Airplane

Airplane Your Wisdom Store

💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။“There are no limitations...
06/05/2026

💡💡အတွေးတွေမှာကန့်သတ်ချက်မရှိဘူး။ ချမ်းသာမှု၊ဆင်းရဲမှုနှစ်ခုစလုံး အတွေးတွေကနေပထမဆုံး ဖြစ်တည်တယ်။
“There are no limitations to the mind except those we acknowledge. Both poverty and riches are the offspring of thought.” - Napoleon Hills
🤔အရာရာအားလုံးဟာ အတွေးတွေကနေစဖြစ်တည်တယ်။
ငွေမရှိတဲ့အကြောင်းအမြဲတွေးနေတဲ့သူအတွက် ငွေမရှိခြင်းဟာအမြဲမှန်ကန်တဲ့အရာတစ်ခုဖြစ်သလို။ငွေရှာနည်းကို အမြဲရှာဖွေနေသူအတွက်ငွေရှာလို့ရတဲ့လမ်းကြောင်းတွေဖြစ်တည်လာတာဟာလဲအတွေးကပဲစတယ်။
ကိုယ်တွေးချင်တဲ့အကြောင်းကို စိတ်အစာကျွေးပြီး အတွေးတွေကိုတည်ဆောက်လို့ရတဲ့အတွက် အောင်မြင်ဖို့အတွေးတွေအချိန်တိုင်း တွေးနိုင်ဖို့ကိုယ့်စိတ်ကို ကိုယ်မွေးမြူရပါမယ်။

❤️‍🔥Burning Desire လို့ခေါ်တဲ့ မရမကလိုချင်စိတ်။
လူတိုင်းမှာ လိုချင်တဲ့စိတ် (wishful thinking) တွေရှိကြပါတယ်။ ဒါပေမယ့် Universe ကလိုချင်ရုံနဲ့တော့အဆင်သင့်ဖန်တီးပေးမှာမဟုတ်ပါဘူး။ သင်လိုချင်တဲ့အရာအတွက် ထိုက်တန်တဲ့ Skill သင့်မှာရှိပြီလား ? သင်လိုချင်တဲ့အရာကိုပိုင်ဆိုင်ရမယ့်အချိန်က သင့်လျော်ပြီလားစသည်ဖြင့် သင့်ရဲ့ Desire ကို စာမေးပွဲစစ်ဦးမှာပါ။သင်လိုချင်တဲ့ အရာတွေအတွက် Burning Desire မရှိပဲနဲ့ လွယ်လွယ်နဲ့ Universe ကအသင့်ပေးမယ်လို့မမျှော်လင့်ပါနဲ့။ သင်လိုချင်တဲ့အရာကို ရေနစ်နေတဲ့လူတစ်ယောက် အောက်ဆီဂျင်လိုအပ်သလိုမျိုး Burning Desire ရှိအောင်ကြီုးစားပါ

🙏Faith and Hope , ယုံကြည်မှုနဲ့ မျှော်လင့်ချက်
Hope walks through the fire and faith leaps over it. - Jim Carrey
“မျှော်လင့်ချက်က မီးလျှံတွေကြားထဲလျှောက်လှမ်းနေချိန်မှာ ယုံကြည်မှုကခုန်ကျော်သွားနိုင်တယ်”
သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာကြွယ်မှု၊ မိတ်ဆွေပေါများမှုတွေဟာ သင့်ဆီကိုရောက်လာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ မျှော်လင့်ခြင်းဟာ မထင်မှတ်ပဲ သင့်ရည်မှန်းချက်တွေကိုလမ်းချော်သွားစေတတ်ပါတယ်။ အဲ့ဒီ့အစား ယုံကြည်ပါ။ သင်လိုချင်တဲ့ အောင်မြင်မှု၊ ချမ်းသာမှု အစရှိတဲ့ အရာတွေဟာသင့်ဆီကို တစ်ချိန်ချိန်မှာမလွဲမသွေရောက်ရှိလာမယ်ဆိုတာ ကို တထစ်ချယုံကြည်ထားပါ။ မရမက လိုချင်စိတ် ( Burning Desire ) နဲ့ ခိုင်မာတဲ့ယုံကြည်မှု (Strong Faith) ဟာ သင့်အောင်မြင်မှုကိုစားဆီးမဲ့အခက်အခဲတွေအားလုံးကိုကျော်ဖြတ်စေမှာပါ။

🥇“A quitter never wins, and a winner never quits.”
အရှုံးသမားတွေဟာဘယ်တော့မှ အနိုင်မရသလို၊ အနိုင်ရတဲ့သူတွေဟာ ဘယ်တော့မှအရှုံးမပေးဘူး “
သိစိတ်မှာအောင်မြင်ချင်ရုံသာမက မသိစိတ်ကပါ သင်လိုချင်တဲ့အရာတွေအတွက်အမြဲတမ်းတောင့်တနေရမယ်။ လူတွေရှေ့မှာတစ်မျိုး လူကွယ်ရာမှာတစ်မျိုးလုပ်ရင် သင့် Desire က Wishful Thinking အဆင့်ပဲဖြစ်နေဦးမှာပါ။ Behavior နဲ့ Pattern တွေကို ထိန်းချုပ်နေတဲ့မသိစိတ် )Subconcious Mind ဟာသင့်အောင်မြင်မှုအတွက် စက်ရုပ်တစ်ရုပ်လိုသင့်ကို အထောက်အကူဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ သန်မာတဲ့ Subconscious Mind ကိုရရှိစေနိုင်ဖို့ autosuggestion နည်းစနစ်တွေကို အသုံးပြုဖို့ Hills က အကြံပြုထားပါတယ်။

ဒီအချက်တွေသာမက
🧠Specialized Knowledge ဟာ General Knowledge ထက်အသုံးဝင်တဲ့အကြောင်း
🌱သင့် Goal တွေကို Manifest , Visualize လုပ်ဖို့နည်းလမ်းတွေ
✅Mastermind တွေလို Organized Planning လုပ်တဲ့ နည်းစနစ်တွေ
🏃ကိုယ့်ရဲ့ သံသယတွေကနေ လွတ်မြောက်နည်း အစရှိတဲ့ အကြောင်းအရာတွေကို တွေ့ရှိရမှာပါ.

🌐 သင်တကယ်ကို မရမကလိုချင်ရင် Universe ကသူ့ Law အချို့ကိုဖြေလျှော့ပေးပြီး သင့်အတွက်အကောင်းဆုံးအဖြေကို ပေးဖို့လည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Burning Desire ကြောင့် physical world, Mind, Soul နဲ့ universe တို့ Align ဖြစ်တဲ့အချိန်မှာရှိတဲ့ synchronicity တွေကိုသတိမူပြီး ယုံကြည်မှု (Faith) ကိုအားဖြည့်ရင်း subconscious Mind ရဲ့ autosuggestion တွေကိုနားထောင်ပါ။ဒီစာအုပ်ထဲက Principles တွေဟာ Law of Attraction ကိုလက်တွေ့အသုံးချနိုင်ဖို့ လေ့လာနေတဲ့သူတွေအတွက်လည်းအရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

🏆တကယ်လိုချင်တဲ့သူတစ်ယောက်အတွက်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ သင့်အတွေးထဲမှာရှိနေတဲ့အောင်မြင်မှုတွေကို ပြင်ပလောကမှာတကယ်ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တဲ့လမ်းညွှန်ချက်တွေကို Napeleon Hills ရဲ့ Think and Grow Rich မှာလေ့လာလိုက်ပါ။

📕Book Title- Think and Grow Rich
✒️Author - Napoleon Hill
💵Price- 21,500 MMK (Premium++ Quality, Hardcover, Creamy Paper)

Website ကမှာယူရန်
https://airplanebookstore.com/product/think-and-grow-rich/

✈️📕Join Us Here✈️📕
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

‼️ ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တို မလုပ်ချင်ဆုံး အရာတွေပါ💭 လူတွေ အကုန်လုံး Outside the Box တွေးရမယ်ဆိုရင်...
06/05/2026

‼️ ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တို မလုပ်ချင်ဆုံး အရာတွေပါ

💭 လူတွေ အကုန်လုံး Outside the Box တွေးရမယ်ဆိုရင်တော့ သေချာတာက တစ်ကယ်ပြင်ရမှာ အဲ့ Box ကိုပါ
– Malcolm Gladwell of

