20/09/2021
အလှအပဆိုင်ရာ အစားအစာနှင့် ဗီတာမင်များ
(Beauty Food & Vitamins)
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ "You are what you eat" ဆိုတဲ့ စကားအတိုင်းပဲ အားလုံး တပ်မက်တောင့်ပကြတဲ့ တောက်ပတဲ့ အသားအရေနှင့် ကျန်းမာတဲ့ ဆံပင်ကို ပိုင်ဆိုင်ဖို့ နေ့စဉ် ခန္ဓာကိုယ်ထဲ ထည့်သွင်းစားသောက်လိုက်တဲ့ အစားအသောက်တွေပေါ်မှာ လုံးဝမူတည်နေပါတယ်။ ကျန်းမာတဲ့ ဆံပင်နှင့် အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွမ်းကျင်သူများထံမှ diet tips အချို့ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
✅ ရုပ်အသွင်အပြင်နှင့် ပတ်သတ်၍ စားဖို့ အဆိုးဆုံးအရာတွေကတော့ ....
♦️ အဆီများတဲ့ အစားအစာများ (အထူးသဖြင့် အသားမှရသော အဆီ)
♦️ အဆီဓာတ်ပြည့်ဝသော နို့ထွက်ပစ္စည်းများ
♦️ ပြုပြင်ထားသော အစားအစာများ (processed foods)
♦️ သန့်စင်ထားသော အစေ့အဆံများ (refined grains)
♦️ အလွန်အကျွံထည့်ထားသော သကြား
♦️ Alcohol
♦️ ငန်သော အစားအစာများ ဖြစ်ပါတယ်။
✅ Elizabeth Somer (M.A., R.D., and author of Eat Your Way to Happiness) ကတော့ နေ့စဉ်စားသုံးသင့်တဲ့ အစားအသောက် ပမာဏနဲ့ ပတ်သက်ပြီး အောက်ပါလမ်းညွှန်ချက်များကို လိုက်နာဖို့ အကြံပြုထားပါတယ်။
✅ အရောင်အသွေးစုံလင်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အနည်းဆုံး (၉) ခု
♦️ 100% whole grains ကို (၅) ခါနှင့်အထက်
စားပေးခြင်း
♦️ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ
(၃) ခါစားပေးခြင်း
♦️ အဆီအရမ်းနည်းသော အနီရောင်အသား၊ ကြက်
ရင်ပုံသား၊ ပင်လယ်စာ၊ legumes ကဲ့သို့ zincနှင့်
သံဓာတ် ကြွယ်ဝသော အစာများ (၂) ခါစားပေးခြင်း
♦️ ရေအနည်းဆုံး (၈) ခွက် သောက်ပေးခြင်း
♦️ The brighter, the better
✅ ကုန်စုံဆိုင်မှာ အစားအသောက် ၀ယ်ယူတဲ့အခါမှာ ယေဘုယျအားဖြင့် အရောင်ပိုမိုတောက်ပလေ၊ antioxidants ပါဝင်မှု များပြားလေဖြစ်ကြောင်း သတိရဖို့ Palm Beach Medical မှ ဒေါက်တာ Angela Vecellio က ဆိုပါတယ်။
✅ ဥပမာ - ငရုတ်ပွသီးကို ကြည့်မယ်ဆိုရင် အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်နှင့် အဝါရောင် အရောင်လေးမျိုးဖြင့် လာသော်လည်း အဝါရောင်ငရုတ်ပွသီးမှာ အစိမ်းရောင်ထက် ၃၀ ရာခိုင်နှုန်းပိုသော antioxidants များရှိပါတယ်။ Antioxidants ရနိုင်တဲ့ အခြား အရင်းအမြစ်တွေကတော့ ဘယ်ရီသီးတွေပဲ ဖြစ်ပါတယ်။ (blueberries, raspberries, strawberries, blackberries and cranberries).
