Smart Choice Online Store

Smart Choice Online Store ခေတ်မီလှပသော အဝတ်အထည်များကို ဈေးန?

US နှင့် စင်ကာပူမှလာသည့် အ၀တ်အထည် အသုံးအဆောင်များ မှာယူလိုလျှင် message မှတဆင့် ဆက်သွယ်မှာ ယူနိုင်ပါသည်။အရည်အသွေး အထူးကောင်းမွန်သော ပစ္စည်းများကို ဈေးနူန်း ချိုသာစွာ ရရှိနိုင်ပါသည်။

ပူပြင်းတဲ့ ရာသီမှာ အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎...
09/04/2024

ပူပြင်းတဲ့ ရာသီမှာ အပူငြိမ်းဖို့အတွက် ရေချိုးနည်းနှင့်ခေါင်းလျှော်နည်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အပူငြိမ်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာ ဆရာကြီးက ပြောချင်တယ်။ ရေကို စနစ်တကျ သုံးပါလို့ ပြောချင်တယ်။ ရေဟာ ဘာကို ငြိမ်းစေသလဲ။ အပူကို ငြိမ်းစေတာပါ။ ရေကို အထင်မသေးလိုက်ပါနဲ့လို့ ပြောချင်ပါတယ်။

ရှေးအခါက ပြောခဲ့တဲ့ စကားလုံးတစ်လုံးကို ဆရာကြီးက အခုဒီမေးခွန်းတွေ ပြန်ဖြေရင်း ပြန်ဖြေရင်းနှင့် တန်ဖိုး ပိုထားတတ်လာတယ်။ ဒီစကားလေးနော်။ ဟယ် .. ရေတိမ်မှာ နစ်တာပဲလို့ ပြောတယ်နော်။ ရေတိမ်မှာ နစ်တယ်ဆိုတာ တကယ်တမ်းတော့ တင်စားပြီးပြောတာ။ ရေတိမ်မှာ နစ်တယ်ဆိုတော့ ဘယ်သေနိုင်ပါ့မလဲ။ ဥပမာ - ခြောက်လက်မလောက်ရှိတဲ့ လေးလက်မလောက်ရှိတဲ့ ရေတိမ်လေးထဲ နစ်လို့တော့ မသေနိုင်ပါဘူး။

ပြောချင်တဲ့အနှစ်သာရက ကိုယ့်အိမ်ထဲမှာ ရှိတဲ့ရေကို စနစ်တကျ မသုံးစွဲတတ်တာ။ စနစ်တကျ မသောက်တတ်တာ။ စနစ်တကျ မချိုးတတ်တာ။ ဒါကြောင့် အလကားရတဲ့ရေကို တန်ဖိုးနည်းတယ်ဆိုပြီး တန်ဖိုးလျှော့မတွက်ပါနှင့်။ တန်ဖိုးကို ချမတွက်ပါနှင့်။ အသုံးတည့်အောင် သုံးပေးပါလို့ ပြောချင်ပါတယ်။

ဘယ်လို သုံးရမယ်လဲဆိုတာလေး ပြောချင်တယ်နော်။ ဒါလေးက … “မသိရင် ကျယ်ပါတယ်။ သိရင် လွယ်ပါတယ်။ မသိသူက ကျော်သွားတာ၊ သိသူက ဖော်စားတာပေါ့။” ဒါလေးတော့ ညွှန်းပြောချင်တယ်နော်။ “ရေမှ တစ်ပါး ဆေးမရှိ” လို့ ။ အဲဒီရေကို ဘယ်လို သုံးရမှာလည်းလို့မေးရင် ရေချိုးနည်းလေး ပြောပြပါမယ်။

