Wut Yi

Wut Yi ��

 #ဘ၀ကို ပျော်အောင်နေကြည့်ပါ...ချမ်းသာတဲ့ လူ လည်းချမ်းသာမှု့ နဲ့အတူ လိုအပ်ချက်တွေရှိနေတာပဲလေ။ဆင်းရဲတဲ့ လူ လည်းအဲ့ဒီ့ ဆင်း...
16/05/2025

#ဘ၀ကို ပျော်အောင်နေကြည့်ပါ...

ချမ်းသာတဲ့ လူ လည်း
ချမ်းသာမှု့ နဲ့အတူ လိုအပ်ချက်တွေ
ရှိနေတာပဲလေ။

ဆင်းရဲတဲ့ လူ လည်း
အဲ့ဒီ့ ဆင်းရဲမှု့နဲ့ လိုအပ်ချက်တွေ
ရှိနေခဲ့ကြတာပါပဲ

လောကမှာ...
ပြည့်စုံတဲ့ လူ ရယ်လို့ မရှိပါဘူး။

လူတိုင်း လူတိုင်း
လိုအပ်တဲ့ အရာလေးတွေ တစ်ခုမဟုတ် တခု
အမြဲတမ်း ရှိနေခဲ့ကြတာပါ။

ကိုယ့် ဘ၀ ကို
မပြည့်စုံဘူး ဆိုပြီး အားငယ်နေပြီး
ပူလောင်နေမဲ့ အစား

လောကမှာ
ဘယ်သူမဆို ကိုယ့်လို အမြဲတမ်း
မပြည့်စုံကြတဲ့
လူတွေကြီးပဲလို့ သတ်မှတ်ကာ။

ဖြစ်လာတဲ့ ကိုယ့် ဘ၀လေးကို
အေးချမ်းစွာ ပျော်အောင်နေလိုက်စမ်းပါ။

#ကိုယ့်ဘ၀ကို ကိုယ်ကိုတိုင်
ကျေနပ်စွာ နေတတ်လာပါလိမ့်မည်။

ဒါ....
#ဘ၀ထဲက....လူပဲ
crd

""အစွဲ""    "မစွဲလန်းမိပါစေနဲ့...."လောကမှာ ဘယ်သူ့ကိုပဲ ချစ်ချစ်ဘယ်သူ့ကိုပဲ မုန်းမုန်းအစွဲလမ်း ကြီးစွာနဲ့မချစ်မိပါစေနဲ့အစ...
16/05/2025

""အစွဲ""

"မစွဲလန်းမိပါစေနဲ့...."
လောကမှာ ဘယ်သူ့ကိုပဲ ချစ်ချစ်
ဘယ်သူ့ကိုပဲ မုန်းမုန်း

အစွဲလမ်း ကြီးစွာနဲ့မချစ်မိပါစေနဲ့
အစွဲလမ်း ကြီးစွာနဲ့မမုန်းမိပါစေနဲ့

ချစ်စွဲ မုန်းစွဲ ဆိုတာ နှလုံးသားထဲမှာ
ကြာကြာထားမိလေ ပိုပူလောင်လေပဲမို့

ချစ်သောသူကိုဖြစ်စေ မုန်းသောသူကိုဖြစ်စေ
မေတ္တာနဲ့သာ တုံ့ပြန်လိုက်ပါ

ကိုယ့်ဘ၀အတွက်လဲ အေးချမ်းမှု့ရစေသကဲ့သို့
သူ့ဘ၀အတွက်လဲ အေးချမ်းစေမှာပါ။
crd

တန်ပါတယ်ဒီလမ်းခွဲခြင်းက တန်လားဆိုရင် တန်ပါတယ်မင်းကမင်းကိုချစ်တဲ့သူကိုဆုံးရှုံးရတာဖြစ်ပြီးငါကငါ့ကိုမချစ်တဲ့သူကို ဆုံးရှုံ...
15/05/2025

တန်ပါတယ်

ဒီလမ်းခွဲခြင်းက တန်လားဆိုရင်
တန်ပါတယ်
မင်းကမင်းကိုချစ်တဲ့သူကို
ဆုံးရှုံးရတာဖြစ်ပြီး
ငါကငါ့ကိုမချစ်တဲ့သူကို
ဆုံးရှုံးရတာသာ ဖြစ်ပါတယ်

တစ်ဖြည်းဖြည်းတော့လဲ နေသားကျမှာပါ
အရင်တုန်းကတည်းက ငါတို့က
သူစိမ်းတွေပဲလေ။
crd #

14/05/2025

ပိုက်ဆံအိတ်တွေမှာ
ဘာလို့အကန့်တွေပါတယ်ထင်လဲ..?

Bank card (ဘဏ်ကဒ်)က ဘဏ်ကဒ်နေရာမှာထားဖို့
သောင်းတန်တွေက သောင်းတန်အကန့်မှာထားဖို့
ထောင်တန်တွေက ထောင်တန်အကန့်မှာထားဖို့
ရာတန်(အကြွေ) အကြွေအကန့်မှာထားဖို့ပဲ

သောင်းတန် ထောင်တန် အကြွေတန်တွေကို
သူ့အကန့်နဲ့ သူမထားပဲ ယောထားတဲ့အခါ ကျတော်တို့အဖို့
အနာဂတ်မှာ
ပိုအချိန်ကုန်စေသလို ပိုစိတ်ရှုပ် ကျန့်ကြာစေတယ်
အကြွေတန်တွေ စွဲထုတ်ရင်း (အကြွေတန်တွေအတွက်နဲ့)
သောင်းတန် တွေ ပြုတ်ကျ(လွဲ)သွားနိင်တယ်

