါ့မဆနဲ့
နေနိုင်ကြမှသာ ပူလောင်မှုနည်းတဲ့
နောင်တရစရာမရှိတဲ့ ဘဝမျိုးကို
ပိုင်ဆိုင်နိုင်ကြမှာပါ။
ဒါကြောင့်မို့လည်း
ကောင်းကျိုးချမ်းသာ မှန်သမျှဟာ
အပ္ပမာဒတရားရှိမှသာ ဖြစ်နိုင်တယ်လို့
ဗုဒ္ဓက ဆုံးမခဲ့တာ ဖြစ်ပါတယ်။

#မမေ့မလျော့
#ဒေါက်တာဖြိုးသီဟ

လူပါးဝတယ်-သာဓု   ဆရာသာဓုရဲ့'အတာ' ဆိုတဲ့ ဝတ္ထုလေးဖတ်ပြီး မျက်ရည်ဝဲခဲ့ဖူးတယ်။ အခု ဆရာ သာဓုရဲ့ 'လူပါးဝသည်' စာအုပ်လေးကကော ဘယ...
11/04/2025

လူပါးဝတယ်-သာဓု

ဆရာသာဓုရဲ့'အတာ' ဆိုတဲ့ ဝတ္ထုလေးဖတ်ပြီး မျက်ရည်ဝဲခဲ့ဖူးတယ်။ အခု ဆရာ သာဓုရဲ့ 'လူပါးဝသည်' စာအုပ်လေးကကော ဘယ်လိုလေးပါလိမ့်ဆိုပြီး သိချင်စိတ်ပြင်းပြင်းနဲ့ ဖတ်ကြည့်မိတယ်။

ဆရာ့အထုပ္ပတ္တိလို အပြည့်အစုံမပါဝင်ပေမယ့် ဆရာ့အကြောင်းအရာတော်တော်များများ ပါဝင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ရတာကို တွေ့ရပါတယ်။ ဆရာကိုယ်တိုင်ကလည်း သာဓု ဘဝ တစ်ကွေ့မှာ တွေ့ရ၊ ကြုံရ တာတွေကို ရည်ရွယ်ရေးသားထားတဲ့ စာအုပ်လို့ပြောထားပါတယ်။ ဒါ့ကြောင့် ဝတ္ထုဆိုတာထက် အပိုင်းလေးတွေနဲ့ ရေးသားထားတာကို ဖတ်ရမှာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် လွတ်လပ်ရေးမရခင်နဲ့ လွတ်လေးရေးရပြီး ကာလတွေဖြစ်တာကို စာအုပ်ပါ အကြောင်းအရာတွေနဲ့လည်း သိနိုင်ပါတယ်။

"မဟုတ်မခံစိတ်ရှိသူဟာ ရန်သူပေါတယ်။
မှန်ရာကို ဒဲ့ဒိုးပြောလို့ အမုန်းခံရတယ်ဆိုရင်...
အဲဒါ...သာဓုအဖို့ အရသာပဲ။”
ဆိုတဲ့အတိုင်း အမှန်တရား၊ ညီမျှမှုကိုသာ လိုလားတဲ့ ဆရာက မညီမျှမှုတွေနဲ့ ကြုံရတဲ့အခါ တည့်တိုးပြောတက်ပြီး ကိုယ့်အိတ်ထဲက ငွေစိုက်ပြီး တရားရုံးထိတတ်တက်တဲ့ သူမျိုး ​ဖြစ်ပါတယ်။

သာဓု 'လူပါးဝသည်' ဆိုသည်မှာ မဟုတ်လျှင် မခံ၊ သေးသေးတင် မခံတက်သော သခင်ဖေသန်း(ခေါ်) ဆရာသာဓုနဲ့ ပက်သက်မိကြတဲ့ နိုင်ငံရေးခေါင်းဆောင်အချို့နဲ့ ဝန်ကြီးအချို့က ခံရပါများ၍ သာဓု လူပါးဝသည် ဟူ၍ပင် ပြောစမှတ်တွင်ခဲ့သည်အထိ ဖြစ်ခဲ့ပါတယ်။

