Aqua Logic

Aqua Logic Nature Crafted with Logic

12/09/2018

အသက် ၃၀ အရွယ်မှာ မီလီယျံနာဖြစ်ဖို့  အသက်၂၀ အရွယ်ကစပြီး လိုက်နာလုပ်ဆောင်သင့်တဲ့ အရာများ


ငွေဘယ်လိုရှာမလဲဆိုတဲ့အချက် အပေါ်အာရုံစိုက်ပါ

ကနေ့ ခေတ် စီးပွားရေးအခြေအနေအရ သင်ငွေစုနေရုံနဲ့ တော့ မီလီယံနာ သန်းကြွယ်သူဌေးဖြစ်လာမှာမဟုတ်တာ အသေအချာပါဘဲ။ပထမဆုံး လုပ်ဆောင်ရမှာက ဝင်ငွေကို တိုးတတ်ပြီးတိုးတတ်နေအောင် ကြိုးစားရမယ်။ သေချာအာရုံစိုက်ပြီး လုပ်ဆောင်ရမယ်။ အသက်၂၀ ရောက်ပြီဆိုရင် ငွေနောက်ကို စလိုက်ပါ။ သင်အခွင့်အရေးတွေ အခွင့်အလမ်းတွေ တွေ့ လာရမှာပါ။

ဝင်ငွေလမ်းကြောင်းတွေကိုချဲ့ ထွင်ပါ

သင် ဝင်ငွေတိုးချင်တယ်ဆိုရင်တော့ ဝင်ငွေလမ်းကြောင်းကိုချဲ့ ထွင်ရမှာပါ။ မီလီယျံနာတွေဟာ ပုံမှန်ဝင်ငွေလမ်းကြောင်း ၅ ခုထိရှိကြပါတယ်။ အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ဆိုင်၊ သယ်ယူပို့ ဆောင်ရေး၊ စတော့ရှယ်ယာ ၊ ကိုယ်ပိုင်လုပ်ငန်း စသည်ဖြင့် ပေါ့။သင် ပိုချဲ့ထွင်နိုင်လေလေ ဝင်ငွေလမ်းကြောင်းငွေကြေးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ စိတ်ချရလေလေ သင့်ပိုင်ဆိုင်မှု တိုးတတ်လေလေပါဘဲ

ရင်းနှီးမြှပ်နှံဖို့ ငွေစုပါ။ ငွေစုဖို့ သက်သက်ဆိုပြီး ငွေမစုပါနဲ့ 

သင့်ငွေတွေကို ဘဏ်အကောင့်သီးသန့့် ဖွင့်ပြီး ရင်းနှီးမြှပ်နှံဖို့ အတွက်စုထားပါ။ အရေးပေါ်ကိစ္စတွေအတွက်ဆိုရင်ကို နဲနဲမှ မထိပါနဲ့ ။ သင် အဆင်သင့်ဖြစ်ပြီဆိုရင် စတင်ရင်းနှီးမြှပ်နှံပါ။ တစ်ခါတလေ သင်ငွေပြတ်သွားတာတွေကြုံရမှာပါ။ ဘာလို့ လဲဆိုတော့ ရလာတဲ့ငွေမှန်သမျှဟာ သင့်လုပ်ငန်းတွေထဲစီးဆင်းနေမှာ မို့ လို့ ပါ။

ဆုံးဖြတ်ချက် ပြတ်သားပါစေ

ဘယ်တော့မှ ဆုံးဖြတ်ချက်ကို မပြတ်မသား မချမိပါစေနဲ့ ။ သင်လုပ်မဲ့အရာတစ်ခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ရမယ်။အဲ့ဆုံးဖြတ်ချက်အတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ရမယ်

ကြွားဝါလိုစိတ် လူတွေ အထင်ကြီးလိုတဲ့စိတ်ကိုဖျောက်ပါ

မီလီယျံနာတစ်ဦးက " ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှပ်နှံမှုတွေ ကနေ ဝင်ငွေတွေ အမြောက်အများမရသေးသ၍ တန်ဖိုးကြီး ဇိမ်ခံကားတွေ နာရီတွေဘယ်တော့မှ မဝယ်ဘူးဗျ။ ကျွန်တော် မီလီယျံနာ ဖြစ်လာတဲ့ထိတောင် တိုယိုတာ ကားလေးကိုဘဲစီးတာ။ သင်ဘယ်လောက် အလုပ်လုပ်သလဲဆိုတာကိုဘဲ လူသိပါစေ။ သင်ဘယ်လောက်ငွေသုံးနိုင်တယ် ၊ သင်ဘယ်လိုကားတွေစီးနိုင်တယ် ဆိုတဲ့အချက်တွေနဲ့ လူမသိစေပါနဲ့ " လို့ ပြောဖူးပါတယ်။

ငွေနဲ့ ပတ်သတ်ပြီး ခံယူထားတဲ့ သင့်ရဲ့ခံယူချက်တွေကို ပြောင်းလဲပါ

ချမ်းသာဖို့  ဆိုရင် ငွေရှာတာနဲ့ ပတ်သတ်ပြီး သင်ဘယ်လိုတွေးသလဲ? သင်ဘာတွေကိုယုံကြည်သလဲဆိုတဲ့အချက်တွေကနေ စတင်ရပါမယ်။ သင်ငွေကို အများအပြားရှာနိုင်ရမယ်လို့ ယုံကြည်ထားရင် ငွေဝင်ပေါက်တွေ အခွင့်အလမ်းတွေ တွေ့ လာရမှာပါ။ သင့်စိတ်ထဲမှာ ခံယူထားတဲ့အရာမှန်သမျှဟာ လက်တွေ့ ဖြစ်လာတယ်ဆိုတာ မယုံမရှိပါနဲ့ ။

သင့်အတွက်ရင်းနှီးမြှပ်နှံဖိုသင့်အတွက်

သင့်ဘဝအတွက် အခြေခိုင်စေမယ့် ဒါမှသာ သင်ရှေ ပညာရပ်တစ်ခုကိုသင်ယူရပါမယ်။့ဆက်လုပ်ဆောင်မယ့် စီးပွားရေးလုပ်ငန်းဖြစ်စေ နိုင်ငံရေးဖြစ်စေ ကောင်းစွာလုပ်ဆောင်နိုင်မှာလဲဖြစ်ပါတယ်။

ရည်မှန်းချက်တွေချမှတ်ရမယ်။ သူတို့ ကိုစိတ်ကူးထဲမှာ ပုံဖော်နိုင်စွမ်းရှိရမယ်

သင်ဝင်ငွေကိုပိုပြီး တိုးပ္ပွားစေချင်ရင် ရည်မှန်းချက်တွေကို ရှိရမယ်။ ရည်မှန်းချက်တွေကိုအောင်မြင်ဖို့ အစီအစဉ်တွေရေးဆွဲရပါမယ်။ငွေဆိုတာ အလိုလိုရလာတာမဟုတ်ပါဘူး။ ကိုယ်တိုင်လုပ်ဆောင်မှ ရလာတဲ့အရာဖြစ်ပါတယ်။ သင်ချမ်းသာချင်ရင် တနေ့ မှာချမ်းသာရမယ်လို့ စိတ်ထဲမှာ စိတ်ပိုင်းဖြတ်ထားရမယ်။

