Myat And Yoon Book Store

Myat And Yoon Book Store စာဖတ်သောလူမျိုးများ တိုးတက်ကြ၍

တိုးတက်သောလူမျိုးများ စာဖတ်ကြသည်။

ကြိုက်နှစ်သက်ရာစာအုပ်များကို
မြန်မာနိုင်ငံအတွင်း အိမ်အရောက်ငွေချေဖြင့်
မှာယူနိုင်ပါပြီ...💙💜

ကြိုက်တာယူတစ်အုပ် ၂၀၀၀ ကျပ် 🥰မြန်မာနိုင်ငံအနှံ့ အိမ်အရောက်ငွေချေဖြင့်ပို့ပေးပါသည်။😍😘Page messager တွင်မှာယူနိင်ပါသည်🥰( အ...
27/02/2025

ကြိုက်တာယူတစ်အုပ် ၂၀၀၀ ကျပ် 🥰

မြန်မာနိုင်ငံအနှံ့ အိမ်အရောက်ငွေချေဖြင့်ပို့ပေးပါသည်။😍😘

Page messager တွင်မှာယူနိင်ပါသည်🥰

( အကုန်ယူ Deli fees 10%🥰😘 )

#ပုံပြင် #စိတ်ခွန်အားဖြည့်စာအုပ်

Instock ရှိသောစာအုပ်လေးတွေပါဗျ🥰😍
17/02/2025

Instock ရှိသောစာအုပ်လေးတွေပါဗျ🥰😍

“ပျော်ရွှင်ခြင်း       ကမ္ဘာဘက်တစ်ခြမ်းမှာ                       မင်းနေပါ”...📖💜နံနက်ခင်းနဲ့အတူနိုးထလာတဲ့နေ့ရက်တိုင်းမှာပ...
17/01/2025

“ပျော်ရွှင်ခြင်း
ကမ္ဘာဘက်တစ်ခြမ်းမှာ
မင်းနေပါ”...📖💜

နံနက်ခင်းနဲ့အတူ
နိုးထလာတဲ့
နေ့ရက်တိုင်းမှာ
ပျော်ရွှင်ခြင်းတွေရှိတယ်...💜💜

#သံစဥ်သစ်

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

ပန်းတွေပွင့်ဖို့စောင့်ရချိန် // ပုညခင် 🌸🍁..စာအုပ်နာမည်လေးက ပန်းတွေပွင့်ဖို့စောင့်ရချိန်တဲ့..ဘယ်လောက်လှလိုက်သလဲဒါပေမဲ့ စာ...
17/01/2025