ဆရာ့ရဲ့ အတွေးအမြင်၊ ပြောဟန်၊ ဆိုဟန်တွေက တည်ကြည်ပြတ်သွားလွန်းလှသည်။ ကျွန်မအနေနဲ့ ဆရာ့စာအုပ်ဖတ်ရင်း လွတ်လပ်ရေးကာလအတွင်း လုပ်ငန်း၊ ဋ္ဌာနစီမံမှုတွေနဲ့အတူ လူ့သဘောမနောများပါ နားလည်သိရှိပြီး ပစ္စုပ္ပန်နဲ့ အတိတ်ကို ချိန်ညှိစဥ်းစားမိသည်။ ဟာသစာအုပ်လို့ပြောမရပေမယ့် တစ်ခါတစ်ခါ သဘောကျလွန်းလို့ ထရယ်မိတဲ့အထိ ဖြစ်ရတာကြောင့် စိတ်ဝင်စားဖို့လည်း ကောင်းတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

သာဓု 'လူပါးဝသည်' စာအုပ်လေးကိုဖတ်ကြည့်ပြီး မသိသေးသော၊ မတွေးမိသော၊ အကြောင်းအရာအဖြစ်အပျက်များကို သိရှိပြီးတွေးမိကြမည်မှာ ဧကန်ဖြစ်ပါသည်။ စာအုပ်လေးကို သေချာသိချင်ရင်တော့ ဖတ်ကြည့်ဖို့ recommend ပေးပါရစေ​။

#လူပါးဝသည်
#သာဓု

ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ-ဒေါက်တာဖြိုးသီဟ ဆရာပြောတာကတော့ ကျား၊မ ဆက်ဆံမှုတွေ မရှိတော့ဖို့ လူမှုရေး အဖွဲ့အစည်းတွေကနေ ဦးဆေ...
05/03/2025

ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ-ဒေါက်တာဖြိုးသီဟ

ဆရာပြောတာကတော့ ကျား၊မ ဆက်ဆံမှုတွေ မရှိတော့ဖို့ လူမှုရေး အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီး လူထုကို အသိပညာတွေဖြန့်ဝေပေးကြတယ်။ အဲဒီအသိပညာပေးလုပ်ငန်းတွေကတဆင့် ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ ဆိုတဲ့ စကားလုံးကို စကြားခဲ့ပြီး ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်တဲ့။

ဆောင်းပါးမှာရေးထားတာက ပြောင်းလဲလာတဲ့ခေတ်နဲ့ အညီ ကျွန်မတို့အားလုံးမှာထားရှိသင့်တဲ့ ဖို၊မ ခွဲခြားဆက်ဆံမှုနဲ့ အခြားသောအတွေးအမြင်အချို့ကို ရေးသားမျှဝေထားတာတွေ့ရပါတယ်။

"အမျိုးသမီးတွေဘဝ တိုးတတ်လာဖို့အတွက် ငွေကြေး ထောက်ပံ့မှုတွေ ဥပဒေတွေထက် ကျွန်တော်တို့ပိုလိုအပ်တာကတော့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပစ်ဖို့ပါပဲ။”

Note ထုတ်ဆိုရင်တော့ တစ်အုပ်လုံးလိုလိုက မှတ်သားစရာအပြည့်ချည်းပါပဲ။ အဲဒီထဲကမှ သဘောကျတဲ့ Note အချို့ကို မျှဝေပေးချင်ပါတယ်။

"စိတ်ပျက်ပြီး လှည့်ပြန်လာတော့မယ် ကြံတိုင်းမှာ ကိုယ့်ကိုယ်ကိုမေးပါ။ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာပြီလား။ မသေချာမချင်း ကိုယ့်မှာအောင်မြင်ဖို့ အခွင့်အလမ်းရှိပါသေးတယ်။ ဘဝဆိုတာ တာတိုပြေးပွဲ မဟုတ်ပါဘူး။ မာရသွန်ပွဲပါ။ စာမေးပွဲ အမှတ်ကောင်းရုံ၊ ညဏ်ကောင်းရုံနဲ့ ဒီမာရသွန်ပြေးပွဲကြီးမှာ မအောင်မြင်နိုင်တာ သေချာပါတယ်။ အဲဒီလို ပြိုင်ပွဲရှည်ကြီးမှာ ထိပ်ဆုံးက ပန်းဝင်နိုင်ဖို့ အဓိက အရေးကြီးလာတာက စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။”

