Forever Kabar

Forever Kabar Happiness is deserved for Everybody. So, Shop our products to find your needs for your happiness. Do

🌕 တန်ဆောင်မုန်းလပြည့်နေ့~သာမညဖလ အခါတော်နေ့ 🌕~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်...
04/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့~သာမညဖလ အခါတော်နေ့ 🌕~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။
သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်
-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ
ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။
မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ်ပါယျရပါသညျ။
(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။
(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။
(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။
(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။
(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိုဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊ လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါဖွဈ၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။


#သာမညဖလ
#တန်ဆောင်မုန်းလပြည့်နေ့

 #အနိစ္စ_ဒုက္ခ_အနတ္တ   RIVER, JAMAICA — မုန်တိုင်း မယ်လစ်ဆာ ကြောင့် ပျက်စီးဆုံးရှုံးခြင်းပရဒိသုဘုံဘဝမှ ပျက်စီးဆုံးရှုံးမ...
31/10/2025

#အနိစ္စ_ဒုက္ခ_အနတ္တ
RIVER, JAMAICA — မုန်တိုင်း မယ်လစ်ဆာ ကြောင့် ပျက်စီးဆုံးရှုံးခြင်း

ပရဒိသုဘုံဘဝမှ ပျက်စီးဆုံးရှုံးမှုဆီသို့ — ဤသည်မှာ ဂျမေကာနိုင်ငံ၊ ဘလက်ခ်ရစ်ဗား မြို့ ဖြစ်သည်။

မုန်တိုင်း မယ်လစ်ဆာ မတိုက်ခတ်မီနှင့် တိုက်ခတ်ပြီးနောက် အခြေအနေများ။

မြို့တစ်မြို့လုံးသည် နာရီပိုင်းအတွင်း ပုံသဏ္ဌာန် ပြောင်းလဲသွားခဲ့သည်။

သဘာဝရဲ့ ဒေါသအရှိန်အဝါက ကြိုတင်ပြင်ဆင်ဖို့ အချိန်မပေးပါ — ပြန်လည်တည်ဆောက်ဖို့ အချိန်သာ ပေးခဲ့သည်။

လက်ရှိဘုရင် မဟာဝဇီရာလောင်ကွန်း၏ မယ်တော်ဖြစ်သူ ထိုင်းနိုင်ငံ၏ မိဖုရား သီရိခေတ် ကိတီယာကာရသည် အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့...
25/10/2025

လက်ရှိဘုရင် မဟာဝဇီရာလောင်ကွန်း၏ မယ်တော်ဖြစ်သူ ထိုင်းနိုင်ငံ၏ မိဖုရား သီရိခေတ် ကိတီယာကာရသည် အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့ ည ၉:၂၁ နာရီတွင် အသက် ၉၃ နှစ်အရွယ်၌ ကံတော်ကုန်သွားပါသည်။

Thailand’s Queen Sirikit Kitiyakara, the mother of the current King Maha Vajiralongkorn Passes Away at 93 on Friday, 24 October, at 9:21 PM.

ရန်ကုန်မှာ ပြင်းအား သိသာတဲ့ငလျင်လှုပ်လို့ မြို့ခံတွေ ထိတ်လန့် အောက်တိုဘာ ၁၇ ရက် ညပိုင်း ၁၁ နာရီကျော်က ရန်ကုန်တိုင်းက မြိ...
17/10/2025

ရန်ကုန်မှာ ပြင်းအား သိသာတဲ့ငလျင်လှုပ်လို့ မြို့ခံတွေ ထိတ်လန့်

အောက်တိုဘာ ၁၇ ရက် ညပိုင်း ၁၁ နာရီကျော်က ရန်ကုန်တိုင်းက မြို့နယ် အများစုမှာ
ပြင်းအားသိသာစွာခံစားရတဲ့ ငလျင်လှုပ်သွားတယ်လို့ ရန်ကုန်မြို့ခံ တချို့က ဘီဘီစီကိုပြောပါတယ်။

ကမာရွတ်၊လှိုင်၊ ဒလ ၊သာကေတနဲ့ဒေါပုံ အပါအဝင် မြို့နယ် အများစုမှာ အများစုက တိုက်အောက်ကိုပြေးဆင်းကြတဲ့အထိ ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုတွေကို ဖော်ပြတဲ့ App တွေမှာတော့ ည ၁၁ နာရီ ၈ မိနစ်ခန့်မှာ ရန်ကုန်
တောင်ဘက် ပင်လယ်ကမ်းရိုးတန်းဘက်ကို
ဗဟိုပြုပြီး အင်အားမဂ္ဂနီကျူ့ ၃. ၉ အဆင့် ငလျင် ၁ ခုနဲ့ နောက်ထပ် ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့
ဖော်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့
ည ၁၁:၀၉ နာရီ။
မြေအောက်အနက် ၄ မိုင်။

#ငလျင် #ရန်ကုန်

🧍🏻🧍🏻‍♂️🧍🏻‍♀️လူတွေဟာ အလုပ်မလုပ်ရပဲနဲ့ ပိုက်ဆံဝင်လာချင်ကြတယ် 💵💵💵တကယ်တမ်း အလုပ်မလုပ်ပဲ ပိုက်ဆံဝင်လာဖို့ဆိုတာ ဖြစ်လာနိုင်ချေ...
15/10/2025

🧍🏻🧍🏻‍♂️🧍🏻‍♀️လူတွေဟာ အလုပ်မလုပ်ရပဲနဲ့ ပိုက်ဆံဝင်လာချင်ကြတယ် 💵💵💵

တကယ်တမ်း အလုပ်မလုပ်ပဲ ပိုက်ဆံဝင်လာဖို့ဆိုတာ ဖြစ်လာနိုင်ချေရာခိုင်နှုန်းဟာ အရမ်း အရမ်းကို နည်းပါးလွန်းပါတယ် 🚫 (မဖြစ်နိုင်ဘူးလို့ မြင်မိပါတယ်)

အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရတယ် ဝင်လာတယ်ဆိုတာကမှ ဖြစ်နိုင်ချေ ရာခိုင်နှုန်းရှိပါသေးတယ် ❗

သင်ရော အဲလိုစိတ်မျိုးဖြစ်မိဘူးလား?
ဖြစ်ဖူးခဲ့တယ်ဆိုရင်ရော တစ်လမှာ ဘာ်နှစ်ကြိမ်၊ တစ်နှစ်မှာ ဘယ်နှကြိမ်လောက်ဖြစ်ဖူးလဲဆ်ိုတာ မန့်မှာ ရေးသွားပေးပါအုံး

မရေးချင်ဘူးဆ်ိုရင်လဲ မိမိစိတ်ထဲကပဲ ဖြေသွားကြည့်လိုက်ပါ မိတ်ဆွေ.........😁



ငွေကြေးပူပန်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရပြီလား❓ လစာတစ်ခုတည်းကိုသာ အားကိုးနေရတဲ့ "ကြွက်ပြေးလမ်း" (Rat Race) ထဲက လွတ်ချင်နေ...
13/10/2025

ငွေကြေးပူပန်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရပြီလား❓ လစာတစ်ခုတည်းကိုသာ အားကိုးနေရတဲ့ "ကြွက်ပြေးလမ်း" (Rat Race) ထဲက လွတ်ချင်နေပြီလား❓

ဒီလိုဘဝကနေ လွတ်မြောက်ပြီး "ပိုက်ဆံအတွက် မပူရတဲ့ဘဝ" ကို တည်ဆောက်ချင်ရင် အောက်ပါအဆင့်ဆင့်ကို လိုက်နာဖို့လိုပါတယ်။ 🎯

1️⃣ မှန်ကန်တဲ့ အတွေးအမြင်နဲ့ စတင်ပါ (C > E)

ပထမဆုံးအချက်က သင့်အတွေးကို ပြင်ဆင်ဖို့ပါပဲ။
Effect Side မှာ နေသူတွေဟာ ပိုက်ဆံမရှိတာ၊ အလုပ်မကောင်းတာ၊ မတတ်တာတွေကို အပြင်က အကြောင်းအရာတွေမှာ အပြစ်တင်တတ်ကြတယ်။
Cause Side မှာ နေသူတွေကတော့ ကိုယ့်ဘဝအတွက် ၁၀၀% တာဝန်ယူတယ်။ ဘယ်လိုအခက်အခဲကြုံကြုံ ကိုယ်တိုင်က ပြောင်းလဲဖို့ ကြိုးစားတယ်။ ပိုက်ဆံအတွက်မပူရတဲ့ဘဝဆိုတာ Cause Side ကနေ စတင်ပါတယ်။ ကိုယ်က ပြောင်းလဲမှ ပတ်ဝန်းကျင်က ပြောင်းလဲမှာပါ။

2️⃣ သင်တကယ်ကို ကြိုက်နှစ်သက်တဲ့အရာ (Passion) ကို ရှာဖွေပါ

ပိုက်ဆံအတွက်ပူနေရရင် ဘာလုပ်ရတာကိုမှ စိတ်မဝင်စားတော့ပါဘူး။ ဒါပေမဲ့ သင် ဘာလုပ်ရတာ ဝါသနာပါလဲ၊ ဘာလုပ်ရင် ပျော်ရွှင်နေတတ်လဲ ဆိုတာကို ပြန်စဉ်းစားပါ။ ဒါဟာ သင့်ကို ငွေရှာနိုင်မယ့် လမ်းကြောင်းလည်းဖြစ်နိုင်ပါတယ်။

3️⃣ ရည်မှန်းချက်ကြီးကြီး ထားပါ

ဘယ်လိုဘဝမျိုးကို ပိုင်ဆိုင်ချင်လဲဆိုတဲ့ Vision (မြင်ကွင်း), ဘာကြောင့် ရှင်သန်နေထိုင်နေရတာလဲဆိုတဲ့ Mission (တာဝန်) နဲ့ ရေတိုအတွက် Goal (ပန်းတိုင်) တွေ သတ်မှတ်ပါ။ ပန်းတိုင်က SMART (Specific, Measurable, Achievable, Relevant, Time-bound) ဖြစ်ဖို့လိုပါတယ်။

4️⃣ အတွေ့အကြုံယူပါ၊ ကိုယ့်စွမ်းရည်ကို တည်ဆောက်ပါ

လစာများများရတဲ့အလုပ်ထက်၊ သင့်အနာဂတ်အတွက် အတွေ့အကြုံ ရနိုင်မယ့်နေရာကို ဦးစားပေးရွေးပါ။ ဒီအတွေ့အကြုံတွေနဲ့အတူ...

🎓 စီးပွားရေး/လုပ်ငန်းစီမံခန့်ခွဲမှုစွမ်းရည်
🎓 သင့်ပညာရပ်ဆိုင်ရာ Professional Skill
🎓 English Skills /အင်တာနက်အသုံးပြုနိုင်မှု

စတာတွေကို ဆက်လက်သင်ယူပြီး သင့်ကိုယ်သင် မြှင့်တင်ထားပါ။

5️⃣ ကိုယ်ပိုင်အသေးစားလုပ်ငန်း စလုပ်ပါ

အလုပ်အကိုင်တစ်ခုတည်းကို အားကိုးနေရင်း ပိုက်ဆံအတွက်မပူရတဲ့ဘဝကို ဆောက်ဖို့ မလွယ်ပါဘူး။ သင့်မှာရှိတဲ့ အတတ်ပညာနဲ့ ကိုယ်ပိုင်လုပ်ငန်း အသေးစားစလုပ်ပါ။ Business ဆိုတာ လူတွေကို ကူညီဖြေရှင်းပေးတဲ့နေရာကနေ ဝင်ငွေရှာတာမျိုးပါ။

