Sakura Hormone Channel

Sakura Hormone Channel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sakura Hormone Channel, Shopping & retail, မေတ္တာညွန့် , တာမွေ, Yangon.

22/09/2025

Condom ပေါက်သွားလို့လား..? မစိုးရိမ်ပါနဲ့...

HIV ပိုးကိုအရေးပေါ်ကာကွယ်ပေးနိုင်တဲ့ PEP ဆေးသောက်ပြီး ကာကွယ်လို့ရပါတယ်။

PEP ဆေးဆိုတာ HIVပိုးကူးစက်နိုင်တဲ့အပြုမှုမျိုးကို မတော်တဆ ပြုလုပ်မိခဲ့ရင် (၇၂)နာရီအတွင်းသောက်သုံးရတဲ့ အရေးပေါ်ကာကွယ်မှုဖြစ်ပါတယ်။အချိန်မှီကုသမှုခံယူခဲ့မယ်ဆိုရင် HIV ပိုးကူးစက်မခံရပါဘူး။

ကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ ညွုန်ကြားချက်၊ကြီးကြပ်မှုများနဲ့ PEPကုထုံးကိုခံယူသင့်ပါတယ်။ PEPဆေးသောက်ဖို့ လိုအပ်သလားဆိုတာ အရင်ဆုံး ဆွေးနွေးရပါမယ်။ သောက်ရမယ်ဆိုရင် သတိထားရမှာက ဝယ်ယူရမယ့်နေရာဖြစ်ပါတယ်၊ စိတ်ချရတဲ့နေရာက ဝယ်ယူမှထိရောက်မှန်ကန်တဲ့ဆေး ရရှိနိုင်ပါတယ်။

PEP ဆေးနဲ့ပါတ်သက်ပြီး ဆွေးနွေးပေးခြင်း၊
လမ်းညွှန်ပေးခြင်း အခမဲ့ပြုလုပ်ပေးပါတယ်။

PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09767655169 ‌‌‌‌‌‌‌ကို ခေါ်ဆို‌၍ဖြစ်‌စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

#ကာလသား #ဂနို

ပုံများကိုကူးယူဖော်ပြခွင့်မပြုပါ

စိမ့်နေပြီလား...
20/09/2025

စိမ့်နေပြီလား...

ညီကိုတွေကြားထဲမှာ " စိမ့်နေတယ်၊ ယိုနေတယ် " ဆိုတဲ့ ဘန်းစကားကို ကြားဖူးကြမယ်ထင်ပါတယ်။

ဒီအသုံးအနှုန်းတွေဟာ လိင်တံကနေ သုတ်ရည်လိုပြည်တွေကျတဲ့ "ဂနို လို့ခေါ်တဲ့ ဆီးပူညောင်းကျ" ရောဂါကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။‌‌

ဂနိုက လိင်တံ၊ စအိုနဲ့ လည်မျို တွေမှာ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။ဒါပေမယ့် တစ်ချို့လူတွေမှာ ရောဂါလက္ခဏာ မပြတဲ့အတွက် ကူးစက်ခံရရင်တောင် ဂနိုဖြစ်နေပြီဆိုတာ မသိကြတာမျိုးတွေလည်းရှိပါတယ်။

ဂနိုဖြစ်နေလားဆိုတာကို အလွယ်တကူသိလို့ရနိုင်မယ့် လက္ခဏာတွေကတော့ -

- လိင်တံကနေ ပြည်လို အရည်ထွက်ကျမယ်။ (ကိုယ်တိုင်က သတိမထားမိရင်တောင် အတွင်းခံမှာ ပေနေတာမျိုးကတစ်ဆင့် သိနိုင်ပါတယ်)

- ဆီးမကြာမကြာသွားမယ် ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ခံစားရမယ်၊ ကျဉ်တက်ပါတယ်။

- ဝှေးစေ့ရောင်ရမ်းမယ်/နာမယ် ( မကုသဘဲထားရင် မျိုးမအောင်နိုင်တာမျိုးဖြစ်မယ် )

- စအိုနဲ့ဆက်ဆံခံခဲ့ရရင် စအိုမအီမသာဖြစ်မယ် ၊ ယားမယ် ၊ နာမယ် ၊ အရည်ကျမယ် ၊ သွေးယိုမယ် စတဲ့ဝေဒနာတွေ ခံစားရမှာဖြစ်ပါတယ်။