သင်လေးစားအားကျတဲ့သူတွေနဲ့ အပြင် အတူတူထွက်တာဖြစ်ဖြစ် ခရီးသွားတာဖြစ်ဖြစ် လုပ်ဆောင်ပါ

သင်ဟာ ချမ်းသာတဲ့လူ ၉ ယောက်နဲ့ အပြင်ထွက်တာတို့ အလုပ်တူတူလုပ်ဆောင်တာဖြစ်ဖြစ် လုပ်ဆောင်နေရင် ၁၀ ယောက်မြောက် ချမ်းသာတဲ့သူဟာ သင်ဖြစ်လာမှာပါ။ဘာလို့ လဲဆိုတော့ သင်ဟာ သူတို့ ရဲ့အတွေးအခေါ်တွေ ဗဟုသုတတွေ သူတို့ ရဲ့မြင့်မားလှတဲ့ ဖန်တီးနိုင်စွမ်းတွေကိုသင်ယူနိုင်လို့ ဖြစ်ပါတယ်

ဒေါ်လာ၁၀ သန်းကြွယ်ဝရမယ်လို့ ရည်မှန်းချက်ထားပါ။ ဒေါ်လာ၁ သန်းမဟုတ်ပါဘူး

ဘယ်နေရာမှာဖြစ်ဖြစ် မြင့်မြင့်မားမားတွေးပါ။ လူတွေဟာ ဘယ်တော့မှ မြင့်မြင့်မားမားတွေးလေ့မရှိကြဘူး။ ဘာလို့ လဲဆိုတော့ သူတို့ မဖြစ်နိုင်ဘူးထင်လို့ ပါဘဲ။ အဲ့အထဲမှာတော့ သင်မပါ ပါစေနဲ့ 



7 Steps of Sale (ရောင်းချမှု အဆင့် ၇-ဆင့်)==============================ကုမ္ပဏီဖောက်သည်ကြီးများသို့ ဘယ်လိုရောင်းချမလဲ... ?...
27/08/2018

7 Steps of Sale (ရောင်းချမှု အဆင့် ၇-ဆင့်)
==============================
ကုမ္ပဏီဖောက်သည်ကြီးများသို့ ဘယ်လိုရောင်းချမလဲ... ?

စီးပွားရေးလုပ်ငန်းရဲ့ အကျိုးအမြတ်ဆိုတာ ရောင်းချမှုဟာ အဓိကဖြစ်ပါတယ်။ များများရောင်းရလေလေ လုပ်ငန်းရဲ့ အကျိုးအမြတ်ဖြစ်လေ ဖြစ်တဲ့အခါမှာ အရောင်းမဟာဗျူဟာ ၇ ဆင့်ဖြင့် လုပ်ငန်းများတိုးတက်အောင်မြင်စေဖို့ အကြံပေးရေးသားလိုက်ပါရစေ။

Step (1) Prospecting and Qualifying (အလားအလာမျှော်မှန်းခြင်းနှင့် လိုအပ်ချက်များစုစည်းခြင်း)

အလားအလာ ရှိတဲ့ မိမိ customer ၊ ၀ယ်ယူနိုင်မည့် company ရဲ့ လိုအပ်ချက်ကို ဦးစွာခန့်မှန်းဖို့ လိုအပ်ပြီး သူတို့ ရဲ့ ကြိုက်နှစ်သက်မှုတွေကို ဦးစွာပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (မိမိကြိုက်တဲ့ပစ္စည်းထက် ဖောက်သည်ကြိုက်တဲ့ပစ္စည်းဖြစ်မှ ရောင်းချနိုင်မှာဖြစ်ပါတယ်) ဖောက်သည်တို့၏ လိုအပ်ချက်ကို သိသွားတယ်ဆိုရင် သူတို့ လိုအပ်ချက်ကို စုစည်းပြီး ဘယ်လိုရောင်းချနိုင်မလဲဆိုတာ အဖြေရရှိနိုင်သွားပြီးဖြစ်ပါတယ်။

Step (2) Approached and Relationship (ချည်းကပ်မှုပုံစံနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း)

လုပ်ငန်းတစ်ခုကို မိတ်ဆက်တဲ့အခါ ချဉ်းကပ်တဲ့ ပုံစံ အရေးကြီးပါတယ်။ မိမိ ပစ္စည်းတစ်ခု ရောင်းချတဲ့ အခါမှာ company မှာ ရှိတဲ့ ဆုံးဖြတ်နိုင်သူ ဥပမာ - CEO, MD, Director Level များနဲ့ ဖြစ်စေ sale decision ဆုံးဖြတ်ဝယ်ယူဖြစ်အောင် တွေ့ ဆုံမယ့်သူတွေ အပေါ်မှာ မူတည်ပြီးတော့ အရောင်းအ၀ယ်ကလည်း ဖြစ်နိုင်တာမို့၊ မိတ်ဆက်ရောင်းချတဲ့အခါမှာ အဓိကကျတဲသော တွေဆုံမယ့် Approach level ကလည်းအရေးကြီးမှာ ဖြစ်ပါတယ်။ ရင်းနှီးကျွမ်းကျင်မှုဖြစ်အောင်လည်း မိတ်ဆွေဖွဲ့ဖို့ လိုအပ်မှာဖြစ်ပါတယ်၊ ယနေ့ခေတ်မှာ ပစ္စည်းဝယ်ယူတဲ့အခါ ရင်းနှီးတဲ့သူများထံမှ ၀ယ်ယူနေကြတာမို့ Business is Relationship ပုံစံဖြစ်လာတာကိုလည်း လက်ခံထားရမှာဖြစ်ပါတယ်။

Step (3) Profile and Presentation (လုပ်ငန်းမိတ်ဆက်နှင့် တင်ဆက်ဆွေးနွေးပြောကြားခြင်း)

မိမိလုပ်ငန်းတစ်ခု ၊ မိမိထုတ်ကုန်တစ်ခု ရောင်းချတဲ့ အခါမှာလည်း မိမိပြောဆိုတဲ့ တင်ဆက်ပြသမှု ၊ စကားလုံးအသုံးအနှုန်းနှင့် ပစ္စည်းရဲ့ ဆွဲဆောင်နိုင်မှုပုံသဏ္ဍန် ၊မိမိလုပ်ငန်း၏ အောင်မြင်တိုးတက်မှု နှင့် မိမိရောင်းသည့်ပစ္စည်း၏ ဖောက်သည်အပေါ် အကျိုးရှိမှုနှင့် ၀ယ်ယူချင်သူများအတွက် ဆွဲဆောင်မှု အရာအားလုံးအရေးကြီးမှာ ဖြစ်ပါတယ်။ ရောင်းချနေသူ Presentation ပေါ်မူတည်ပြီးတော့ ဖောက်သည်တွေ ၀ယ်နိုင်မှု ရှိ၊မရှိဆိုတာကို အသေအချာဆုံးဖြတ်ပေးမှာမို့ Presentation က အသက်ဖြစ်တဲ့အတွက် ဒီအဆင့်ကိုလည်း ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Step (4) Sample and Demonstration (ပစ္စည်း နမူနာနှင့် လက်တွေ့သရုပ်ပြပေးခြင်း)