ပန်းတွေပွင့်ဖို့စောင့်ရချိန် // ပုညခင် 🌸🍁
..စာအုပ်နာမည်လေးက ပန်းတွေပွင့်ဖို့စောင့်ရချိန်တဲ့..ဘယ်လောက်လှလိုက်သလဲ
ဒါပေမဲ့ စာအုပ်နာမည်လေးအတိုင်း ကချင်ပြည်နယ်ရဲ့အလှတွေကရော ဘယ်လောက်ထိလှပနိုင်ဦးမှာလဲ။
~~~

ဒီစာအုပ်လေးက ဆရာမပုညခင်ရဲ့စာရေးသက် အနှစ် ၂၀ ကျော် အတွင်းမှာ `အချိန်အကြာဆုံး၊ အထူဆုံး၊ အပင်ပန်းဆုံး၀တ္ထုဖြစ်ခဲ့ပါတယ်´ တဲ့။

ငွေကြေးတွေပြည့်စုံနေပေမဲ့လည်း ဘ၀မှာ ခိုကိုးရာမဲ့ဖြစ်ပြီး depression ၀င်နေတဲ့ ကချင်တိုင်းရင်းသူလေး၊ မူးယစ်ဆေး၀ါးရဲ့သားကောင်ဖြစ်သွားရရှာတဲ့ သူမရဲ့မောင်လေးကိုလိုက်ရှာရာမှာ လူတစ်ယောက်နဲ့တွေ့ပြီးသူမရဲ့ စိတ်ဓာတ်တွေ နဂိုအတိုင်းပြန်လည်တတ်ကြွလာအောင်ပြောခဲ့တဲ့စကားလေးတွေက သိပ်ကို ဖတ်လို့ကောင်းခဲ့ပါတယ်။

ပြီးတော့သူမ စိတ်ဓာတ်တွေ ပြန်လည်တတ်ကြွလာချိန်မှာ ရေခဲတောင်တွေဆီကိုခရီးထွက်တဲ့အချိန်တွေကို အနုစိတ်ရေးသားထားတာတွေ၊ ခရီးတစ်လျောက်မှာ ကြုံတွေ့ရတဲ့အမှတ်တရတွေ၊ ဖော်ရွေတတ်ပြီး မတူညီတဲ့ တိုင်းရင်းသားအကြောင်းတွေ၊ မတူညီတဲ့စားသောက်နေထိုင်ပုံလေးတွေကိုပါ အသေးစိတ်ဖော်ပြထားတာဖြစ်လို့ knowledge များစွာလည်းရနိုင်တဲ့စာအုပ်လေး တစ်အုပ်ပါ။

ဒီစာအုပ်လေးကိုဖတ်ရင်းရမိတဲ့ခံစားချက်တွေကတော့ ပထမဆုံး ၀မ်းနည်းမိတယ်၊ ဒေါသလည်းထွက်ရတယ်၊ ပျော်လည်းပျော်ရတယ် စသည်ဖြင့်ခံစားချက်မျိုးစုံကိုပေးနိုင်တဲ့ စာအုပ်လေးတစ်အုပ်လို့ မြင်မိပါတယ်။

✨သိပ်လှတဲ့ ရေခဲတောင်တွေအကြောင်း🏔️
✨စစ်ဘေးဒဏ်တွေကြောင့်ဖြစ်လာတဲ့ ဆိုး၀ါးတဲ့ အရာတွေ
✨မူးယစ်ဆေး၀ါးရဲ့သားကောင်ဖြစ်နေရရှာတဲ့ လူတွေအကြောင်း စသည်ဖြင့် ဇာတ်ကောင်များစွာကိုရှုထောင့်များစွာကနေရေးသားထားတဲ့ စာအုပ်လေးပါ။

စာအုပ်လေးကိုဖတ်ပြီးသွားရင် ဒီထက်မက စိတ်၀င်စားဖို့ကောင်းတဲ့ knowledge လေးတွေကိုပါ ရလာလိမ့်မယ်✨

#ပုညခင်
#ပန်းတွေပွင့်ဖို့စောင့်ရချိန်
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

ခွန်အားပေးစာတိုလေးတွေစုပေးထားတာပါရှင့်📖💜📖အခွင့်ကောင်းကိုဆုပ်ကိုင်ပါ📖✍မောင်ဘီ✍ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨> Myat And Yoon ...
17/01/2025

ခွန်အားပေးစာတိုလေးတွေစုပေးထားတာပါရှင့်📖💜

📖အခွင့်ကောင်းကိုဆုပ်ကိုင်ပါ📖
✍မောင်ဘီ✍

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

စာအုပ်အမည်က “ အရူးထောင်မှာဆယ်ရက်တာ ”တဲ့.... စာအုပ်အမည်မှာတင် စိတ်ဝင်စားမှုနဲ့  ဆွဲဆောင်မှုကပြည့်နေသည်။------------------...
15/01/2025

စာအုပ်အမည်က
“ အရူးထောင်မှာဆယ်ရက်တာ ”တဲ့....

စာအုပ်အမည်မှာတင် စိတ်ဝင်စားမှုနဲ့ ဆွဲဆောင်မှုကပြည့်နေသည်။
-------------------

