Crazy Online Mart

Crazy Online Mart Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crazy Online Mart, Yangon.

ကထိန် ဟူသည်..++++++++++++++လောကအဆို..ကျောင်းမှာ အမြတ်ဆုံး သိမ်၊အလှူမှာ အမြတ်ဆုံး ကထိန်.။ ဟူ၍ ရှိရာတွင် အဘယ်ကြောင့် အလှူေ...
03/11/2018

ကထိန် ဟူသည်..

++++++++++++++

လောကအဆို..
ကျောင်းမှာ အမြတ်ဆုံး သိမ်၊
အလှူမှာ အမြတ်ဆုံး ကထိန်.။ ဟူ၍ ရှိရာတွင် အဘယ်ကြောင့် အလှူတွေထဲမှာ ကထိန်အလှူက အမြတ်ဆုံးလို့ တင်စားခေါ်ဝေါ်ထားသနည်း..
စသည်တို့ကို ပြည့်စုံစွာ ရေးသားထားသည်…

ကထိန် ဝေါဟာရသည် " ကထိန " ဟူသော ပါဠိကိုမြန်မာမှုပြုထားခြင်း ဖြစ်ပါသည် ။ "ကထိန" ဟူသည်ကား ခိုင်မြဲခြင်း မြဲမြံခြင်း ဖြစ်ပါသည်။ အခြားတစ်ဘက်တွင်လည်း လွန်မြောက်ခြင်း ကင်းလွတ်ခြင်းဟု ညွှန်းဆိုကြပါသည်။

ကထိန်ခင်းခြင်း အဓိပ္ပါယ်

ကထိန်ခင်းခြင်း ဆိုသည်မှာ လူများကခင်းခြင်း မဟုတ်ဘဲ ရဟန်းတော်များက ခင်းရခြင်း ဖြစ်သည်။ လူများမှ ရဟန်းတော်များ ကထိန်ခင်းနိုင်ရန် (သံဃဿ ဒေမ) ဟု ကထိန်သင်္ကန်းကို လှုဒါန်းရသော အလှုရှင်များပင် ဖြစ်ပါသည်။ သံဃာတော်များက ထို ကထိန်သင်္ကန်းကို သိမ်ထဲတွင် သင်္ကန်း အလှူခံယူမည့် ကျောင်းတွင်ရှိသော သံဃာတော် တစ်ပါးကို အားလုံး သဘောတူညီစွာ ရွေးချယ်၍ ထို သံဃာတော်က မိမိ ၀ါဆိုရာကျောင်းသို့ ပြန်ကြွပြီး ကထိန်သင်္ကန်းအား ခင်းရခြင်း ဖြစ်သည်။

ကထိန် ဖြစ်ပေါ်လာပုံ

ကထိန် အလှူကို ပွင့်ပေါ်တော် မူပြီးကြကုန်သော မြတ်ဗုဒ္ဓ ဘုရားရှင်များ လက်ထက်တို့တွင် ရှိခဲ့ပါသည်။ ဂေါတမ ဘုရားရှင် လက်ထက်တွင် ဘဒ္ဒ၀ဂ္ဂီ မင်းသားသုံးကျိပ် (၃၀- ဦး) တို့သည် အဖော် များဖြင့် ကပ္ပါသိက တောအတွင်း ပုထုဇဉ်တို့ သဘောအတိုင်း မြူးထူးပျော်ပါး နေကြစဉ် ဂေါတမ ဘုရားရှင်နှင့် တွေ့ဆုံ ဖူးမြှော်ခွင့်ရပြီး တရားထူး သံဝေဂ ရကြကာ မင်းသား (၃၀-ဦး)လုံး ရဟန်းဘ၀ သို့ ရောက်ကြလေသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ နေထိုင်သီတင်းသုံးသည့် ဝေယျ မြို့မှ အလွန် ဝေးကွာသော နေရာမှ ဘုရားရှိရာ သာဝတ္တိပြည်သို့ ဖူးမြော်ရန် ထွက်ခဲ့ရာ ခရီးဝေးကွာ ခြင်းကြောင့် လမ်းခရီးတွင်ပင် ၀ါဆိုတော် မူရပါသည်။ ဘဒ္ဒ၀ဂ္ဂီ ရဟန်းတို့ ဘုရားရှင်ထံ ရောက်ရှိပြီး လမ်းခရီး တွင် တွေ့ ကြံ ရသော အခြေအနေ အခက်အခဲများကို ကြားသိရသောကြောင့် ''ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြုတော်မူ၏''ဟု မိန့်တော်မူကာ ကထိန် ခင်းခြင်းကန့်သတ်ချက်နှင့် ကထိန်ခင်းခြင်း အကျိုးတို့ဖြင့် ခွင့်ပြုတော်မူပါသည်။