🏹 David And Goliath ဆိုတာကတော့ သာမန် သိုးကျောင်းသားလေး (David) က တစ်ခြားနိုင်ငံက Champion ဖြစ်တဲ့ Goliath ဘီလူးကြီးကို အနိုင်ယူလိုက်တဲ့ ပုံပြင်ပဲ ဖြစ်ပါတယ်။

🛡 ရှေးခေတ်က နိုင်ငံတွေ စစ်ဖြစ်တဲ့ အခါမှာ လူတွေ အသေအပျောက် မများအောင် တစ်နိုင်ငံချင်းဆီက အတော်ဆုံး၊ အကောင်းဆုံး လူတွေ နှစ်ယောက် ပဲ ထိုးသတ်ကြတယ်။ ထိုးသတ်တဲ့ပွဲမှာ နိုင်တဲ့သူ ဘက်က တစ်ဖက်နိုင်ငံကို သိမ်းနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်က Philistines နိုင်ငံနဲ့Israelites နိုင်ငံ တို့စစ်ဖြစ်ကြတယ်။ Philistines နိုင်ငံက အရပ် ၇ပေ နီးပါး ရှိတဲ့ ဘီလူးကြီး တစ်ကောင် (Goliath) ကို သံချပ်ကာ အပြည့် ၀တ်ဆင်စေပြီးတော့ ရွေးချယ်လိုက်တယ်။ Israelites နိုင်ငံက လူတွေက Goliath ကို ကြောက်ပြီးတော့ ဘယ်သူမှ ရှေ့မထွက်ရဲ ကြဘူး။ နောက်ဆုံးမှာ သိုးကျောင်းသား David က Goliath ကို အနိုင်တိုက်မယ်လိုဘုရင်ကို တောင်းဆိုလိုက်တယ်။ ဘုရင်ကလည်း David ကို နိုင်မှာ မဟုတ်ပါဘူး လိုပြောပြီး တားတယ်။ ဒါပေမယ့် တစ်ခြားရွေးချယ်ရမယ့် သူမရှိတော့ David ကိုပဲ ရွေးချယ်လိုက်ရတော့တယ်။ David နဲ့Goliath တွေ့တဲ့ အချိန်မှာ David က Goliath ကို ခဏလေးနဲ့အနိုင်ယူလိုက်တယ်။

⭕️ Change the Game
🗡 ရှေးခေတ်က စစ်တိုက်တဲ့ အခါမှာ စစ်သား သုံးမျိုး ရှိတယ်။ Cavalry ဆိုတာကတော့ မြင်းစီး စစ်သားတွေပါ။ သူတိုက သံချပ်ကာ ၀တ်ဆင်ပြီးတော့ တိုက်ခိုက်ကြတယ်။ Infantry ဆိုတာကတော့ ခြေလျင်တပ်သားတွေပါ။ နောက်ဆုံးကတော့ Projectile Warriors တွေပါ။ သူတိုကတော့ လေးသမားတွေပေ့ါ။ သူတိုက ရန်သူကို ကိုက် ၂၀၀ အကွာကနေ ပစ်နိုင်ပါတယ်။ Goliath က စိန်ခေါ်တဲ့ အချိန်မှာ ဓားချင်း ခုတ်ဖိုစိန်ခေါ်တာပါ။ သူ့ကို ဓားချင်းခုတ်မယ်ဆို ဘယ်သူမှ နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ David က သူ့ရဲ Slinger နဲ့Goliath ရဲ့နဖူး တည့်တည့်ကို ပစ်လိုက်တဲ့အခါမှာ Goliath က လဲသွားပါတယ်။ လဲသွားတဲ့ အချိန်မှာ Goliath ရဲ့ဓားကို ယူပြီး လည်ပင်းကို တစ်ခါတည်း ခုတ်ပစ်လိုက်ပါတယ်။
➰ Think Outside of the Box, Change the Game.

⭕️ Embrace Adversity
👤 တစ်ကမ္ဘာလုံးမှာ ထူးထူးခြားခြား အောင်မြင်ခဲ့သူတွေထဲက အများစုမှာ Dyslexia ရှိကြတယ်။ Dyslexia ဆိုတာကတော့ စာလုံးတွေက ရောထွေးနေပြီး စာဖတ်လို မလွယ်ကူတဲ့ ရောဂါတစ်မျိုးပေါ့။ ဥပမာအားဖြင့် Albert Einstein, Richard Branson, Walt Disney and Winston Churchill တိုမှာ Dyslexia ရှိကြတယ်။
💢 သူတိုကို မေးကြည့်တဲ့ အခါမှာ သူတိုအောင်မြင်ခဲ့တာက Dyslexia မရှိလိုမဟုတ်ကြပဲ Dyslexia ကြောင့် အောင်မြင်ခဲ့တယ်လိုပြောကြတယ်။ သူတိုတွေက စာဖတ်ဖိုမလွယ်ကူတဲ့ အခါမှာ အဲ့ဒီ့ အခက်အခဲကို ကျော်လွန်ဖိုကြိုးစားကြတယ်။ အတန်းထဲမှာ အတော်ဆုံးကျောင်းသားကို အိမ်စာ လုပ်ဖိုအကူအညီတောင်းတာတို၊ စာမေးပွဲကျလိုဆရာမဆီသွားပြီး Grade D ကနေ C တိုး ပေးဖိုတောင်းဆိုခဲ့တာတိုလုပ်ကြရတယ်။ ငယ်ငယ်ကတည်းကနေ Negotiation, Delegation, Self-Confidence တိုတတ်မြောက်အောင် လုပ်ခဲ့ရတယ်။ သူတိုဘဝတွေ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျရှုံးမှုတွေကို ကျော်လွှားနိုင်ခဲ့တယ်။

🕳 လူတွေ လက်ရှိအခြေအနေထက် ပိုအောင်မြင်ဖိုဆိုရင် ကိုယ့်မှာ ရှိတဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ရမယ်။ အခက်အခဲကို အသုံးချရမယ်။ အခက်အခဲကို ကိုယ် သွားချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဖန်တီးယူရမယ်။ အပြစ်တင်နေရမှာ မဟုတ်ပါဘူး။

⭕️ Be Patient
👁‍🗨 လူငယ်တွေ အနေနဲ့အောင်မြင်မှုကို လိုလားတဲ့ အခါမှာ သည်းခံနိုင်မှု နည်းကြတယ်။ Malcolm က ပညာရပ်တစ်ခုမှာ ထူးချွန်သူ ဖြစ်ချင်တယ်ဆိုရင် အနည်းဆုံး နာရီ ၁၀,၀၀၀ ရင်းနှီးရမယ်လိုပြောထားတယ်။ Success က မွေးရာပါ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။ အခွင့်အရေး အသုံးချနိုင်မှု၊ ပြင်းပြင်းထန်ထန် ကြိုးစားမှု၊ ကောင်းမွန်တဲ့ ဗီဇအကျင့်စရိုက်စတဲ့ အချက်တွေ ပေါင်းပြီးတော့ ရလာတဲ့ ရလာဒ် ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူတွေရဲ့အောင်မြင်မှုတွေကိုသာ ကြည့်ပြီး သူတိုဘယ်လို ရုန်းကန်ခဲ့ရတာတွေကို မေ့လျော့နေကြပါတယ်။ Practice လုပ်တဲ့ အခါမှာလည်း ကိုယ့်အတွက် အဆင်ပြေပြီး သက်သက်သာသာ ဖြစ်တဲ့ အရာတွေကိုသာ လေ့ကျင့်မနေပဲ Desirable Difficulties လုပ်ရပါမယ်။ ပိုခက်ခဲလာတဲ့အရာ၊ ပို ကြိုးစားပြီး လုပ်ကိုင်ရမယ့် အရာတွေကိုပါ လေ့ကျင့်ရပါမယ်။

