12/02/2025
🪷🙏🏻 တပို့တွဲ လပြည့်နေ 🙏🏻🪷
🙏🏻 အမြတ်ဆုံးတရား🙏🏻
🙏🏻 အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသောနေ့ 🙏🏻
🙏🏻 အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန် ဧတဒဂ်ရတော်မူသောနေ့ 🙏🏻
🙏🏻 အဆူဆူသောဘုရားရှင်တို့၏ ဩဝါဒပါတိမောက် တရားတော်🙏🏻
🙏🏻ရွှေတိဂုံစေတီ ၊ဗိုလ်တစ်ထောင်စေတီတော်မှ ဩဝါဒပါတိမောက် ကျောက်စာတည်သောနေ့🙏🏻
🙏🏻 သြဝါဒပါတိမောက်တရားတော် 🙏🏻
၁-ခန္တီ ပရမံ တပေါ တိတိက္ခာ
( ခန်တီ ပရမံ တပေါ တိတိက်ခါ)
၂-နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ်ဓါ
( နိတ်ဗာနံ ပရမံ ဝဒန်တိ ဗုတ်ဓာ)
၃-န ဟိ ပဗ္ဗဇိတော ပရူပဃာတီ
( န ဟိ ပတ်ဗဇိတော ပရူပ,ဃာတီ)
၄-န သမဏော ဟောတိ ဝိဟေဌယန္တော
( န သမဏော ဟောတိ ဝိဟေ,ထယန်တော)
၁ - လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည်
အလွန်မြတ်သော အကျင့်ပေတည်း။
၂ - နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍
ဘုရားရှင်တို့ ဟောတော်မူကုန်၏။
၃ - သူတစ်ပါးကို သတ်သောသူသည်
စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
၄ - သူတစ်ပါးကို ညှင်းဆဲသောသူသည်
မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။
၁-သဗဗှပါပဿ အကရဏံ
(သတ်ဗ,ပါပတ်သ အ, ကရဏံ)
၂-ကုသလဿ ဥပသမ္ပဒါ
( ကုသလတ်သ ဥပသန်ပဒါ)
၃-သစိတ္တ ပရိယောဒပနံ
( သစိတ်တ, ပရိယော ဒပနံ)
ဧတံ ဗုဒ်ဓါနသာသနံ
(အေတံ ဗုတ်ဓာန သာသနံ)
၂-ကုသလဿ ဥပသမ်ပဒါ=၂-ကုသလဿုပသမ်ပဒါ
မူကွဲရှိသည်။အားလုံးမှန်သည်။
၁ - မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
၂ - ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
၃ - မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၁-၂-အနူပဝါဒေါ အနူပဃာတော
( အနူပ,ဝါဒေါ အနူပ,ဃာတော)
၃-ပါတိမောက္ခေ စ သံဝရော
( ပါတိမောက်ခေ စ သံဝရော)
၄-မတ်တညုတာ စ ဘတ်တသ်မိ ံ
( မတ်တင်ညုတာ စ ဘတ်တသမိန်)
၅-ပန်တဉ်စသယနာသနံ
(ပန်တင်စ, သယနာ,သနံ)
၆-အဓိစိတ္တေ စ အာယောဂေါ
(အဓိစိတ်တေ စ အာယောဂေါ)
---ဧတံ ဗုဒ်ဓါနသာသနံ
(အေတံ ဗုတ်ဓာန သာသနံ)
၁-၂-အနူပဝါဒေါ အနူပဃာတော=
၁-၂-အနုပဝါဒေါ အနုပဃာတော
မူကွဲရှိသည်။အားလုံးမှန်သည်။
၁ - သူတစ်ပါးကို မစွပ်စွဲမပြစ်မှားရာ။
၂ - သူတစ်ပါးကို မညှင်းဆဲ မနှိပ်စက်ရာ။
၃ - မြတ်သောသီလ၌ စောင့်စည်းလုံခြုံစေရာ၏။
၄ - စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
၅ - အစွန်အဖျား ကျောင်းအိပ်ယာ၌ နေရာ၏။
၆ - ထူးမြတ်သောစိတ်၌ လွန်စွာအားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
#မူရင်းရေးသားသူအားCrdပေးပါသည် #တရားတော် #တရားစကား #တရား