#ရေချိုးနည်း

ရေမချိုးခင် ရေကို ပါးစပ်ထဲမှာ ငုံမယ်။ ပြန်ထွေး ထုတ်မယ်။ ဘာတွေ ပါသွားမယ်ထင်လဲ။ အပူတွေပါသွားမယ်။ ပြီးရင် လက်ခုပ်ထဲမှာ ရေလေး ထည့်မယ်။ မျက်လုံးလေးကို အဲဒီလက်ခုပ်ထဲမှာ ကျင်းပေးမယ်။ မှိတ်လိုက် ဖွင့်လိုက်ပေါ့။ မျက်လုံးထဲက အပူတွေ ပါသွားမယ်။ အပူတွေရော၊ အညစ်အကြေး ဖုန်တွေရော ပါသွားမှာပေါ့နော်။ သေချာခံစားကြည့်ရင် ရေကို ငုံပြီးတော့ ကိုယ့်ရဲ့လက်မောင်းတစ်နေရာ ပြန်ထွေးကြည့်လိုက်။ နည်းနည်းလေး ပူတယ်။ အဲဒါက ဘယ်ကပါလာတာလဲ… ခံတွင်းထဲက။ ဒါဆိုရင် ဒီလိုလေး လုပ်တာနဲ့ကို ဒေါ်ထွေးကြည်ရဲ့ ငယ်ထိပ် မခံမရပ်နိုင်အောင် ပူတယ်ဆိုတာ ပိုဆိုးသွားစရာ အကြောင်းရှိလား။ မုချ သက်သာသွားနိုင်သလား။ သက်သာသွားမှာပါ။ သာမန် သက်သာသွားမှာလား။ မုချ သက်သာသွားမှာလား၊ မုချ သက်သာသွားမှာပါ။ အကုန်အကျများလား။ မများပါဘူးနော်။

အဲဒါလေးကို ပြီးပြီဆိုတော့မှ လက်ခုပ်ထဲ ရေလေးထည့်ပြီး နှာခေါင်းလေးထဲကို အသာလေးမော့ပြီး ထည့်လိုက်။ နှာသီးဆိုတာ နှာခေါင်းရဲ့ သုံးပုံနှစ်ပုံလောက်မှာ ရှိတယ်။ ဆိတ်ခွာ ပုံသဏ္ဌာန် ရှိတယ်။ အဲဒါလေး ထိပြီဆို မွှန်ထူသွားတာပဲ။ ပူနေတာကိုး။ ပူနေတဲ့ အိုးတစ်အိုးကို ရေနှင့် ပတ်ကြည့်။ ရှဲခနဲဆို ပူသွားတယ်။ ရေလေးသွင်း၊ တစ်ခါ ပြန်ညှစ်ထုတ် (၅)ကြိမ်စီလောက်၊ ပါးစပ်ကလည်း ငုံမယ်။ နှာခေါင်းကိုလည်း ရေလေးထည့်မယ့်။ မျက်စိကိုလည်း ရေနဲ့ ပုတ်ခတ်၊ ပုတ်ခတ် လုပ်မယ်။ ပြီးရင် နားထဲတော့ ရေသွားမထည့်နဲ့နော်။ နားထဲမှာ နားအုံ ရှိတယ်။ နားအုံကို ရေလေးနှင့် နည်းနည်းဆွတ်ပေးမယ်။ အဲသလို လုပ်ခြင်းအားဖြင့် အပူတွေ လျော့နေပြီ။

ဒါတွေပြီးလို့ ခန္ဓာကိုယ်ကို ရေလောင်းတော့မယ်ဆိုလည်း အရမ်းမလောင်းလိုက်ပါနဲ့။ စနစ်တကျ ဘယ်ခြေထောက်ကို ရေအရင်လောင်းကြည့်ပါ။ ပြီးရင် ညာဘက်လက်ကို လောင်းပါ။ ဘယ်ခြေညာလက် လောင်းတာကလည်းပဲ နောင်အခွင့်သာရင် အကျယ်ပြောမယ်နော်။ လောင်းတာချင်းအတူတူ အဲသလို လောင်းကြည့်ရင် အပူ သိသိသာသာ လျော့စေပါတယ်။