ကထိန် အလှူ၏ ကန့်သတ်ချက်

ကထိန်အလှူတွင် ကာလကန့်သက်ချက်နှင့် ဓမ္မကန့်သက်ချက်တို့ ရှိပါသည် ။

ကာလကန့်သက်ချက် အနေဖြင့် - ကထိန် အလှုတော်ကို သီတင်းကျွတ် လပြည့်ကျော် ( ၁ ) ရက် နေ့မှ စတင်ကာ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လတာ ကာလအတွင်း ခင်းနိုင်ခြင်း၊ ကထိန် သင်္ကန်း ကို ယနေ့ အလှူခံပြီး ယနေ့ကံဆောင်ကာ ခင်းရခြင်း (နေ့ကူးသွားလျင် ကထိန်ခင်းမှု အထ မမြောက်ခြင်း) တို့ ဖြစ်ပါသည်။ ကထိန်ကို တစ်နှစ်မှာ တစ်ကျောင်း၊ တစ်ကျောင်းမှာ တစ်ခါသာ ခင်းရပါသည်…။

ဓမ္မ ကန့်သက်ချက် အနေဖြင့် -ကထိန်ကို အလှုရှင်မှ သဒ္ဒါ ဖြင့် လှု ဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်း ထိုက်ခြင်း၊ သာသနာ့ ၀န်ထမ်း ရဟန်းသည် အရိပ်ယောင်မျှဖြင့်ပင် ကထိန်သင်္ကန်းကို အလှုခံခြင်း မပြုရခြင်း၊ သင်္ကန်းမှ လွဲ၍ အခြားသော ပစ္စည်းများဖြင့် ကထိန်မခင်းနိုင်ခြင်း ၊ကထိန် ခင်းသော ရဟန်းတော်သည် ၀ါဆို ၀ါကပ်တော်မူပြီး ဖြစ်ရခြင်းတို့ ဖြစ်ပါသည်။ကထိန် အလှူသည် ပုဂ္ဂိုလ်စွဲ ဂိုဏ်း ဂဏစွဲ မထားသော သံဃဂုဏ်ကို အာရုံပြု၍ လှုဒါန်းရသော အလှူဖြစ်ပါသည်။

ကထိန် အလှူသည်ကား အလှူခံ ရဟန်းသံဃာနှင့် အလှူရှင်တို့၏ နှစ်ဖက် နားလည် ညီညွတ်မှု ၊ သတ်မှတ်ချက် ကာလအတွင်း ခင်းမှု ၊ ကထိန် ခင်းရာကျောင်းတွင် ( ၄ ) ပါး နှင့် အထက် ရှိသော သံဃာ အရေအတွက် ပြည့်မှု ၊ အ၀တ် သင်္ကန်း ဖြစ်မှု စသည်တို့ ပြည့်စုံ ရပါမည်။

ကထိန် နှင့် ပဒေသာပင်

ကထိန် အလှူတွင် ကထိန်ခင်းရာ၌ သင်္ကန်းကိုသာ ခင်းရခြင်း ဖြစ်သော်လည်း ရှေး ဘိုးဘွား အလှူရှင်များမှ သဒ္ဓါထက်သန်စွာဖြင့် သံဃာတော်များ အလိုရှိရာ သုံးဆောင် နိုင်စေရန် ရည်သန် လျက် အခြားသော လှူဖွယ် ပစ္စည်းများကို ကထိန် သင်္ကန်း ၏ အရန်အဖြစ် ပဒေသာပင်များတွင် သီးပွင့်၍ လှူဒါန်း ကြခြင်း ဖြစ်သည်။ ယခုအခါ ကထိန်သင်္ကန်း၏ အထိမ်းအမှတ်အဖြစ် ပဒေသာပင် ပုံများကို အသုံးပြုလာကြပါသည်။