6️⃣ ဝင်ငွေကို ကျင့်သုံးမှုထက် များအောင်လုပ်ပါ

ဒါဟာ အရမ်းအရေးကြီးပါတယ်။

💸 လစဉ် ဝင်ငွေကို ကုန်ကျစရိတ်ထက် ပိုများအောင် လုပ်ပါ။
💸 ပိုလာတဲ့ငွေကို စုပါ။ ဖြစ်နိုင်ရင် ဝင်ငွေရဲ့ ၄၀% ခန့်ကို စုဖို့ ကြိုးစားပါ။
💸 ဒီစုငွေတွေဟာ သင့်ကို ငွေကြေးလွတ်မြောက်မှု (Financial Freedom) ဆီ ခေါ်ဆောင်သွားမယ့် လောင်စာပါ။

7️⃣ စုဆောင်းထားတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ

စုထားတဲ့ငွေကို ဘဏ်ထဲမှာပဲထားရင်တော့ ငွေကြေးတန်ဖိုးကျဆင်းမှုကို ရှုံးနိမ့်နေပါလိမ့်မယ်။ ဒါကြောင့် ရေရှည်အတွက် နာမည်ကောင်းရှိတဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာဝယ်ပါ။ ငှားရမ်းလို့ရတဲ့ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံပါ။ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကနေ Passive Income (အလိုအလျောက်ဝင်ငွေ) တွေ ရရှိလာမှာဖြစ်ပါတယ်။

8️⃣ ဘဝကို ခံစားပါ၊ ပြန်လည်ပေးဆပ်ပါ

ပိုက်ဆံအတွက်မပူရတဲ့ဘဝဆိုတာ ငွေစုနေရုံတင်မကပါဘူး။ ကျန်းမာရေးဂရုစိုက်ပါ၊ မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်ပါ။ အောင်မြင်လာတဲ့အခါ လူမှုအသိုင်းအဝိုင်းအတွက် ပြန်လည်ပေးဆပ်ပါ။

🚀 ပိုက်ဆံအတွက် မပူရတဲ့ဘဝဆိုတာ တစ်ညတည်းချင်း ရောက်လာတာမဟုတ်ပါဘူး။ ကိုယ့်အတွေးအမြင်ကို ပြင်ဆင်ပြီး (C > E)၊ ကိုယ်ပိုင်လမ်းကြောင်းကို စတင်လိုက်ပါ။ အတွေ့အကြုံယူပါ၊ စွမ်းရည်တည်ဆောက်ပါ၊ စုဆောင်းပါ၊ ရင်းနှီးမြှုပ်နှံပါ။ ဒီအဆင့်တွေကို စနစ်တကျ လုပ်ဆောင်သွားမယ်ဆိုရင် သင့်ရဲ့ငွေကြေးပူပန်မှုတွေ တဖြည်းဖြည်း လျော့နည်းပြီး "ပိုက်ဆံအတွက် မပူရတဲ့ဘဝ" ဆီကို ရောက်ရှိသွားပါလိမ့်မယ်။

Naing Win Aung (CEO Coach)

· အင်္ဂလန်မှ ကင်ဆာဆေးသစ် စတင်--------+-------------အင်္ဂလန်နိုင်ငံသည် NHS မှတစ်ဆင့် ကင်ဆာဝေဒနာရှင်များအတွက် ဆန်းသစ်တီထွင...
26/09/2025

· အင်္ဂလန်မှ ကင်ဆာဆေးသစ် စတင်
--------+-------------
အင်္ဂလန်နိုင်ငံသည် NHS မှတစ်ဆင့် ကင်ဆာဝေဒနာရှင်များအတွက် ဆန်းသစ်တီထွင်ထားသော ကိုယ်ခံအားစနစ် တိုးမြှင့်ကုသသည့် ကာကွယ်ဆေးကို ဥရောပတွင် ပထမဆုံးနိုင်ငံအဖြစ် စတင်အသုံးပြုနေပြီ ဖြစ်သည်။

nivolumab ကိုအသုံးပြုထားသော ဤထိုးဆေးသည် ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်များကို တိုက်ထုတ်ရန် လေ့ကျင့်ပေးပြီး ယခင်က သွေးကြောထဲသို့ ၃၀-၆၀ မိနစ်ကြာ ထိုးရသည့်နည်းလမ်းအစား ယခုဆိုလျှင် ၃-၅ မိနစ်သာ ကြာမြင့်တော့သည်။

အရေပြား၊ ဆီးအိမ် နှင့် အစာရေမျိုပြွန်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား ၁၅ မျိုးကို ကုသရန် အသုံးပြုမည်ဖြစ်ပြီး တစ်လလျှင် လူနာ ၁,၂၀၀ ခန့်အား အကျိုးပြုနိုင်မည်ဟု မျှော်မှန်းရသည်။ ကင်ဆာစောင့်ရှောက်ကုသမှုတွင် ကြီးမားသောတိုးတက်မှုတစ်ရပ်ဖြစ်ပြီး ကုသမှုကို မြန်ဆန်စေ၊ လက်လှမ်းမီစေကာ ဆေးရုံများ၏ ဝန်ထုပ်ဝန်ပေါ်ကိုလည်း လျော့ကျစေမည် ဖြစ်သည်။

***Post ပိုင်ရှင်က Post ကို Only Me သွားလို့ အားလုံးအစစအရာရာ သတိထားနိုင်အောင် Share ပေးလိုက်ပါတယ်၊ Post ပိုင်ရှင်ကိုလဲ C...
14/08/2025