ဥပမာ- အပူချိန် ( ၁၀၃ - ၁၀၄ ) လောက်ဖြစ်လို့ တက်တော့မယ့်ကလေးလည်း ဘာမှ မလုပ်နှင့်။ သနပ်ခါးရေကျဲကျဲလေးကိုသာ ဘယ်ခြေ၊ ညာလက် နှစ်ကျော့လောက် လိမ်းကြည့်လိုက်။ အလိုလို အပူချိန်က ငြိမ်ပြီး ကျလာမယ်။ သွေးသိပ်တိုးနေတဲ့သူ ဘာဆေးမှ မသောက်နဲ့။ ဘယ်ခြေ၊ ညာလက်ကို ရေလေးလောင်းပြီးတော့ သနပ်ခါးသာ လိမ်းကြည့်လိုက်။ ပြန်ပြီး တိုင်းကြည့်လိုက်ပါ။ ဒါက ဆရာကြီးတို့ စာအတွေ့ကြုံရော၊ ဘဝအတွေ့ကြုံရော၊ ကုထုံးအတွေ့အကြုံရော ပေါင်းစပ်ပြောနေတာလို့ တလေးတနက် ဒေါ်ထွေးကြည် နားလည်စေချင်တယ်နော်။

အခုက ဘာအကြောင်းပြောနေလဲဆို ရေအသုံးအကြောင်း ပြောနေတာနော်။ သူ့ရဲ့ အပူတွေငြိမ်းဖို့အတွက်ပါ။ ပြီးတော့မှ ဖြည်းဖြည်းလေးချင်း လက်ဖျား၊ တံတောင်ဆစ်၊ လက်မောင်း၊ ခြေအစွန်၊ တံတောင်ဆစ် အဲသလို အေးအေးဆေးဆေးနဲ့ ရေလောင်းပြီး ချိုးပေးလို့ရှိရင် ဒေါ်ထွေးကြည်ရဲ့ ကျန်းမာရေးဟာ ရေမှ တစ်ပါး ဆေးမရှိပါဘူးလို့ အဲဒီအပူကို လျော့ချင်ပါတယ်ဆိုရင် မေးခွန်းတစ်ခု လှမ်းမေးကြည့်ချင်တယ်။ ငယ်ငယ်က ငရုတ်သီးထောင်းလို့ မျက်စိထဲ ဝင်သွားရင် အမေ (သို့ ) အဒေါ်ရေ . . . သား/သမီး တော့ မျက်စိထဲ ငရုတ်သီးဝင်သွားပြီဆိုရင် အမေတို့၊ အဒေါ်တို့ ဘယ်ကို ရေလောင်းခိုင်းလဲ။ ခြေမကို ရေလောင်းခိုင်းတယ်။ သိပ်ကို အဓိပ္ပာယ်ရှိတယ်။

အပူရဲ့သဘာဝက လျှောက်သွားတယ်၊ စီးသွားတယ်၊ ဟတ်သွားတယ်။ အခြေခံ ရူပဗေဒသိပ္ပံဘာသာအရ အပူတွေဟာ တစ်နေရာကနေ တစ်နေရာကို လျှောက်တယ်၊ စီးတယ်၊ ဟတ်တယ်ပေါ့။ ဥပမာ - မီးပုံရှိတယ်။ ခမ်းလှမ်းလှမ်းမှာ ထိုင်နေရင်တောင် လာဟတ်နေတာ။ ရေနွေးအိုးတစ်အိုး မီးပူပေးထားရင် တည်စက ရေကို လက်ညှိးလေး ထောက်ကြည့်။ လုံးဝ မပူဘူး။ တော်တော်ကြာရင် ရေက အပူစီးလာတယ်။ ဟိုး . . . ခပ်လှမ်းလှမ်းမှာ ဆယ်ပေလောက်သံချောင်းကြီး အဖျားတစ်ဖက်ကို မီးပုံထဲ ထည့်ထားမယ်။ ကြာရင် အပူကဘယ်ရောက်လာလဲ။ ဒီဘက်ထိပ်အထိ စီးလာတယ်။ အပူစီးလာတာ။ အပူ လျှောက်လာတာ။