"အရင်တုန်းက လက်ခံခဲ့တာ Leaders are born ခေါင်းဆောင်တွေဟာ မွေးရာပါ အရည်အချင်းပြည့်ဝသူတွေတဲ့။ ခုတော့ မဟုတ်တော့ဘူး။ Leaders are made ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ လေ့ကျင့်ယူလို့ရတယ်ဆိုပြီး လက်ခံလာကြပြီ။ အဲဒီလို လူတစ်ယောက်ရဲ့အရည်အသွေးကို လွှမ်းမိုးနိုင်တဲ့ ပတ်ဝန်းကျင်မှာမှ မိဘကအရေးကြီးဆုံးပါပဲ။ ဒါကြောင့်လည်း "လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဘ”ဆိုပြီးတော့ ပြောလေ့ရှိကြတာ။”

"ကမ္ဘာကို ကိုင်လှုပ်နေတာ generalist တွေပါတဲ့။ နိုင်ငံတော် သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ ခေါင်းဆောင်တွေဟာ ပညာရပ်တစ်ခုတည်းကို ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ specialistတွေ မဟုတ်ကြပါဘူး။ ကဏ္ဍအားလုံးကို နားလည်သဘောပေါက်ပြီး ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နေကြတဲ့ generalist တွေဖြစ်ပါတယ်။”

ဆရာ့စာတွေက ခေတ်နဲ့လည်းညီသလို စီးပွားရေးဆိုင်ရာ စကားလုံးတွေကို ဥပမာနဲ့တကွ ဖော်ပြပေးထားတာတွေ့ရပါတယ်။ ၂၁ရာစုခေတ်မှာ လိုအပ်လာတဲ့ soft skillတွေ တက်ကိုတက်ထားသင့်တဲ့ ပညာတွေကိုလည်း ရှင်းပြပေးထားတယ်။

ဒီစာအုပ်ဖတ်ပြီး ဘာရလဲဆိုရင် အတွေးအမြင်တွေဆန်းစစ်မိလာတယ်၊ ပြောင်းလဲပြီးတွေးခေါ်တက်လာတယ်၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကိုလည်းသိလိုက်ရတယ်၊ တချို့ business ပိုင်းဆိုင်ရာ ကိုယ်နားမလည်ခဲ့၊ မသိခဲ့တဲ့ အကြောင်းအရာတွေကိုပါ ဆရာ့စာထဲမှာ ဥပမာတွေနဲ့အတူရှင်းပြပေးထားတာကိုတွေ့ရတယ်။

အချုပ်ပြောရရင်တော့ ခုလိုပြောင်းလဲမြန်တဲ့ခေတ်ကာလကြီးမှာ ဆရာဖြိုးသီဟ စာအုပ်တွေက ဖတ်ကိုဖတ်ထားသင့်တဲ့ စာအုပ်တွေထဲအပါအဝင်ဖြစ်တယ်လို့ recommend ပေးလိုက်ပါရစေ။

#ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ
#ဒေါက်တာဖြိုးသီဟ

05/02/2025

ခွဲခွာခြင်းဆိုတာဟာ ကျွန်တော်တို့ ရွေးချယ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကျွန်တော်တို့ ရွေးချယ်လို့ ရတာက ဆုံတွေ့နေရတဲ့ အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုစိတ်ထားတွေနဲ့ ဆက်ဆံကြမလဲဆိုတာပါပဲ။ နောင်တစ်ချိန် အကြောင်းတစ်ခုခုကြောင့် ခွဲခွာရတော့မယ်ဆိုတဲ့ အချိန်မှာ ငါ သူ့ကို ဒီလိုပြောခဲ့မိတဲ့အတွက် နောင်တရနေတာမျိုး၊ ငါ သူ့ကို ချစ်တယ်၊ ခင်တယ်၊ ကျေးဇူးတင်တယ် ဆိုတဲ့ စကားကလေး မပြောမိလိုက်ဘူးဆိုတာမျိုး ရှိမနေစေဖို့ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထား ချစ်ခင်ကြဖို့ လိုအပ်ပါတယ်။


#ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ
#ဒေါက်တာဖြိုးသီဟ

ခေတ်သစ်ရဲ့ တောင်းဆိုမှုများ-ဒေါက်တာဖြိုးသီဟ တိုးတတ်လာတဲ့ခေတ်နောက်ပိုင်း ပရို ဆိုတဲ့ စကားလုံးလည်း လူပြောများလာကြတယ်။ ပရို...
02/02/2025

ခေတ်သစ်ရဲ့ တောင်းဆိုမှုများ-ဒေါက်တာဖြိုးသီဟ

တိုးတတ်လာတဲ့ခေတ်နောက်ပိုင်း ပရို ဆိုတဲ့ စကားလုံးလည်း လူပြောများလာကြတယ်။ ပရိုရဲ့ အရှည်စာလုံးကတော့ ပရော်ဖက်ရှင်နယ် လို့သိကြပါတယ်။ တိုးတတ်ပြောင်းလဲနေတဲ့ခေတ်သစ်နဲ့ အညီ ကျွန်မတို့ဟာ အလုပ်ခွင်ဖြစ်စေ၊ လူမှုရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘယ်ပတ်ဝန်းကျင်မှာမဆို အဆင်ပြေချောမွေ့ဖို့ရန် ပရိုတစ်ယောက်အဖြစ် ပီသနေဖို့ လိုပါတယ်။ ဆရာဖြိုးသီဟရဲ့ စာအုပ်ဖတ်ပြီးမှ ပရိုဆိုတာ စကားလုံးနှစ်လုံးတည်းနဲ့ အတော်ခက်ခဲပြီး မလွယ်ကူကြောင်းသိခဲ့ရတယ်။

“တကယ်တော့ စေတနာအမှားပါဆိုပြီး တောင်းပန်တာ ပရို မဟုတ်ဘူး။ မမှားအောင်လုပ်မယ်ဆိုတာကမှ ပရို။ ငါဘယ်နှစ်နာရီအလုပ်လုပ်တယ်ဆိုတာက ပရို မဟုတ်ဘူး။ အလုပ်တွေပြီးစီးခဲ့တယ်ဆိုတာကမှ ပရို။ စကားလုံးတွေနဲ့ ကြားကောင်းအောင် ပြောတာပရို မဟုတ်ဘူး။ ကောင်းသထက်ကောင်းအောင် ကြိုးစားနေတာကမှ ပရို။”

“ဘယ်နယ်ပယ်မဆို အပျော်တမ်းတွေ သိပ်များလာပြီဆိုရင်တော့ အဲဒီ့ပရော်ဖက်ရှင်နယ်လောကဟာ ကျဆုံးချိန်ရောက်လာပြီလို့ပဲ ဆိုရမှာပါ။”

“ပရိုဆိုတာ ကိုယ့်အလုပ်နဲ့ ပက်သက်ရင် ကောင်းသသထက်ကောင်းအောင် ရှိရမယ့် စံချိန်စံညွှန်းထက် တပြားသားမှ မလျော့အောင် အားထုတ်နေသူတွေဟာ ပရော်ဖက်ရှင်နယ်တွေပဲ။”

