KK King

KK King အိမ်ဆောက်ပစည်းလက်ကားဖြန့်ချီရေး

🚨 ရုတ်တရက် ရေကြီးနေချိန်မှာ ကားတွေကိုလွတ်အောင် ရွှေ့ပြုလို့မရနိုင်ဘူးဆိုရင်အရင်ဦးဆုံး ကား Battery အပေါင်း၊ အနှုတ်ကြိုးကိ...
13/09/2024

🚨 ရုတ်တရက် ရေကြီးနေချိန်မှာ ကားတွေကိုလွတ်အောင် ရွှေ့ပြုလို့မရနိုင်ဘူးဆိုရင်

အရင်ဦးဆုံး ကား Battery အပေါင်း၊ အနှုတ်ကြိုးကို ရအောင်ဖြုတ်ထားခဲ့ပါ။

အကယ်၍ Battery ခေါင်း မဖြုတ်ခဲ့ရဘူးဆိုရင်လည်း

ရေကျချိန်မှာ ကားကို ချက်ချင်းသော့ဖွင့် စက်နှိုးခြင်းများ လုံးဝမပြုလုပ်ပဲ

Battery ခေါင်းတွေကိုပဲ ဦးစွာအရင်ဖြုတ်ပြီး

လိုအပ်သည့် စစ်ဆေးပြုပြင် ဆေးကြောခြင်းများ ပြုလုပ်ပြီး ရေများ လုံးဝခြောက်သွေ့၍ စိတ်ချရပြီဆိုမှသာ

Battery ခေါင်းများ ပြန်လည်တပ်ဆင်၍ သော့ဖွင့်စမ်းသပ်ခြင်းများကို ပြုလုပ်သင့်ပါတယ်။

အားလုံးပဲ ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ကြပါစေ။

13/09/2024
14/08/2024
07/08/2024

# # #ဆီသွားထည့်လို့ ကုန်တာနဲ့ကြုံရင်
ဆီကားလာပြန်ဖြည့်ချိန်၊ ဆီရမရကြိုမေးလို့ရ
ဆိုင်တွေက ဖုန်းဆက်မေးလို့ရပါတယ်တဲ့
ဒါကြောင့် နံပါတ်တွေရသလောက်
ပြန်စုပေးထားပါတယ်။

#ဆီဆိုင်ဖုန်းနံပါတ်များ
(ရန်ကုန်တိုင်းဒေသကြီး)

💚Max ‌ဆီဆိုင်ဖုန်းနံပါတ်များ
========
1-ဗဟန်း 09 891755004, 01 555292
2-ကျွန်းတော 09 891755002, 01 532181
3-ဆင်မလိုက် 09 891755016
4-အလုံ 09 891755003, 01 218455
5-ပိတောက်ချောင်း 09 891755001, 01 531181
6-သိမ်ဖြူ 09 891755006, 01 399330
7-တာမွေ 09 891755005, 01 401525
8-သာကေတ 09 891755008, 01 450767
9-သုဝဏ္ဏ 09 891755007, 01 8550750
10-ကမာကြည် 09 891755051
11-တောင်ဥက္ကလာ 09 891755015, 01 8500660
12-မြောက်ဒဂုံ 09 891755050
13-လေးထောင့်ကန် 09 891755014, 09 8636189
14-အောင်မဂ်လာ 09 891755009, 01 637592
15-ဒဂုံဧရာ 09 891755012, 09 73164103
16-လှည်းကူး 1 09 891755013, 01 629011
17လှည်းကူး 2 -
18-မှော်ဘီ 1 09 891755017
19-မှော်ဘီ 2 09 891755018
20-ရွှေပြည်သာ 09 891755011
21-ဒလ 09 891755048
22-ကော့မူး 09 891755175
23-နွယ်ခွေ 09 891755178
24-တွံတေး 09 891755182
25-မင်္ဂလာဒုံ 09 891755046

💚DENKO ဆီဆိုင်များ
=========
ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230
ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြိုမ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင်09 940549232crd

💚ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်များ
(ရန်ကုန်တိုင်းဒေသကြီး)
=======
1.အင်းစိန်အရောင်းဆိုင်တွင် 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099947
2.မင်္ဂလာဒုံအရောင်းဆိုင်တွင် Diesel / 92 Ron ရပါသည်။
ဖုန်းနံပါတ် - 09740099945
3.ဒဂုံဆိပ်ကမ်းအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099952
4.သာကေတအရောင်းဆိုင်တွင် 92 Ron / Diesel / Pre Diesel ရပါသည်။
ဖုန်းနံပါတ် - 09740099946