ကျွန်တော်တို့ လူသားတွဟော ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ် ။ တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး ။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်းအားကြီးတယ် ။ စိန်ခေါ်မှုတွကေို ရင်မဆိုင်နိုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွလေည်း အထင်အရှား ရှိခဲ့တယ် ။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄_၁၉၂၂) ပါ။

သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့အတူ ရောပြီး နေထိုင်ဖို့ပဲ ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ ကမ္ဘာ့သတင်းစာတိုက်က တောင်းဆိုခဲ့တာပါ။

သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့ မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲ က သူ့ကို ရူးနတေယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူး ဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။

ဒီဘက်ခေတ်မှာ စိတ္တဇဝဒေနာရှင် ၊ စိတ်ကျန်းမာရေး ချိူ့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်းတွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြာမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။

စာရေးဆရာမ နယ်လီဘလိုင်းဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနေသူတွေ ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့်ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။

တကယ် ရူးသွပ်နေကြသူတွေရဲ့ ကြားမှာ နေရတဲ့အပြင် အရူးထောင်က ဆရာဝန် ၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့်လေ့လာခဲ့တယ် ။ အရူးထောင် အဆောက်အဉီး ရဲ့ အားနည်းချက်တွေပါသိလာရပြီး အပြင်ပြန်အရောက်မှာ #အရူးထောင်မှာဆယ်ရက်တာ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။

တကယ်ဆိုရင် အရူးထော င်မှာ နေကြတဲ့ လူနာတွေ အတွက် နေ့တာဟာ ပိုရှည်သလို ညတာလည်းရှည်လျား လှပါတယ်။

ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့်အလှူရှင်တွေ ၊ အာဏာပိုင်တွကေ အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။

နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့တဲ့ အရူးတွေကြားက ဆယ်ရက်တာ နေထိုင်ခြင်းအကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

#ဟိန်းလတ်
#အရူးထောင်မှာဆယ်ရက်တာ
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

ကျုပ်သားကတော့ပြောရှာသားသူအလုပ်လုပ်တဲ့အိမ်ကသူရင်းတိုင် သမီးကလေးကချောသတဲ့ လှသတဲ့ သဘောမနော ကောင်းလှသတဲ့။အင်း....မိန်းမကောင်...
15/01/2025

ကျုပ်သားကတော့ပြောရှာသား