ဂနိုရောဂါဟာ ပျောက်ကင်းအောင်ကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။ဆေးမကုသဘူးဆိုရင်တော့ ဂနိုပိုးဟာ သွေးထဲကိုဝင်ရောက်နိုင်တဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာကူးစက်‌နေနိုင်ပါတယ်။အဆစ်အမြစ်တွေ ယောင်တာနာတာနဲ့ နောက်ဆက်တွဲ မျိုးမအောင်တာ ထိဖြစ်နိုင်ပါတယ်။
HIV ရှိ၊ မရှိ အခမဲ့ စစ်ဆေးလမ်းညွှန်ပေးခြင်း ၊ကာလသား ရောဂါများ အခမဲ့ စစ်ဆေးကုသပေးခြင်း ၊PrEP ဝန်ဆောင်မှုများနဲ့ PEP ဝန်ဆောင်မှုများကို ရရှိနိုင်ဖို့အတွက်
ဆက်သွယ်ရန် - - - 09767655169 ‌‌‌‌‌‌‌ကို ခေါ်ဆို‌၍ဖြစ်‌စေ၊ Page Messenger မှာလည်း အခမဲ့လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

#ကာလသား

#ဂနို

ဒီဆေးလေးကလဲအမျိုးသမီးဟေ်မုန်းဆေးလေးပါပဲနော် (အမျိုးသမီးကဲ့သို လှချင်သူများ တကယ်ကိုသောက်သင့်တဲ့ဆေးလေးတစ်မျိုးနဲ့ မိတ်ဆက်ပ...
10/01/2025

ဒီဆေးလေးကလဲအမျိုးသမီးဟေ်မုန်းဆေးလေးပါပဲနော် (အမျိုးသမီးကဲ့သို လှချင်သူများ တကယ်ကိုသောက်သင့်တဲ့ဆေးလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ)

Sakura လေးတို့ရေ......🌸🌸🌸ဘာဟော်မုန်းဆေးမှ လုံးဝမသောက်ထားတဲ့ ပုံမှန် ယောကျ်ားတစ်ယောက်ဟာ ဘလိုမှ မိန်းမနဲ့ တူစရာ အကြောင်းမရ...
27/05/2024

Sakura လေးတို့ရေ......🌸🌸🌸
ဘာဟော်မုန်းဆေးမှ လုံးဝမသောက်ထားတဲ့ ပုံမှန် ယောကျ်ားတစ်ယောက်ဟာ ဘလိုမှ မိန်းမနဲ့ တူစရာ အကြောင်းမရှိနိုင်ပါဘူး
မိန်းမနဲ့တူနေတယ်ဆိုတာက သူဟာ ဟော်မုန်းဆေးကို စနစ်တကျ ကုစားထားလို့ပါပဲ Transwoman လေးတွေ အတွက် ဟော်မုန်းကုစားတဲ့ အခါ ကုစားရတဲ့ ဟော်မုန်းဆေး အမျိုးစားနှစ်မျိုးရှိတယ်

အာ့ အခြေခံနှစ်ခုဟာ
1.Estrogen (estradial လို့ ခေါ်ဝေါ်တဲ့ အမျိုးသမီးဟော်မုန်းဓာတ်)
2.Testosterone blocker ( ကျားဟော်မုန်းမထွက်နိုင်အောင်ရယ် ခန္ဓာကိုယ်မှာ ရှိနေတဲ့ကျားဟော်မုန်း အနည်းအများကို အပီးသတ်ပေးတဲ့ ဓာတ်) တို့ပဲဖြစ်ပါတယ်

1. Estrogen ရဲ့ မဟော်မုန်းဓာတ် ဟာ
-အသားရေကို နူးညံ့ခြင်း
-ကြမ်းတမ်းသော နှုတ်ခမ်းမွှေးမုတ်ဆိတ် ပါးသိုင်းမွှေး များထွက်ခြင်းကို လျှော့ချပေးခြင်း
-အဆီပြန်သော အသားရေမဖြစ်အောင်ထိန်းပေးခြင်း
-မိန်းမဆန်သော ခန္ဓကိုယ်ကောက်ကြောင်းများ ဖြစ်စေခြင်း (ခါး/တင်/ပေါင် )အစရှိသည်
-မိန်းမကဲ့သို့နူးညံ့သော အသွင်ပြင်ရှိသည့် မျက်နှာကိုပြောင်းလဲပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်