မိမိသွားရောက် ရောင်းချတဲ့ ပစ္စည်းတစ်ခုရဲ့ Product စံနမူနာ ပုံစံတွေ ယူသွားဖို့ လိုအပ်တယ်။ Demonstrate ဖြစ်ဖို့ Sample Product တွေယူသွားတဲ့အခါမှသာ မိမိ Customer အနေနဲ့ နမူနာပုံစံကို လက်တွေ့ မြင် ကြိုက်နှစ်သက်ပြီး၊ ဒီပစ္စည်းအပေါ်မှာ Decision ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါ တယ်။ မရောင်းရသည်ရှိသော်လည်း Demonstration Product ကို နမူနာဖြစ်ထားခဲ့ပြီး နောင်မှာ ပြန်ပြီးတော့ ရောင်းချသွားဖို့ အတွက် အခွင့်အရေးပင်ဖြစ်လာနိုင်ပါတယ်။

Step (5) Handling Sale Objective (အရောင်းရည်ရွယ်ချက်ကို ထိမိစေရန်ဆောင်ရွက်ခြင်း)

အရောင်းနဲ့ ပတ်သက်ပြီးတော့ သွားရောက်ရောင်းချတဲ့အခါမှာ တစ်ချို့ သော လုပ်ငန်းတွေမှာ မျှော်လင့်ထားသလို၊ မိမိရောင်းတဲ့ Product ပစ္စည်းကို ၀ယ်ချင်မှဝယ်နိုင်မှာဖြစ်ပါတယ်။ သို့ သော်လည်း အရောင်းရည်ရွယ်ချက်ဖြစ်တဲ့ Plan A မှာတောာ့ ပစ္စည်းရောင်းရမယ်။ Plan B မှာတော့ ဒီတခေါက်မရောင်းရရင်တော့ ဒုတိယတခေါက် ရောင်းရအောင် တစ်ခါထဲများ ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်ခဲ့မလား။ ဒါမှမဟုတ် မိမိရဲ့ နောက်ဆုံး ဘယ် Product အထိကို ရောင်းအောင် question မေးခွန်းမျိုးစုံထုတ်ပြီးတော့ ပစ္စည်းရောင်းရတဲ့ အထိ Sale Force နည်းလမ်းမျိုးစုံနဲ့ တွန်းတွန်းတိုက်တိုက် ရောင်းချသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Step (6) Closing and Sale Order (အရောင်းအမှာယူခြင်းနှင့် ၀ယ်ယူရောင်းချမှု အပြီးသတ်ခြင်း)

မိမိပစ္စည်းကို လုပ်ငန်း ကုမ္ပဏီတစ်ခုက ၀ယ်ချင်ပြီဆိုရင် တစ်ခါတည်းမှာပဲ Closing အရောင်းအ၀ယ် ဖြစ်အောင်လုပ်ရမှာ ဖြစ်ပါတယ်။ ပစ္စည်း Order မှာတဲ့ အဆင့်ကို တစ်ခါတည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ချို့ ကုမ္ပဏီတွေမှာ နှတ်အားဖြင့်သာ ကတိပေးလိုက်ပြီးတော့မှ ပြန်ပြီးဆက်သွယ်ဆောင်ရွက်တဲ့ အခါမှာ မ၀ယ်ယူမှုတွေ ကြုံရတတ်တဲ့အတွက်၊ ရောင်းသူဝယ်ယူ သေချာတဲ့တချိန်တည်းမှာပဲ Sale Order ဖွင့်ပြီးတော့မှ တစ်လက်စတည်း လုပ်ငန်းတစ်ခုကို ပြီးစီးအောင်မြင်တဲ့ အထိ Sale Closing ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Step (7) Follow Up and Service (ထပ်မံဆက်သွယ်ခြင်းနှင့် ၀န်ဆောင်ပေးခြင်း)

မိမိဖောက်သည် Customer ၀ယ်ပြီးသွားတဲ့ အဆင့်ကာလမှာလည်း တစ်ပတ်ကြာသည်ဖြစ်စေ ပြန် follow up လုပ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဆက်လက်ပြီးရောင်းလို့ ရအောင် Second Step Buying မိမိထံမှ တစ်ခါဝယ်ယူထားတဲ့ Customer မှတဆင့် ဆယ်ခါဝယ်နိုင်တဲ့အထိ ထပ်မံချိတ်ဆက်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိမိရဲ့ အားပေးနေသော ဖောက်သည်တွေမှ တစ်ဆင့် ဆင့်ကာဆင့်ကာ မိမိရဲ့ Product ထုတ်ကုန်ကို ဖောက်သည်ကြီး Client အထိ ဖြစ်သွားပြီးတော့ မိမိလုပ်ငန်းမှာ တကယ့်ကို ရေရှည် Royal Customer ဖြစ်အောင် Sale Product 7 ဆင့် ဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်မှုဆိုရာမှာ အရေးကြီးတာတော့ Product ထုတ်ကုန်နှင့် Customer ဖောက်သည် ဖြစ်ပါတယ်။ ဒါကြောင့်မို့ Customer တွေနဲ့ ပတ်သက်ပြီးတော့ ဖောက်သည်တွေကို ဘယ်လို Approach ချဉ်းကပ်မှုလုပ်မလဲ၊ ဖောက်သည်တွေ ၀ယ်ချင်လာအောင် Presentation ဘယ်လို ရောင်းချမလဲ ၊ ဖောက်သည်တွေ အကျိုးကျေးဇူးဖြစ်အောင် Service ဘယ်လိုဝန်ဆောင်မှုတွေပေးမလဲ၊ ဖောက်သည်နှင့် ရေရှည်ဆက်ဆံရေး Relationship ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်သွားပြီး အရောင်းတိုးတက်မှုဖြင့် မိမိလုပ်တဲ့ လုပ်ငန်းတိုးတက်အောင်မြင်မှုများကို အရောင်းဗျူဟာ ၇ဆင့်ဖြင့် မဟာဗျူဟာရေးဆွဲ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ Sale & Marketing ဌာနများအနေဖြင့် ယခုတင်ပြထားတဲ့ အချက် (၇-ချက်) အား ရေးဆွဲလေ့ကျင့်ထားပြီး အရောင်းမြင့်တင်မှုများကို ဆောင်ရွက်သွားနိုင်မှာဖြစ်တာမို့ Professional Sale Team များဖြစ်ဖို့ အရောင်းမဟာဗျူဟားဖြင့် နည်းလမ်းပေးတင်ပြလိုက်ပါတယ်။

Don't Sell your Product First, Sell your Relationship First!
ထုတ်ကုန်ကို ဦးစွာမရောင်းပါနဲ့၊ ရင်းနှီးမှုကို ဦးစွာရောင်းပါ။
ရင်းနှီးမှုဖြင့် အရောင်းအ၀ယ်ကို ပိုမိုတိုးတက်စေနိုင်ပါလိမ့်မယ်။

Be A Sale Mastery!