ကိုယ့်မှာ အရိုးတွေ ရှိတယ်။ သွေးတွေ အသားတွေ ရှိတယ်။ အရိုးတွေထဲ အပူလျှောက်လာမယ်။ သွေးတွေ သားတွေထဲ အပူစီးလာမယ်။ ဒါကြောင့်မို့ ခြေထောက်ကို ရေလောင်းလိုက်ရင် အပေါ်ကပူတာ သက်သာမယ်။ ဒါအပူတွေ အောက်ကို ဆင်းတာ။ မေးခွန်းလေးက မခံမရပ်နိုင်အောင် ပူနေတာဆိုတော့ အဲဒီအပူတွေ အောက်ကို တစ်ချက်လှည့်ပေးရမှာပေါ့နော်။

#ခေါင်းလျှော်နည်း

ရေချိုးတာနှင့် ခေါင်းလျှော်တာအပေါ်မှာ တစ်ခုသတိထားရပါမယ်။ ခေါင်းလျှော်ပြီးမှ ဘယ်တော့မှ ရေမချိုးပါနှင့်။ ရေချိုးပြီးမှ ခေါင်းလျှော်ပါ။ နောက်တစ်ခုက ရေချိုးခါနီးလေးမှာ ခြေဖဝါးကို ဆားပွတ်ပြီးမှ ရေချိုးပါလို့ ပြောချင်ပါတယ်။ ဆားက ဘာလဲဆို အပူစုပ်တယ်။

ရေခဲမုန့်လုပ်တဲ့သူတွေဆိုရင် အပြင်မှာ ဆလင်ဒါကြီးတစ်ခု ရေခဲတွေ။ အတွင်း ဆလင်ဒါကြီးတစ်ခုထဲမှာတော့ ရေခဲမုန့်တွေပေါ့။ ဆလင်ဒါဆိုတာ အိုးကြီးနှစ်ခုပေါ့။ အတွင်းဆလင်ဒါကို ကလိကလှည့်နှင့် လှည့်ပေးတဲ့အခါ စလင်ဒါနှစ်ခုကြားက ရေခဲတွေ ချက်ချင်းပျော်တာပေါ့။ ပူတာကိုး။ အဲဒီတော့ အဲဒီအပူကို စုပ်နိုင်မှ ရေခဲချက်ချင်း မပျော်မှာမို့ ရေခဲပေါ် ဆားလေးတင်လိုက်တယ်။ ရေခဲပေါ် ဆားတင်လိုက်ရင် မပျော်တော့ဘူး။ ထွက်သမျှအပူ ဆားကစုပ်ယူတာကိုး။

အဲဒီဥပမာကို ယူသောအားဖြင့် ဆားနဲ့ ခြေဖဝါးကို ပွတ်ရင် အပူ ဘယ်ကိုလာစုလဲ။ အောက်ဘက်ခြေဖဝါးကို လာစုတာပေါ့။ အခိုးတွေ အောက်ကို လှည့်သွားတာပေါ့။ အဲဒီအခါ ဒေါ်ထွေးကြည် သိပ်ကိုခံစားနေရတဲ့ ငယ်ထိပ်အပူဆိုတာဟာ ပိုက်ဆံဘယ်လောက်ကုန်သလဲ။ မကုန်ပါဘူးနော်။ အကုန်အကျမများဘဲနဲ့ အခြေခံအစုံရမယ့် ကျန်းမာရေးပါလို့။ နည်းနည်းလေး နားကြီးကြီးနှင့် နားထောင်ကြည့်ပါ။ အကုန်အကျမများဘဲနဲ့ တစ်မျိုးသာလုံးကျန်းမာရေး၊ တစ်မျိုးသားလုံး ဒီလို ရေကိုသာ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် လူတွေရဲ့ ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာမှာပါ။

ဒါကြောင့်မို့လို့ ရှေးအခါက ဆရာကြီးတစ်ပါးပြောခဲ့တဲ့ စကားလုံးလေးကို ဘာသာပြန်လိုက်တာ။ နောင်သောအခါမှာ အပူတွေများတဲ့ခေတ်ကိုရောက်ရင် ရေမှ တစ်ပါး ဆေးမရှိဘူးတဲ့။