သူအလုပ်လုပ်တဲ့အိမ်က
သူရင်းတိုင် သမီးကလေးက
ချောသတဲ့ လှသတဲ့
သဘောမနော ကောင်းလှသတဲ့။

အင်း....မိန်းမကောင်း မိန်းမမြတ်
ကြန်အင်လက္ခဏာ ရှိသတဲ့
မိန်းကလေးဘဲကွယ် မြင်ရုံနဲ့သိပါရဲ့။

" ကျုပ်သားက လူလိမ္မာလေးပါတော်"
အဆိုးမရှိပါဘူး အသောက်အစားကင်းသယ်
မအေကိုခေါင်းပေါ်တင်လုပ်ကျွေးရှာပါရဲ့။

လက်ကြောတင်းတယ် " ဒါပေသိ"
ဒင်းကံမကောင်းရှာပေါင်ကွယ်။

#ခင်ခင်ထူး
#၀တ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

"တခြားသော လူတွေကြောင့်ကိုယ့်နှလုံးသားကိုတော့ ဒဏ်ရာမရအောင် ကာကွယ်မှပေါ့။တချို့သူတွေကြောင့် ယွန်းနာကျင်ခဲ့ရသလိုယွန်းကြောင်...
15/01/2025

"တခြားသော လူတွေကြောင့်ကိုယ့်နှလုံးသားကိုတော့
ဒဏ်ရာမရအောင် ကာကွယ်မှပေါ့။

တချို့သူတွေကြောင့် ယွန်းနာကျင်ခဲ့ရသလို
ယွန်းကြောင့်လည်း နာကျင်သွားရတဲ့သူတွေရှိမှာပဲ။

အမှားက လူတိုင်း ဖြစ်တတ်တာပဲ။
အဓိကက တစ်ယောက်နဲ့တစ်ယောက်
ခွင့်လွှတ်ရင်း နေသွားကြဖို့ပါပဲ။

#ငြိတွယ်ခြင်းတို့ရဲ့အစခွင့်လွှတ်ရခြင်းတို့ရဲ့အဆုံး
#ဖရော်ဆန်
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

ပီမိုးနင်း // တက်လူကွ📖✨ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨> Myat And Yoon Book Store  < ကိုနှိပ်ပြီး messager တွင်စာလာပို့ပြီးမှ...
07/01/2025

ပီမိုးနင်း // တက်လူကွ📖✨

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

"ဖြစ်တည်ခြင်း"...တဲ့...ကျွန်မ ဒီစာအုပ်ကို အမျိုးသမီးအတော်များများကို ဖတ်ကြည့်စေချင်တယ်📖✨💜..................................
07/01/2025

"ဖြစ်တည်ခြင်း"...တဲ့...
ကျွန်မ ဒီစာအုပ်ကို အမျိုးသမီးအတော်များများကို ဖတ်ကြည့်စေချင်တယ်📖✨💜.......................................................................
အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ မတူညီမှု ကွဲပြားခြားနားမှုတွေထဲမှာ နေထိုင်နေရလို့ ကြော-က်ရွံ့အားနည်းတယ်လို့ ခံစားနေရတဲ့သူ ၊ ငါမလုပ်နိုင်ပါဘူးဆိုတဲ့အတွေးတွေ ဝင်လာတတ်တဲ့သူ ၊ စိတ်အားငယ်တတ်တဲ့သူ ၊ ခင်ပွန်းသည်ရဲ့စိတ်ခံစားမှုတွေနဲ့ မိမိအတွေးနဲ့ထပ်တူညီမှုမကျတဲ့အခါ .. ခင်ပွန်းသည်ရဲ့အချိန်ပေးမှုတွေ ကို မရရှိခဲ့လို့ ခံစားရတဲ့အခါ .. မိခင်ဖြစ်သူတာဝန်နှင့် အခြားသောအလုပ်တာဝန်များစွာ ဖြင့် အလုပ်များစွာလုပ်ကိုင်နေရင်း ဘဝကိုဖြတ်သန်းနေရင်း မိသားစုအရေးရောလုပ်ငန်းပိုင်းဆိုင်ရာမှာ( ငါ ) သည်းခံနိုင်ပါ့မလား ? အဆင်ပြေအောင် စီမံဆောင်ရွက်နိုင်ပါ့မလား? လို့ စတဲ့အတွေးများစွာ ဝင်လာခဲ့ဖူးရင် ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်📖