ဆန္ဒမွန်ဖြင့်

ဇင်ဖြိုးပိုင် (MESI)
Nationwide Speaker – Best Seller Author – Business Specialist

***အဲစကားလေးကကိုယ်တွေ့ပါအားနာပြီးသနားတတ်တော့နောက်ဆုံးကိုယ်ပဲ့ခံစာရးတာပါပဲ့ဒါကြောင့်ယုံအကြည်မလွယ်မိပါစေနဲ့နော်****
15/12/2017

***အဲစကားလေးကကိုယ်တွေ့ပါအားနာပြီးသနားတတ်တော့နောက်ဆုံးကိုယ်ပဲ့ခံစာရးတာပါပဲ့ဒါကြောင့်ယုံအကြည်မလွယ်မိပါစေနဲ့နော်****

အဟောင်း
07/10/2017

အဟောင်း

07/10/2017

အပြင်မှာဆိုရင်တော့လှည့်မကြည့်နဲ့
ပြေးသာပြေးတော့

အရမ်း အရမ်းကို ကောင်းလွန်းလို့ ဘာသာပြန်ပေးလိုက်ပါတယ်....." မင်း သိပ်စိတ်ညစ်နေရင် ပျော်စရာတွေပြောတက်တဲ့ လူပျော် ကြီးတွေဆီ...
07/10/2017

အရမ်း အရမ်းကို ကောင်းလွန်းလို့ ဘာသာပြန်ပေးလိုက်ပါတယ်.....

" မင်း သိပ်စိတ်ညစ်နေရင် ပျော်စရာတွေပြောတက်တဲ့
လူပျော် ကြီးတွေဆီသွားပေါ့ကွာ....."

တစ်နေ့ လူတစ်ဦး ဆရာဝန် ဆီ ရောက်လာပါတယ်။

သူ့မျက်နှာက ညှိုးနွမ်းနေပြီး အဝတ်အစား တွေကလဲ
သပ်သပ်ရပ်ရပ် မရှိပါဘူး။
ဆောင်းထားတဲ့ ဦးထုတ် အဝိုင်းကလဲ ခပ်ကြေကြေနဲ့။
မိုးရွာထဲ ထီးမဆောင်းလာခဲ့လို့လားမသိ၊
သူ့ကုတ်အင်္ကျီပေါ်မှာ စိုထိုင်းထိုင်း ရေစက်ရာတွေတောင် ရှိသေး။

အားလျော့နေတဲ့ မျက်လုံးတစ်စုံနဲ့ ဒီလူက ဆရာဝန်ကို ပြောပါတယ်။

" ဒေါက်တာ၊ ကျွန်တော် စိတ်ဓါတ်ကျပြီး အရမ်းထိုင်းမှိုင်းနေတယ်ဗျာ "

ဒီလိုဆိုတော့ ဆရာဝန်က ဆက်ပြောပါဆိုတဲ့ အနေနဲ့.. ခေါင်းဆက်ပြတယ်။ သူက ထပ်ပြောတယ်။

" လူ့ပတ်ဝန်းကျင်က ကြင်နာမှုတွေ နည်းပါးသလိုပဲ၊
ကျွန်တော် ဒီလို ပတ်ဝန်းကျင်မှာ နေရတာ သိပ်အထီးကျန်တယ် ခံစားရပြီး အဓိပ္ပါယ်မဲ့နေတယ်....
ဒီစိတ်တွေနဲ့ လေးလံပြီး ညတွေလဲ အိပ်မပျော်ဘူး ဒေါက်တာ "

ဟိုး.........အတိုင်းအဆမရှိ ကျယ်ပြောတဲ့ ပင်လယ်ပြင်ကြီးမှာ ဦးတည်ရာမဲ့နေတဲ့ လှေငယ်တစ်စင်းအလားဖြစ်နေသူ သူ့ကို
ဆရာဝန်က ပုခုံးပုတ်ပြီး အားတက်သရော ပြန်ပြောပါတယ်။

" အိုဗျား၊ ခင်များလို လူမျိုးအတွက် ကျုပ်မှာ သတင်းကောင်းရှိတယ်.. ခင်များ PAGLIACCI ဆိုတဲ့ လူရွှင်တော်ကြီးကို ကြားဖူးသလား,.? ကျုပ်တို့မြို့ကို ရောက်နေတယ်ဆိုပဲဗျ...
ကျုပ်တောင် တစ်ခါမှ မကြည့်ဖူးပေမယ့် သိပ်ရယ်ရတယ်လို့
နာမည်ကြီးတာ သွားကြည့်မယ်လို့လဲ စိတ်ကူးထားတယ်။

ခင်များလည်း သွားကြည့်သင့်တယ်.. ဒါဆို သက်သာသွားမယ် ထင်တယ် "

ဆရာဝန်က သူ့စကားအဆုံးမှာ လူနာအခြေအနေကို အကဲခတ်လိုက်တယ်... လူနာက

" အဲဒီ PAGLIACCI ဆိုတာ ကျွန်တော်ပါ ဒေါက်တာ "

ဆရာဝန် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ဆက်လက် အကြံပေးဖို့လဲ ဆွံ့အလို့ ၊
တခြား စိတ်ပညာဆိုင်ရာ ဆရာဝန်ဆီ ညွှန်းရုံကလွဲပြီး
ဆရာဝန်လဲ မပြောတတ်တော့။

ဒါနဲ့ပဲ နောင် နှစ်ရက်အကြာမှာ ဆရာဝန်ဟာ PAGLIACCI ရဲ့ပွဲကို သွားကြည့်ပါတယ် ....။
ဒီလူရွှင်တော်ကြီးဟာ စင်ပေါ်မှာ သိပ်တက်ကြွနေပြီး သူ့အနုပညာကြောင့် အောက်ကလူတွေလည်း
တဝါးဝါးနဲ့ သဘောတွေကျလို့။

သူ့ကို ကုပေးတဲ့ ဆရာဝန် တစ်ယောက်သာ PAGLIACCI ရဲ့ မျက်နှာဖုံးအောက်က အထီးကျန်ခြင်းကို ခံစားရမယ်ထင်တယ်။

ဒီလိုနဲ့ လ အနည်းငယ်အကြာမှာ .....
လူရွှင်တော်ကြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားကြောင်း သတင်းတစ်ပုဒ်ကို ဆရာဝန်ဖတ်လိုက်ရပါတယ်။

" သူများကို ပျော်စေသူတွေ ဝမ်းနည်းတော့ ဘယ်သူချော့ပေးသလဲ "

ဒီမေးခွန်းနဲ့ အတူ ဖတ်လက်စ သတင်းစာကို
ဆရာဝန်လဲ လက်က ချလိုက်ပါတော့တယ်။

***********

လူတိုင်း ကို ပျော်အောင် သင်တို့ ထားပေမယ့် ...
သင်တို့နောက်က ဝမ်းနည်းခြင်းကို ဘယ်သူများ သိသလဲ ???

ဒီနေ့ညတော့ ဒီမေးခွန်းလေးနဲ့တင် အတွေးလည်တော့မယ် ထင်ပါတယ်။

Credit :

စာ မဖတ်/မကျက် ချင်ဘူး... ပညာ မသင်ချင်ဘူး ပညာတတ်ကြီးတော့ ဖြစ်ချင်ပါတယ် ဆိုတဲ့ အခုခေတ် လူငယ်တစ်ချို့ကို ရည်ရွယ်ရေးသားထားပါ...
07/10/2017

စာ မဖတ်/မကျက် ချင်ဘူး... ပညာ မသင်ချင်ဘူး
ပညာတတ်ကြီးတော့ ဖြစ်ချင်ပါတယ် ဆိုတဲ့ အခုခေတ် လူငယ်တစ်ချို့ကို ရည်ရွယ်ရေးသားထားပါတယ်.. ...