အပေါ်က သုံးပိုဒ်က ကျွန်မသဘောကျတဲ့ ပရိုဆိုတဲ့ခေါင်းစဉ်အောက်က မှတ်ထားတာအချို့ကို ဝေမျှထားပေးခြင်း ဖြစ်ပါတယ်။ ဆရာဖြိုးရဲ့ စာတွေကတော့ တစ်အုပ်လုံးလိုလို မှတ်သားစရာ အပြည့်ပါပါတယ်။ ဒါ့ကြောင့် အနှစ်ကြီးတွေကိုပဲ မှတ်သားရတာကြိုက်တယ်ဆိုရင် ဆရာဖြိုးသီဟရဲ့ စာအုပ်တွေကို ဖတ်ကြည့်ပါလို့ စေတနာများစွာဖြင့်…

#ခေတ်သစ်ရဲ့တောင်းဆိုမှုများ
#ဒေါက်တာဖြိုးသီဟ

Buddhismဆိုတာ Universal truth။Minimalism-Living with less  "Minimalism ဆိုတာကိုယ့်ဘဝရဲ့ တကယ့်အရေးကြီးတာတွေကို သတ်မှတ်ပြီ...
20/01/2025

Buddhismဆိုတာ Universal truth။

Minimalism-Living with less

"Minimalism ဆိုတာကိုယ့်ဘဝရဲ့ တကယ့်အရေးကြီးတာတွေကို သတ်မှတ်ပြီး ကျန်တာတွေကို သတ္တိရှိရှိနဲ့ စွန့်လွှတ်ရဲတဲ့ ဘဝနေထိုင်မှုပုံစံ ကိုဆိုလိုခြင်းဖြစ်ပါတယ်။”

"မနာလိုစိတ်ဟာ သဘာဝဆိုပေမယ့် သတိထားကိုင်တွယ်ဖို့ ကောင်းပါတယ်။ တခြားသူတွေ အောင်မြင်လို့ ကိုယ့်မှာ မနာလိုစိတ်ဖြစ်ရတယ်ဆို တခြားသူတွေကို မအောင်မြင်ဘဲ နေခိုင်းလို့မရပါဘူး။ အဓိကပြဿနာက ကိုယ့်အတွင်းစိတ်ထဲမှာ ရှိနေတာပါ။ ဒါကိုဖြေရှင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။”

"လူတွေက ကိုယ်တောင်မှမပျော်ရင် တခြားလူကို ပျော်အောင်ထားဖို့ မလွယ်ဘူးလို့ ပြောကြတယ်။ ကျွန်တော်ကတော့ ရှု့ထောင့်တစ်မျိုးကနေ လှည့်ပြောချင်တယ်။ ကိုယ်တိုင်လည်းကျင့်သုံးနေလို့ပါ။ သူတစ်ပါးကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ပျော်ရွှင်မှုကို ရှာလို့ရတယ်ဆိုတာပဲ။”

"တကယ်တော့ ကြင်နာခြင်းဆိုတာ နားမကြားသူလည်းကြားနိုင်တဲ့၊ မျက်စိကွယ်နေသူလည်း မြင်တွေ့နိုင်တဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။”

အပေါ်ကအချက်လေးတွေက သဘောကျရတဲ့ Note တချို့ကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ ဆရာဖြိုးရဲ့ ဗုဒ္ဓအလိုကျ Minimalism စာအုပ်ဖတ်ရင်း ရိုးရှင်းတဲ့ ဘဝနေထိုင်မှုပုံစံကို သိလာရတဲ့အပြင် ကိုယ်မသိသေးတဲ့ အကြောင်းအရာတော်တော်များများ သိလိုက်ရတယ်။ ဗုဒ္ဓတရားတော်နဲ့ လက်ရှိမျက်မှောက်ကာလမှာ ရှင်သန်နေရတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ချိတ်ဆက်ရေးပေးထားတာကို တွေ့ရတယ်။