📛 ကျွန်တော်တိုအလုပ်သင့်ဆုံး အရာတွေက ကျွန်တော်တိုမလုပ်ချင်ဆုံး အရာတွေပါ။

❌ ဘ၀ရဲ အဆိုးရွားဆုံး ဖြစ်ရပ်တွေက အကောင်းဆုံးအခြေအနေတွေကို ဖန်တီးပေးတယ်။➕ Malcolm က ကျွန်တော်တိုရဲ့ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ အခါမှာ အတွေးအခေါ်တွေကို ပြောင်းလဲလိုရမယ့် နည်းလမ်းတွေကို ပြောပြထားပါတယ်။ Goliath လိုမျိုး အခက်အခဲကြီးမားတဲ့ အရာတွေနဲ့ကြုံတွေ့ရတဲ့ အခါ ဘယ်သူမှ မနိုင်ပါဘူးလိုပြောထားတဲ့ Goliath မှာလည်း အားနည်းချက်တွေ ရှိတဲ့ အကြောင်း ရှင်းပြထားတယ်။ ကျွန်တော်တိုတွေက သိမ်ငယ်စိတ်တွေနဲ့နေရပေမယ့်လည်း သိမ်ငယ်စိတ်ကို ယုံကြည်မှု၊ ဥာဏ်ပညာ နဲ့ခွန်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အခါမှာ Goliath ကို အလွယ်တိုက်နိုင်တဲ့ David လိုမျိုး အခက်အခဲတိုင်းကို ကျော်လွှားနိုင်မယ်လိ်ပြောထားပါတယ်။

🗣 Malcolm Gladwell က Ted Talk မှာ ကြိမ်ဖန် များစွာ ပြောရတဲ့Author တစ်ယောက်ဖြစ်ပါတယ်။ Malcolm ရဲ့အတွေးအခေါ်တွေက လူငယ်တွေ ဘ၀ကို ပြောင်းလဲစေခဲ့ပြီး Malcolm ကို အကောင်းဆုံး Influencer တစ်ယောက်လိုလည်း တင်စားထားပါတယ်။ Malcolm Gladwell ရဲ စာအုပ်သုံးအုပ် ဖြစ်တဲ့ Blink, Outliers နဲ့David and Goliath စာအုပ်တွေက New York Times Best-sellers စာရင်း၀င် ဖြစ်ခဲ့ကြပါတယ်။ Outliers စာအုပ်ကတော့ New York Times မှာ ၁၁ ပတ်တိတိ အကောင်းဆုံး စာအုပ်တစ်အုပ်အနေနဲ့ရပ်တည်ခဲ့ပြီးတော့ David and Goliath စာအုပ်မှာတော့ အရင်တုန်းက အတွေးအခေါ်တွေ ကို ပြောင်းလဲတဲ့ စိတ်ပညာရပ်တွေ ပါ၀င်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်အဖြစ် အသုံးချပုံတွေကို ရှင်းပြထားတဲ့အတွက် လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

Website ကမှာယူရန်
https://airplanebookstore.com/?post_type=product&p=1673&preview=true

📕David and Goliath: Underdogs, Misfits, and the Art of Battling Giants
✒️ Malcolm Gladwell | 💵 24,500 MMK | 🏆Premium++ Quality | Hardcover | Creamy Paper

✈️📕Join Us Here✈️📕
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛️သူဟာအသုံ...
05/05/2026

95%သောသူတွေဟာဒါရဲ့အဖြေကိုအခုအချိန်ထိမသိကြဘူး ❓

သူဟာနေရာတိုင်းမှာအမြဲရှိနေတယ်။ 🌍
သူဟာအချိန်တိုင်းမှာအမြဲရှိနေတယ်။⌛️
သူဟာအသုံးချခံဖိုဝန်မလေးသလို။⚖️
သူဟာဖျက်ဆီးဖိုလည်းမတုန့်ဆိုင်းဘူး💥။
သူ့စည်းမျဉ်းတွေကိုလိုက်နာတဲ့သူတွေအတွက် တိုးတက်မှုကိုပေးစွမ်းသလို။📈
သူ့စည်းမျဉ်းတွေကိုဖောက်ဖျက်တဲ့သူတွေအတွက် ပျက်ဆီးမှုကိုယူဆောင်ပေးတယ်။☠️
သူကဘာလဲ ?🐍

💔ကျွန်တော်တို နာကျင်နေချိန် ကြင်နာမှုနဲ့ခွန်အားနှစ်ခုထဲကတစ်ခုကိုရွေးချယ်ဖိုလိုအပ်လာတဲ့အချိန်မှာ ခွန်အားရှိတဲ့လူကိုရွေးချယ်လိမ့်မယ်။ စကားလုံးတွေထက် လုပ်ရပ်တွေကိုလူတွေသဘောကျနှစ်ခြိုက်တယ်ဆိုတာ ကိုသိတဲ့လူအတွက် ပါဝါ ဟာ သူ့အတွက်ရုပ်သေးရုပ်တစ်ခုထက်မပိုဘူး။

🪨“ဘယ်တော့မှမငြင်းခုံနဲ့ အလုပ်နဲ့ပဲသက်သေပြ” ဆိုတဲ့ Michelangelo ရဲ့လက်ထဲက ဖုန်မှုန့်လေးတွေရဲ့ဥပမာဟာ ပါဝါရဲ့လှည့်စားနိုင်စွမ်းကို အဓိပ္ပါယ်ဖွင့်ဆိုတယ်။ “ဆိတ်ဆိတ်နေထောင်တန်” “Always Says Less Than Necessary” ဆိုတာ မိသားစုထမင်းဝိုင်းလေးတွေကနေစပြီး Cooperate Executive Meeting တွေအထိ စကားလုံးတွေရဲ့တန်ဖိုးကိုရောင်ပြန်ဟပ်စေတယ်။
🐺ပါဝါဟာ သူ့ကိုမလေးစားတဲ့လူကိုစွန့်ခွာပြီး သူ့ကိုထိန်းချုပ်နိုင်တဲ့လူနဲ့ အမြဲနေတယ်။

🎃သင်မသိသေးတာလား?
😱ဒါမှမဟုတ် သိဖိုငြင်းဆန်နေတာလား ?

အတုအယောင် မျက်နှာဖုံးတွေရဲ့အနောက်မှာဘာတွေရှိနေမလဲ?🎭
ဘ၀ရဲ့ဇာတ်ခုံပေါ်မှာ ဘယ်ကစားကွက်တွေဟာလှလှပပ ကပြနေမလဲ ?
ဘယ်အရာတွေကအမှန်လဲ ?
⚔️ ဘဝရဲ့ ကန့်လန့်ကာနောက်ကွယ်ကနေ ဒီကမ္ဘာကြီးရဲ့ သရုပ်မှန်ကို မြင်နိုင်ဖို့၊ ကိုယ်ပိုင်ဘဝ ဇာတ်ခုံကို မိမိကိုယ်တိုင် ဦးဆောင်နိုင်ဖို့ ဒီလျှို့ဝှက်ချက်တွေထဲကို ရဲဝံ့စွာ လှမ်းဝင်လိုက်ပါ။

Website ကမှာယူရန်
48 Laws of Power ( Concise Version ) - 19,500 MMK
https://airplanebookstore.com/product/the-concise-48-laws-of-power/

48 Laws of Power ( Full Version ) - 48,000 MMK
https://airplanebookstore.com/product/48-laws-of-power-a5-full-version/

✒️ Robert Greene |🏆Premium++ Quality | Hardcover | Creamy Paper


✈️📕Join Us Here✈️📕
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

👁‍🗨👁‍🗨အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကိုသိဖို Yuval Noah Harari ရဲ့စာအုပ် Collection👁‍🗨👁‍🗨🐒ငါတို ဘယ်ကလာတာလဲ ? ( Wher...
04/05/2026

👁‍🗨👁‍🗨အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်းကိုသိဖို Yuval Noah Harari ရဲ့စာအုပ် Collection👁‍🗨👁‍🗨
🐒ငါတို ဘယ်ကလာတာလဲ ? ( Where Do We Come From? )
👨‍👩‍👧‍👦ငါတိုကဘာတွေလဲ? (What Are We?)
🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ ? (Where Are We Going? )
🪢ငါတို ဘယ်လိုဖြစ်တည်လာတာလဲ ? ( How do we become? )