🎓 ပညာရှိကြီး 🎓

************

တစ်ခါက အိန္ဒိယပြည်၊ ဒေလီမြို့တွင် ပုဏ္ဏားကြီးတစ်ဦး ရှိသည်။
ထိုပုဏ္ဏားကြီးသည် ချမ်းသာ ကြွယ်ဝပြီး အိမ်ကြီးတစ်ဆောင်ကိုလည်း ပိုင်ဆိုင်သည်။
သူ့ဘဝတွင် ဘာမျှ လိုလေသေးမရှိအောင် ပြည့်စုံသူ ဖြစ်သည်။
သို့သော် သူသည် မကျေနပ်။
သူ့ကို အများက ပညာရှိကြီးဟု ခေါ်ဝေါ်စေချင်သည်။

🎓 ပညာရှိဟူသည် စာတတ်ရုံမက ဘာသာရေးကိစ္စများနှင့်
အခြားကိစ္စများတွင် အသိဥာဏ်ဗဟုသုတ ကြွယ်ဝသူ ဖြစ်ရပေမည်။🎓

ပုဏ္ဏားကြီးမှာ ဥာဏ်ထိုင်းသူ ဖြစ်သဖြင့် ....
သူမျှော်လင့်သလို ပညာရှိဖြစ်လာရန် မလွယ်ပေ။
သူသည် တတ်ကျွမ်းနားလည်သော နာမည်ကျော် ဆရာများထံတွင် ချဉ်းကပ်၍ စာသင်ကြားသည်။
သို့သော် တစ်နေ့လုံး သင်ယူထားသမျှ စာတို့မှာ ညဘက်ရောက်သည်နှင့် အားလုံး မေ့ကုန်တော့သည်။
သို့ဖြစ်၍ နောက်တစ်နေ့ နံနက်ရောက်လျှင် ယမန်နေ့က စာများကို တစ်ဖန်ပြန်၍ သင်ရပြန်တော့သည်။
ဤသို့ ဖြစ်သည်မှာ တစ်နေ့လည်း မဟုတ်၊ နှစ်နေ့လည်း မဟုတ်၊ နေ့စဉ်ပင် ဖြစ်နေသည်။

နောက်ဆုံးတွင် ပုဏ္ဏားကြီးနှင့် သူ့ဆရာတို့သည် စာသင်သောအလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

သို့သော် ပုဏ္ဏားကြီး၏ ပညာရှိ ဖြစ်လိုသော
မျှော်လင့်ချက်မှာ မကုန်ဆုံးသေးပေ။
သူ၏ မိတ်ဆွေအချို့ထံ ချဉ်းကပ်၍ အကြောင်းစုံကို ပြောပြသည်။
သူ၏ မိတ်ဆွေများက ဘုရင်၏ ပညာရှိအမတ်ကြီးထံ သွားရောက် အကြံဥာဏ်တောင်းခံရန် ပြောကြသည်။

သို့ဖြင့် ပုဏ္ဏားကြီးသည် အမတ်ကြီးထံ ထွက်လာခဲ့သည်။
အမတ်ကြီးသည် နဂိုကတည်းကပင် ပုဏ္ဏားများအား ရိုသေလေးစားသူ ဖြစ်သည့်အတိုင်း....
ပုဏ္ဏားကြီးအား ကောင်းစွာ ခရီးဦး ကြိုပြုသည်။
ထို့နောက် အကြောင်းစုံကို မေးမြန်းသည်။
ပုဏ္ဏားကြီးလည်း သူငယ်စဉ်မှစပြီး ပညာရှိကြီး ဟု
အခေါ်ခံချင်ခဲ့ကြောင်း ပြောပြသည်။

အမတ်ကြီးက-
"ပုဏ္ဏားကြီး စာပေ သင်ကြားဖူးပါသလား"... ဟု မေးသည်။

ပုဏ္ဏားကြီးက-
" စာသင်တဲ့အလုပ်က ကျွန်ုပ်နဲ့ အကျိုးမပေးပါဘူး။
ဘယ်လောက် သင်သင် မှတ်ကို မမှတ်မိဘူး။
နောက်ဆုံးတော့ ဆရာတွေရော ကျွန်ုပ်ပါ စာသင်တဲ့အလုပ်ဟာ အချိန်ကုန်၊ ငွေကုန်ဖြစ်ရတယ်ဆိုပြီး စွန့်လွှတ်လိုက်ကြပါတယ်".. ဟု ပြန်ဖြေသည်။

အမတ်ကြီးက-
" ဒီလိုဆိုရင် ဘယ်လိုလုပ်ပြီး ပညာရှိကြီး ဖြစ်နိုင်ပါ့မလဲ "... ဟု ပြောသည်။

ပုဏ္ဏားကြီးက-
" အဲဒါကြောင့် အမတ်ကြီးထံကို အားကိုးတကြီး လာခဲ့ရတာပါ။
သင် ကျွန်ုပ်ကို မကူညီနိုင်ဘူးလား...?". ဟု မေးသည်။

အမတ်ကြီးလည်း စာမသင်ဘဲ ပညာရှိကြီး မဖြစ်နိုင်ကြောင်း ရှင်းပြသည်။
ပုဏ္ဏားကြီးက-
" ကျွန်ုပ်က ပညာရှိကြီးလို့သာ အခေါ်ခံချင်တာ တစ်ခုပါပဲ။
စာတော့ မသင်နိုင်ပါဘူး...".. ဟု သူ့ဆန္ဒကို ဖွင့်ဟသည်။

အမတ်ကြီးက-
" ဒါဆိုရင် ခင်ဗျားရဲ့ ဆန္ဒက ခင်ဗျားဟာ ပညာရှိ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အများက ပညာရှိကြီးလို့ ခေါ်ရင် ပြီးရော ဆိုပါတော့..." ဟု ပြန်မေးလိုက်သည်။

ပုဏ္ဏားကြီးက-
" ဟုတ်ပါတယ်၊ တကယ်လို့ အမတ်ကြီးကသာ ကူညီမယ်ဆိုရင် အမတ်ကြီးရဲ့ ကျေးဇူးကို
ကျွန်ုပ် တစ်သက်လုံး ဘယ်တော့မှ မမေ့တော့ပါဘူး...". ဟု ပြန်ပြောသည်။

အမတ်ကြီးက-
" ကျွန်ုပ် အနေဖြင့် ပုဏ္ဏားကြီးကို ပညာရှိ ဖြစ်လာအောင် ပြုလုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ပညာရှိကြီးလို့ အခေါ်ခံရအောင်တော့ လုပ်ပေးနိုင်ပါတယ်..." ဟု ပြောလိုက်လေသည်။