ကျွန်မ ညွှန်းဆိုနေပါသော စာအုပ်အမည်က ဘာလဲ ? ဘာကြောင့်ညွှန်းဆိုနေရပါသလဲ?

ယခု ကျွန်မ ညွှန်းဆိုချင်တဲ့ စာအုပ်အမည်ကတော့ "ဖြစ်တည်ခြင်း" လို့ အမည်ရပါတယ် ဆရာဝင်းငြိမ်းက ဘာသာပြန်ထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပြီးတော့ မူရင်းစာအုပ်အမည်က "BECOMING" မူရင်းစာရေးသူ က "MICHELLE OBAMA"ပဲ ဖြစ်ပါတယ် 💜

ဒီစာအုပ်ထဲမှာ အမေရိကန်သမ္မတဟောင်းကတော်တစ်ဦးဖြစ်တဲ့ မစ်ရှယ်လ်ရော်ဘင်ဆင်ဆိုသည့် အမျိုးသမီးတစ်ဦး ( ဝါ ) မစ်ရှယ်ရော်ဘင်ဆင်အိုဘားမား ၏ ဘဝတစ်စိတ်တစ်ဒေသ ဖြတ်သန်းမှု၊ သူမ၏အတွေး၊ ကြိုးစားခဲ့ရမှုများ၊ သူမ၏ခွန်အားနှင့် ဩဇာ တို့ကို စနစ်တကျ သုံးစွဲဆောင်ရွက်ခဲ့ပုံ များ၊သူမ၏ရဲရင့်မှုများ ၊ သမီးများအားပြုစုစောင့်ရှောက်မှုများ၊ ခင်ပွန်းသည်အား ဇနီးတစ်ဦးအနေဖြင့်လည်း ခင်ပွန်းသည်ဆောင်ရွက်လိုသော ကိစ္စရပ်များအား နားလည်ထောက်ပံ့ပေးပုံများ ၊အိမ်ဖြူတော်တွင် နေထိုင်ရသည့် အခြေအနေများ ၊ သမ္မတမိသားစုအနေဖြင့် လုံခြုံမှုအရ နေထိုင်ရသည့် စိတ်ခံစားမှုများ နှင့် နိုင်ငံရေးဆောင်ရွက်သူတို့၏ မိသားစုများ ၏ အခက်အခဲ၊ ဖြစ်တည်မှုများ စသည့် အကြောင်းအရာ မျိုးစုံကို အနိမ့်အမြင့် ၊အတက်အကျ ၊ပင်ပန်းခက်ခဲခဲ့မှု ၊အောင်မြင်ခဲ့မှု ၊ဝမ်းနည်းခဲ့ရမှု ၊ပျော်ရွှင်ခဲ့ရမှု စသည့် ခံစားမှု ဘဝအခြေအနေတို့နှင့်တွဲဖက်၍ အတုယူဖွယ် လေးစားအားကျရဖွယ် စိတ်ခွန်အားရရှိနိုင်ဖွယ် ဤစာအုပ်တွင် ရေးသားဖော်ပြထားပါတယ်✍️

ထိုစာအုပ်လေးထဲတွင် ပထမပိုင်း အနေဖြင့် မစ်ရှယ်ရော်ဘင်ဆင်၏ ငယ်ဘဝဖြတ်သန်းမှု ၊ မိသားစု ပုံစံလေးများ ၊ သူငယ်ချင်းများ ဆွေမျိုးများနှင့် နေထိုင်ရသည့် ချီကာဂိုမြို့၏ အခြေအနေများကို ပြောပြပေးထားပါသည်၊ ထို့နောက် သူမ အနေဖြင့် ကျောင်းတက်ရသည့် အခြေအနေများ အားကစားတွင် ထူးချွန်သောအကို ၏ ချစ်ခင်မှုများ၊ အကို ကြောင့် ရောက်ရှိသည့်ကျောင်းများတွင် မျက်နှာရခဲ့မှုများကို ကလေးဘဝ လွတ်လပ်ပျော်ရွှင်မှုများနှင့်ပေါင်းစည်းပြောပြပေးထားသည်

ထို့နောက် တက္ကသိုလ်ကျောင်းပြီးနောက် ဥပဒေအကျိုးဆောင်လုပ်ငန်းတွင် လုပ်နေစဉ် အတွေးအခေါ်ကောင်းမွန်သော အများအကျိုးဆောင်ရွက်တတ်သော လူရည်မွန်တစ်ဦးဖြစ်သည့် ဘားရက်အိုဘားမား အမည်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာခဲ့ပြီးသူမနှင့်လက်တွဲဖြစ်ပုံများကိုလည်း အသေးစိတ်ပြောပြပေးထားသည်

ဘားရက်နှင့်လက်တွဲပြီးနောက် ချစ်ခြင်းမေတ္တာ ဖြင့် ပျော်ရွှင်ရပုံများ ၊အိမ်ထောင်ရေးအခက်အခဲများ၊ ခင်ပွန်းဖြစ်သူအားကူညီပံ့ပိုးပေးပုံများနှင့် နိုင်ငံရေးအခြေအနေများထဲသို့ ဘားရက်ရောက်ရှိသွားပုံတို့ကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဖော်ပြပေးသွားတာကလည်း အလွန်ကောင်းမွန်ပြည့်စုံလှပါတယ်📖