💚Yangon Patrol (YP) ဆီဆိုင်များ
======
Yangon Petrol (YP)
Yadanar Rd
Open 24 hours
+95 9 966 124912

Yangon Petrol (YP)-3
Number 2 Main Rd
Closes 9 pm
+95 9 692 253832

Yangon Petrol (YP)-2
Bago River Rd
Open 24 hours
+95 9 966 124906

Yangon Petrol-4 (Ayarwoon)
Open 24 hours
+95 9 683 015354

YP ဆီဆိုင်များ
မြောက်ဒဂုံ 09-423457766
ဒဂုံဆိပ်ကမ်း 09-966124906
သာကေတ 09-966124912, 09-448034069

💚PT power ဆီဆိုင်များ
=========
PT Power (Thaketa)
Shukhinthar Mayopat Rd, Yangon
Open 24 hours
+95 1 450 758

မဂ်လာဒုံ 09-421068003, 09-781593568
ရွှေပြည်သာ (zone 1) 01-3612778, 09420031017
သန်လျင် 09-457154791, 09-778708801
သာကေတ 09-780540598, 09-452228385
တောင်ဒဂုံ ၁ (ward 26) 09-457154781
တောင်ဒဂုံ ၂ (ward 62) 09-457154780, 09-788818913
တောင်ဒဂုံ ၃ (ward141) 09-457755008

💚New Day ဆီဆိုင်များ
=======
Between 55 and 56 St.,
Maha Bandula Road
Closes 11 pm
+95 1 291 904

New Day
70 Wai Za Yan Tar Rd
Closes 10 pm
+95 1 564 042

မဂ်လာတောင်ညွန့် 01-290310,09765421004
ပုဇွန်တောင် 095089373,09765421002
တောင်ဉက္ကလာ 01-8564042,09-765421003
မရမ်းကုန်း 01-658205
စမ်းချောင်း 01-534997

💚မြတ်မေတ္တာမွန် ဆီဆိုင်များ
=========
လှိုင်(ဘုရင့်နောင်) 09-798833938
6မိုင်ခွဲ 09-786595366,09-420247846
လှိင်သာယာ 09-893310476
ကြည်မြင်တိုင် 01-537071,09-777004226,09-777004234
မြောက်ဒဂုံ 09-788461906
တာမွေ. 09-255055565
သက်န်းကျွန်း 09-793758607

💚❝ 360 Degree Petro ❞
ရန်ကုန်ဆိုင်ခွဲများ
--------------------------
❛ မင်္ဂလာတောင်ညွန့်မြို့နယ် ❜ (09-772558950)
❛ သာကေတမြို့နယ် ❜ (09-789366895)
❛ သင်္ကန်းကျွန်းမြို့နယ် ❜ (09-786409959)
❛ မြောက်ဒဂုံမြို့နယ် ❜ (09-775117578)
❛ အင်းစိန်မြို့နယ် ❜ (09-773043497)
❛ လှိုင်မြို့နယ် ❜ (09-764610408)
❛ နေပြည်တော် ❜ (09-786387505)

Crd.

အမေရိကန် ချွေတာရေး အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း ကျ...
26/07/2022

အမေရိကန် ချွေတာရေး

အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း ကျပ်တည်းခဲ့ကြပါတယ်။ အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေးလုပ်ခဲ့ပါတယ်။

အဲဒီ ဆောင်ပုဒ်လေးဟာ အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး။ ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို အသုံးတည့်ပါတယ်။ ကျွန်တော် ငွေသခင်ဖြစ်ဖို့အတွက်လည်း ဒီဆောင်ပုဒ်လေးက အထောက်အကူ ဖြစ်စေခဲ့လို့ မျှဝေလိုက်ပါတယ်။

လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့် သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ် ရှိကြစမြဲပါ။ ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင် ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့ အချိန်တွေ ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင် အားမလျှော့လိုက်ပါနဲ့ဦး။ ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ။ အမှားကို သိ၊ သင်ခန်းစာယူ ပြီး ဆက်ကြိုးစားသွားမယ်ဆို ဒီ အပူအပင်တွေ အေးငြိမ်းသွားမှာပါ။ "ငါ ကံဆိုးလှပါလား" ဆိုပြီး လဲကျရာက ပြန်မထရင်တော့ လဲကျလို့ နာတဲ့ ဒဏ်ရာ အပြင် လူတက်နင်း ကားတက်ကြိတ်တဲ့ သေရာပါ ဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်။ ဒါကြောင့် ပြန်ထကြပါ။ ကျွန်တော် (အရောင် မှိန်မှိန်) ပိုးစုန်းကြူးလေးက တတ်နိုင်သလောက် အမှောင်ထဲမှာ လမ်းပြသွားပါ ဦးမယ်။

ခုလည်း ဒီဆောင်ပုဒ်လေးဟာ ငွေအကျပ်အတည်းဖြစ် နေလို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေအတွက် ချွေတာဖို့ နည်းလမ်း အချို့ကို လမ်းညွှန်ပေးလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ဆောင်ပုဒ်လေးကတော့ "Use It Up, Wear It Out, Make It Do, Or Do Without" ပါတဲ့ ခင်ဗျာ။
အချက် လေးချက် ပါပါတယ်။

(၁) Use It Up
**************

တိုက်ရိုက် ဘာသာပြန်ရရင်တော့ "ကုန်အောင်သုံးပါ " ပေါ့။ ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို ကုန်အောင် သုံးခိုင်းတာတော့ မဟုတ်ပါဘူး ခင်ဗျာ။ အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ၊ သုံးနေတဲ့ ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး မလုပ်ကြဖို့ ပြောတာပါ။

ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ် ရပါမယ်တဲ့။

ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။ စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ ပါတဲ့။

(၂) Wear It Out
****************

ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။ မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစား၊ ပရိဘောဂ၊ အသုံး အဆောင် ပစ္စည်း အားလုံး အကျုံးဝင်ပါတယ်။

ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက် အဝတ်၊ လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။

(၃) Make It Do
***************

ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါ တဲ့။ ရှိတာလေးကိုပျက်နေရင်ပြင်သုံး၊ စုတ်နေရင် ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာ ပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက် အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။ ဒီ အချက်ကိုလည်း သတိထားရပါမယ်။

တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး

(၄) Do Without
****************

မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါ တဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။ လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင် မဝယ်ပါနဲ့။

ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည်ကြမယ်လို့ထင်ပါတယ်။

ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ၊ ငွေသခင်ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

credit : ပိုးစုန်းကြူး

29/05/2022

YBSယာဥ်လိုင်းများ၏​နောက်ဆုံးယာဥ်ထွက်ချိန်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

YBS - 10
ဂိတ်ရင်း》သာ​ကေတ(ကန်ကြီး​ထောင့်) - 5:30PM
ဂိတ်ဖျား》ဒဂုံတက္ကသိုလ် - 6:30PM

YBS - 24
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဗိုလ်တ​ထောင်ဘုရား - 6:30PM

YBS - 26
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 3:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 4:30PM

YBS - 28
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဆူး​လေ - 6:30PM

YBS - 57
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 8:00PM

YBS - 31
ဂိတ်ရင်း》အ​ရှေ့ပိုင်းတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 64
ဂိတ်ရင်း》​ဝေဘာဂီ - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 100
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 6:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 7:30PM

YBS - 103
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 7:00PM

YBS - 8
ဂိတ်ရင်း》ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - 6:00PM
ဂိတ်ဖျား》လသာ - 7:00PM

YBS - 10
ဂိတ်ရင်း》သာ​ကေတ(ကန်ကြီး​ထောင့်) - 5:30PM
ဂိတ်ဖျား》ဒဂုံတက္ကသိုလ် - 6:30PM

YBS - 12
ဂိတ်ရင်း》​မြောက်ဒဂုံ(ထား၀ယ်​ချောင်) - 6:30PM
ဂိတ်ဖျား》ဆူး​လေ - 7:30PM

YBS - 13
ဂိတ်ရင်း》ပါရမီ​(​ညောင်ပင်) - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 14
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 15(ကြိုးတံတား)
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ဘုရင့်​​နောင်လမ်းဆုံ - 7:00PM
(​မြေပြင်​တွေ့ရှိရတဲ့​နောက်ဆုံးကားချိန်)

YBS - 24
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဗိုလ်တ​ထောင်ဘုရား - 6:30PM

YBS - 26
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 3:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 4:30PM

YBS - 28
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဆူး​လေ - 6:30PM

YBS - 30
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 57
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 8:00PM