ကထိန်ခင်းခြင်း၏ အကျိုးထူးများ

ကထိန် အကျိုးထူး ကို အလှူခံ ရဟန်း သံဃာများ နှင့် လှုဒါန်းသည့် ဒါယိကာ ဒါယိကာမတို့ နှစ်ဦး နှစ်ဘက် ရရှိပါသည်။ ကထိန် အလှူခံ ရဟန်း သံဃာတော်တို့သည် သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့မှ တပေါင်း လပြည့်နေ့ အထိ ( ၅ ) လအတွင်း ကထိန်သင်္ကန်းကို အကြောင်းပြု၍ ၀ိနည်းတော်များထဲမှ သိက္ခာပုဒ် အချို့ကို ကင်းလွတ်ခွင့် ရရှိပါသည်။ ကထိန် အလှူ ရှင်များသည် သွားလေရာ အရပ်တွင် ဘေးအန္တရာယ် ကင်းခြင်း၊ မိမိပိုင် ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း၊ စားကောင်းသောက်ဖွယ် ပေါများကာ အဆိပ်- စသည် မသင့် စေခြင်း ၊ မိမိပိုင်ပစ္စည်းများ မေ့လျော့ နေသော်လည်း မဆုံးပါးခြင်း၊ ပစ္စည်း ဥစ္စာများ ရှာဖွေရာတွင်လည်း အစုလိုက်အပြုံလိုက် ရရှိခြင်း ၊ ရုပ်အဆင်း ပြေပြစ်ခြင်း စသည့် အကျိုးထူးများ ကို ခံစားနိုင်သည်။

crd

တဆင့်မျှဝေ ပြည် သစ္စာ

02/11/2018
19/10/2018

🌟 ✨💘သိတင်းကျွတ်​ရာသီမှာ🎵 ✨
✨🌵 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨
✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨
✨☀ 🙌 🈵 ✨ဝါကျွတ်​အချိန်​အခါမှာ ပြည့်စုံပါစေကြောင်း
✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨

ပျော်ရွှင်စရာ သီတင်းကျွတ်​ဖြစ်ပါစေ 🎁🎁

🌷🍂မင်္ဂလာ🌸🌺     🌴🌸နံနက်ခင်း🍉🍓          🌻🍀လေးပါ🍃🍁                🌵🌹စိတ်၏🌺🌸                🌺🍃ချမ်းသာခြင်း🌸             🌻🍁ကို...
18/10/2018

🌷🍂မင်္ဂလာ🌸🌺
🌴🌸နံနက်ခင်း🍉🍓
🌻🍀လေးပါ🍃🍁
🌵🌹စိတ်၏🌺🌸
🌺🍃ချမ်းသာခြင်း🌸
🌻🍁ကိုယ်၏🌷🍓🍆
🍀🌾ကျန်းမာခြင်း🌴
🍂💐များနှင့်🌸🍃
🍎🌻ပြည့်စုံ၍🌷🍂
🌹🍉ဒုက္ခ🍆🌺🌸
🌺🌾ခပ်သိမ်း🐰🌸
🍁🍃ကင်းငြိမ်း🌸🌷
🌺🌷နိုင်ကြ🍃🌺🍂
🌻🌹ပါစေ🍃🍂🌾

💥လူ​တွေက သူများ​တွေ​အောင်​မြင်​​နေတာကြည့်​ပြီး...အားကျတတ်​ကြတယ်​...ဒါလူ့သဘာဝပါဘဲ....💥အဲ့ဒီလူ မ​အောင်​မြင်​ခင်​ ဘယ်​​လောက...
14/10/2018