***Post ပိုင်ရှင်က Post ကို Only Me သွားလို့ အားလုံးအစစအရာရာ သတိထားနိုင်အောင် Share ပေးလိုက်ပါတယ်၊ Post ပိုင်ရှင်ကိုလဲ Credit ပေးပါတယ်ရှင်

ခေတ်ကြီးမကောင်းတော့တာမို့ဘအစစအရာရာ ပိုပီး သတိရှိကြစေဖို့ ဒီနေ့ကြုံရတာလေး ဝေမျှပေးချင်ပါတယ်

ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ အကူကလေးမလေးကို အဝယ်တော်သီရိမဂ်လာစျေးကိုလွှတ်ပီး သံပန်းတံခါးသော့ခတ်ပီး ဟင်းချက်ပီးစကိုယ်လဲ ရေချိုးဖို့ ရေလဲထမိန်ဝတ်ပီး အိမ်ရှေ့မှာ YouTube လေးဖွင့်နေတုန်း တံခါး bell တီးတယ်။

CCTV ကလှမ်းကြည့်တော့ ကိုယ်လဲ မသိသူ…ဘာမှလဲ ငါမှာမထားပါဘူးဆိုပီး သစ်သားတံခါး ဖွင့်ကြည့်တော့…ထောင်ထောင်မောင်းမောင်း ဆံပင်တိုတိုနဲ့ စွပ်ကြည်အနီ ဝတ်ထားတဲ့ယောက်ကျားတစ်ယောက်….

ရေလဲထမိန်နဲ့tower ခြုံပီး ဘာကိစ္စရှိလို့လဲဆိုပီး ကိုယ်ကအိမ်အတွင်းက ( သံပန်းအတွင်း )နေ မေးတော့ …

ဝရံတာ ဘေးမှာ ညောင်ပင်ပေါက်နေတယ်
ရေပိုက်လဲ ကွဲပီး ရေတွေကျနေလို့ အောက်ထပ် ပထမထပ်ကအပင်ခုတ်ဖို့ လွှတ်လိုက်လို့…
တံခါးဖွင့်ပေးဖို့ပြောတယ်

ညောင်ပင်သေးသေးလေးနဲ့ ဘေးတိုက်ကပိုက်တခု တန်းလန်းဖြစ်နေတာလဲသတိထားမိတယ်…ဒါပေမယ့် ငါကလဲ ရေချိုးခါနီးပုံနဲ့ အိမ်မှာလဲ ငါတစ်ယောက်ထဲဆိုပီးတွေးနေတုန်း အဲ့လူကထပ်ပြောတယ်…အိမ်ဘေးမှာဒီလောက်ဖြစ်နေတာမမြင်ဘူးလား ပြမယ် တံခါးဖွင့် ဆိုပြီးထပ်ပြောတယ်

လူကအဲ့အချိန် တကယ် ဇဝေဇဝါဖြစ်နေတာ
သူကလဲ ရေပတ်မဝင်ပဲဆက်တိုက်ပြောနေတာ

နောက်တော့ ကိုယ်က ခပ်တည်တည်နဲ့ပဲ ပထမထပ်က လုပ်ခိုင်းရင်အဲ့အထပ်ကိုပဲလုပ်… ကျမဘာသာ လုပ်ချင်တဲ့အချိန်ကျမှ ခေါ်ပီးလုပ်မယ်ဆိုပီး တံခါးပိတ်ချလိုက်တယ်။
ပီးတော့ ရေဝင်ချိုးနေတာပေါ့…

ခဏနေတော့bellကတောက်လျောက်တီးပြန်ရော… အဲဒါနဲ့ ရေချိုးခန်းကမြန်မြန်ချိုးပီး cctv ကနေလှမ်းကြည့်တော့ …အမျိုးသမီးတစ်ယောက်။

အဲဒါနဲ့ သစ်သားတဲခါးဖွင့်ပီး ဘာကိစ္စရှိလို့လဲအမလို့မေးတော့… ညီမလေးရေ ခုဏက ညီမလေးလွှတ်လိုက်လို့ဆိုပီး သစ်ပင်ခုတ်ဖို့ဆိုပီး အမတို့အခန်းကို ယောက်ကျား ၂ ယောက်တက်လာလို့ပါတဲ့ ။ အဲ့အစ်မတွေက ၆ လွှာမှာနေကြတာ… ဖုန်းအဆက်အသွယ်မရှိပေမယ့် လှေကားမှာဆုံရင်တော့ ခေါ်ပြောဖူးတာပေါ့။

၆ လွှာကအမက ဘယ်သူလွှတ်လိုက်တာလဲမေးတော့…၄ လွှာကအမကလွှတ်လိုက်တာ…သူကရေချိုးမှာ နာရီဝက်လောက်ကြာဦးမှာမို့ အပေါ်ထပ်ကအပင်တွေအရင်လုပ်ဆိုပီး လွှတ်လိုက်တာပါဆိုပီး တံခါးဖွင့်ပေးပါဆိုပီး အတင်းဖွင့်ခိုင်းပါလေရော

ဟိုအမကလဲ တကယ်လား…ဘယ်လိုမှန်းမသိနဲ့ သူလဲဇဝေဇဝါဖြစ်နေတာ… ခုတ်ခက ၇၀၀၀၀ ပေးရမယ်လို့လဲပြောတယ်…အခု ဝရန်တာကိုကြည့်ချင်လို့ဆိုပီးတံခါးဖွင့်ခိုင်းတယ်။
သူတို့ကအပေါ်က ကြိုးနဲ့ဆင်းပီးခုတ်ရမှာမို့ ဝရံတာကိုကြည့်ရမှာမို့ တံခါးအတင်းဖွင့်ခိုင်းတယ်