YBS - 31
ဂိတ်ရင်း》အ​ရှေ့ပိုင်းတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 37
ဂိတ်ရင်း》​ထောက်ကြန့် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:15PM

YBS - 38
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျာ》သီရိမင်္ဂလာ​စျေးသစ် - 6:00PM

YBS - 43
ဂိတ်ရင်း》ဝါယာလက် - 5:00PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 6:00PM

YBS - 62
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》စလင်းကွင်း - 7:00PM

YBS - 64
ဂိတ်ရင်း》​ဝေဘာဂီ - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 82
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 100
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 6:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 7:30PM

YBS - 103
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 7:00PM

YBS - 106
ဂိတ်ရင်း》ဥက္ကံ - 11:00AM
ဂိတ်ဖျား》စိန်ဂျွန်း - 3:30PM
(ဂိတ်ဖျားချိန်သည် ဂတ်စ်ဖြည့်ချိန်​ပေါ်မူတည်ပြီး​နောက်ကျနိုင်ပါသည်။)

YBS - 108
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:00PM

YBS - 116
ဂိတ်ရင်း》​ထောက်ကြန့် - 5:30PM
ဂိတ်ဖျား》ဆူး​လေ - 6:30PM

YBS - 117
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 5:30PM

YBS - 8
ဂိတ်ရင်း》ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - 6:00PM
ဂိတ်ဖျား》လသာ - 7:00PM

YBS - 10
ဂိတ်ရင်း》သာ​ကေတ(ကန်ကြီး​ထောင့်) - 5:30PM
ဂိတ်ဖျား》ဒဂုံတက္ကသိုလ် - 6:30PM

YBS - 12
ဂိတ်ရင်း》​မြောက်ဒဂုံ(ထား၀ယ်​ချောင်) - 6:30PM
ဂိတ်ဖျား》ဆူး​လေ - 7:30PM

YBS - 13
ဂိတ်ရင်း》ပါရမီ​(​ညောင်ပင်) - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 14
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 15(ကြိုးတံတား)
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ဘုရင့်​​နောင်လမ်းဆုံ - 7:00PM
(​မြေပြင်​တွေ့ရှိရတဲ့​နောက်ဆုံးကားချိန်)

YBS - 21(လသာ-POWER ELEVEN)
ဂိတ်ရင်း》အ​နောက်ပိုင်းတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》လသာ - 6:30PM

YBS - 24
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဗိုလ်တ​ထောင်ဘုရား - 6:30PM

YBS - 26
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 3:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 4:30PM

YBS - 28
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဆူး​လေ - 6:30PM

YBS - 30
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 57
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 8:00PM

YBS - 31
ဂိတ်ရင်း》အ​ရှေ့ပိုင်းတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 37
ဂိတ်ရင်း》​ထောက်ကြန့် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:15PM

YBS - 38
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျာ》သီရိမင်္ဂလာ​စျေးသစ် - 6:00PM

YBS - 39
ဂိတ်ရင်း》​ရွှေပြည်သာ(ဝါးတရာ) - 5:30PM
ဂိတ်ဖျား》လသာ - 6:30PM

YBS - 43
ဂိတ်ရင်း》ဝါယာလက် - 5:00PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 6:00PM

YBS - 62
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》စလင်းကွင်း - 7:00PM

YBS - 63
ဂိတ်ရင်း》​ကျောက်ကုန်း - 6:00PM
ဂိတ်ဖျား》သန်လျှက်စွန်း - 7:00PM

YBS - 64
ဂိတ်ရင်း》​ဝေဘာဂီ - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 82
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 100
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 6:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 7:30PM

YBS - 103
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 7:00PM

YBS - 106
ဂိတ်ရင်း》ဥက္ကံ - 11:00AM
ဂိတ်ဖျား》စိန်ဂျွန်း - 3:30PM
(ဂိတ်ဖျားချိန်သည် ဂတ်စ်ဖြည့်ချိန်​ပေါ်မူတည်ပြီး​နောက်ကျနိုင်ပါသည်။)

YBS - 108
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:00PM

YBS - 116
ဂိတ်ရင်း》​ထောက်ကြန့် - 5:30PM
ဂိတ်ဖျား》ဆူး​လေ - 6:30PM

YBS - 117
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 5:30PM

YBS - 8
ဂိတ်ရင်း》ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - 6:00PM
ဂိတ်ဖျား》လသာ - 7:00PM