2. Testosterone blocker( ကျားဟော်မုန်းသတ်ပေးတဲ့ ဆေးများဟာ)
- ယောကျာ်းဆန်သော အသွင်ပြင်များမဖြစ်လာအောင် လျော့ချပေးခြင်း
- လက်မောင်းကြွက်သားများအား သွယ်ပီး ပြေလျော့စေခြင်း အစရှိသဖြင့် အလွယ်ပြောရရင် ​​ယောကျ်ားတစ်ယောက် အသွင်ပြင်တွေ ဖြစ်မလာ​အောင်ထိန်းချုပ်ပေးတဲ့ ဓာတ်ပဲဖစ်ပါတယ် နှစ်ခုလုံးကတော့ Feminizing လို့ခေါ်တဲ့ အမျိုးသမီးဆန်တဲ့ အသွင်ပြင်အကုန်ဖြစ်လာအောင် တစ်ခုနဲ့ တစ်ခု ထောက်ပံ့ပေးထားတဲ့ ဟော်မုန်း ဓာတ်နှစ်မျိုးပဲဖြစ်ပါတယ်
တစ်ဖက်က မိန်းမဟော်မုန်းတော့ ​သောက်နေပါရဲ့ သို့သော် တစ်ဖက်ကလည်း ကျားဟော်မုန်းသတ်တဲ့ ဆေးမတွဲဘူးဆိုရင် မိန်းမ ဟော်မုန်းတော့ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းများလာမှာပဲ ထိုနည်းတူ ကျားဟော်မုန်းကလည်း တစ်ဖက်က မတားထားတော့ ဆက်တိုက်ထွက်နေမှာပဲလေ အာ့တော့ ကိုယ်လိုချင်တဲ့ အလှတရားပုံစံ အနေထားကို ရဖို့ အချိန်တွေ အရမ်းကြာနေရောပေါ့
ဥပမာ ပေးရရင်ဖြင့် ဆီနဲ့ရေတွေ ရောနေတဲ့ ခွက်လိုပေါ့ ကိုယ်လိုချင်တာ ဆီသီးသန့် ဖြစ်တော့ ဆီပမာဏတွေ ထပ်ထပ်ဖြည့် သို့သော် တစ်ဖက်က ရေတွေကလည်း မရပ်ထားနိုင်တော့ ဆက်တိုက်ဝင်နေတယ်. အာ့တော့ ဝင်နေတဲ့ အာ့ရေတွေကို မဝင်လာနိုင်တော့အောင် တားမယ် ပီးရင် ရှိနှင့်ပီးသား ရေတွေ ကုန်သွားအောင်လဲ လုပ်မယ်ဆိုရင် လိုချင်တဲ့ ဆီသီးသန့် ဖြစ်မလာဘူးလား??
😘
အာ့လိုပါပဲ သဘောတရားက မိန်းမဟော်မုန်းဆေးလဲ​သောက်မယ် ကျားဟော်မုန်းသတ်ဆေးနဲ့ တွဲသောက်မယ်ဆို ကျားဟော်မုန်းတွေရပ်ပီး မဟော်မုန်းတွေ များလာပီး ပြေပြစ်လှပတဲ့ မိန်းမတစ်ဦး အသွင်ပြင်ကိုရစေမှာပါ 🤗
ကုသပုံ
-----------
ဆရာဝန်များ ညွှန်ကြားချက်အရ
ပုံမှန် Ladyboy တစ်ယောက်ဟာ တစ်ရက်ကို estrogen 2mg ကနေ 4 mg ထိ ​သောက်လို့ရပါတယ် သဲလေးတို့ကိုရောင်းပေးထားတဲ့ progynova 28 လုံးကဒ်ကနေ တစ်ရက်ကို တစ်လုံးသောက်နိုင်သလို 2လုံးလဲ သောက်လို့ရတယ်ဆိုတဲ့ သဘောပါနော် ။
ဆေးတစ်လုံးမှာ estrogen 2mg ပါပါတယ်နော်
l

#ဟော်မုန်းဆေး
ောက်ဆေး

27/05/2024

HIV (သို့) Human Immunodeficiency Virus ကူးစက်ခံရပြီး အချိန်ကြာလာသည်နှင့်အမျှ လူ့ခန္ဓာကိုယ်အတွင်း အမျိုးမျိုးသော ပြောင်းလဲမှုများနှင့် အပြန်အလှန်တုံ့ပြန်မှုများ ကြုံတွေ့ရမှာပါ။ နော် ....