💥လူ​တွေက သူများ​တွေ​အောင်​မြင်​​နေတာကြည့်​ပြီး...
အားကျတတ်​ကြတယ်​...
ဒါလူ့သဘာဝပါဘဲ....
💥အဲ့ဒီလူ မ​အောင်​မြင်​ခင်​ ဘယ်​​လောက်​ကျရှုံးခဲ့လဲ..
ဘယ်​​လောက်​ကြိုးစားရုန်းကန်​ခဲ့ရသလဲဆိုတာကို​တော့ မမြင်​ကြတာများပါတယ်​...
အဲ့တာကိုဘဲ မြင်​​အောင်​ကြည့်​လိုက်​ပါ...
💥ဂရုမစိုက်​ခြင်းအနုပညာစာအုပ်​ထဲမှာ"ဘယ်​​လောက်​ ​အောင်​မြင်​ချင်​သလဲ ဆိုတာထက်​ ဘယ်​​လောက်​ဒုက္ခခံနိုင်​မလဲ၊ဘယ်​​လောက်​ ကြိုးစားနိုင်​မလဲ၊ဒုက္ခဘယ်​လိုရင်​ဆိုင်​မလဲဆိုတာကို အရင်​​တွေးထားလိုက်​ပါ"လို့ ​ရေးထားတာ​လေး သ​ဘောကျမိလို့ပါ..

 # #သလဲသီး အစွမ်းအံ့မခန်း😊🍊🍅🍋🍅🍏🍐🍊🍋🍈🍑သလဲသီးကို ကြိုက်လွန်းလို့ ငယ်ငယ်ထဲကရင်း အမြဲစားဖြစ်တယ် အဲ့လောက်အကျိုးကျေးဇူးများမှန်...
13/10/2018

# #သလဲသီး အစွမ်းအံ့မခန်း😊
🍊🍅🍋🍅🍏🍐🍊🍋🍈🍑
သလဲသီးကို ကြိုက်လွန်းလို့ ငယ်ငယ်ထဲကရင်း အမြဲစားဖြစ်တယ် အဲ့လောက်အကျိုးကျေးဇူးများမှန်းမသိခဲ့ဘူး😊

(၁) နှလုံးရောဂါကို ကာကွယ်ပေးတယ်
သလဲသီးဟာ Polyphenol နဲ့ Anti-Atherogenic ဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို ကာ
ကွယ်ပေးနိုင်သလို နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း မဖြစ်စေပါဘူး။

(၂) သွေးဖိအားကို လျှော့ချပေးတယ်
သလဲသီးကို နေ့စဉ်စားသုံးပေးရင် သွေးဖိအားမမှန်ကန်ခြင်း၊ သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်း စတာတွေကို
လျော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် သလဲသီးမှာ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် သွေးနဲ့ပတ်သက်တဲ့ ရောဂါ
တွေကို နိုင်နင်းပါတယ်။

(၃) အဆစ်ရောင်ရောဂါကို ပျောက်ကင်းစေတယ်
အလုပ်အရမ်းပင်ပန်းလို့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ ရေရှည် ညောင်းညာကိုက်ခဲ့ ရောဂါတွေအတွက် သလဲသီး
ကို ယုံကြည်စွာ စားသုံးပေးတာနဲ့ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သလဲသီးမှာ အဆစ်မြစ်ရောင်ရမ်းကိုက်ခဲခြင်းကို
သက်သာစေနိုင်တဲ့ Antioxidant တွေ များစွာ ပါဝင်ပါတယ်။

(၄) သွေးအားနည်းရောဂါကို ကုသပေးနိုင်တယ်
ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်း ရောဂါသမားတွေအတွက် သင့်တော်တဲ့ သစ်သီးဖြစ်ပါတယ်။

(၅) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်
သလဲသီးမှာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ များပြားစွာ ပါဝင်ပါတယ်။ သလဲသီးက
နေ ကာကွယ်နိုင်တဲ့ ကင်ဆာရောဂါတွေကတော့ ဆီးကြိတ်ကင်ဆာ၊ ရင်သာကင်ဆာ၊ အဆုပ်ကင်ဆာ၊ အရေအပြားကင်
ဆာတို့ပဲ ဖြစ်ပါတယ်။

(၆) မှတ်ဉာဏ်ကို တိုးတက်စေနိုင်တယ်
သလဲသီးကို နေ့စဉ်စားသုံးပေးပါက ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် အ
သက်အရွယ်ကြောင့်ဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ အတိတ်မေ့ရောဂါတွေကိုလည်း
ပျောက်ကင်းစေနိုင်တဲ့ Polyphenol ဓာတ်တွေ သလဲသီးမှာ ပါဝင်ပါတယ်။