YBS - 10
ဂိတ်ရင်း》သာ​ကေတ(ကန်ကြီး​ထောင့်) - 5:30PM
ဂိတ်ဖျား》ဒဂုံတက္ကသိုလ် - 6:30PM

YBS - 12
ဂိတ်ရင်း》​မြောက်ဒဂုံ(ထား၀ယ်​ချောင်) - 7:00PM
ဂိတ်ဖျား》ဆူး​လေ - 8:00PM

YBS - 13
ဂိတ်ရင်း》ပါရမီ​(​ညောင်ပင်) - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 14
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 15(ကြိုးတံတား)
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ဘုရင့်​​နောင်လမ်းဆုံ - 7:00PM
(​မြေပြင်​တွေ့ရှိရတဲ့​နောက်ဆုံးကားချိန်)

YBS - 21(လသာ-POWER ELEVEN)
ဂိတ်ရင်း》အ​နောက်ပိုင်းတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》လသာ - 6:30PM

YBS - 22
ဂိတ်ရင်း》ရိုးကြီး - 5:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 24
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဗိုလ်တ​ထောင်ဘုရား - 6:30PM

YBS - 25
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》ဘိုက​လေး​စျေး - 6:00PM

YBS - 26
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 3:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 4:30PM

YBS - 28
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဆူး​လေ - 6:30PM

YBS - 30
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:30PM

YBS - 57
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 8:00PM

YBS - 31
ဂိတ်ရင်း》အ​ရှေ့ပိုင်းတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 37
ဂိတ်ရင်း》​ထောက်ကြန့် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:15PM

YBS - 38
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:30PM
ဂိတ်ဖျာ》သီရိမင်္ဂလာ​စျေးသစ် - 6:30PM

YBS - 39
ဂိတ်ရင်း》​ရွှေပြည်သာ(ဝါးတရာ) - 5:30PM
ဂိတ်ဖျား》လသာ - 6:30PM

YBS - 43
ဂိတ်ရင်း》ဝါယာလက် - 5:00PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 6:00PM

YBS - 62
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》စလင်းကွင်း - 7:00PM

YBS - 63
ဂိတ်ရင်း》​ကျောက်ကုန်း - 6:00PM
ဂိတ်ဖျား》သန်လျှက်စွန်း - 7:00PM

YBS - 64
ဂိတ်ရင်း》​ဝေဘာဂီ - 6:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:00PM

YBS - 82
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 96
ဂိတ်ရင်း》​လှော်ကားဥယျာဥ် - 4:30PM
ဂိတ်ဖျား》တိုင်းရင်းသား​ကျေးရွာ - 6:00PM

YBS - 100
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 6:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 7:30PM

YBS - 103
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 7:00PM

YBS - 106
ဂိတ်ရင်း》ဥက္ကံ - 11:00AM
ဂိတ်ဖျား》စိန်ဂျွန်း - 3:30PM
(ဂိတ်ဖျားချိန်သည် ဂတ်စ်ဖြည့်ချိန်​ပေါ်မူတည်ပြီး​နောက်ကျနိုင်ပါသည်။)

YBS - 108
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:00PM

YBS - 109
ဂိတ်ရင်း》မင်္ဂလာဒုံပန်းခြံ - 5:00PM
ဂိတ်ဖျား》TU​မှော်ဘီ - 6:00PM

YBS - 116
ဂိတ်ရင်း》​ထောက်ကြန့် - 5:30PM
ဂိတ်ဖျား》ဆူး​လေ - 6:30PM

YBS - 117
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 5:30PM

YBSယာဥ်လိုင်းဂိတ်များထံမှ ဆက်သွယ်စုံစမ်းထား​သော ​နောက်ဆုံး ယာဥ်ထွက်ချိန်များ နှင့် ​မြေပြင်​နောက်ဆုံး ယာဥ်​တွေ့ရှိရမှုကို တင်ပြ​ပေးခြင်းဖြစ်ပါသည်။
ဂတ်စ်ရရှိမှု​ပေါ်မူတည်ပြီး ယာဥ်​နောက်ဆုံးထွက်ချိန်​ပြောင်းလဲနိုင်ပါသည်။

#သွားမယ်&တည်းမယ်



Credit YBS လမ်းညွန်

20/05/2022

စီးပွားရေးမှာ ရှာရမယ့် အချိန်ရှိတယ်
ရှာထား သမျှကို ထိန်းပြီး စုရမယ့်အချိန်ရှိတယ်
စုထား သမျှ နဲ့ ချဲ့ ရမယ့် အချိန် ရှိတယ်
ချဲ့ ထား သမျှ ကိုနား ပြီး ပြောင်းရမယ့် အချိန်ရှိတယ်

အဲဒါတွေ က Timing မှန်ဖို့ လိုတယ်
စုရမယ့် အချိန်မှာ ရှာနေတာ
ချဲ့ ရမယ့် အချိန်မှာ စု နေတာ
ပြောင်းရမယ့် အချိန် မှာ ချဲ့ နေတာမျိုး ဆို ပြသနာတက်တာပဲ...