♦️ အရေးအကြီးဆုံးသော အလှအပဆိုင်ရာ
အစားအစာများ
✅ အသီးအရွက်တွေမှာ ပါဝင်တဲ့ ရေဓာတ်ဟာ အသားအရေအတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ natural moisturizer အဖြစ် ဆောင်ရွက်ပေးပါတယ်။ အာဟာရဓာတ် လုံလုံလောက်လောက် မရရှိပါက အသားအရေ၊ ဆံပင်နှင့် လက်သည်းများအပြင် အာဟာရဓာတ် ထောက်ပံ့ပေးပြီး စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးတဲ့ သွေးလည်ပတ်မှုမှာ ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။
🔶 Antioxidants: ဆဲလ်တွေ အရွယ်မတိုင်ခင် အိုမင်းခြင်းကို ဖြစ်စေတဲ့ free-radical ပျက်စီးမှုကို ထိန်းသိမ်းရန်အတွက် လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှ antioxidants ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် အရောင်အသွေး စုံလင်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ နေ့တိုင်းစားပေးဖို မမေ့ပါနဲ့။
🔶 Zinc: ကော်လဂျင်ဖွဲ့စည်းမှုမှာ ပါဝင်ခြင်းဖြင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။
🔶 B-vitamins: ကျန်းမာသော အသားအရေအတွက် ဗီတာမင်ဘီ လုံလောက်စွာ သုံးဆောင်ပေးဖို့ အရေးကြီးပါတယ်။
🔶 Vitamin A: အရေပြားဟာ ခန္ဓာကိုယ်ပေါ်ရှိ အကြီးဆုံး epithelial တစ်သျှူးဖြစ်ပြီး အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အေဟာ epithelial တစ်သျှူးများ ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။
🔶 Vitamin C: အရေပြား တင်းရင်းနုပျိုဖို့ လိုအပ်တဲ့ ကော်လဂျင်ထုတ်လုပ်မှုမှာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီး၊ သခွားသီး၊ ငရုတ်ပွသီး၊ broccoli နှင့် အာလူးတို့မှာ ပါဝင်ပါတယ်။
🔶 Beta-carotene: နေလောင်တာကြောင့် ဖြစ်တဲ့ free radical တွေကို ချေမှုန်းပေပြီး ကျန်းမာတဲ့ အသားအရေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက်၊ ကန်စွန်းဥ၊ butternut squash နှင့် အခြားလိမ္မော်ရောင်နှင့် အစိမ်းရောင် အသီးအနှံများမှာ ပါဝင်ပါတယ်။
🔶 Omega-3s: အရေပြား ပုံမှန်လုပ်ဆောင်မှုအတွက် လိုအပ်ပါတယ်။ ဂေါ်ဖီထုပ်မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
🔶 Water and potassium: အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။ အသီးအရွက်အများစုမှာ ပါဝင်ပါတယ်။
♦️ Biotin ရဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ
✅ Biotin ဆိုတာ အသားအရေ၊ ဆံပင်နှင့် လက်သည်းခြေသည်းများ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ Celebrity hairstylist တစ်ယောက်ဖြစ်တဲ့ Julia Papworth က biotion သုံးဆောင်တဲ့ ပမာဏ မြှင့်တင်ပေးခြင်းက ဆံပင်နှင့် လက်သည်းများကို သန်မာစေကြောင်း ဆိုပါတယ်။
✅ Nature‘s Bounty Optimal Solutions Hair, Skin and Nails supplement မှာတော့ biotin ပါဝင်ရုံသာမက ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်ရော လှစေဖို့အတွက် Vitamins A, C နှင့် E တို့ ပါဝင်တာကြောင့် နေ့စဉ် သုံးဆောင်သင့်တဲ့ biotin ပမာဏလုံလောက်စေဖို့ သေချာတဲ့ နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။
♦️ အသားအရေနှင့် ဆံပင် ကျန်းမာစေတဲ့ အစားအစာများကို နေ့စဉ်အစားအသောက်ထဲ လွယ်ကူစွာ ပေါင်း
ထည့်နည်းများ
✅ အမြဲတမ်း ကျန်းမာစွာ စားသောက်နေထိုင်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒီအတွက် အလုပ်အများဆုံး အမျိုးသမီးများတောင် အလွယ်တကူ လိုက်နာနိုင်မယ့် အရေပြားနှင့် ဆံပင် အကျိုးပြု အစားအစာများ စားသောက်နေထိုင်မှုပုံစံကို Elizabeth Somer က အောက်ပါအတိုင်း အကြံပြုထားပါတယ်။
🔸 အစာစားတိုင်း အရောင်အသွေးစုံလင်တဲ့ အသီးအရွက် ၂ ခု နှင့် သရေစာစားတိုင်း အနည်းဆုံး ၁ ခု စားပေးပါ။
🔸ရိုးရိုးပေါင်မုန့်အစား 100% whole-grain bread ကို ပြောင်းလဲ စားသုံးပါ။
🔸 Sandwiches ထဲ ဟင်းနုနွယ်ရွက် တစ်ခွက်စာလောက် ထည့်စားပါ။
🔸 Spaghetti sauce ထဲ မုန်လာဥနီများ ခြစ်ထည့်ပါ။
🔸 အာလူးကြော်အစား ဖရဲသီးကို သရေစာအဖြစ်စားပါ။
🔸 ညမှာ ရေခဲမုန့်အစား frozen blueberry များကို အစားထိုးစားသုံးပါ။
🔸 သင့်ပန်းကန်ရဲ့ 75% ဟာ အသင့်စားမဟုတ်တဲ့ တကယ့်အစားအစာများနှင့်သာ ပြည့်နေရမယ့်ဆိုတဲ့ စည်းမျဥ်း သတ်မှတ်ပေးပါ။
✅ စတဲ့ နည်းလမ်းများကို လိုက်နာပေးခြင်းဖြင့် အလုပ်ရှုပ်လှတဲ့ နေ့စဉ်ဘဝမှာ ကျန်းမာလှပတဲ့ နေထိုင်စားသောက်မှုပုံစံကို ရယူလိုက်ပါ။
Source : Nature‘s Bounty
Credit : My Medicine