05/04/2023
ပန်းဆီအနှစ်ရောင်သန်းလွန်းပြီး အနီဘက်ရောက်သလို စိုလွင်နေတဲ့ Sapphire ကျောက်မျိုးကို ပတ္တမြားနဲ့ အထင်မှားမိတာမျိုး ဖြစ်လေ့ရှိပါတယ်။
1990 နှောင်ပိုင်းလောက်က Madagascar နိုင်ငံမှာ
စတင်တွေ့ရှိခဲ့တဲ့ ပန်းရောင် Sapphire ကို နောက်ထပ် သီရိလင်္ကာ, ဗီယက်နမ် နဲ့ မြန်မာပြည်မှာပဲ တူးဖော်ရရှိတာကြောင့် ရှားပါး Precious Stone အဖြစ် သတ်မှတ်ထားကြပါတယ်။
ရင်ထိုးတွေဆင်မြန်းရတာ နှစ်သက်တဲ့ Queen Elizabeth II ဆိုရင် အရေးကြီးတဲ့ special event တွေဆီ တက်ရောက်ရတိုင်း သူ့ရဲ့ pink sapphire cluster brooch ကိုသာ ဝတ်ဆင်သွားခဲ့တာပါတဲ့...။
အဲဒါကြောင့် feminine elegance ပေါ်လွင်စေမဲ့ ကျောက်မျိုးကို Jewelry အဖြစ်နဲ့ အမြဲဝတ်ချင်တယ်ဆို Pink Sapphire ပဲ ဦးစားပေးရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။