၆ လွှာကအမလဲ ဘာလုပ်ရမှန်းမသိတော့ ကျမအခုချက်ချင်း ၇ သောင်းပေးဖို့မရှိသေးဘူး..အိမ်ကလူကြီးတွေကိုမေးရဦးမယ်…အခုတော့မလုပ်သေးဘူးဆိုပီးပြောလိုက်တယ်။

အဲ့ လူ၂ ယောက်ဆင်းသွားပီးမှ ၆ လွှာက အမက ကျမဆီ ဆင်းလာပီး ညီမလေး အပင်ခုတ်ဖို့လွှတ်ဖို့လူ လွှတ်လိုက်လား…အမဘယ်လောက်ပေးရမလဲ (မခုတ်လိုက်မိရင် ကျမက သူ့ကိုစိတ်ဆိုးမှာ သူကပူနေတာ)။

ကိုယ်လဲ ရေစက်လက်နဲ့ မလွှတ်တဲ့အကြောင်းပြောပြပီး အဲ့ကျမှ သူ့ဖုန်းယူပီးတခုခုဆို ဆက်မေးဖို့ပြောဖြစ်တယ်

ပီးတော့မှ ပထမ ထပ်ကိုလဲ ကိုယ့်ဆီလွှတ်သေးလားသွားမေးတော့ သူတို့ကလဲကြောက်ပီး မလွှတ်ဖူးအမတဲ့ …သူတို့လဲ ကိုယ့်ဖုန်းနံပါတ်ယူပီးတခုခုဆို ညီမလေးတို့ကိုလဲပစ်မထားပါနဲ့ပြောပီး တံခါးတွေပိတ်ကြနဲ့ပေါ့….

အခြားတိုက်တွေကိုလဲ ဟိုအထပ်က လွှတ်လိုက်တာဆိုပီး လျောက်ပြောပီး တံခါးဖွင့်ခိုင်းတယ်တဲ့…

ဒီနေ့သာ လျှာရှည်ပီး အပင်ခုတ်ဖို့ တံခါးဖွင့်လိုက်ရင် ဒီစာကို ရေးနိုင်မယ်မထင်ဘူး…
မြေညီထပ်မြေရှင်ကတော့ သမီးရေ ဘယ်သူဖွင့်ခိုင်းဖွင့်ခိုင်း …ဘာခုတ်ရမယ် ညာခုတ်ရမယ်ပြောလဲ ဦးဆီသာလွှတ်လိုက်…လုံးဝမဖွင့်နဲ့လို့သတိအထပ်ထပ်ပေးတော့တာပဲ…

တိုက်ခန်းနေသူများအားလုံး သတိပြုလို့ရအောင် ဒီpost လေးကိုရေးလိုက်တာပါ။

ခေတ်ကြီးကဆိုးနေတာမို့ တချက်လေးမှားလိုက်တာနဲ့ အသက်ပေးရမယ့်ကိန်းပါ။


#ဘေးရန်ကင်းကြပါစေ

🚨 Taylor Swift’s website has started a countdown for tonight.
12/08/2025

🚨 Taylor Swift’s website has started a countdown for tonight.




 #ခြေဖျားထောက် လေ့ကျင့်ခန်း  #နေ့စဉ်နေတိုင်းအချိန် ၅ မိနစ် မှ ၁၀ မိနစ်ပေးယုံနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးတယ်။ခန္ဓာကိုယ်တစ...
12/08/2025

#ခြေဖျားထောက် လေ့ကျင့်ခန်း

#နေ့စဉ်နေတိုင်းအချိန် ၅ မိနစ် မှ ၁၀ မိနစ်ပေးယုံနဲ့ ကျောက်ကပ်ကို အားဖြည့်ပေးတယ်။ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ သွေးလည်ပတ်မူ့စနစ်ကို မြှင့်တင်ပေးပြီးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးပါတယ်။

#ကောင်းကျိုးတွေကတော့.....

၁။ #နေ့စဉ် ခြေဖျားထောက် လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် မိမိရဲ့ နှလုံးခုန်နှုန်းကို တစ်မိနစ်တိုင်း အကြိမ် (၁၅၀) ထိန်းထားနိုင်တယ်။ဒါမှသာ ခန္ဓာကိုယ် နှလုံး အတွက် အကျိုးပြု့တဲ့သွေးတွေဟာ နှလုံး ကြွက်သားများသို့ အောက်ဆီဂျင် လုံလောက်စွာ ပံပိုးပေးနိုင်တယ်။နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးတယ်။

#ကျောက်ကပ်ချို့တဲ့ခြင်းသည် ဒူးများတွင် နာကျင်အားနည်းတာဖြစ်တတ်တယ်။အသက်ရူမြန်ခြင်း၊နှေးခြင်း၊အသက်ရူကြပ်ခြင်းနှင့် ညအချိန်မတော် ဆီးသွားခြင်း စတဲ့လက္ခဏတွေရှိတယ်။ခြေဖျားထောက် လေ့ကျင့်ခန်း ကို နေ့တိုင်းပြု့လုပ်တဲ့အခါမှာ ကျောက်ကပ် Q.I ကိုသန်စွမ်းစေပြီးကျောက်ကပ်အားကောင်းစေပါတယ်။

#သွေးပြန့်ကြောများကို ကာကွယ်ပေးနိုင်တယ်။အောက်ပိုင်းနာကျင်ကိုက်ခဲခြင်းနှင့်၊ထုံကျဥ်ခြင်းကိုရှောင်ကျဥ်နိုင်ပြီး ခန္ဓာကိုယ် အောက်ပိုင်းရှိ သွေးလည်ပတ်မူ့ကို မြှင့်တင်ပေးနိုင်တဲ့အတွက် အောက်ပိုင်းလက်ချောင်းများနှင့်၊သွေးစီးဆင်းမူ့တို့ကို ချောမွေ့စေပြီး အောက်ပိုင်းထုံကျဥ်မူ့ကိုသက်သာစေပါသည်။