သမီးဖြစ်သူ "မလီယာနှင့်ဆာရှာ" တို့ မွေးဖွားခဲ့သည့်အချိန် တွင် ကြုံတွေ့ခံစားခဲ့ရမှုများကိုလည်း ထည့်သွင်းရေးဖွဲ့ထားပြီး ၊ နိုင်ငံရေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ စည်းရုံးနေမှုအချိန်တွင် ၎င်းတို့မိသားစုအနေဖြင့် မည်မျှအခက်အခဲကြုံတွေ့ခဲ့ရကြောင်း ကို ပြောပြသွားသည်မှာလည်း ကျွန်မတို့ တွေးထားသည်ထက် ပိုမိုခက်ခဲသည့်အခြေအနေတစ်ခုဖြစ်ကြောင်းကို သိသာစေခဲ့ပါသည်။
ပါတီကြီးများနှင့် နိုင်ငံရေးကာလ အပြိုင်အဆို္င် မဲဆွယ်စည်းရုံးမှုများလုပ်နေစဉ် အတွင်း စကားတစ်ခွန်းသည်လည်း မည်မျှအရေးပါကြောင်းကို ဒီစာအုပ်မှာလေ့လာနိုင်မှာဖြစ်ပါတယ်...

🌷ဘားရက်အိုဘားမား အနေဖြင့် လေးဆယ့်လေးယောက်မြောက် သမ္မတအဖြစ် ဆောင်ရွက်ရသောအခါတွင် သူမအနေဖြင့် သမ္မတကတော်တစ်ယောက်အနေဖြင့် မည်သို့နေထိုင်သင့်ကြောင်း တွေးတောဆင်ချင်သုံးသပ်ပုံများကိုလည်းသိရှိနိုင်သည်။ အိမ်ဖြူတော်သို့ ပြောင်းရွေ့သောအခါတွင်လည်း ယခင်သမ္မတကတော်ဟောင်း၏ ကူညီပေးပုံများ၊ အိမ်ဖြူတော်၏ တည်ဆောက်ထားပုံများ ၊ သမ္မတမိသားစုအနေဖြင့်နေထိုင်ရာတွင် လုံခြုံမှုအရ ဆောင်ရွက်သွားလာရပုံများကိုလည်း အသေးစိတ်ပြောပြထားခဲ့သည်

🌷ထိုစာအုပ်ကိုဖတ်ပြီးနောက်တွင် တကယ့်ကို ရဲရင့်သော အမျိုးသမီး ၊ အမြဲကြိုးစားနေသောအမျိုးသမီး၊ ခင်ပွန်းသည်နှင့်အလုပ်ကြား ဗျာများခဲ့ပြီး နောက် မိမိအလုပ်အား စွန့်လွှတ်ကာ မိမိခင်ပွန်းသည်အား အပြည့်အဝ အင်အားဖြည့်ပေးသည့် လေးစားဖွယ်ရာအမျိုးသမီး တစ်ဦး၊ သမီးများအတွက် အရာရာစီမံဆောင်ရွက်ပေးသော မိခင်တစ်ဦး ၊ နိုင်ငံသားများအကျိုးကို ရှေးရှုဆောင်ရွက်ခဲ့သည့်အမျိုးသမီးတစ်ဦးအဖြစ် စံပြုစရာ ဖြစ်ခဲ့ရပါသည်

🌷ထို့အပြင် ကျွန်မအနေနဲ့ နောက်တစ်ခု ခံစားသိရှိလိုက်မိတာက ကျွန်မသည် အရင်က မစ်ရှယ်လ်အိုဘားမားသည် ဘားရက်အိုဘားမား၏ ချစ်ခြင်းမေတ္တာကို ရရှိသူ ၊ သမ္မတကတော် တစ်ယောက်ဖြစ်သူ အဖြစ်သာ သိရှိခဲ့သော်လည်း "ဖြစ်တည်ခြင်း" စာအုပ်ကို ဖတ်ပြီးသည့်နောက်တွင် ထိုအကြောင်းအရာ များသည် သူမပေးဆပ်ခဲ့ရခြင်း၊ ကြိုးစားခဲ့ရခြင်းတို့၏ အသီးအပွင့်များဖြစ်ကြောင်း ထိုအသီးအပွင့်များမစားသုံးနိုင်ခင် အခက်အခဲများ များစွာဖြတ်ကျော်ခဲ့ရကြောင်း မည်သည့်အခါမှ လက်မလျော့ခြင်း စိတ်ဓါတ်ခိုင်မာခြင်းတို့သည် ရလဒ်တစ်ခုကို ဖြစ်လာစေကြောင်း သိရှိခဲ့ရသည်

စာကြွင်း : " ဖြစ်တည်ခြင်း" စာအုပ်ကို ဖတ်ပြီးနောက် သူမ ပြောပြသော ဘားရက်အိုဘားမားတို့၏ အတွေးကို သိရှိခဲ့ရပြီး နောက်ထွက်မယ့် ဘားရက်အိုဘားမား၏ အကြောင်း စာအုပ်ကိုလည်း ထွက်လျှင် ထပ်မံ ဖတ်ကြည့်ရန် ကျွန်မ အတွက် ဆုံးဖြတ်ချက်တစ်ခုလည်းရရှိခဲ့ပါသည်💜..................................................................