ဒီစာပိုဒ်ကလေးကို တစ်ခါတစ်လေ ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်မှာ တွေးမိတတ်ပါတယ်။ ငယ်ငယ်ကတည်းက Discovery Channel အရမ်းကြိုက်၊ သုတစွယ်စုံဆိုလည်း တွေ့တာနဲ့ကောက်ဖတ်လိုက်တဲ့ သုတစာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက် ဒီစာအုပ်ကလေး 4 အုပ်ကို Recommend ပေးချင်ပါတယ်။

🐒ငါတိုဘယ်ကလာတာလဲ ? - Sapiens: A Brief History of Humankind
မျောက်ဝံတွေဘ၀ကနေ အာကာသထဲခရီးသွားနိုင်တဲ့အထိ ဆင့်ကဲတိုးတက်ပြောင်းလဲလာတဲ့ ကျွန်တော်တို (Homosapiens) တွေရဲ့ဖြစ်တည်ရာအတိတ်ကို ဒီစာအုပ်ကလေးနဲ့အတူအချိန်ခရီးသွားလိုက်ပါ။
စိုက်ပျိုးရေး၊ဘာသာရေး၊စီးပွားရေး၊ယဉ်ကျေးမှုနဲ့နည်းပညာ တွေဖြစ်တည်လာပုံကိုလေ့လာရမှာပါ။

👨‍👩‍👧‍👦ငါတိုကဘာတွေလဲ ? - 21 Lessons for the 21st Century
21 ရာစုမှာဘာတွေဖြစ်နေလို ဘာတွေငါတိုလုပ်ကြရမှာလဲ ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးထားပါတယ်။ကျွန်တော်တိုအားလုံးသိချင်တဲ့မေးခွန်းတွေဖြစ်တဲ့ “ AI နဲ့ Automation တွေနဲ့ အလုပ်လုပ်လာတဲ့ခေတ်မှာ ငါတိုဘာတွေလုပ်ကြရမလဲ ? “ “ငါတိုအလုပ်အားလုံးကို စက်တွေကအစားထိုးသွားမှာလား ?” “ ဆက်တိုက်တိုးတက်နေတဲ့ ဒီကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်အောင် ဘာလုပ်သင့်လဲ” ဆိုတာတွေရဲ့အကြောင်း ကိုပြောပြထားပါတယ်။

🤖ငါတိုကဘယ်ကိုဆက်သွားမှာလဲ - Homodeus: A Brief History of Tomorrow
မရဏတရားကိုအနိုင်ယူနိုင်ပြီး အသက်ရှင်သန်ဖိုအတွက် ပူပန်စရာမလိုတော့တဲ့အနာဂတ်မှာ လူတွေကပျော်ရွှင်မှုနောက်လိုက်ကြမှာလား ? အဓိပ္ပါယ်ရှိတဲ့အရာတွေနောက်လိုက်ကြမလား ? အနာဂတ်ရဲ့ ကန့်လန့်ကာအနောက်မှာ AI နဲ့ ကျွန်တော်တို လူသားတွေ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ? တိုးတက်မှုနဲ့တကွ ရရှိလာမဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအကြောင်းကို ဒီစာအုပ်ကလေးထဲမှာတွေ့ရမှာပါ။

🪢ငါတိုဘယ်လိုဖြစ်တည်လာတာလဲ ? - Nexus: A Brief History of Information Networks from the Stone Age to AI
ကျွန်တော်တိုငယ်ငယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖိုအတွက် စာတိုက်ကနေစာပိုရတယ်. ပြီးတော့လိုင်းဖုန်း, ဆယ်လူလာဖုန်း စသည်ဖြင့် အခုအချိန်မှာ စကားပြောဖိုအတွက် ဘေးနားကဖုန်းလေးကောက်ကိုင်ပြီးစာလေးရိုက်လိုက်တာနဲ့ မိုင်ထောင်ချီကွာဝေးနေတဲ့လူနဲ့လည်းဆက်သွယ်လိုရနေပြီ။ ဒီအရာတွေဘယ်လိုဖြစ်တည်လာသလဲ ? ကျွန်တော်တိုရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှုတွေနဲ့ ဒီinformation တွေကိုလူသားတွေဆီပြန့်နှံသွားအောင် ဘယ် Network တွေကလုပ်ဆောင်ပေးခဲ့သလဲဆိုတဲ့အကြောင်းကို လေ့လာနိင်ပါတယ်။

🧠စာရေးဆရာ Yuval Noah Harai ရဲ့ စာအုပ်တွေဟာ အတွေးအမြင်သစ်တွေကိုခေါ်ဆောင်လာပေးပါတယ်။ လူသားမျိုးနွယ်တွေရဲ့ ဖြစ်တည်မှုအစကို Sapiens ကနေစပြီး အခုခေတ်ရဲ့ စိန်ခေါ်မှုတွေကို 21 Lessons for the 21st century မှာအပြင် အနာဂတ်ရဲ့ ဖြစ်နိုင်ခြေတွေကို Homodeus မှာစိတ်ကူးပုံဖော်ထားပါတယ်။ ဒီအရာတွေဖြစ်တည်လာဖိုအတွက် သတင်းအချက်အလက် Nexus တွေက ပံ့ပိုးပေးခဲ့တဲ့အကြောင်းတွေနဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေကို ဒီ Collection လေးနဲ့ အတူမျှဝေခံစားလိုက်ပါ။

Website ကမှာရင် Collection တွေအတွက်အထူးစျေးရှိတယ်နော်.
Yuval Noah Harari Series ကို Website ကနေမှာယူရန်
https://airplanebookstore.com/product/yuval-noah-harari-collection/

ဒီလိုစာအုပ်Review နဲ့ Self growth topic များကိုအချိန်မ​ရွေးဖတ်ရှုနိုင်ဖို Airplane ရဲ့ Website နဲ့ Channel တွေကို အောက်ကlink လေးတွေကနေ Joinထားဖိုဖိတ်ခေါ်ပါတယ်နော်
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ 7 Habits of Highly Effective People စာအုပ်ထဲက အလေ့အကျင့် ၇ခု1️⃣ ကြိုတင်ပြင်ဆင်မှုအမြဲရှိပ...
03/05/2026

အစွမ်းထက်တဲ့လူတစ်ယောက်ဖြစ်ဖို့ 7 Habits of Highly Effective People စာအုပ်ထဲက အလေ့အကျင့် ၇ခု

1️⃣ ကြိုတင်ပြင်ဆင်မှုအမြဲရှိပါ
ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့အရာတွေအားလုံးအတွက်ကို အဆင်သင့်ဖြစ်အောင်အမြဲကြိုးစားပါ၊ ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေကို တွေးပူနေမဲ့အစား ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာကို စဉ်းစားထားပါ။

2️⃣ အလုပ်စလုပ်ကတည်းကနောက်ဆုံးအထိတွေးပါ
ကိုယ်လိုချင်တဲ့အရာကဘာလဲ ? အဲ့ဒါကိုရဖို့ဘယ်လောက်ထိအလုပ်လုပ်မလဲ ? ဘယ်အရာကကိုယ့်ကိုအောင်မြင်ပြီလို့သတ်မှတ်မလဲ ? ကိုယ်ဖြစ်ချင်တာကဘာလဲ ? စတဲ့အရာတွေကို အလုပ်တစ်ခုစလုပ်ကတည်းကအရင်ဆုံးတွေးပါ။

3️⃣ အရေးပါတဲ့အရာတွေကိုပထမဆုံးနေရာမှာထားပါ
အရေးပါတဲ့အရာနဲ့ ချက်ချင်းလုပ်ရမဲ့အရာ ( Important Vs Urgent ) ဟာမတူပါဘူး။ အရေးပါတဲ့အရာတွေခေါင်းထဲမှာရှိနေရက်နဲ့ အခြေအနေနဲ့အချိန်အခါကြောင့် ချက်ချင်းလုပ်ရမဲ့အရာတွေကို ရုတ်တရက်ဦးစားပေးမိသွားတတ်ပါတယ်။ Urgent ဖြစ်တဲ့အရာတိုင်းကို အမြဲချက်ချင်းတုံ့ပြန်ခြင်းဟာ ကျွန်တော်တို့တကယ်သွားရမဲ့ ပန်းတိုင်ကိုနှောင့်နှေးသွားစေတတ်ပါတယ်။

