" ၃ရက်အတွင်း ပြန်လည်လဲလှယ်နိုင်ခြင်း "
------------------------------------------------
"ဝယ်ယူထားသောပစ္စည်း လက်ခံရရှိစဉ် ပျက်စီးနေခြင်း/ ပစ္စည်းအမျိုးအစားမှားယွင်းနေခြင်း စသည်တို့ဖြစ်ပါက ပြန်လဲလှယ်ရန် ပစ္စည်းပို့ဆောင်ပြီး ရရက်အတွင်း ဖုန်း- 09 792 933 655 / 09 792 933 665 သို့ အကြောင်းကြားပေးရန်လိုအပ်ပါသည်။
ပစ္စည်းတူအသစ်ဖြင့် အခမဲ့ ပြန်လဲနိုင်ပါသည်။ တူညီသောပစ္စည်းကို မရရှိနိုင်ပါက ပြန်အမ်းငွေပြန
်လည်ထုတ်ပေးပါမည်။ " " ပစ္စည်းကိုမလိုအပ်တော့ခြင်းကြောင့် ပြန်လဲခြင်း မပြုလုပ်နိုင်ပါ။ မလိုအပ်တော့ခြင်းဆိုသည်မှာ ပစ္စည်းကို သုံးစရာမလိုတော့၍ ပြန်ပို့လိုခြင်း၊ မဝယ်လိုတော့ခြင်း၊ ဆိုဒ်မတော်ခြင်း၊ ဖွင့်ကြည့်ပြီးမှ မကြိုက်ခြင်းတို့ ပါဝင်ပါသည်။ "
လိုအပ်သည့် အခြေအနေများ
--------------------------------
၁။ ကုန်ပစ္စည်းသည် နဂိုမူလ ထုတ်ပိုးထားသော ပုံစံရှိရပါမည်။ ဖက်ရှင်အဝတ်အထည်များကို မိမိနှင့်ကိုက်ညီမှုရှိမရှိ စမ်းသပ်ဝတ်ဆင်ကြည့်နိုင်သော်လည်း ဝယ်ယူစဉ်က အတိုင်းအထုတ်အပိုးနှင့် ပုံစံမပျက်ရှိရပါမည်။ ဝယ်ယူစဉ်ကအတိုင်း အသစ်အခြေအနေမရှိသောကုန်ပစ္စည်းများကို ပြန်လည်ပေးပို့မှု လက်ခံမည်မဟုတ်ပါ။
၂။ ပြန်လည်ပေးပို့လိုသည့်အခါ နဂိုဝယ်ယူစဉ်ကပါရှိသော တံဆိပ်များ၊ အာမခံကဒ်ပြားများ ၊ လက်ဆောင်များ၊ အသုံးပြုရန်အညွှန်းစာအုပ်၊ တွဲဖက်ပစ္စည်းများ အစရှိသည်တို့ အပြည့်အစုံပါဝင်ရပါမည်။
၃။ ကုန်ပစ္စည်းနှင့် ထုတ်ပိုးထားသောပုံများအထုတ်များ ပျက်စီးယိုယွင်းနေခြင်း မရှိရပါ။အထုတ်အပိုးကို ပြန်လည်ပေးပို့ကြောင်းစာရွက်နှင့်တကွ ပြန်လည်ပို့ဆောင်ရပါမည်။ ထုတ်ပိုးထားသော ဘူးခွံ၊ အိတ်များပေါ်တွင် တိပ်များ စတစ်ကာများ မကပ်ရပါ။
၄။ ဖုန်း/တက်ဘလက်တို့ကို ပြန်ပို့ဆောင်လျှင် ဝယ်ယူစဉ်ကအတိုင်း ရှိရမည်ဖြစ်ပြီး အတွင်းရှိကိုယ်ပိုင်အချက်အလက်များကို ဖျက်ထားရပါမည်၊ လျှို့ဝှက်ကုဒ်များ ပေးထားခြင်းကို ပြန်ဖျက်ထားရပါမည်။ Apple စက်များအတွက် i cloud အကောင့်များ unlock ထားရပါမည်။"
အထက်ပါအချက်များနှင့် ကိုက်ညီမှုမရှိပါက ပြန်လည်ပေးပို့ခြင်း/လဲလှယ်လိုခြင်းကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပါ။
Alerts
Be the first to know and let us send you an email when Happy Polar Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.