၂။ #အမျိုးသမီးတွေ ပြု့လုပ်ခြင်းအားဖြင့် အမျိုးသမီးရောဂါ၊မီးယပ်ရောဂါ၊ဓမ္မတာမမှန်တာ၊အသက်ကြီးပိုင်း သွေးဆုံးကိုင်ရောဂါတွေအပေါ် ကောင်းမွန်တဲ့ ကုထုံးနဲ့ကောင်းမွန်တဲ့ကျန်းမာရေးအတွက် သက်ရောက်စေပါတယ်။

၃။ #နေ့တိုင်း ဒီလေ့ကျင့်ခန်းကိုလုပ် ခြင်းအါးဖြင့် ခြေသလုံးကြွက်သားတွေရဲ့နောက်ကျောကို လေ့ကျင့်ပေးနိုင်တယ်။နာတာရှည်ဆီးကျိတ်ရောင်ခြင်းအတွက် အထူးကောင်းမွန်တယ်။ကျောက်ငပ်ကို သန်စွမ်းစေပြီး ဆီးသွားခြင်းကို ချောမွေ့စေတယ်။

#လေဖြတ်ခြင်းကို ကာကွယ် ပေးတယ်။ဦးနှောက်ထဲရှိသွေးလည်ပတ်ဖို့ကို လူံဆော်ပေးတယ်။( ခေါင်းမူးတာ၊ခြေလက်ထုံကျဥ်တာ၊သိသိသာသာသွေးပေါင်ချိန်တက်တာ သွေးတိုးတာတွေကို နေ့စဉ် ၅ မိနစ်မှ ၁၀ မိနစ်အချိန်ပေးလုပ်ဆောင်မယ်ဆို လေဖြတ်တာကို ကာကွယ်ပေးနိုင်ပါတယ် ။

#ခြေဖျားထောက်လေ့ကျင့်ခန်းဟာ ပေါင်ရင်းကနေ စအိုကို မြှောက်ပင့်ပေးလိုက်သလို ဖြစ်ပြီး လိပ်ခေါင်းရောဂါဖြစ်ပွားမူ့ကို ကာကွယ်ပေးပါတယ်။

#နည်းလမ်းတွေက တော့ ပထမဦးဆုံး ခြေအစုံကို စုပြီးရပ်ပါ။ခြေဖျားကို အားစိုက်ပြီး ခြေဖနှောင့်ကို' မ' တင်မယ်။ပြီးရင် ဖြေးညှင်းစွာပြန်ချမယ်။အဲ့လိုပုံစံအကြိမ် ၂၀-၃၀ လုပ်မယ်။မလိုက်ချလိုက်လုပ်မယ်။

#ဒုတိယနည်းလမ်းက ခြေဖျားထောက်ပြီး ခြေလှမ်းရေ 30ကနေ 50 လျှောက်မယ်။ခနနားမယ်။ပြီးကိုယ်က မလျှောက်နိုင်ရင် ခနနားမယ်။ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းညှိပြီးအှ လျှောက်ရပါမယ်။လဲကျမှာစိုးလို့ပါ။၁၀မိနစ်ကနေ ၁၅ မိနစ်လျှောက်ပြီးရင် ပေါ့ပါးတယ်လို့ ခံစားရပါမယ်။

❌သတိပေးချက်❌

✅အသက်ကြီး သူတွေဒီလေ့ကျင့်ခန်း လုပ်မယ်ဆိုရင် မိသားစု တွေအနားမှာရှိနေရပါမယ်။ဥပမာ. ရပ်တာမမှန်တာ၊မရပ်နိုင်တာဆို လဲကျနိုင်ပါတယ်။ဘေးမှာလူရှိပြီး လျှောက်မယ်ဆိုရင် ၅-၁၀ မိနစ် ဆိုလုံလောက်ပါပြီ။အရမ်းအားစိုက်ပြီးခြေကျင်းဝတ်ကို မထိခိုက်မိပါစေနဲ့။

🍀အရိုးကျီးပေါင်းရှိတဲ့ အသက်ကြီး သူတွေ ဒီလေ့ကျင့်ခန်းကို မလုပ်စေချင်ပါဘူး။

CRD.......owner ,
#ကျန်းမာရေးဗဟုသုတ


■ ၈ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်အပြီး ဂျပန် အပါအဝင် ဆူနာမီ သတိပေးချက် ထုတ်ပြန်၂၀၂၅ ဇူလိုင် ၃၀ ရုရှားနိုင်ငံ အရှေ့ပို...
30/07/2025

■ ၈ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်အပြီး ဂျပန် အပါအဝင် ဆူနာမီ သတိပေးချက် ထုတ်ပြန်

၂၀၂၅ ဇူလိုင် ၃၀

ရုရှားနိုင်ငံ အရှေ့ပိုင်း Kamchatka ကျွန်းဆွယ်တွင် ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်အပြီး ပင်လယ်ကမ်းခြေ ထိစပ်နေသော နိုင်ငံများတွင် နဆူနာမီသတိပေးချက်များ အသီးသီးထုတ်ပြန်လိုက်သည်။

ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ကမ်းရိုးတန်းမြို့ Petropavlovsk-Kamchatsky အရှေ့ဘက် ၁၃၆ ကီလိုမီတာ (၈၄ မိုင်) အကွာတွင် ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) ကယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ဒေသစံတော်ချိန် ၈ နာရီ ၂၅ မိနစ်အချိန် သတင်းထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်မှုအတွင်း ရုရှားနိုင်ငံ အရှေ့ဘက်စွန်းတွင် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ရုရှားအစိုးရ သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ ဆိပ်ကမ်းမြို့ Severo-Kurilsk တွင် ဆူနာမီလှိုင်းများ ၀င်ရောက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ရုရှားအစိုးရက ထုတ်ပြန် ပြောဆိုသည်။