4️⃣ နှစ်ဘက်လုံး အနိုင်ရစေမယ့်အတွေးတွေကိုတွေးပါ
သူငယ်ချင်း မိတ်ဆွေတွေနဲ့ဖြစ်စေ ၊ မိသားစုနဲ့ဖြစ်စေ ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ဖြစ်စေ နှစ်ဦးနှစ်ဖက်လုံး အမြဲအဆင်ပြေစေမယ့်နည်းလမ်းတွေကိုတွေးပါ။
အတူတကွအကျိုးဖြစ်ထွန်းစေခြင်းဟာ ရေရှည်အကျိုးတည်တံ့မှုနဲ့တိုက်ရိုက်အချိုးကျပြီး ခင်မင်တဲ့အပေါင်းအသင်း Network ပိုမိုတိုးပွားလာပါလိမ့်မယ်။

5️⃣ နားထောင်ဖို့အရင်ကြိုးစားပါ ပြီးမှနားလည်ဖို့လုပ်ပါ
သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်က အခက်အခဲတစ်ခုကိုရင်ဖွင့်တာကြုံတိုင်းကျွန်တော်တို့ပထမဆုံးလုပ်တာက အကြံပေးဖို့ပါပဲ။ တကယ်လုပ်သင့်တာက အရင်နားထောင်ပါ၊ ပြီးရင်သူ့အခက်အခဲကိုနားလည်ဖို့ကြိုးစားပါ။ လူအများစုကအကြံဉာဏ်တွေထက် သူတို့ရဲ့ပြသနာကိုနားလည်သဘောပေါက်အောင် သေသေချာချာနားထောင်ခြင်းကိုပိုလိုလားပါတယ်။

6️⃣ ပူးပေါင်းဆောင်ရွက်ပါ
ဦးနှောက်နှစ်ခု ဟာဦးနှောက်တစ်ခုထက်အမြဲပိုကောင်းပါတယ်။ ကိုယ်နဲ့ရင်းနှိးတဲ့မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အရာတွေကိုအမြဲစဉ်းစားပြီးတိုင်ပင်ပါ။ တစ်ယောက်အားနှင့်ရွေ့သော်မရ တစ်သောင်းအားနှင့်ရွေ့သော်ရသည် ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။

7️⃣ အသိပညာဓားသွားကို ထက်နေအောင်အမြဲသွေးပါ
လောကကြီးက အမြဲတိုးတက်ပြောင်းလဲနေသလို အသိပညာတွေကလည်းစဉ်ဆက်မပြတ်အမြဲတိုးတက်နေပါတယ်။ကိုယ်သိသလောက်နဲ့ဘယ်တော့မှမရပ်လိုက်ပါနဲ့။ မိမိရဲ့ စိတ်၊ခန္တာ၊ခံစားချက်တွေကို တိုးတက်ပြောင်းလဲစေနိုင်မယ့် အရာတွေကိုအဆက်မပြတ်လေ့လာသင်ယူပါ။

Website ကမှာယူရန်
https://airplanebookstore.com/product/7-habits-of-highly-effective-people/



Join Us here
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5

https://t.me/airplanebookstore

နှစ်သစ်အတွက် ကိုယ့်ကိုယ်ကိုလက်ဆောင်ပေးဖို့အကောင်းဆုံးစာအုပ် Atomic Habits.❌ ရည်မှန်းချက်တွေ မချမှတ်ပါနဲ့။🧘🏼‍♂️ ဝိတ်ချလို...
02/05/2026

နှစ်သစ်အတွက် ကိုယ့်ကိုယ်ကိုလက်ဆောင်ပေးဖို့အကောင်းဆုံးစာအုပ် Atomic Habits.

❌ ရည်မှန်းချက်တွေ မချမှတ်ပါနဲ့။

🧘🏼‍♂️ ဝိတ်ချလို့မရဘူးလား၊ ဆေးလ်ိပ်ဖြတ်လို့မလွယ်ဘူးလား၊ အိပ်ရာ စောစောထဖို့ခက်နေတာလား၊ စိတ်ပင်ပန်းမှုတွေကို မလျော့ချနိုင်ဘူးလား စသဖြင့် ဆန္ဒ နဲ့ထိန်းချုပ်မှု နှစ်ခုက ကျွန်တော်တို့အတွေးထဲမှာ နေရာယူထားပါတယ်။ ကျွန်တော်တို့က ဝိတ်ချဖို့၊ ဆေးလိပ်ဖြတ်ဖို့၊ စောစော အိပ်ရာ ထဖို့ အကုန် လုပ်က်ိုင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် မလုပ်ကြပါဘူး။

ကျွန်တော်တို့ကို နေ့တိုင်း လုပ်မြဲ လုပ်စဉ်တွေကို ဆက်လုပ်နေအောင်၊ ဆေးလ်ိပ် ဆက်သောက်အောင်၊ အစားတွေ ပိုစားအောင်၊ အိပ်ကောင်းလို့ ဆက်အိပ်အောင် ခ်ိုင်းစေတာတွေကတော့ ကျွန်တော်တို့ရဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

💠 Atom ဆိုတာက အရာရာတိုင်းရဲ့အစပါပဲ။ Atom အကုန် ပေါင်းစပ်နိုင်မှသာ Molecules တွေ ရန်ိုင်မှာပဲ ဖြစ်ပါတယ်။ Molecules တွေကို သာ အာရုံစိုက်ကြပြီး Atom တွေရဲ့အရေးပါပုံကို မေ့လျော့နေကြပါတယ်။ စာအုပ်ထဲမှာလည်း လူတွေက အောင်မြင်ဖို့သာ တစ်ချိန်လုံး စဉ်းစားနေကြပြီး အောင်မြင်ဖို့အတွက် လိုအပ်တဲ့ အလေ့အကျင့်တွေကို ဖန်တီးတည်ဆောက်ပုံ နည်းလမ်းတွေကို မေ့လျော့နေကြတဲ့ အတွက် သေချာ ရှင်းပြပေးထားပါတယ်။

📖 စာအုပ်ထဲမှာ အလေ့အကျင့်တွေရဲ့အစိတ်အပိုင်းတွေကို တစ်ခုချင်းဆီ ခွဲခြမ်း လေ့လာထားမှာ တွေ့ရမှာပဲ ဖြစ်ပါတယ်။

▪️ Forget About Goals, Concentrate on the System
🎯 စာအုပ်ထဲမှာ Goals ဆိုတာကတော့ ကျွန်တော်တို့ဖြစ်ချင်တဲ့ ရလာဒ်တွေပေါ့၊ Systems တွေကတော့ ကျွန်တော်တို့ဖြစ်ချင်တဲ့ ရလာဒ်တွေကို ရောက်အောင် လုပ်ပေးနိုင်တဲ့ လမ်းစဉ်တွေ။ System တွေက တကယ် အလုပ်လုပ်ရမယ့်အရာတွေ။ ကျွန်တော်တို့မှားယွင်းကြတာက ကျွန်တော်တို့က ကိုယ့်လိုချင်တဲ့ ရလာဒ်တွေကိုပဲ ကြည့်ပြီး လုပ်သင့်တာတွေကို မေ့နေကြတယ်။ နောက်နေ့မှ ပြန်လုပ်တော့မယ်ဆိုပြီး တကယ် အရေးကြီးတဲ့ သေးသေးလေးတွေကို မေ့လျော့ နေကြတယ်။

👣 နိုင်တဲ့ သူ၊ ရှုံးတဲ့သူ နှစ်ယောက်စလုံးမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြတယ်။ အိုလံပစ် အားကစား သမားတိုင်း ရွှေတံဆိပ် ဆု ရချင်ကြတယ်။ Entrepreneur တိုင်း အောင်မြင်ချင်ကြတယ်။ ဒီလိုနဲ့ပဲ တူညီတဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့ အခါမှာ System ပိုကောင်းတဲ့ သူကပဲ အန်ိုင်ရကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရည်မှန်းချက် အသေးလေးတွေတော့ အောင်မြင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ System ကို မပြောင်းလဲနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့အရင် အခြေအနေတစ်ခုကိုပဲ ပြန်ရောက်သွားကြတယ်။ ပြီးတော့ ကျွန်တော်တို့ရည်မှန်းချက် ပန်းတ်ိုင်က ကျွန်တော်တို့ကို စိတ်ညစ်စေတယ်။ ဒီရည်မှန်းချက် ပန်းတ်ိုင်တစ်ခု ကို ရောက်တဲ့ အခါ ကျွန်တော်တို့ပျော်မယ်လို့ထင်တယ်။ အစပိုင်းမှာ အလုပ်သေးသေးလေးတွေမှာ အောင်မြင်တော့ ပျော်ကြတယ်။ ဒါပေမယ့် အချိန်တစ်ခု ရောက်လာတဲ့ အခါ System တစ်ခုကို ကောင်းမွန်စွာ မတည်ဆောက်ထားလို့ကျရှုံးရတဲ့ အခါ စိတ်ညစ်မှုတွေကိုသာ ပိုပိုပြီး ခံစားကြရတယ်။