Review by-Htet
#ဖြစ်တည်ခြင်း
#ဘာသာပြန်စာအုပ်
#ဝင်းငြိမ်း
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

လောကမှာ လူရယ်လို့ဖြစ်လာရင်ကိုယ်ရရှိတဲ့ဘဝနှင့် ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကျေနပ်ပျော်ရွှင်စ...
07/01/2025

လောကမှာ လူရယ်လို့ဖြစ်လာရင်
ကိုယ်ရရှိတဲ့ဘဝနှင့် ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကျေနပ်ပျော်ရွှင်စွာ နေထိုင်ရဲတဲ့ သတ္တိရှိလို့လဲ လိုပါတယ် ။

Htwe

#ကျေနပ်စွာနေထိုင်ခြင်း
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ 🌻💛နေရှိရာဘက်ကို မျက်နှာမူပြီးရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေးတစ်ပွင့်ကပြောတယ်။အချိန်ကို...
07/01/2025

နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ 🌻💛

နေရှိရာဘက်ကို မျက်နှာမူပြီးရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေးတစ်ပွင့်ကပြောတယ်။

အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊
မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့် ၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက် ၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ...တဲ့ ။

ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး ၊
တခြားသူရသွားလို့ ဖြစ်တယ် ။

ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ် .. နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့။

#နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ
#နိုင်းနိုင်းစနေ
💜
💜

ဖတ်စေချင်သောစာအုပ်တစ်အုပ်💜✨

> Myat And Yoon Book Store < ကိုနှိပ်ပြီး
messager တွင်စာလာပို့ပြီးမှာယူနိုင်ပါသည်။

ကြာချိန် - ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော်။

တစ်ပတ်အတွင်းအိမ်အရောက်ငွေချေပို့ပေးပါသည်။

ကျန်မြို့များ ( တစ်ပတ်ထက်ကြာနိုင်ပါသည် ။ အိမ်အရောက်ငွေချေပို့ပေးပါသည်။)

သဘောကျ၍ဖတ်ရှုချင်ပါက page cb ကိုဆက်သွယ်မှာယူနိုင်ပါသည်။

စာအုပ်ပေါင်း ၄၀၀၀ ကျော်ကို File ဖြင့် Free ဝင်ရောက်ဖတ်ရှုနိုင်ရန်
Myat And Yoon Book Store မှစုစည်းပေးထားပါသည်။

Telegram Channel - https://t.me/myatandyoonbookstorefiles

💙💜
🌷

Address

Dagon East
Yangon

Alerts

Be the first to know and let us send you an email when Myat And Yoon Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category