Send a message to learn more

________________Sakura Hormone Channel________________Male to Female Hormone Replacement Therapy (အမျိုးသားတစ်ဦးမှ အမျိ...
05/02/2024

________________Sakura Hormone Channel________________
Male to Female Hormone Replacement Therapy (အမျိုးသားတစ်ဦးမှ အမျိုးသမီး ရဲ့ ကြန်အင်လက္ခဏာများ ရရှိပိုင်ဆိုင်အောင် ဟော်မုန်း အစားထိုးကုသခြင်းဆိုတာကတော့ *

ဘာဟော်မုန်းဆေးမှ လုံးဝမသောက်ထားတဲ့ ပုံမှန် ယောကျ်ားတစ်ယောက်ဟာ ဘလိုမှ မိန်းမနဲ့ တူစရာ အကြောင်းမရှိနိုင်ပါဘူး

မိန်းမနဲ့တူနေတယ်ဆိုတာက သူဟာ ဟော်မုန်းဆေးကို စနစ်တကျ ကုစားထားလို့ပါပဲ Transwoman လေးတွေ အတွက် ဟော်မုန်းကုစားတဲ့ အခါ ကုစားရတဲ့ ဟော်မုန်းဆေး အမျိုးစားနှစ်မျိုးရှိတယ်

အာ့ အခြေခံနှစ်ခုဟာ
1.Estrogen (estradial လို့ ခေါ်ဝေါ်တဲ့ အမျိုးသမီးဟော်မုန်းဓာတ်)

2.Testosterone blocker ( ကျားဟော်မုန်းမထွက်နိုင်အောင်ရယ် ခန္ဓာကိုယ်မှာ ရှိနေတဲ့
ကျားဟော်မုန်း အနည်းအများကို အပီးသတ်ပေးတဲ့ ဓာတ်) တို့ပဲဖြစ်ပါတယ်

1. Estrogen ရဲ့ မဟော်မုန်းဓာတ် ဟာ
-အသားရေကို နူးညံ့ခြင်း
-ကြမ်းတမ်းသော နှုတ်ခမ်းမွှေးမုတ်ဆိတ် ပါးသိုင်းမွှေး များထွက်ခြင်းကို လျှော့ချပေးခြင်း
-အဆီပြန်သော အသားရေမဖြစ်အောင်ထိန်းပေးခြင်း
-မိန်းမဆန်သော ခန္ဓကိုယ်ကောက်ကြောင်းများ ဖြစ်စေခြင်း (ခါး/တင်/ပေါင် )အစရှိသည်
-မိန်းမကဲ့သို့နူးညံ့သော အသွင်ပြင်ရှိသည့် မျက်နှာကိုပြောင်းလဲပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်

2. Testosterone blocker( ကျားဟော်မုန်းသတ်ပေးတဲ့ ဆေးများဟာ)

- ယောကျာ်းဆန်သော အသွင်ပြင်များမဖြစ်လာအောင် လျော့ချပေးခြင်း
- လက်မောင်းကြွက်သားများအား သွယ်ပီး ပြေလျော့စေခြင်း အစရှိသဖြင့် အလွယ်ပြောရရင် ​​ယောကျ်ားတစ်ယောက် အသွင်ပြင်တွေ ဖြစ်မလာ​အောင်ထိန်းချုပ်ပေးတဲ့ ဓာတ်ပဲဖစ်ပါတယ် နှစ်ခုလုံးကတော့ Feminizing လို့ခေါ်တဲ့ အမျိုးသမီးဆန်တဲ့ အသွင်ပြင်အကုန်ဖြစ်လာအောင် တစ်ခုနဲ့ တစ်ခု ထောက်ပံ့ပေးထားတဲ့ ဟော်မုန်း ဓာတ်နှစ်မျိုးပဲဖြစ်ပါတယ်

တစ်ဖက်က မိန်းမဟော်မုန်းတော့ ​သောက်နေပါရဲ့ သို့သော် တစ်ဖက်ကလည်း ကျားဟော်မုန်းသတ်တဲ့ ဆေးမတွဲဘူးဆိုရင် မိန်းမ ဟော်မုန်းတော့ ခန္ဓာကိုယ်ထဲ တဖြည်းဖြည်းများလာမှာပဲ ထိုနည်းတူ ကျားဟော်မုန်းကလည်း တစ်ဖက်က မတားထားတော့ ဆက်တိုက်ထွက်နေမှာပဲလေ အာ့တော့ ကိုယ်လိုချင်တဲ့ အလှတရားပုံစံ အနေထားကို ရဖို့ အချိန်တွေ အရမ်းကြာနေရောပေါ့