MBA မှာ တော့ BCG Matrix ဘာညာသင်တာပေါ့လေ

ဒါပေမယ့် အရင်းခံက ဒါပါပဲ...

crd
Micheal myo

22/04/2022

မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို
ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲ

ပိုင်ဆိုင်မှုခိုင်မာအောင်
စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊

ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့
မြေကွက်တွေဝယ်တော့မယ်ဆိုရင်
အရောင်းမှား အဝယ်မှားမဖြစ်အောင်ရယ်
ပိုင်ဆိုင်မှုကို ခိုင်မာသထက်ခိုင်မာအောင်
ဘယ်လိုလုပ်ကြမလဲဆိုတာ သိပ်အရေးကြီးပါတယ်

နောက်ကျောဓားနဲ့ထိုးခံရတယ်၊
ယုံမိလို့ ဆုံးရှုံးကုန်တယ်
နှုတ်ကတိပဲပေးမိပြီး ပြဿနာတက်တော့
ကတိမပေးဖူးပါဘူးလို့
ဗြောင်လိမ်ဗြောင်စားလုပ်တာခံရဖူးတယ်ဆိုရင်တော့
မဖြစ်ခင်က ကြိုတင်ကာကွယ်ထားနိုင်ဖို့
အရေးကြီးမှန်းသိလောက်ပါပြီ

အခုပြောပြမှာကတော့
ပိုင်ဆိုင်မှုခိုင်မာအောင်လုပ်နည်းပါ

မြေတစ်ကွက်ကို ရှိစုမဲ့စုနဲ့ဖြစ်စေ၊
ငွေပေါနေလို့ဖြစ်စေ ဝယ်ကြပြီဆိုရင်
ဘယ်သူမှ ဆုံးရှုံးချင်မှာမဟုတ်ပါဘူး

ဒါဆိုရင် အောက်ပါအချက်တွေကို အတိအကျလိုက်နာပါခင်ဗျာ

ပထမဦးဆုံးအနေနဲ့
မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတမ်းတွေစုံ/မစုံ၊
မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
မြေပုံ/မြေရာဇဝင် နဲ့
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ
ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

မြေခွန်၊ အိမ်ခွန် ကြွေးကျန်ရှိ/မရှိ နဲ့ ဂရန်သက်တမ်းကိုလည်း စစ်ဆေးရပါမယ်

မြေပိုင်ဆိုင်မှုအထောက်အထား စုံ/မစုံဆိုတာမှာ
အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊
မြေချမိန့်ရထားတဲ့မြေလား၊
လယ်မြေလား၊ ယာမြေလား၊
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်

မြေအမျိုးအစား စိစစ်ပြီးတာနဲ့
အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်
အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလား
ပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလား
ဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား
အစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်

သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်
ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/မရှိဟာလည်း အရေးပါတဲ့အချက်ပါ

ရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို
စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါ
ငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့
မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ်

စာရွက်စာတမ်း စုံ/မစုံ ဘယ်လိုစစ်မလဲဆိုရင်...
ဂရန်မြေဆိုရင် -
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘပိုင်မြေဆိုရင် -
(က) ဘိုးဘပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်
(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီကရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

အစရှိတဲ့အတိုင်း စုံနေအောင် မူးနေအောင် စစ်ဆေးရပါတယ်
ဒါတွေက အများအားဖြင့်ရှိနေတဲ့ မြေအမျိုးအစားတွေကို ထုတ်နှုတ်ပြတာပါ

ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်
စနစ်တကျစစ်ဆေးမှသာ
နောင်မှာ အရှုပ်အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်မိမိဝယ်ယူတဲ့ အိမ်မြေတွေဟာ
သိန်းရာထောင်ချီတန်တဲ့အတွက်
အနည်းငယ်သော ကုန်ကျစရိတ်ကို ကြည့်နေလို့မရပါဘူး