စာအုပ်ဖတ်ရင်း ကိုယ့်ကိုယ်ကို ဆန်းစစ်မိတယ်။ ဆရာကလည်း သူ့ရဲ့အပြုအမူ၊ အတွေးအမြင်တွေကို သိုဝှက်မထားဘဲ ဖော်ပြပေးထားတယ်။ တစ်ခါတလေ ကိုယ်တိုင်က သူများကိုသာ အပြစ်မြင်တတ်ပြီး ကိုယ့်ကိုယ်ကိုကြ မမြင်တတ်ကြပါဘူး။ ကျွန်မလည်းထို့နည်းတူပါဘဲ။ ဆရာ့စာဖတ်နေရင်းကနေ ကိုယ့်ကိုယ်ကိုမမြင်မိပဲ တခြားသူတွေကိုသာ သွား​ပြေးမြင်မိနေတတ်တာပါ။ ဆရာသတိပေးထားတာကတော့ တခြားသူကိုသွားမြင်ယောင်နေတာထက် ကိုယ့်ကိုယ်ကိုအရင်မြင်ပါ၊ ဆန်းစစ်ပါဆိုတာလေးတွေက ကျွန်မအတွက် သတိမူစေမိပါတယ်။

ကိုယ့်ကိုယ်ကိုမြင်ပြီး ဆန်းစစ်မှသာ ပိုကောင်းတဲ့ကိုယ် ဖြစ်လာနိုင်မှာပါ။ အချုပ်အနေနဲ့ ဘဝကိုရိုးရိုးရှင်းရှင်း၊ အဓိပ္ပါယ်ရှိရှိနဲ့ ဖြတ်သန်းချင်တဲ့ သူတွေအတွက် ဆရာဖြိုးသီဟရဲ့ ဗုဒ္ဓအလိုကျ Minimalism စာအုပ်က တကယ်ကိုအကျိုးရှိစေမှာသေချာပါတယ်။ ရိုးရိုးရှင်းရှင်းမနေတတ်တဲ့ ကျွန်မတောင် ဆရာ့စာအုပ်ဖတ်ရင်း mindesetတွေပြောင်းလာတယ်၊ ပိုပြီးအေးချမ်းလာရတာတော့ အမှန်ပါဘဲ။

#ဗုဒ္ဓအလိုကျMinimalism
#ဒေါက်တာဖြိုးသီဟ

30/12/2024

Digital Minimalism
A way of technology use in which you focus your online time on a small number of carefully selected and optimized activities that strongly support things you value.

Digital Minimalist ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေရမယ့် အချက် ၃ ချက်

၁။နည်းပညာတွေကို သုံးတာသည် ရည်ရွယ်ချက်ပါရမယ်။ အကျင့်တစ်ခုလို မသုံးရမနေတာမျိုးဖြစ်နေတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။
၂။စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ Passive Consumption မလုပ်မိဖို့အရေးကြီးတယ်။
၃။ဘယ်လောက်ကောင်းတဲ့ ဆိုရှယ်မီဒီယာဖြစ်ဖြစ်၊ ကိုယ့်ရှေ့မှာရှိနေတဲ့ လူထက်တော့ အရေးမပါဘူး။

#ဗုဒ္ဓအလိုကျMinimalism
#ဒေါက်တာဖြိုးသီဟ

30/12/2024

ဖဿလို့ခေါ်တဲ့ ပြင်ပအာရုံတွေနဲ့ ကိုယ့်ရဲ့အာရုံခံစားနိုင်စွမ်း ချိတ်ဆက်မှု့ (connection) နည်းသွားအောင် ရိုးရှင်းစွာနေထိုင်တာကိုတော့ Minimalism လို့ခေါ်ပါတယ်။
ပြောရရင် Mindfulness က ဝေဒနာကိုရည်ရွယ်တယ်။
Minimalism ကတော့ ဖဿ ကို ရည်ရွယ်တယ်။

#ဗုဒ္ဓအလိုကျMinimalism
#ဒေါက်တာဖြိုးသီဟ

27/12/2024

Minimalism (Living with less)
The process of identifying what is essential in your life and having the courage to let go of the rest.