ပုဏ္ဏားကြီးလည်း သဘောကျသွားသည်။

သို့ဖြင့် ပုဏ္ဏားကြီး ပြန်သွားသောအခါ
အမတ်ကြီးသည် လမ်းပေါ်တွင် ကစားနေသော ကလေးများအား လှမ်း၍ ခေါ်သည်။
ကလေးများ ရောက်လာလျှင် အမတ်ကြီးက-

" ကလေးတို့၊ အခုထွက်သွားတဲ့ လူရဲ့ နောက်ကလိုက်ပြီး ပညာရှိကြီးလို့ အော်ခေါ်ကြစမ်း..." ဟု ပြောလိုက်သည်။

ကလေးများက-
" ဘာကြောင့်လဲ..." ဟု မေးကြသည်။

အမတ်ကြီးက-
" အဲဒီလိုသာ ခေါ်စမ်းပါ၊ ဘာဖြစ်မလဲဆိုတာ သိရမှာပေါ့..." ဟု ပြန်ပြောသည်။

ကလေးများလည်း ပုဏ္ဏားကြီး၏ နောက်မှ လိုက်ကာ-
" ပညာရှိကြီး... ခဏရပ်ပါဦး..." ဟု အော်ပြောကြသည်။

ပုဏ္ဏားကြီးလည်း ရပ်တန့်၍ တုတ်ကို မြှောက်ကာ ရိုက်နှက်မည့်ဟန် ပြုသည်။
နှုတ်ကလည်း ဒေါသတကြီး ရေရွတ်သည်။

သို့သော် ကလေးများက မရပ်၊ သူ့အား ပညာရှိကြီး ဟုသာ
တိုး၍ ခေါ်ကြသည်။
ကလေးများသည် ဤသို့ ပြုရသည်ကို နှစ်သက်ကြသည်။

အနီးမှ ဖြတ်သွားသော လူအချို့ကလည်း
ဤအဖြစ်ကို ဝိုင်းဝန်း ကြည့်နေကြသည်။
ထို့နောက် သူတို့လည်း ကလေးများနှင့်အတူ ရောနှောလိုက်ပါကာ ပညာရှိကြီး ဟု ဝိုင်းဝန်း ခေါ်ကြသည်။

ပုဏ္ဏားကြီးလည်း အလွန် စိတ်ဆိုးသည်။ သို့သော် ဘာမျှ မတတ်နိုင်ပေ။
အထူးသဖြင့် လမ်းတစ်လျှောက်လုံးရှိ လူများက
သူ့အား ပညာရှိကြီး ဟု ခေါ်ကြခြင်းကို လုံးဝ မတားဆီးနိုင်ပေ။

နောက်တစ်နေ့သို့ ရောက်၍ ...
ပုဏ္ဏားကြီးအား လမ်းပေါ်တွင် တွေ့သောအခါ တွေ့သမျှ
လူတိုင်းက ပညာရှိကြီး ဟု နောက်မှလိုက်၍ ခေါ်ကြသည်။

ဤသို့ဖြင့် ရက်သတ္တတစ်ပတ်ခန့် ကြာသွားသည်။
ပုဏ္ဏားကြီးလည်း ဒေါသ ဖြစ်ရလွန်း၍ မောပန်းလာသည်။
သို့သော် မည်သို့မျှ မတတ်နိုင်တော့ပေ။

ထိုနေ့မှစ၍ လူတိုင်းက သူ့အား ပညာရှိကြီး ဟူ၍သာ ခေါ်ကြလေတော့သည်။။။

" The End "
🎓🎓🎓🎓🎓🎓🎓🎓🎓🎓

Credit to #လယ်တော်ပျိုးခင်း.

ကမ္ဘာ့အဆင်းရဲဆုံး လူတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး ကမ္ဘာကျော်သမ္မတ ဖြစ်လာခဲ့သူတစ်ဦး👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇သူ့ကို စတင်မွေးဖွားခဲ့...
07/10/2017

ကမ္ဘာ့အဆင်းရဲဆုံး လူတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး ကမ္ဘာကျော်သမ္မတ ဖြစ်လာခဲ့သူတစ်ဦး
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

သူ့ကို စတင်မွေးဖွားခဲ့တာ သစ်လုံးအိမ်စုတ်လေးထဲက အခန်းတစ်ခန်းရဲ့ ညစ်ပတ်နေတဲ့ ကြမ်းပေါ်မှာပါ။

သူ့ရဲ့ဖခင်ဟာ စာမတတ်ရှာတဲ့အတွက်
ကိုယ်ပိုင်လက်မှတ်လေးတောင် ထိုးနိုင်သူ မဟုတ်ခဲ့ပါဘူး။
သူဟာ ဖခင်ရဲ့မကြာခဏရိုက်နှက်ခြင်းကိုခံရပြီး
သူ့အသက် ကိုးနှစ်အရွယ်မှာတော့ မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပါတယ်။
သူဟာ သူ့မြို့ငယ်လေးမှာ စာပို့သမားအဖြစ် အသက်မွေးရင်း
တစ်နှစ်ကို ၅၅ ဒေါ်လာရရှိပါတယ်။
ဒါ့အပြင် ဖခင်ဖြစ်သူက စာမတတ်တာကြောင့် သူ့ရဲ့ပညာရေးအသက်ဆက်နိုင်ဖို့ အတွက် တခြားတောက်တိုမယ်ရ အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ရတယ်။

အလုပ်တွေလုပ်ရင်းနဲ့ ခင်မင်စရာကောင်း သူ၊ ပျော်တတ်သူ၊ နှစ်လိုဖွယ်ကောင်းသူအဖြစ် ....
သူ့မြို့လေးမှာ အသိအကျွမ်းများ လာခဲ့တယ်။
အိမ်ကနေထွက်ခွာပြီး အဝေးမှာနေနေခဲ့ချိန်မှာ မိန်းမငယ်လေးတစ်ယောက်နဲ့ ချစ်ကျွမ်း ဝင်ခဲ့တယ်။
ဒါပေမဲ့ မကြာခင်မှာဘဲ မိန်းကလေးက
နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့ရှာပါတယ်။
သူဟာ ချစ်သူမရှိတော့တဲ့ဘဝမှာ ဆက်လက် အသက်ရှင်လိုစိတ်
မရှိတော့အောင် အကြီးအကျယ်စိတ်ထိခိုက် ခဲ့ရပါတယ်။
ဒါပေမဲ့ ပညာရေးကို အပျက်မခံဘဲ ဆက်လက်ကြိုးစားခဲ့ရာမှာ ရှေ့နေတစ်ယောက်ဖြစ် လာခဲ့တယ်။
သူဟာ စိတ်ဓာတ်တက်ကြွရမယ့်အစား စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ အထိ စဉ်းစားခဲ့တယ်။

နောက်တော့ သူဟာ အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဆီးနိတ်လွှတ်တော်မှာ အမတ်အဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ .....
နှစ်ကြိမ်တိုင်အောင် ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ယောက်မြောက်သမ္မတ ဖြစ်လာခဲ့တယ်။
သူ့အမည်ကတော့ ဒီနေ့မှာ တစ်ကမ္ဘာလုံးသိကြတဲ့ "အမေရိကန်သမ္မတကြီး အီဗရာဟယ်လင်ကွန်း" ပဲဖြစ်ပါတယ်။