ရေကို တစ်နေ့ကို သာမန်ဖန်ခွက် ( ၅ ) ခွက်ကနေ ( ၇ )ခွက်လောက်ထိ သောက်မယ်။ ရေကို စနစ်တကျ ချိုးမယ်။ ရေကို ငုံမယ်ဆိုရင် အပူအကြောင်းခံပြီးဖြစ်နေတဲ့ရောဂါတွေ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ ပျောက်မှာပါလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အစာဝ၊ အနာကင်း၊ ဘယာရှင်း - ကြပါစေ။

Credit: ဆရာကြီးဦးရန်အောင်
Photo-crd

09/04/2024
21/08/2023

18/08/2023

ရင့်ကျက်သန်မာတဲ့သူဖြစ်ဖို့
∆∆∆∆∆∆∆∆∆∆∆∆∆∆

#လူတိုင်းမှာ ...
အားနည်းချက် ကိုယ်စီရှိကြတယ်။

#ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

#ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

#ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ်။ တကယ်လဲ ရှိပါတယ်။ ကျွန်တော်တို့
ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ်။ တော်တော်စိတ်မကောင်းဖြစ်မိတယ်။

#အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်လို့ ထင်တယ်။

#ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။

၁- ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲဖြစ်ဖြစ်၊ ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့သူဖြစ်ဖြစ် ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။

၂- ပျာယာခက်တဲ့အကျင့်ကို ဖျောက်ရမယ်။
ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူးမလောရဘူး။

၃- ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါပဲဖြစ်ဖြစ်၊ နှုတ်ဆက်တဲ့အခါပဲဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

၄- ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။

၅-ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာမနေနဲ့ သည်းခံနိုင်တဲ့အတိုင်းအတာထိပဲ သည်းခံရမယ်။

၆- ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။

၇- လူတွေရဲ့အမြင်ကို သိပ်ဂရုမစိုက်နဲ့။
လူတိုင်း သဘောကျအောင်မနေနဲ့။

၈- ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေးနေတာမျိုးတွေကို ရှောင်ရမယ်။

၉- ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကိုလက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။

၁၀ -ပွင့်လင်းရမယ်။ အရှိကိုအရှိအတိုင်း လက်ခံနိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။

၁၁- လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။

၁၂- လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကိုနှိမ်တာမျိုး မလုပ်ရဘူး။

၁၃- မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။

၁၄- လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။

အဝေဖန် မစောစေနဲ့။

၁၅- အလိုက်သိတတ်ရမယ်။

၁၆- ဘယ်အရာမှ အလကားမလိုချင်နဲ့။
သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကားလိုချင်တာမျိုးတွေကို ရှောင်ပါ။

၁၇- မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။

၁၈- ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။

၁၉- အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည်နိုင်ရမယ်။
ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှ
ကြောက်မနေသင့်ဘူး။

၂၀- ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖေါ်နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

၂၁- စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကို ရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

#လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။

#ပထမခြေလှမ်းမှာ ချီတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်ရုန်းထွက်နိုင်အောင် ကြိုးစားရမှာလေ.....

#နောက်ဆုံးပြောချင်တာ...
ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့Friend
လေးတွေအတွက် စကားလက်ဆောင်လေးကတော့...

သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
ဝဲပျံပြရသေးတာပဲ...

ငါက.. လူသားတစ်ယောက်ပဲ...
သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ။ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေတတ်အောင် အဖန်ဖန်ကြိုးစားပါ။

အားအင်တစ်ခု ရကြပါစေလို့...







📕📒📘📖စာဖတ်ပါ 📝📔📓📒၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာတတ်ပြီးဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့မအံ့ဩတတ်ကြ...
15/08/2023