#ဗုဒ္ဓအလိုကျMinimalism
#ဒေါက်တာဖြိုးသီဟ

21/12/2024

၂၀၂၅အတွက် အဆင်သင့်ဖြစ်ပြီလား။

၂၀၂၄ ကုန်ဖို့ ရက်ပိုင်းပဲလိုတော့တယ်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားတိုင်း ကျွန်မတို့တွေဟာ အတွေ့ကြုံတွေ၊ သင်ခန်းစာတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ စသဖြင့် အမျိုးမျိုး ကြုံဆုံခဲ့ကြရတယ်။ နှစ်သစ်တိုင်းကိုလည်း ပိုမိုကောင်းမွန်တဲ့ ဘဝကို ရောက်ရှိစေဖို့ ကျွန်မတို့ဟာ နှစ်ဟောင်းက အလေ့အကျင့်၊ အတွေးအခေါ်၊ အပြုအမူတွေကို ပြုပြင်လေ့ ရှိကြတယ်။

မိတ်ဆွေတို့ကော နှစ်သစ်မှာ ပိုကောင်း၊ ပိုတော်တဲ့သူတွေ မဖြစ်ချင်ကြဘူးလား။ ကျွန်မကတော့ နှစ်တိုင်းကို မတူညီတဲ့ အကောင်းဆုံးပုံစံတွေနဲ့ ကျော်ဖြတ်ချင်ပါတယ်။ မိတ်ဆွေတို့လည်း ပိုကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ချင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးဆီတွေကို သွားဖို့အတွက် အခြေခံကျတဲ့ ပန်းတိုင်၊ ရည်မှန်းချက်များ သတ်မှတ်ခြင်းဖြစ်တဲ့ goal setting ချခြင်းများနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

ကျွန်မတို့ အများစုဟာ တစ်ခုခုကို အမြဲမပြတ် လုပ်ဆောင်ဖို့ဆိုရင် အနောက်ကနေတွန်းအားတစ်ခုပါမှ ရွေ့တတ်တဲ့ သဘာဝရှိပါတယ်။ အဲ့ဒီလိုပဲ ကျွန်မတို့နေ့စဉ်ဘဝမှာ ကိုယ်ပိုင် ပန်းတိုင်သတ်မှတ်ထားခြင်းမရှိဘဲ ကျော်ဖြတ်နေခြင်းက အချည်းနှီးသာသာဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝကို လိုချင်ရင် တိကျ၊ ရှင်းလင်း၊ ပြတ်သားတဲ့ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။

ကျွန်မအနေနဲ့ဆို ၂၀၂၄မှာအခက်အခဲတွေရှိခဲ့တယ်။ သင်ယူမှု့အပိုင်းမှာလည်း လုပ်သာလုပ်နေတာ စမ်းတဝါးဝါး အဖြစ်မျိုးတွေရှိတာကို သတိပြုမိတယ်။ ဒါ့ကြောင့် ၂၀၂၅ အတွက် ကျွန်မချမှတ်ထားတဲ့ အကြာင်းအရာတစ်ချို့ကို မိတ်ဆွေတို့အတွက် အထောက်အကူရလိုရငြား မျှဝေပေးချင်ပါတယ်။

၁။ ကျန်းမာရေးကို ဂရုစိုက်မယ်။ (၂၀၂၃ နဲ့ ၂၀၂၄ မှာ ကျွန်မအတွက် ကျန်းမာရေးက အရေးကြီးဆုံးဆိုတာကို ကြုံတွေ့ခဲ့ရတယ်။)

၂။ အင်္ဂလိပ်စာကို ကျွမ်းကျင်အဆင့်ထိရောက်ရမယ်။

၃။ ဘာသာရေးကို သေချာလုပ်မယ်။

၄။ စာအုပ်ကို အနည်းဆုံးတစ်လနှစ်အုပ်ပြီးအောင်ဖတ်မယ်။

ယေဘုယျအားဖြင့် ရေးပြထားချင်သာ ဖြစ်ပါတယ်။ ကျန်တဲ့ goal setting နဲ့ mindset တွေကတော့ secretပေါ့😇
ဒီစာကိုဖတ်ပြီးပြီဆိုတာနဲ့ ၂၀၂၅ အတွက် ကြိုတင်ပြင်ဆင်ကြရအောင်နော်။

Address

Yangon

Alerts

Be the first to know and let us send you an email when Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lwin:

Share