26/05/2021
100% waterproof,
၁၀၀ ရာနှုန်းပြည့် ရေစိုခံနိုင်တဲ့ Bra Tape နဲ့ Ni**le Tape များ
Swimsuits တွေ ဝတ်ဖို့ပဲဖြစ်ဖြစ် Wedding Dress,Evening Dress လိုမျိုး Dress လှလှလေးတွေ ဝတ်ဖို့ပဲဖြစ်ဖြစ်
ကြိုးတွေ အုံတွေနဲ့ Bra တွေ ကို ဝတ်ဖို့ဆိုတာ ကပ်သီးကပ်သပ်နိုင်လွန်းပါတယ်နော်..
လှလှပပနဲ့ သေသေသပ်သပ်လေး ရှိနေဖို့အတွက် Bra & Ni**le Tape လေးတွေကို အသုံးပြုနိုင်ပါတယ်
Bra & Ni**le Tape လေးတွေဟာဆိုရင် အရေပြားပေါ်မှာ အရမ်းကိုသက်တောင့်သက်သာရှိစွာနေရာယူနိုင်မှာဖြစ်ပြီး ချည်နဲ့ နိုင်လွန် ကို ပေါင်းစပ်ပြီး ဖန်တီးထားတာလည်းဖြစ်ပါတယ်။
ဆေးပညာ အရ အရေပြား နှင့် ဓာတ်မတည့်မှု မရှိစေတဲ့ ကော်ကို အသုံးပြုထားတာကြောင့် ယားယံမှုတွေလည်း ဖြစ်လာမှာ မဟုတ်ပါဘူးနော်
တင်းတင်းရင်းရင်း တွယ်ကပ်နိုင်မှုကြောင့် လျော့တွဲကျလာမှာမျိုးလည်း လုံးဝ မဖြစ်စေပါဘူး
Tape သားကိုလည်း ၁၈၀% အထိ ဆွဲဆန့်နိုင်ပါတယ်
တနေကုန်လုံး အသုံးပြုထားနိုင်ပြီး ပွဲတက်ဝတ်စုံတွေ ဆွဲဆောင်မှု အပြည့်ရှိစေမယ့် ရင်ဟိုက် ဝတ်စုံ တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့အထူးသင့်တော်ပါတယ်။
အသုံးပြုရလွယ်ကူပြီး အသုံးပြုပြီးတဲ့နောက် ပြန် ခွာချိန်မှာလည်း နာကျင်မှု လုံးဝ မရှိပဲ ခွာနိုင်မှာဖြစ်ပါတယ်။
အသုံးပြုပုံ အဆင့်ဆင့်
1. အသုံးပြုမယ့် အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်ပြုလုပ်ပါ။ Tape အသုံး မပြုခင်မှာ lotion,powde,အလှဆီနဲ့ ရေမွှေးတွေအသုံးပြုတာမျိုး မပြုလုပ်ရပါ
2. Ni**le Cover ကို အသုံးပြုပါ
3. ကိုယ်အလိုရှိသလို အသုံးပြုနိုင်ပါပြီ။ Tape ကိုအသုံးပြုပြီး ရင်သားကို အလိုရှိရာ နေရာ ကိုရောက်အောင် ပင့်တင်ခြင်း ဆွဲမခြင်းများပြုလုပ်နိုင်ပါတယ်။
ကော်ရှိရာ ဖက်ခြမ်းကို ခဏခဏ လက်နှင့် မကိုင်မိစေဖို့ကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ တခါသုံး product ဖြစ်တာကြောင့် အရေပြားမှာ တစ်ခါ ကပ်ပြီး ပြန်ခွာလိုက်မယ်ဆိုရင် နောက်ထပ် ကပ်နိုင်တော့မှာ မဟုတ်တာကြောင့်ပါ။
အသုံးပြုပြီးနောက် အရေးအကြောင်း အနည်းငယ် တွေ့ရရင်လည်း ထိတ်လန့်စရာ မလိုပါဘူးနော်။ ပုံမှန်အတိုင်း အဝတ်အစား ဝတ်လိုက်တဲ့အချိန်မှာ အဲ့ဒီအရေးအကြောင်းသေးသေးလေးတွေကို ဖုံးအုပ်သွားပါလိမ့်မယ်။
ပြန်ခွာနည်း။ lotion သို့မဟုတ် အလှဆီကို သုတ်လိမ်းပြီး Tape မှာစိုစွတ်သည်အထိ စောင့်ပေးပါ။ ပြီးရင်တော့ ဖြေးဖြေးချင်း ပြန်ခွာလို့ရပါပြီနော်
Price: 6000 MMK
5cm x 5m long (can be use up to 5-15x depends on the styles)
Price: 10000 MMK
7.5cm x 5m long
Ni**le Tape: 4000 per pack (1 Pack 6 pieces)