ဥပမာ ပေးရရင်ဖြင့် ဆီနဲ့ရေတွေ ရောနေတဲ့ ခွက်လိုပေါ့ ကိုယ်လိုချင်တာ ဆီသီးသန့် ဖြစ်တော့ ဆီပမာဏတွေ ထပ်ထပ်ဖြည့် သို့သော် တစ်ဖက်က ရေတွေကလည်း မရပ်ထားနိုင်တော့ ဆက်တိုက်ဝင်နေတယ်. အာ့တော့ ဝင်နေတဲ့ အာ့ရေတွေကို မဝင်လာနိုင်တော့အောင် တားမယ် ပီးရင် ရှိနှင့်ပီးသား ရေတွေ ကုန်သွားအောင်လဲ လုပ်မယ်ဆိုရင် လိုချင်တဲ့ ဆီသီးသန့် ဖြစ်မလာဘူးလား??
😘

အာ့လိုပါပဲ သဘောတရားက မိန်းမဟော်မုန်းဆေးလဲ​သောက်မယ် ကျားဟော်မုန်းသတ်ဆေးနဲ့ တွဲသောက်မယ်ဆို ကျားဟော်မုန်းတွေရပ်ပီး မဟော်မုန်းတွေ များလာပီး ပြေပြစ်လှပတဲ့ မိန်းမတစ်ဦး အသွင်ပြင်ကိုရစေမှာပါ 🤗

ကုသပုံ
-----------
ဆရာဝန်များ ညွှန်ကြားချက်အရ
ပုံမှန် Ladyboy တစ်ယောက်ဟာ တစ်ရက်ကို estrogen 2mg ကနေ 4 mg ထိ ​သောက်လို့ရပါတယ် သဲလေးတို့ကိုရောင်းပေးထားတဲ့ progynova 28 လုံးကဒ်ကနေ တစ်ရက်ကို တစ်လုံးသောက်နိုင်သလို 2လုံးလဲ သောက်လို့ရတယ်ဆိုတဲ့ သဘောပါနော်
ဆေးတစ်လုံးမှာ estrogen 2mg ပါပါတယ်နော်

Testoblocker (ကျားဟိုမုန်းသတ်ဆေး)
Testoblocker ဆေးပြင်း
cyproterone လို့ခေါ်တဲ့ အာနိသင်ပါပီး brand name က androcur နဲ့ လာပါတယ် အာ့ဆေးကတော့ လူတိုင်းနဲ့လည်း မတဲ့သလို အထူးသ
ဖြင့် အသက်ငယ်တဲ့ သူဆို လုံးဝမသောက်သင့်ဘူးလို့ဆရာဝန်များက ​ပြောထားပါသေးတယ်
ကိုယ်လိုချင်တဲ့ ပုံစံရဖို့ ကိုယ်ကလည်း ဝိရိယတော့ ရှိသင့်ပါတယ် အများစုက စိတ်မရှည်ဘူး နောက်တစ်ခုက ဆေးကို dose သောက်တာ မမှန်ဘူး ဖြစ်သလိုပေါ့ ပီးမှ ဆေးက အလကားပဲ ဆိုပီး အပြစ်တင်မယ် တကယ်တော့ အလကားပါဆိုတဲ့ ဆေးရှိလား 🙄🤔 ကျမတို့ဖျားနာတယ် ပါရာစီတမော ဆေးကို ​သောက်လိုက်တယ် ခန အိပ်လိုက်မယ် နိူးလားတော့ အဖျားသက်သာသွားတယ် ဘာလို့လဲ ဒီဆေး အာနိသင် ခန္ဓာကိုယ်ထဲက သွေးထဲမှာ အလုပ်လုပ်လို့ပေါ့ အာ့လိုတွက်ပီး ကိုယ်သောက်တဲ့ ဟော်မုန်းဆေး နှစ်မျိုးကိုလည်း မှန်မှန်လေး
သောက်စေချင်ပါတယ်

လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းအနည်းများမတူသလို သွေးသားလည်း မတူပါဘူး ဒါကြောင့် ကုစားပေးရတဲ့ အချိန်လည်း တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါဘူး တစ်ချို့ကလည်း 3လလောက်နဲ့ စသိသာသလို တစ်ချို့ကျတော့လည်း 6 လလောက်မှ စသိသာတာတို့ အာ့လိုပေါ့

စိတ်လည်း ရှည်ပေးရမယ် ​သောက်တဲ့နည်းလမ်းလဲ မှန်မယ်ဆို အချိန်တစ်ခုမှ မပြောင်းလဲစရာ ဘာမှကို မရှိပါဘူးနော်

Address

မေတ္တာညွန့် , တာမွေ
Yangon
11211

Alerts

Be the first to know and let us send you an email when Sakura Hormone Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share