အဲ့လိုပါပဲ
လူတယောက်ရဲ့ ဖြတ်သန်းရဲ့ဘ၀မှာ
အကြွေတန်လောက်ပဲ တန်ဖိုးရှိတဲ့လူတွေရှိမယ်
ထောင်တန်လို တန်ဖိုးရှိတဲ့လူတွေလဲ ရှိမယ်‌
သောင်းတန်လောက် တန်ဖိုးရှိတဲ့သူတွေလဲ ရှိမယ်

ပြောချင်တာက
ကိုယ့်ရဲ့တန်ဖိုး ကိုယ့်အနေအထားဟာ
အကြွေတန်နဲ့ အတူရှိဖို့ တန်ရဲ့လား
အကြွေတန်လို လူတွေကို ဘာအတွက် မက်မောနေရမှာလဲ
သောင်းတန်တွေနဲ့အတူရှိဖို့
ဘဏ်ကဒ်တွေနဲ့အတူရှိဖို့ ...ကိုယ့်တန်ဖိုးကို
မြင်ဖို့လိုတယ်

အကြွေတန်တွေကို မက်မောနေတုန်းလား
ဘဏ်ကဒ်တွေမမြင်သေးဘူးလား။
crd #

ကိုယ်ကပထမလူလေ     အချစ်တွေ အချိန်တွေအများကြီးပေးဆပ်ထားရတဲ့သူပေါ့...ကတိတွေ အိမ်မက်တွေ မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ...
14/05/2025

ကိုယ်ကပထမလူလေ

အချစ်တွေ အချိန်တွေအများကြီးပေးဆပ်ထားရတဲ့သူပေါ့...

ကတိတွေ အိမ်မက်တွေ မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ့ ချစ်ပေးခဲ့ ရသူဆိုလဲ ဟုတ်တယ်....

""မင်းနဲ့မှချစ်တတ်တာ"" ""မင်းမရှိရင်မနေနိင်ဘူး""
""မင်းကလွဲပီး ထပ်မရှိနိင်ဘူး"" ""မင်းက ကိုယ့်..ဘ၀ရဲ့တစ်ဦးတည်းသောသူ"" ""မင်းထားခဲ့ရင် ကို ရူးနိင်တယ်""ဆိုတဲ့...စကားတွေနဲ့ ပထမဦးဆုံး အချစ်ခံခဲ့ရတာ ကြားခွင့်ရခဲ့တာ....

အဆုံးထိ စကားလုံးတွေနဲ့ လုပ်ရပ်တွေကြောင့် ယုံကြည်ပေးခဲ့မိတာ...
စိတ်ဆိုးလိုက်ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ relationship တစ်ခုကို တည်ဆောက်လာခဲ့ကြတယ်...

အချိန်တခုထိရောက်လာတော့ ချစ်တရ် ဆိုတဲ့စကားကို သိပ်မပြောဖြစ်ပေမဲ့..သူရဲ့ ကောင်းခြင်းဆိုးခြင်း ကိုလက်ခံပီး နားလည်မှု့တွေ အပြည့်နဲ့ရှေ့ဆက်လာခဲ့ပေမဲ့...

ပျင်းသွားလို့လား.. ရိုးသွားလို့လား.. ငြီးငွေ့သွားလို့ထင်ပါရဲ့...

အချိန်တခုထိ ဘ၀ရော အချိန်တွေရော နုပျိုမှု့တွေရော ပေးဆပ်လာခဲ့ပီးမှ..မနေ့တနေ့ကမှတွေ့တဲ့ ""ကိုကို"'ဆိုတဲ့အသံချိုချို စကားချိုချိုလေးနဲ့ ချွဲတတ် နွဲ့တတ်တဲ့ သူစိမ်းမိန်းကလေး တယောက်အောက်မှာ အရှုံးကြီးရှူံးပေးလိုက်ရတယ် ....

ချစ်တရ် လို့ ပြောခဲ့တာတွေ အမှတ်တရတွေ အတူတူဆိုတဲ့ အိမ်မက်တွေ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေက လေထဲမှာ လေထုအဖြစ်နဲ့ လွင့်ပျောက်သွားခဲ့တရ်...

မျက်ရည်တွေ မကယ်နိင်ဘူး တောင်းပန်စကားတွေ နားထဲမ၀င်ခဲ့ဘူး ကတိတွေ အရာမ၀င်ခဲ့ဘူး ကပ်တွယ်မှု့တွေက စိတ်ရှုပ်စရာတခု လိုဖြစ်နေခဲ့တရ် လက်မလွှတ်နိင်ခြင်းက ဘ၀ကို အရူးတယောက်လို ဖြစ်စေခဲ့တယ်

(အချိန်အကြာကြီး ပေးဆပ်ပီး ယုံကြည်မှု့တွေ အပြည့်ထားခဲ့မိတာကို...)

နောက်ဆုံးတော့....
အခြေအနေ အမှန်တရားကို လက်ခံလိုက်ပီးမှ သူတို့လေးတွေ ပျော်ရွှင်ဖို့အတွက် လက်လွှတ်ပေးလိုက်ရတယ်....

ကိုယ်ကတော့.... အချိန်တခုထိ အလူးအလဲ ခံစားရင်း ခံစားရင်း...
ခုတော့ နေသားတကျ ဖြစ်လို့သွားပါပြီ။....crd original

Address

Myanaung
Yangon

Website

Alerts

Be the first to know and let us send you an email when Wut Yi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wut Yi:

Share