(၇) အရေအပြားကို ချောမွတ်လှပစေတယ် ဆံပင်​သန်​​စေတယ်
ဆံပင်​ကျွတ်​သူများအတွက်​အထူး​ကောင်းမွန်​​စေတယ်
ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ သလဲသီးဟာ အရေအပြား ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးပါတယ်။ သွေး
သားကို သန့်စင်စေပြီး အဖုအပိမ့်ကင်းတဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။

(၈) ခံတွင်းအနံဆိုးကို ပျောက်စေနိုင်တယ်
သလဲသီးမှာ Pomegranate ဓာတ်လည်း ပါဝင်တာကြောင့် ခံတွင်းပိုင်း ရောဂါတွေဖြစ်တဲ့ သွားကိုက်၊ သွားနာ၊ သွားပဲ့၊ သွားအတွင်းပိုင်းပိုးစားခြင်း-စတာတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းအနံ့ဆိုးမှုကိုလည်း ထိရောက်စွာ ကာကွယ်နိုင်ပါ
တယ်။

(၉) သန္ဓေသားကို ကျန်းမာစေတယ်
ကိုယ်ဝန်ဆောင် မိခင်တွေ သလဲသီးကို စားပေးပါက ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မိခင်
ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပြီး၊ မွေးရာပါ နှလုံးရောဂါဖြစ်ခြင်းကိုလည်း ကြိုတင်ကုသပေးနိုင်
စွမ်း ရှိပါတယ်။

#

ပုရွက်ဆိတ်တွေ ဆီကနေ ရရှိတဲ့ အောင်မြင်မှု အတွက် သင်ခန်းစာ ၅ ချက်၁။ အမြဲတန်း အစာကို ရှာဖွေနေတယ်ပုရွက်ဆိတ်တွေကို လေ့လာကြည့်မ...
12/10/2018

ပုရွက်ဆိတ်တွေ ဆီကနေ ရရှိတဲ့ အောင်မြင်မှု အတွက် သင်ခန်းစာ ၅ ချက်

၁။ အမြဲတန်း အစာကို ရှာဖွေနေတယ်

ပုရွက်ဆိတ်တွေကို လေ့လာကြည့်မယ် ဆိုရင် အမြဲတန်း လှုပ်လှုပ်ရှားရှားနဲ့ အဆာရှာ ဖွေနေပါတယ်။ ထိုကဲ့သို့ပဲ ကျွန်တော်တို့ဟာ အောင်မြင်ဖို့ အခွင့်အလမ်းတွေကို အမြဲလိုလို ရှာဖွေ နေရပါလိမ့်မယ်။

၂။ ပုရွက်ဆိတ်တွေက ဇွဲမလျော့ဘူး

သူတို့ဟာ အဆာတစ်ခုခု ရရှိပြီ ဆိုရင် သူတို့ရဲ့ အသိုက်ထဲကို ရောက်ရှိအောင် ယူဆောင်ကြပါတယ်။ လမ်းမှာ ဘယ်လို အတားအဆီတွေ ရှိနေပါစေ သူတို့ဟာ နည်းမျိုးစုံနဲ့ သူတို့ အဆာကို သယ်ပါတယ်။ ဒီလိုပါပဲ ဘဝမှာ တစ်ခုခု လိုချင်တယ် ရချင်တယ် ဆိုရင် ဘယ်လို အတားဆီတွေ ရှိနေပါစေ ရရှိအောင် စွမ်းဆောင်နိုင်ဖို့ ပုရွက်ဆိတ်တွေကို အတုယူပါ။

၃။ ကြိုတင် ပြင်ဆင်တတ်ခြင်း

ပုရွက်ဆိတ်တွေဟာ အဆာကို စုဆောင်းတတ် တယ်ဆိုတာ အားလုံး အသိပါ။ ဒါဟာ ရေရှည်မှာ သူတို့အတွက် များစွာ အထောက်အကူ ပြုစေပါတယ်။ လူ့ဘဝမှာလည်း ဘာပဲ ဖြစ်ဖြစ် ကြိုတင် ပြင်ဆင်ထားရပါ့မယ်။ အဆိုးဆုံးတွေ မဖြစ်လာခင် ကတည်းက တခုခုကို ကြိုတင် ပြင်ဆင် ထားတယ် ဆိုရင် မိမိအတွက် အကောင်းဆုံးကို ရင်ဆိုင် နိုင်ပါလိမ့်မယ်။