▪️ Behavior Change
📝 ကျွန်တော်တို့New Year ရောက်တိုင်း ရည်မှန်းချက်အသစ်တွေ ချမှတ်ကြတယ်။ မကောင်းပြောတာတွေ ဆင်ခြင်မယ်၊ အားကစား ပိုလုပ်မယ်၊ စာ ပိုကြိုးစားမယ် စသဖြင့်။ ဒါပေမယ့် အချိန်ကြာလာတဲ့ အခါမှာ ဒီရည်မှန်းချက်တွေကို မလုပ်ဖြစ်တော့ဘူး။
🤷 ဘာလို့လဲ ဆိုတော့ ရည်မှန်းချက်အသစ်တွေကို ထပ်တလဲလဲ လုပ်ချင်အောင် လုပ်ရမယ့် နည်းလမ်းတွေကို မသိကြလို့ပါ။ ရည်မှန်းချက် အသစ်တွေ ဆိုတာထက် ကျွန်တော်တို့ရဲ့အလေ့အကျင့်အသစ်တွေကို တည်ဆောက်ဖို့အတွက် နည်းလမ်းတွေ သေချာ သိရှိဖို့လိုအပ်ပါတယ်။ စာအုပ်ထဲမှာ Behavior Change ဖို့နည်းလမ်းတွေ ရှင်းပြပေးထားပါတယ်။

🙋🏻‍♂️ James Clear ကတော့ လူတွေရဲ့အတွေးအခေါ် စဉ်းစားပုံနဲ့ပတ်သက်တာတွေ များစွာ လေ့လာခဲ့ပြီးတော့ မှ ဒီ စာအုပ်ကို ရေးသားခဲ့တာ ပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က အားကစား အကျော် အမော် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းတစ်ခုမှာ ရင်းနှီး မြုပ်နှံတယ်။ အကြီးအကျယ် အရှှုံးပေါ်ပြီးနောက်ပိုင်းမှာ အမှားတွေကို ပြန်လည် ဆင်ခြင်ရင်း Atomic Habits စာအုပ်ကို ရေးသားခဲ့ပါတယ်။

✍🏻 အခုချိန်မှာ သူ ဖန်တီးခဲ့တဲ့ ဒီ အနုပညာ လက်ရာမြောက် စာအုပ်တွေကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပညာရှင်တွေက ချီးမွန်းထားတဲ့ အပြင် ကမ္ဘာကျော် The New York Times, Entrepreneur, TIME, CBS This Morning စတဲ့ Magazine တွေကလည်း အားကျအတုယူဖွယ် ဖြစ်အောင် ချီးကျူးထားတာကို တွေ့မြင်ရမှာပါ။

💰 Millionaire ဖြစ်ဖို့အလေ့အကျင့်ကောင်းတွေကို ပြုပြင် မွမ်းမံရင်း Millionarie တွေ ဖြစ်နိုင်ကြပါစေ။

〰 Book Title - Atomic Habits: An Easy and Proven Way to Build Good Habits and Break Bad Ones
✏ Author - James Clear
🏷️ စာအုပ်တန်ဖိုးကတော့ - 19,500 ကျပ် (Premium++ Quality, Hardcover, Cream Paper Edition )
➰ Language - English

Website ကမှာယူရန်
https://airplanebookstore.com/product/atomic-habits/

ဒီလိုစာအုပ်Review နဲ့ Self growth topic များကိုအချိန်မရွေးဖတ်ရှုနိုင်ဖို Airplane ရဲ့ Website နဲ့ Channel တွေကို အောက်ကlink လေးတွေကနေ Joinထားဖိုဖိတ်ခေါ်ပါတယ်နော်
https://www.airplanebookstore.com

https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5

https://t.me/airplanebookstore

😅 ပိုက်ဆံ စု ခြင်းက သင့်ကို ချမ်းသာစေလိမ့်မယ်။😒 ဂျင်း ပါ။ တကယ့် ဂျင်း မှ ဂျင်း အစစ်။ 😒 🥺 ဟော လကုန်သွားပြန်ပြီ။ လက်ထဲမှာလ...
01/05/2026

😅 ပိုက်ဆံ စု ခြင်းက သင့်ကို ချမ်းသာစေလိမ့်မယ်။

😒 ဂျင်း ပါ။ တကယ့် ဂျင်း မှ ဂျင်း အစစ်။ 😒

🥺 ဟော လကုန်သွားပြန်ပြီ။ လက်ထဲမှာလည်း ဘာမှ မကျန်ဘူး။ ဒါဆိုရင်တော့ သင်ဟာ
ငွေကြေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အတော့်ကိုညံ့ဖျင်းနေပါပြီ။

👆🏼 Pay Yourself First

လူအများစုက တစ်လစာ အတွက်ပဲ အလုပ်လုပ်ကြတယ်။ လစာ ထုတ်ရက်ရောက်ရင် ပျော်မယ်။ တစ်ခုခု သွားစားမယ်။ ဝယ်ချင်တာ ဝယ်မယ်။ ပြတ်တုန်း လပ်တုန်း ၂၃ ရောက်ရင် ချေးပြီး သုံးမယ်။ တစ်ခါ လစာ ပြန်ထုတ်မယ်။ ဒီလိုနဲ့ ပဲ မပြီးဆုံးနိုင်သော သံသရာမှာ လည်ပတ်နေတယ်။

ငွေကြေးစီမံခန့်ခွဲမှု မှာ နံပါတ် တစ် စာအုပ်တစ်အုပ် ဖြစ်တဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် စာအုပ်ထဲမှာကတော့ လစာ ထုတ်ရက်ရောက်ရင် ဘယ်သူ့ကိုမှ မပေးခင် သင့်အတွက် 10% ကို စုဖို့ တိုက်တွန်းထားတယ်။ သိပ်များလှတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလေ့အကျင့် ဖြစ်လာရင် ကြီးမားတဲ့ တန်ဖိုးတွေ ဖြစ်လာလိမ့်မယ်။

🧙🏼 Invest What you know

အဲ့တော့ 10 % စုတဲ့ အကျင့်လေးက ဖြစ်လာပြီဆိုတော့ ဘာလုပ်ကြမလဲ???????

စာအုပ်ထဲမှာ ကျောက် အကြောင်း နားမလည်တဲ့ လူတစ်ယောက်က စိန်ကျောက်တွေမှာ ရင်းနှီးလိုက်လို့ သူ့ စုငွေတွေ အကုန် ဆုံးရှုံးခဲ့ရတယ်။
နားမလည်တဲ့ နယ်ပယ်တစ်ခုမှာ ရှိသမျှ အကုန်သုံးလိုက်လို့ တစ်သက် စု ထားတာလေး ကုန်ဆုံးခဲ့ရတယ်။

🦁 ခြင်္သေ့က မြေပြင်မှာပဲ ဘုရင် ဖြစ်တာ၊ ရေထဲက ငါးမန်းနဲ့ ယှဉ်ပြိုင်ချင်လို့ မရဘူး။ 🦈

သင် ကျွမ်းကျင်တဲ့ နယ်ပယ်မှာ ရင်းနှီးမြှုပ်နှံပါ။

💵 💴 Set up Passive Income 💶 💷

ကိုယ့်ဆီမှာ ငွေကြေးစီးဆင်းမှု Income တစ်ခုထဲ ရှိနေတယ်ဆိုရင် သင့် ရွေးချယ်မှုတွေကို ပြန်စဉ်းစားဖို့ လိုနေပါပြီ။