အရှုံးတွေများပေမယ့် အရှုံးမပေးဘဲ ဘဝ အောက်ခြေကနေ နိုင်ငံတော်သမ္မတကြီးဖြစ်တဲ့အထိ ဇွဲအပြည့်နဲ့ကြိုးစားခဲ့တ
ဲ့ " အီဗရာဟယ်လင်ကွန်း "ရဲ့ဘဝဇာတ်လမ်းက
စာချစ်သူတို့အတွက် စိတ်ဓာတ်ခွန် အားတွေပေးနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။

Credit to

တစ်ခါက ကောင်လေးတစ်ယောက်ဟာကြက်ဥတွေ အများကြီးကို ထည့်ထားတဲ့ကဒ်ပြားတွေကိုတင်ဆောင် ပြီး စက်ဘီးတစ်စီးကို စီးနင်းနေခဲ့ တယ်။ ကေ...
07/10/2017

တစ်ခါက ကောင်လေးတစ်ယောက်ဟာကြက်ဥတွေ အများကြီးကို ထည့်ထားတဲ့ကဒ်ပြားတွေကိုတင်ဆောင် ပြီး စက်ဘီးတစ်စီးကို စီးနင်းနေခဲ့ တယ်။

ကောင်လေးဟာ ကြက်ဥတွေကို ကြက်ခြံကနေ ယူပြီး ကုန်စုံဆိုင်ရှင်ဆီကို သွားပို့ရမှာပဲဖြစ်တယ်။ သူ့အရွယ်နဲ့စာရင် ကြက်ဥကတ်တွေဟာများလွန်း တယ်လို့ ထင်ရပေမယ့်လည်း သူ့အတွက်တော့ နေ့စဉ်လုပ်ဆောင်နေရတဲ့အလုပ်တစ်ခုပဲဖြစ်တယ်။

အဲဒီလိုနဲ့ကောင်လေးဟာလူစည်ကားရာဈေးတစ်ခု ရှေ့ကိုရောက်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာပဲ ကောင်လေးရဲ့စက်ဘီးဟာ ကျောက်တုံးတစ်ခုကို နင်းမိပြီး မှောက်သွားခဲ့တယ်။

အရှိန်နဲ့နင်းလာတဲ့အတွက်လည်း စက်ဘီးပေါ်မှာ ပါသမျှ ကြက်ဥကတ်တွေဟာ တစ်စစီပြန့်ကြဲ လွင့်စင်ကုန်ကြ ပြန်တယ်။ကောင်လေးရဲ့အပေါ်မှာလည်းစက်ဘီးပိနေတဲ့အတွက် အတန်ကြာအောင် မထနိုင်ဘဲ ဖြစ်နေပြန် တယ်။

အဲဒီလို ကောင်လေးအဖြစ်ကိုမြင်ကြတဲ့အခါဈေးထဲ က ဈေးသည်တွေဟာ ပြေးလွှားဝိုင်းအုံလာကြ တယ်။ ကောင်လေးကိုစက်ဘီးအောက်ကထုတ်ယူ ပြီး ပေကြံနေတဲ့ရွှံ့နဲ့အညစ်အကြေးတွေကိုဝိုင်းဝန်း သုတ်သင်ပေးကြတယ်။

"စက်ဘီးကို ဂရုစိုက်ပြီးနင်းမှပေါ့ကွ" လို့ ဈေးသည်တစ်ယောက်ကပြောခဲ့တယ်။

"၀န်တင်လာရင် အမြန်မနင်းနဲ့လေ ကလေးရဲ့" လို့နောက်တစ်ယောက်ကပြောပြန်တယ်။

"မင်းအဲလိုနင်းရင် တစ်နေ့နေ့တာ့ မသာပေါ်မှာပဲ" လို့ အခြားတစ်ယောက်က ၀င်ပြောပြန်တယ်။

အဲဒီလိုပြောစကားတွေကိုကြားတဲ့အခါကောင်လေး က ၀မ်းနည်းလာပြန်တယ်။ ပြီးတဲ့အခါ...

"ဒုက္ခပါဘဲဗျာ။ ဆိုင်ရှင်သိရင်တော့ ကျွန်တော် အလုပ်ပြုတ်မှာဘဲ။ အရိုက်မခံရရင်တောင် ကံကောင်းဗျာ"
လို့ပြောပြီး စတင်ငိုကြွေးတော့တယ်။

အဲဒီလို ကောင်လေးငိုကြွေးနေတဲ့အခိုက်မှာပဲ။ လူကြီးတစ်ဦးဟာ လူအုပ်ထဲက ထွက်လာခဲ့တယ်။

"ခင်ဗျားတို့ဗျာ။ ကိုယ့်သားအရွယ်လေး မတော် တဆဖြစ်ပြီး ဒုက္ခရောက်နေတာကို ၀ိုင်းပြီး အပြစ် တင်နေဖို့ပဲတတ်ကြတယ်။ လူတွေဟာ ပြဿ နာ တစ်ခုဖြစ်ဆို အသုဘက ကြေးစည်ကို လိုက်အူနေ ကြတဲ့ခွေးတွေလို ၀ိုင်းအူနေကြဖို့ပဲသိတယ်။ လက်တွေ့အကူအညီပေးဖို့မစဉ်းစားကြဘူး။ ခု ကြည့်စမ်းဗျာ၊ ဒီကလေးဘယ်လောက်သနားစရာ ကောင်းလဲ။ ခင်ဗျားတို့တစ်ယောက်တစ်ပေါက်ဝိုင်း ပြောနေကြမယ့်အစား၊ တစ်ယောက် နှစ်ရာ၊သုံးရာ လောက်စီဝိုင်းထည့်လိုက်ရင် ဒီကလေး ကြက်ဥဖိုး အကုန်ပြန်ရမယ်။ သူလည်း ပိုင်ရှင်အဆူအငေါက် မခံရတော့ဘူး၊ အလုပ်လည်း ပြုတ်မှာမဟုတ်ဘူး"

လို့ပြောပြီး သူ့အိတ်ကတ်ထဲက အကြွေနှစ်ရာတန် ခပ်နွမ်းနွမ်းတစ်ရွက်ကို ထုတ်ယူပြီး ကောင်လေး လက်ထဲကို ကြင်နာစွာထည့်ပေးလိုက်တယ်။

အဲဒီလို လူကြီးရဲ့ အပြုအမူကို မြင်တဲ့အခါမှာတော့ ၀ိုင်းအုံနေကြတဲ့ဈေးသည်တွေဟာ "ဟုတ်သားပဲ" လို့ မြည်တမ်းပြီး နှစ်ရာစ၊ သုံးရာစနဲ့ ကောင်လေး ကို ၀ိုင်းဝန်းပေးကမ်းကြတယ်။ အဆုံးမှာတော့ ကောင်လေးဟာ ကြက်ဥဖိုးအကုန်ကာမိတဲ့အပြင် သူနောက်နှစ်ရက်သုံးရက်စာအတွက် ထမင်းစရိတ် ပါ ဖူလုံသွားခဲ့တယ်။ ကောင်လေးကိုလည်း...