ဆိုခဲ့တဲ့အတိုင်း သက်ဆိုင်ရာရုံးဌာနတွေမှာ စနစ်တကျစုံစမ်းစစ်ဆေးပြီးတာနဲ့စာရွက်စာတမ်းမှန်ကန်ကြောင်း၊
ပြည့်စုံကြောင်း၊ အရှုပ်အရှင်းကင်းကြောင်း
အတည်ပြုလို့ရပြီဆိုတာနဲ့ စာချုပ်ချုပ်လို့ရပါပြီ...
အဆင့်အလိုက်ပြောပြချင်ပါတယ်..

အဆင့် (၁)
စရံပေးစာချုပ် (ကတိစာချုပ်) ချုပ်ဆိုရပါမယ်။
စရံပမာဏကို သင့်လျော်တဲ့ပမာဏကိုသာ
အရင်ပေးပြီး ခိုင်မာအောင်ချုပ်ဆိုရပါမယ်
စရံပေးစာချုပ်ဟာ အရောင်းအဝယ်လုပ်ငန်းစဉ်
တစ်ခုလုံးရဲ့ အသက်သွေးကြောပါ
ဖြစ်ပေါ်လာသမျှ ပြဿနာအားလုံးကို
အရောင်းအဝယ်အားလုံးမပြီးဆုံးခင်အထိ
စရံပေးစာချုပ်ရဲ့ အရည်အသွေးနဲ့ ပြည့်စုံခိုင်မာမှုဖြင့်သာ
ဝယ်သူဟာခေါင်းပြားအောင်အိပ်နိုင်ပါမယ်

အဆင့် (၂)
စရံပေးစာချုပ်ချုပ်ဆိုပြီးတာနဲ့
အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုသူရှိ/မရှိ
လာရောက်ကန့်ကွက်နိုင်ပါကြောင်း
အများသိစေရန်
သတင်းစာမှာ ကြော်ငြာထည့်သွင်းရပါမယ်

အဆင့် (၃)
ကြော်ငြာပါတဲ့နေ့ကစပြီး (၁၄) ရက်အတွင်း
နောက်ထပ်စရံမပေးသေးဘဲ ကန့်ကွက်သူရှိ/မရှိ
ရက်ပြည့်အောင် စောင့်ကြည့်ရပါမယ်
ကန့်ကွက်သူပေါ်လာခဲ့ရင်
အရောင်းအဝယ်ကို ခေတ္တရပ်ထားပြီး
ရောင်းသူဘက်က ပြေလည်အောင်ဖြေရှင်းပေးဖို့နဲ့
ကန့်ကွက်သူမှာ ပိုင်ဆိုင်ခွင့်ရှိနေခဲ့မယ်ဆိုရင်
အရောင်းအဝယ်စာချုပ်မှာ ကန့်ကွက်ထားသူတွေပါ
လက်မှတ်ရေးထိုးနိုင်ဖို့ ရောင်းသူက ကြိုးစားပေးရပါမယ်

အဆင့် (၄)
သတင်းစာထည့်ပြီး စောင့်ကြည့်နေစဉ်ကာလအတွင်း
အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ရန်
မြေပုံ/မြေရာဇဝင် ရေးကူးခွင့်ရှိသူမှ
မြေပုံ/မြေရာဇဝင် ရေးကူးခြင်း
လိုအပ်နေတဲ့စာရွက်စာတမ်းတွေပြင်ဆင်ခြင်းများ
ကြိုတင်ပြုလုပ်ထားရပါမယ်
မြေပုံ/မြေရာဇဝင်ရေးကူးဖို့
မြေစာရင်းဦးစီးဌာန/အိုးအိမ်/စည်ပင်ရုံးများမှာ
ရေးကူးခွင့်ရှိသူရဲ့အချက်အလက်၊
ရေးကူးမယ့်မြေရဲ့အချက်အလက်၊
ပိုင်ဆိုင်မှုအထောက်အထား၊ မှတ်ပုံတင်မူရင်းများနဲ့
ရေးကူးမယ့်သူကိုယ်တိုင်
ရေးကူးခွင့်လျှောက်ထား/ထုတ်ယူရမှာဖြစ်ပါတယ်