သင့် ဝင်ငွေက သင့် အလုပ်ချိန်ပေါ် မူတည်ပြီး ရနေသေးသရွေ့ သင်ဟာ ချမ်းသာဖို့ လမ်းကြောင်းပေါ် မရောက်နိုင်သေးပါဘူး။
အလုပ်ထွက်ဖို့ ပြောတာ မဟုတ်ပါဘူး။
မနက် ၈ နာရီကနေ ည ၆ နာရီ အထိအလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက်ချိန် ည ၈ နာရီကနေ ည ၁၁ လောက်ထိကို သင့် စိတ်ဝင်စားတဲ့ အရာ တစ်ခုခု လေ့လာတာ ဖြစ်ဖြစ်၊ Online Shopping တစ်ခုခု လုပ်တာ ဖြစ်ဖြစ်၊ ပညာ ရနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုခုမှာ ရှိနေတာ ဖြစ်ဖြစ် လုပ်ပါ။

🦸🏽‍♂️ မိမိကိုယ်ကို ရင်းနှီး မြှုပ်နှံပါ။ 🦸🏽‍♂️

Website ကမှာယူရန်
https://airplanebookstore.com/product/the-richest-man-in-babylon/

📚The Richest Man In Babylon
✍️George S. Clason
💵19,500 MMK (Premium ++ Quality, Hardcover, Creamy Paper)

✈️📕Join Us Here✈️📕
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

🤔ဘာကြောင့်လူအများစုက သာမာန်ဘ၀မှာ နေထိုင်နေကြတာလဲ ?👶💭မှတ်မိကြသလား??? ငယ်ငယ်တုန်းက အိမ်မက်တွေရည်မှန်းချက်တွေအများကြီးရှိခဲ...
30/04/2026

🤔ဘာကြောင့်လူအများစုက သာမာန်ဘ၀မှာ နေထိုင်နေကြတာလဲ ?

👶💭မှတ်မိကြသလား???

ငယ်ငယ်တုန်းက အိမ်မက်တွေရည်မှန်းချက်တွေအများကြီးရှိခဲ့ကြတယ်လေ

ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှဒီရည်မှန်းချက်တွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်ပြီး လူအုပ်ကြီးထဲမျောပါရင်း သာမာန်လူတစ်ယောက်ဘာကြောင့်ဖြစ်နေတာလဲ?

အဖြေကတော့ ကျွန်တော်တို့ရဲ့ ပုံမှန်တွေးခေါ်မှုစနစ် (Default Thinking System) ကြောင့်ပါ။ ဒီစနစ်က ကျွန်တော်တို့ကို အလိုအလျောက် ထိန်းချုပ်ထားပြီး အောက်ပါအတိုင်း တွေးခေါ်စေပါတယ်။

🧠အတ္တကိုဦးစားပေးခြင်း ( Ego over evidence ): အထောက်အထားထက် ကိုယ့်အထင်ကိုပဲယုံကြည်တာ ။

⚡မြန်မြန်ပြီးဖို့ပဲအရေးကြီးတယ် ( Speed over accuracy): တိကျမှုထက် အလျင်စလိုလုပ်ဖို့ အားသန်တာ။

🛌သက်တောင့်သက်သာပဲ လိုချင်တယ် (Comfort over discomfort): အခက်အခဲမရှိပဲ လွယ်ကူတာပဲလုပ်ချင်တာ။

👥အမှန်တရားထက် လူအများလက်ခံတာပဲလိုက်လုပ်တာ (Conformity over truth): ကိုယ့်အတွေးအခေါ်ထက်လူများပြောတာကိုလိုက်လုပ်တာ

စတဲ့ Default Thinking System ရဲ့လွှမ်းမိုးမှုအောက်မှာ Autopilot နဲ့နေထိုင်ကြရတယ်။

🤯 ဘာမဟုတ်တဲ့ပြသနာလေးတွေအတွက် နေ့တိုင်းခေါင်းခြောက်နေတဲ့လူတွေကိုမြင်ဘူးသလား ? ဒီ Autopilot ဟာစိတ်ရှုပ်ထွေးမှုကိုဖြစ်ပေါ်စေပြီး မှန်ကန်တဲ့အရာကိုတွေးခေါ်နိုင်ဖို့ထက် ထပ်တလဲလဲစဉ်းစားတွေးခေါ်မှုမှာအထိုင်ကျနေတဲ့အရာတစ်ခုဖြစ်တယ်။

🚀 Autopilot ကနေလွတ်မြောက်ပြီး ကြည်လင်ရှင်းလင်းတဲ့အတွေးအခေါ်နဲ့ ရှင်းလင်းပြတ်သားတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့အတွက်

🧠Neural Network ကိုတည်ဆောက်တာ

📝 Decision Making Process ကိုစနစ်တကျတည်ဆောက်တာ

🔍High Fidelity (HiFi) နဲ့ High Expertise (HiEx) တို့ကိုအသုံးချနိုင်ဖို့လေ့လာရပါမယ်။

🧠Neural Network ကိုတည်ဆောက်ဖို့အတွက်

📌သတိတရား (Awareness): ကိုယ့်အတွေးတွေကို သတိထားခြင်း

📌ခေတ္တရပ်တန့်ခြင်း (Pause): အလျင်စလို မဆုံးဖြတ်ခြင်း

📌ရှင်းလင်းစွာ တွေးခေါ်ခြင်း (Clarity): ရှုပ်ထွေးမှုကို ရှင်းအောင်လုပ်ခြင်း

📌စည်းကမ်းရှိခြင်း (Discipline): ရည်မှန်းချက်ကို ဆက်တိုက်အရောက်လှမ်းခြင်း

စတဲ့အရာတွေကို စဉ်ဆက်မပြတ်တိုးတက်အောင်လေ့ကျင့်ရပါမယ်။

📝Decision Making လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အရည်အချင်းဟာ အလိုအလျောက်ဖြစ်လာတာမဟုတ်ပါဘူး။

📍ပြဿနာကိုသတ်မှတ်ခြင်း

📍ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကိုစူးစမ်းခြင်း

📍ဖြေရှင်းချက်ကို ရွေးချယ်ခြင်း

📍အကောင်းဆုံးအဖြေကိုအကောင်အထည်ဖော်ခြင်းစတဲ့

အောက်ကအဆင့်လေးဆင့်ကို ဆုံးဖြတ်ချက်တိုင်းအတွက် ဦးနှောက်ကဖြတ်ကျော်ရပါတယ်။

🔍High Fidelity(HiFi) နဲ့ High Expertise (HiEx)ကိုလေ့ကျင့်ခြင်း

💎အမှန်တရားကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တဲ့ High Fidelity(HiFi) ကိုပိုင်ဆိုင်ဖို့အတွက်

🔺အချက်အလက်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပါ။

🔺မိမိ၏ အယူအဆများနှင့် အမှားများကို ပြန်လည်စစ်ဆေးပါ။

🔺အခြားသူများ၏ ရှုထောင့်များကို နားထောင်ပြီး ထည့်သွင်းစဉ်းစားပါ။

🔺ဖြစ်ရပ်တစ်ခုကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပါ။

💎အတွေ့အကြုံမှ ရလာတဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ High Expertise(HiEx) ကိုရရှိဖို့

🔺လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သူများထံမှ သင်ယူပါ။

🔺လက်တွေ့လုပ်ဆောင်ခြင်းမှ အတွေ့အကြုံများရယူပါ။

🔺အမှားများမှ သင်ခန်းစာယူပါ။

🔺မိမိ၏ အတွေ့အကြုံကို ပြန်လည်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုပြင်ပါ။

✨HiFi နဲ့ HiEx ပေါင်းစပ်တွေးခေါ်နိုင်တဲ့အချိန်မှာသင့်အတွေးတွေဟာ အစွမ်းထက်လာပါလိမ့်မယ်။

"သင့်ရဲ့ အတွေးအခေါ်ကို သင်ကိုယ်တိုင် ထိန်းချုပ်နေသလား၊ ဒါမှမဟုတ် သင့်ရဲ့ အတွေးအခေါ်က သင့်ကို ထိန်းချုပ်နေတာလား?" 🚀🚀🚀