ဂျပန်မိုးလေဝသအေဂျင်စီက ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်းအများစုအတွက် ဆူနာမီအကြံပေးချက် ထုတ်ပြန်ခဲ့ပြီး အမြင့် ၃ မီတာ (၉ ဒသမ ၈ ပေ) အထိ လှိုင်းကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အမေရိကန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဟာဝိုင်အီ၊ အလက်စကာရှိ Aleutian ကျွန်းများနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတချို့တွင်လည်း ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားသည်။

ထို့အပြင် အမေရိကန်အနောက်ကမ်းရိုးတန်းဒေသအများစုတွင် ဒေသပြည်သူများကို မြင့်မားသော နေရာများသို့ ပြောင်းရွှေ့ရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ပုံစာ- ရုရှားနိုင်ငံ Severo-Kurilsk
မဂ္ဂနီကျု ၈.၈ အဆင့်အင်အားလွန်ငလျင်ကြီး ရုရှားနိုင်ငံအရှေ့ဖျားတွင်လှုပ်ရှားပြီးနောက် ကမ်းခြေကရေများ ကျဆင်းခဲ့ပုံ။

#30.7.2025


#8.8

ဖတ်ရင်အကျိုးရှိမှာမို့Copy ယူလာတာပါ၆၀ တန်း နှင့်  ၇၀ တန်း ဝင်တော့မယ့်သူများ သို့/-လူကြီးတော်တော်များများဟာ သူတို့အကုန်လု...
23/07/2025

ဖတ်ရင်အကျိုးရှိမှာမို့Copy ယူလာတာပါ
၆၀ တန်း နှင့် ၇၀ တန်း ဝင်တော့မယ့်သူများ သို့/-

လူကြီးတော်တော်များများဟာ
သူတို့အကုန်လုံးသိတယ် တတ်တယ်ဆိုပေမယ့် အိုလာရင် ရင်ဆိုင်ရမှာတွေကို
အဆင်သင့် မဖြစ်ကြသေးပါဘူး။

-လူဟာ အသက်၆၀ထဲ ဝင်လာပြီဆိုရင်
စအိုပါပြီ။ နောက်လာမယ့် အချိန်တွေကို
သတိရှိနေရမယ်၊ ပြင်ဆင်ထားရမယ်၊
ဒါမှ မတုန်လှုပ် မခြောက်ခြားမှာပါ။

- ပထမဆုံးနေဝင်ချိန်

အဖော်တွေ တဖြည်းဖြည်း နည်းလာတော့မယ်၊
ပြီးတော့ ကိုယ့်အထက် လူကြီးတွေက အရင်သွားနှင့်တာတွေ ကြုံရပါပြီ။
ဘော်ဒါတွေကလဲ ကိုယ့်ဟာကိုယ် အနိုင်နိုင်ဖြစ်နေကြပါပြီ။
ကိုယ့်ထက်ငယ်တဲ့လူတွေကတော့ သူ့အလုပ်နဲ့သူ ရှုပ်နေကြတာ တွေ့ရပါမယ်။

ဇနီး၊ ခင်ပွန်း တို့ကလဲ သွားနှင့်တဲ့သူ သွား
နှင့်ကြတာ ဖြစ်လာနိုင်တယ်။

အဲဒီအချိန်မှာ ကိုယ့်အဖို့ကတော့ အထီးကျန်ရက်တွေပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်လုပ်ရမှာကတော့ တယောက်တည်း နေထိုင်တတ်ဖို့နဲ့ အထီးကျန်ဘဝကို ရင်ဆိုင်နိုင်ဖို့ပါပဲ။

- ဒုတိယလာမယ့်နေဝင်ချိန်

ပတ်ဝန်းကျင်က ကိုယ့်ကိုသတိထားနေမယ့်ရက်တွေ တဖြည်းဖြည်း နည်းလာတော့မယ်။

အရင်လုပ်ငန်းကြီးတွေ ဘယ်လောက် အောင်မြင်ခဲ့ (အောင်မြင်ခဲ့)ဘယ်လောက်ပဲ နာမည်ကြီး (ကြီး) အိုလာရင် ကိုယ်ဟာ သာမာန်အဖိုးကြီး၊အဖွားကြီး နေရာရောက်သွားပါပြီ။

နောက်ပြီး...
ဒေါင့်တဒေါင့်မှာ အေးအေးဆေးဆေး နေတတ်အောင်လည်း ကျင့်ရပါ့မယ်။

လူစုံတက်စုံနဲ့ ပျော်ပျော်ပါးပါး ပွဲတွေလဲ ကျဲလာတော့မယ်။

ပြီးတော့..
နောက်ပေါက်ကလေးတွေရဲ့ ပျော်ရွှင် ဆူညံ
သောင်းကျန်းမှုတွေကို မနှစ်မြို့ခြင်း၊အပြစ်တင်ခြင်းမျိုး မလုပ်မိအောင် စိတ်ကိုထိန်းရမယ့် အချိန်ပါ။

- တတိယလာမယ့်နေဝင်ချိန် ရှုခင်း

တတိယလာမယ့်လမ်းကတော့ အန္တရာယ်တွေနဲ့ပါ။
အရိုးကျိုးနိုင်တယ်၊နှလုံးသွေးကြောတွေ ပိတ်သွားနိုင်ပြီး မှတ်ဉာဏ်တွေ အားနည်းကာ သတိတွေမေ့လာမယ်။

ပြီးတော့...
ကင်ဆာအမျိုးမျိုးကလည်း ကိုယ့်ကို လာပြီး မိတ်ဆက်နေနိုင်တယ်။

ရောဂါတွေနဲ့ သွားရမယ့်ဘဝကို ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပြီး၊ အရင်သူငယ်ချင်းတွေရဲ့နေရာမှာ ခုရောဂါတွေက ဘော်ဒါတွေ ဖြစ်နေတော့မှာ။