အဆင့် (၅)
သတင်းစာမှာ သတ်မှတ်ထားတဲ့ (၁၄) ရက်အတွင်း
ကန့်ကွက်သူပေါ်မလာရင်တော့
နောက်တစ်ရက်မှာ စရံထပ်မံပေးခြင်း
(သို့မဟုတ်) ငွေချေခြင်းများပြုလုပ်နိုင်ပါပြီ
တစ်ပြိုင်တည်းမှာ
အရောင်းအဝယ်မြေပုံ/မြေရာဇဝင်ထုတ်ယူပြီးတာနဲ့
အခွန်ဦးစီးဌာနမှာ အဝယ်ခွန်ဆောင်ဖို့
လျှောက်ထားရပါတယ်

အဆင့် (၆)
အဝယ်ခွန်အတွက် မြေတန်ဖိုးသတ်မှတ်နှုန်းကျတာနဲ့
သတ်မှတ်ထားတဲ့ အခွန်ဆောင်၊ တံဆိပ်ခေါင်းများကပ်ရမှာပါ

အဆင့် (၇)
ငွေအကျေချေပြီးပြီဆိုတာနဲ့
မြေလက်ရောက်လွှဲပြောင်းရယူခြင်း၊
ဝယ်ယူတဲ့မြေနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ
ဂရန်မူရင်း (သို့) ဘိုးဘစာအုပ် မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့
စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်

အဆင့် (၈)
အဲ့ဒီအဆင့်တွေအားလုံးပြီးတာနဲ့ ရောင်းသူ၊ ဝယ်သူတို့
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ပါပြီ..မှတ်ပုံတင်စာချုပ်မှာ ရောင်းချတဲ့မြေရဲ့ ပိုင်ဆိုင်ခွင့်ရှိသူအားလုံးပါရပါမယ်။)

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့
မှတ်ပုံတင်အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့
ပိုင်ဆိုင်မှုအထောက်အထားတွေ၊
ပိုင်ဆိုင်လာသူရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့
မှတ်ပုံတင်၊ အိမ်ထောင်စုမူရင်းများ၊
မြေပုံ/မြေရာဇဝင်များနဲ့တကွ
သက်ဆိုင်ရာ အိုးအိမ်၊ မြေစာရင်း၊ ထွေအုပ်၊ စည်ပင်
အစရှိတဲ့ရုံးတွေမှာ မိမိအမည်ပေါက်ပြောင်းလဲဖို့
လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင်
ဆက်လက်လုပ်ဆောင်နိုင်ပါပြီ

ကျနော်ပြောခဲ့တဲ့ အထက်ပါအချက်တွေကို
အတိအကျလိုက်နာဆောင်ရွက်မယ် ဆိုရင်တော့
ရောင်းမှား၊ ဝယ်မှားမဖြစ်တဲ့အပြင် သားစဉ်မြေးဆက်အထိ ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ
ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်မှာပါ

အသက်ကိုဥာဏ်စောင့်သလို
မိမိပိုင်ဆိုင်မှုဥစ္စာတွေကို
ကံရော၊ ဥာဏ်ရော၊
သက်ဆိုင်ရာရုံးဌာနအသီးသီးကပါ ဝိုင်းစောင့်မှ
ခိုင်မာတည်မြဲမှာဖြစ်ပါတယ်။

Credit - Original Uploader

မဂ်လာပါရှင့်KK king အိမ်ဆောက်ပစည်းရောင်းဝယ်ရေးမှ အောက်ပါပစည်းမျိုးစုံကို လက်ကားဖြန့်ဖြူးပေးလျက်ရှိပါသည်👑Ks screw (စတီးစက...
05/03/2022

မဂ်လာပါရှင့်

KK king အိမ်ဆောက်ပစည်းရောင်းဝယ်ရေးမှ
အောက်ပါပစည်းမျိုးစုံကို လက်ကားဖြန့်ဖြူးပေးလျက်ရှိပါသည်

👑Ks screw (စတီးစကူ/Dry wallစကူအမဲ) ဆိုဒ်စုံ
999 လက်ကိုင်
လိုက်ကာကြိုး Honsa
BS မင်းတုန်း
NRK မြောက်လက်
TNK ပတ်တာ
Welding J38
သံဇကာလိပ်အမျိုးမျိုး

ဆက်သွယ်ရန်

09780203784
095108505

Address

Corner Of Shwe War Street And Nilar Street
Yangon
951

Telephone

+959977938607

Website

Alerts

Be the first to know and let us send you an email when KK King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share