လူအများစုနစ်မွန်းနေတဲ့ Mediocrity (သာမာန်ဘောင်) ကနေရုန်းထွက်ပြီး ကိုယ်ပိုင် System နဲ့ ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်ရှိတဲ့ ဆုံးဖြတ်ချက်ကိုပိုင်ဆိုင်နိုင်ဖို့ Shane Parrish ရဲ့ Clear Thinking ကိုလက်ဝယ်ပိုင်ဆိုင်လိုက်ပါ။

📕Book Title - Clear Thinking:Turning Ordinary Moments Into Extraordinary Results

✒️Author - Shane Parrish

💵Price- 19,500 MMK ( Premium++ Quality, Hard Cover, Creamy Paper )

Website ကမှာရန်
https://airplanebookstore.com/product/clear-thinking-turning-ordinary-moments-into-extraordinary-results/



ဒီလိုစာအုပ်Review နဲ့ Self growth topic များကိုအချိန်မ​ရွေးဖတ်ရှုနိုင်ဖို Airplane ရဲ့ Website နဲ့ Channel တွေကို အောက်ကlink လေးတွေကနေ Joinထားဖိုဖိတ်ခေါ်ပါတယ်နော်
https://www.airplanebookstore.com

https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5

https://t.me/airplanebookstore

ငတုံးများနှင့် ဆက်ဆံခြင်း 😁သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?“ ငါကကောင်းစေချင်လို့ စေတနာနဲ့အကြံပ...
29/04/2026

ငတုံးများနှင့် ဆက်ဆံခြင်း 😁

သင့်ဘေးပတ်လည်မှာရှိနေတဲ့ ငတုံးတွေကိုဘယ်လိုထိန်းကျောင်းမလဲ?

“ ငါကကောင်းစေချင်လို့ စေတနာနဲ့အကြံပေးတာကို လည်း ဘယ်တော့မှနားမထောင်ဘူး ပြီးရင် တလွဲတွေတော့ဖြစ်တော့မှာငါမြင်ယောင်တယ် “

ဒီစကားကိုကျွန်တော်တို့အားလုံးပြောဖူးကြပါတယ်။

ဘာကြောင့် အဲ့ဒီ့ငတုံးတွေက သင့်ရဲ့ကောင်းစေချင်တဲ့စေတနာကိုနားမလည်နိုင်ကြတာလဲ ?

ကျွန်တော်တို့လူတွေဟာ Social animal တွေဖြစ်ကြတဲ့အလျှောက် ပေါင်းသင်းဆက်ဆံရေးမှာ အရေးအကြီးဆုံးက လူတွေနဲ့လိုက်လျောညီထွေစွာနေတတ်ဖို့ပါပဲ။

တချို့သူတွေကို ဆယ်မိနစ်လောက်စကားပြောရုံနဲ့ ငယ်သူငယ်ချင်းတွေလို အံခွင်ဝင်ကျဖြစ်ပြီး
အလုပ်မှာသုံးနှစ်လောက်အတူတူအလုပ်လုပ်နေတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်နေလို့မရတာတဲ့ ခံစားချက်ကို သင်ကိုယ်တိုင်သတိထားမိမှာပါ။

သင့်ပတ်ဝန်းကျင်က
-အချိန်ရှိတိုင်း အားအားနေအမြဲတမ်းအလုပ်ပဲဖိခိုင်းနေတဲ့ အထက်လူကြီးတွေ
-တစ်ခါဖုန်းခေါ်ပြီးရင် အချိန်တစ်နာရီလောက်ဖုန်းပြောတဲ့သူငယ်ချင်းတွေ
-ပြသနာရှိတိုင်းအမြဲခေါင်းရှောင်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ
-ကိုယ် ငွေဘယ်လောက်သုံးသလဲ အမြဲမေးတတ်တဲ့ မိသားစုဝင်တွေ
သူတို့တွေဘာကြောင့် ဒီလို Behavior တွေရှိကြတာလဲ ဘာကြောင့်ဒီအရေးမပါတဲ့မေးခွန်းတွေကိုမေးကြတာလဲ ဆိုတဲ့အဖြေကို “ Surrounded by Idiots “ ထဲမှာ ရှင်းပြထားပါတယ်

ဒီစာအုပ်ထဲမှာ စာရေးဆရာ Thomas Erikson က
Psychologist William Moulton Marston ရဲ့ DISC Model ကို အခြေခံပြီး လူတွေရဲ့ Behavior ကို Red, Yellow, Green, Blue ဆိုပြီး အရောင်လေးမျိုးခွဲခြားပေးထားပါတယ်

RED - အမြဲတမ်းထိပ်ကဦးဆောင်ချင်တဲ့သူတွေ ဘာပဲလုပ်လုပ်ထိပ်ဆုံးကနေရမှာကျေနပ်သူတွေ
YELLOW - အပေါင်းအသင်းအများဆုံးသူ ဘယ်နေရာမှာမဆိုမိတ်ဆွေသူငယ်ချင်းတွေရှိနေတတ်သူ
GREEN - အေးအေးဆေးဆေးသမား ဘာပဲလိုလိုအမြဲကူညီပေးဖို့ကြိုးစားတဲ့သူ
BLUE - အသေးစိတ်ကအစဂရုစိုက်တတ်သူ စည်းကမ်းအရမ်းကြီးသူ

ဥပမာ သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်ဖို့ စီစဉ်ပြီဆိုရင် သူတို့ရဲ့ Behavior ကိုကြည့်ပြီး အရောင်တွေမြင်ရပါတယ်
-ငါတို့တွေ ငွေဆောင်သွားမယ် ဒီဟိုတယ်မှာတည်းမယ် ညကျ Party လုပ်မယ်ဆိုပြီး ထိပ်ဆုံးက အကြံစပေးတဲ့သူဆို -> RED
-ဒီဟိုတယ်မှာငါ့ အသိရှိတယ် အစားအသောက်ကဒီဆိုင်မှာကောင်းတယ် ဆိုပြီး စီစဉ်တာက -> YELLOW
-ငါဘာလုပ်ပေးရမလဲ လက်မှတ်ဖြတ်ပေးရမှာလား ကားစီစဉ်ပေးရမှာလားဆိုတာက -> GREEN
-ဟိုတယ်ဖိုးက ဘယ်လောက်? စားစရိတ်ကဘယ်လောက် ? VIP လား ရိုးရိုးလား စီးလုံးဌားမှာလား ? ဆိုတဲ့ Detail တွေကိုစဉ်းစားတာက -> BLUE

ဒီလို Behavior တွေကိုသဘောပေါက်ပြီဆိုရင် သင့်ပတ်ဝန်းကျင်က ငတုံးတွေကိုလွှမ်းမိုးနိုင်ဖို့မခက်ခဲတော့ပါဘူး။
RED behavior ရှိတဲ့ Boss တစ်ယောက်ကို ဘယ်လိုစကားပြောမလဲ? Blue Behavior ရှိတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲ ဆိုတဲ့သော့ချက်တွေဟာ ဒီစာအုပ်ထဲမှာပါရှိပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်တော်ကိုယ်တိုင် မိသားစု/အလုပ်မှာရှိနေတဲ့သူတွေရဲ့ဆက်ဆံရေးဟာအချိန်တိုအတွင်းမှာအများကြီးတိုးတက်ပြောင်းလဲခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင် Recommend ပေးတဲ့ ဒီစာအုပ်ကလေးကိုလိုချင်ရင် Message box သို့ Viber သို့ Telegram ကနေ အမည် လိပ်စာ ဖုန်းနံပါတ်ချန်ခဲ့ပြီးမှာနိုင်ပါတယ်။

Book name - Surrounded by Idiots
Price - 21,500 MMK (Premium ++ Quality, Hardcover, Creamy Paper)

Website ကမှာယူရန်
https://airplanebookstore.com/product/surrounded-by-idiots-the-four-types-of-human-behavior-and-how-to-effectively-communicate-with-each-in-business-and-in-life/



✈️📕Join Us Here✈️📕
https://www.airplanebookstore.com
https://invite.viber.com/?g2=AQADsGSNPfT13lMNbEEYpO4c7Ho2Rq70QU9rXgBje2vjdvvc9WtcUPzgHTiaWKb5
https://t.me/airplanebookstore

Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959787361362

Alerts

Be the first to know and let us send you an email when Airplane posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Airplane:

Share

Category