၎။ ပူပေါင်း ဆောင်ရွက်မှု

ပုရွက်ဆိတ်တွေဟာ လေးလံတဲ့ အရာဝတ္တုတွေကို တစ်ကောင်တည်း မသယ်နိုင်ရင် စုပေါင်းပြီး သယ်ပိုး ကြပါတယ်။ အဲလို သယ်ရင်လည်း မိမိတို့ အသိုက်အအုံတည်းထိ ရောက်အောင် သယ်ဆောင် ကြပါတယ်။ အောင်မြင်ချင်တဲ့ လူတစ်ယောက် အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မငြင်းဆန်ပါနဲ့။

၅။ လက်မလျော့တတ်တဲ့ စိတ်ဓာတ်

ကျွန်တော် ငယ်ငယ်က ပုရွက်ဆိတ်လေးတွေ အဆာ သယ်လာတဲ့ အခါမှာ သူတို့ အဆာလေးတွေကို ဖဲ့ခြွေခဲ့ဖူးတယ်။ ဒါပေမယ့် ဘာကို တွေ့ရလဲ ဆိုတော့ သူတို့ အဆာတွေကို ဖဲ့ခြွေလိုက်ပေမယ့် သူတို့ဟာ နောက်ပြန် မသွားကြပါဘူး။ ဖဲ့ခြွေထားတဲ့ အဆာတွေထဲက သူတို့ ဘေးနားက တစ်ခုကို ထပ်သယ် ပြန်ပါတယ်။ သူတို့ဟာ မရ ရတာကို ယူတတ်တဲ့ သဘောပါ။

အောင်မြင်မြင် ချင်တယ် ဆိုရင် တစ်စုံ တစ်ခုကို လုပ်တဲ့ အခါမှာ ပျက်စီးတာတွေ ဆုံးရှုံးတာတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် နောက်သို့ လှည့်မပြန်ဘဲ မရ ရတာကို ယူတတ်ရပါလိမ့်မယ်။

‌မိတ်ဆွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။

mention ပြီးပြောကြည့်ကြမယ်...
11/10/2018

mention ပြီးပြောကြည့်ကြမယ်...

မင်္ဂလာညချမ်းဖြစ်ကြပါစေအရှေ့အနောက်တောင်မြောက်အောက်အထက်အရပ်ဆယ်မျက်နှာ၌ရှိကြကုန်သောအနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့ဘေးရန်ခတ်သိမ်ြး...
30/09/2018

မင်္ဂလာညချမ်းဖြစ်ကြပါစေ
အရှေ့အနောက်တောင်မြောက်အောက်အထက်
အရပ်ဆယ်မျက်နှာ၌ရှိကြကုန်သော
အနန္တစင်္ကြာဝဠာ အနန္တသတ္တဝါတို့
ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ
ဒေါသခတ်သိမ်းငြိမ်းကြပါစေ
ဆင်းရဲခတ်သိမ်းငြိမ်းချမ်းပါစေ
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ

စကားမ​ပြော​ပေမယ့်​ရင်​ထဲထိပါတယ်​...Credit: original uploader
25/09/2018

စကားမ​ပြော​ပေမယ့်​ရင်​ထဲထိပါတယ်​...

Credit: original uploader

သင်အလွန်ကုသိုလ်ထူးပါတယ်။ 🙏 🙏 🙏 သင်ဖူးခွင့်ရလို့...... မြတ်ဗုဒ္ဓ ရဲ့ ဓာတ်တော်တွေပါ။Share ပေးခြင်းဖြင့်ကုသိုလ်ပြုနိုင်ပါသည်...
25/09/2018

သင်အလွန်ကုသိုလ်ထူးပါတယ်။ 🙏 🙏 🙏 သင်ဖူးခွင့်ရလို့...... မြတ်ဗုဒ္ဓ ရဲ့ ဓာတ်တော်တွေပါ။Share ပေးခြင်းဖြင့်ကုသိုလ်ပြုနိုင်ပါသည်။

ကောင်းသာညချမ်းလေးပါ
24/09/2018

ကောင်းသာညချမ်းလေးပါ

Address

Yangon

Telephone

09444988440

Website

Alerts

Be the first to know and let us send you an email when Crazy Online Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share