"ဒီလူကြီးဟာ တော်တော် ပရဟိတစိတ်ရှိတဲ့ လူကြီး ပဲကလေး၊ သူသာသတိမပေးခဲ့ရင် မင်းဒုက္ခ ရောက်မှာအသေအချာပဲ၊ မင်းသူ့ကိုကျေးဇူးတင်ပါ တယ်လို့ပြောလိုက်" လို့ ပြောကြပြန်တယ်။

အဲဒီအခါကောင်လေးကလူကြီးဘက်ကိုလှည့်လိုက် တယ်။ ပြီးတော့
"ကျေးဇူးတင်ပါတယ်ဘကြီး" လို့ ၀တ်ကျေတန်းကြေပြန်ပြောလိုက်တယ်။

အဲဒီအခါမှာလည်း လူကြီးဟာ ကောင်လေးကို ဂရုဏာသက်တဲ့ အကြည့်နဲ့ကြည့်ပြီး ကောင်လေး ရဲ့ ခေါင်းကို လက်ဝါးနဲ့ပွတ်သတ်ပေးလိုက်တော့ တယ်။

နောက်တစ်နေ့မှာတော့ ကောင်လေးဟာ စက်ဘီး ကို ဂရုစိုက်ပြီး စီးနင်းခဲ့တယ်။နောက်တစ်ခါစက်ဘီး အမှောက်မခံနိုင်တာကြောင့်ဖြစ်သလို သူမငြင်း ဆန်နိုင်ဘဲ မျိုသိပ်ထားခဲ့ရတဲ့ လျှို့ဝှက်ချက် တစ်ခု ကြောင့်ရိုးသားတဲ့ဈေးသည်တွေကိုလိမ်လည်သလို ဖြစ်ခဲ့ရတယ်။ သူ့အပေါ်စေတနာထားတဲ့သူတွေကို မနစ်နာစေလိုတဲ့စိတ်ကြောင့်လည်း ဖြစ်တယ်။

တကယ်လို့သာ သူ့ကို ကူညီစေခဲ့တဲ့ လူကြီးဟာ "ကြက်ဥဆိုင်ပိုင်ရှင်" ဆိုတာကို ဈေးသည်တွေ သိသွားခဲ့ရင် သူ့အပေါ် ဘယ်လိုဆက်ဆံမလဲဆို တာကိုလည်း သူ စဉ်းစားနေမိပြန်တယ်.။

သူတို့ပေးခဲ့တဲ့ ကူညီငွေတွေကိုလည်း ဒီလူကြီး ကပဲ အကုန်ယူသွားခဲ့တယ်ဆိုတာ ဈေးသည်တွေ သိခဲ့ရင်...ဘယ်လိုခံစားရမလဲဆိုတာကို သူတွေးနေ မိပြန်တယ်။
---------------------–--------------------------------
ကျွန်တော်တို့တွေဟာကြက်ဥခြင်းနဲ့တူတဲ့လောက ရဲ့စားဝတ်နေမှုတွေကို တင်ဆောင်ပြီး စက်ဘီးစီး နင်းနေကြတဲ့ ကြက်ဥသည်တွေနဲ့ တူတယ်လို့ ဆိုရမယ်။ မိမိရဲ့ မငြင်းဆန်နိုင်တဲ့ လောက၀တ် တရားတွေကိုတင်ဆောင်ရင်းကြက်ဥသည်
ကလေး လို လောကရဲ့ ဟန်ချက်မှာ စက်ဘီးစီးနေ ကြသူတွေလို့ဆိုမယ်။အဲဒီလိုစက်ဘီးစီးနင်းနေရင်း ကံကြမ္မာကျောက်တုံးနဲ့တူတဲ့လောကဓံဆူးညှောင့် ခလုတ်တွေနဲ့ တိုက်မိတဲ့အခါ အရှိန်ပြင်းပြင်း ဖြတ်သန်း လာတဲ့ ကျွန်တော်တို့ရဲ့ ဘ၀စက်ဘီး ပေါ်က စားဝတ်နေရေး၊ အလုပ်အကိုင်နဲ့ ငွေကြေး တွေဟာ တစ်စစီ လွင့်ထွက်ကွဲကြေကုန်တတ် ကြတယ်။ အဲဒီလို ကွဲကြေလွင့်ထွက်တဲ့အပြင် ကောင်လေးရဲ့စက်ဘီးပိခြင်းနဲ့တူတဲ့ ၀န်ထုပ်ဝန်ပိုး၊ အကြွေးတွေ တသီကြီးဟာ ကျွန်တော်တို့ဘ၀ကို နလံမထူအောင် ဖိစီးကြပြန်တယ်။

အဲဒီလို မိမိဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျခြင်းတွေ ကြုံ လာတဲ့အခါ ဈေးသည်တွေနဲ့တူတဲ့ ကျွန်တော်တို့ကို ကူညီလိုတဲ့မိတ်ဆွေ၊ အပေါင်းအသင်း၊မိဘဆွေမျိုး တွေရှိနေကြသလို၊ ကျွန်တော်တို့ရဲ့ကျရှုံးခြင်း အပေါ် ကူညီယောင်ပြပြီး အမြတ်ထုတ်တတ်ကြတဲ့ "ကြက်ဥဆိုင်ရှင်" လို လူစားမျိုးတွေလည်း ရှိနေ တတ်ကြတယ်လို့ ဆိုလိုတာပဲဖြစ်တယ်။

အဲဒီလို အဖက်ဖက်က နိမ့်ပါးလာတဲ့အပေါ် အခွင့် အရေးယူအမြတ်ထုတ်တတ်ကြသူများဟာ အနည်း ငယ်သောငွေကြေးကိုစိုက်ထုတ်ပြီး"ကူညီတတ်သူ" "ကျေးဇူးရှင်" ဆိုတဲ့ ဂုဏ်ပုဒ်ကို ယူတတ်ကြ တယ်လို့ဆိုကြရမယ်။ အဲဒီ ဂုဏ်ပုဒ်ကို ခုတုံးလုပ် ပြီး လျှော်ကြေးငွေအကုန်သိမ်းတတ်တဲ့ ကြက်ဥ ဆိုင်ရှင်လို ကျွန်တော်တို့ဘ၀တစ်ခုလုံးမှာ ရရှိလာ တဲ့ အောင်မြင်မှု၊ ငွေကြေး စတဲ့အရာတွေကိုလည်း ကျေးဇူးရှင်ဆိုတဲ့ အမည်အောက်မှာ သွတ်သွင်းပြီး အမြဲတမ်းအမြတ်ထုတ်ဖို့ ကြံစည်နေကြလိမ့်မယ် လို့ဆိုတယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့....

Sometimes what appears to be a clap on the back is actually a slap on the face.

ကိုယ့်ကို အားပေးနေတဲ့ လက်ခုပ်သံတွေဟာ ကိုယ့်မျက်နှာကို ဖြတ်ရိုက်နေတဲ့ ရိုက်ချက်တွေလဲ ဖြစ်နေတတ်တယ်။

အခွင့်အရေးသမားနဲ့တူတဲ့လူတွေဟာလည်းတကယ်တမ်း မှာ တော့ မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက် ကိုင်ထားကြတဲ့"ကြောင်သူတော်"တွေပဲဖြစ်တယ်...

Credit to original

Address

Thingangyun
Yangon

Website

Alerts

Be the first to know and let us send you an email when Aqua Logic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share