ငါဘာရောဂါမှ မရှိဘူး၊ ငါဒေါင်ဒေါင်မြည်ပဲလို့လည်း အတွေးတိမ် မနေပါနဲ့တော့။

အတတ်နိုင်ဆုံး အားကစားလေးတွေ လုပ်ပြီး... ကိုယ့်ဟာကိုယ် စိတ်နဲနဲလျှော့ထားလိုက်ဖို့က အဓိကပါ။

- စတုတ္ထလာမယ့်နေဝင်ချိန်

ဘဝကို ကုတင်ပေါ်မှာ ဖြတ်သန်းရတော့မယ်လို့ ကြိုတွေးထားရမယ်။
အမေ ပထမဆုံးခေါ်လာတဲ့ ကုတင်ပေါ်က ဘဝကို ခုပြန်စရတော့မယ်လို့ ပြောလို့ရပြီ။

ဘဝတလျှောက်လုံး အပျော်တွေ၊အခက်အခဲတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံး နဂိုနေရာ ပြန်ရောက်သွားတာပါ။
(အဲဒါကတော ကုတင်ပေါ် ပါပဲ) ။

ပြီးတော့..
သူများပြုစုတာကို လက်ခံရတော့မှာပါ။

ဒါပေမယ့်..
အမေပြုစုတာနဲ့တော့ တူနိုင်မယ် မထင်ဘူး။

ကိုယ်လာတုန်းကတော့ အမေ့ပြုစုမှုအောက်မှာ ကြီးပြင်းခဲ့ရပေမယ့်...
ကိုယ်သွားရမယ့်အချိန်ကျရင် ကိုယ့်အနားမှာ ပြုစုမယ့်သူက ဆွေမျိုးသားချင်းတွေဖြစ်မှာ မသေချာသလို၊ ရှိခဲ့ရင်လည်း..
အမေပြုစုခဲ့သလို နွေးထွေးမှာမဟုတ်ဘူးလို့ လက်ခံထားပါ။

ဖြစ်နိုင်ခြေအများဆုံးကတော့..
မျက်နှာက အပြုံးလေးနဲ့စိတ်ထဲကကျိန်ဆဲနေမယ့် လူနာပြုစုတဲ့ လူနဲ့မတွေ့နိုင်ဘူးလို့ ပြောလို့မရပါ။

ဒါပေမယ့်..
ကိုယ်က ခေါင်းငုံ့ သည်းခံပြီး ပြုစုပေးမယ့်သူကို ကျေးဇူးတင်နေ ရမှာပါ။

- ပဉ္စမလာမယ့်နေဝင်ချိန်ရှုခင်း

ဒီတခါကတော့ လူလိမ်တွေ စတွေ့ရတော့မယ်။
လိမ်မယ့်သူတွေက လူကြီးတွေမှာ အိုစာမင်းစာတော့ရှိမယ် ဆိုတာသိပြီး ဖုန်းနဲ့တမျိုး၊စာတိုက်ကနေတဖုံ နည်းမျိုးစုံနဲ့ လိမ်ဖို့ ကြိုးစားမှာပါ။

မအိုဆေး မနာဆေး၊ယတြာ ချေ မယ် စတာတွေနဲ့ ပိုက်ဆံကို ကလော်ထုတ်ဖို့ ကြိုးစား ကြအုန်းမှာ...။

ဒါကြောင့်..
မိမိ အိုစာမင်းစာကို သတိနဲ့ မြဲမြဲဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။

နောက်ဆုံး ညမမှောင်ခင်...။

လူ့ဘဝရဲ့ နေဝင်ချိန်လမ်းဟာ အလင်းရောင်တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။
လမ်းဟာ တဖြည်းဖြည်းလည်း လျှောက်ရ ခက်လာမယ်။ ၆၀ကျော်တာနဲ့ အရာရာကို လက်လွှတ်ဖို့ အဆင်သင့်လုပ်ထား ရပါမယ်။

ကျန်ရှိနေတဲ့ ကိုယ့်အပေါ်ကောင်းတဲ့လူတွေကို တန်ဘိုး ထားတတ်ရပါမယ်။

ဘဝကြီးကို အာရုံကောင်းလေးတွေနဲ့ ခံစားသွားရမယ်။

ပတ်ဝန်းကျင်နဲ့သွားပြီး အငြင်းပွားတာတွေ မလုပ်တော့ပဲ၊ သားသမီး မြေးမြစ်တွေနဲ့ပါ အငြင်းအခုံမဖြစ်မိအောင် နေရပါမယ်။

အဆိုးဆုံးကတော့...
ကိုယ့်ကိုကိုယ် မောက်မာ မနေဘို့က အဓိကပါ...။

အိုတာကို လက်ခံလာရမှာ ဖြစ်ပြီး၊ စကားပြောဆိုရာမှာလည်း အမိန့်ဆန်ဆန် မပြောမိဖို့ သတိထားရမှာပါ..။

အဲဒီမှာ စကားလုံး အဓိပ္ပာယ်တွေက သူတပါးကို ထိခိုက်စေမယ့် စကားလုံးတွေကို ရှောင်ကျဥ်တာ အကောင်းဆုံးပါ။

အသက်ကြီးလာရင် တဖက်သားကို"ပိုလို့" တောင် သနားညှာတာသင့်ပြီး...။

နောက်ဆုံးရက်ကျန်လေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်...။

Credit




photo G o o g l e

Address

Mya Wutt Yee Street
Yangon
11072

Alerts

Be the first to know and let us send you an email when Forever Kabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forever Kabar:

Share