📕📒📘📖စာဖတ်ပါ 📝📔📓📒
၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

>>>စာဖက်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ

15/08/2023

🍁" လည်ဆစ်(ဂုတ်)ကျီးပေါင်း​ကြောင့် အာရုံကြောပိမိခြင်း "🍁

ဇက် (လည်ပင်း)တွင် တစ်ခုပေါ် တစ်ခုထပ်လျက် အရိုး အဆစ်ကြီး ခုနစ်ဆစ်ရှိသည်။ အဆစ်နှစ်ခုကြားတိုင်းမှ ဘယ် ညာ တစ်ဖက်စီသို့ အာရုံကြောများထွက်သည်။ ထို အာရုံ ကြောများမှ အလုပ်လုပ်ပေးသဖြင့် ဇက်လှည့်ခြင်း၊ ခေါင်းမော့ ခြင်း၊ ခေါင်းငုံ့ခြင်း၊ လက်နှစ်ဖက် လှုပ်ရှားမှုစသည်များကို ထိန်းချုပ်ပေးသည်။ အနုစိတ်လက်ချောင်းကလေး တစ်ချောင်း ၏ ထိပ်တွင် ကျဉ်နေသည်ကအစ ကျီးပေါင်းတက်ရောဂါနှင့် ဆိုင်သည်။

အချို့သူများသည် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်း ခြင်းမဖြစ်ကြသော်လည်း ညအိပ်ရာဝင် ခေါင်းအုံးပေါ် ဇက်တင် ပြီးဖိလိုက်သည်နှင့် တစ်နာရီခန့် ကြာသောအခါ လက်တစ်ဖက် ဖြစ်စေ၊ နှစ်ဖက် လုံး ဖြစ်စေကျဉ်ပြီး နိုးလာတတ်သည်။ ဤ သည်မှာဇက်ကျီးပေါင်းနှင့် အာရုံကြောပိမိသည့် လက္ခဏာပင် ဖြစ်သည်။

🍁 အကြောအဆစ် ပညာရှင်များ၏ သုတေသနအရ 🍁

လည်ပင်းရိုးဆစ် Cervicalကိုအတိုအားဖြင့် (c) ဟု မှတ်သားပါ။ ဦးခေါင်းမှ စထွက်သောအဆစ် ကို C1 ဟု စမှတ်ပြီး တစ်ခုပြီးတစ်ခု C2, C3, C4, C5, C6, C7ဟု မှတ်သွားရန်ဖြစ်သည်။

အကယ်၍ လည်ပင်းရိုးဆစ် နှစ်ခုကြားတွင် ကျီးပေါင်း တက်ပြီး အရွတ်နုကို ပွန်းစားသဖြင့် အာရုံကြောကို ပိမိလျှင် ခံစားရမည့် နောက်ဆက်တွဲလက္ခဏာများမှာ-

အာရုံကြောညပ်ခြင်းတွင် ရောဂါ၏ အတိမ်အနက်ပေါ် မူတည်၍ ကျဉ်ခြင်း၊ ထုံခြင်း၊ နာခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်းတို့ ဖြစ်ပေါ် ခံစားရပေသည်။လည်ဆစ် ကျီးပေါင်းတက်တဲ့အဆစ်ပေါ်မူတည်ပြီး နာကျင်မှုဧရိယာလည်းကွဲပြားတတ်ပါတယ်

၁။ C1-C2 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အထက် ဦးခေါင်းတစ်ခုလုံး ဘယ်ညာ၊ ဘယ်ညာနားရွက် အောက်မှ မေးရိုးတစ်လျှောက်၊

၂။C2-C3 ကြားတွင် အာရုံကြောညပ်လျှင် နောက်စေ့အောက် ကုပ်ဆက်အထက် လည်ဇလုတ်အထိ၊

၃။C3-C4 ကြားတွင် အာရုံကြောညပ်လျှင် လည်ဂုပ်အထက် နားမှ ဘယ်ညာညှပ်ရိုးအထက် ဧရိယာအထိ၊

၄။C4-C5 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက်မှ ဘယ်ညာပခုံးကြောဧရိယာအထိ၊

၅။C5-C6 ကြားတွင် အာရုံကြောညပ်လျှင် လည်ကုပ်ဆက် အောက်မှ ဘယ်ညာညှပ်ရိုးအောက်၊

၆။C6-C7 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အထက်နားမှလက်မောင်း၊ လက်ဖျံရှေ့နောက် အပြင် ဘေးတစ်လျှောက်မှ လက်ညှိုး၊ လက်ခလယ် သို့၊

၇။C7-T1 ကြားတွင် အာရုံကြောညပ်လျှင် ဘယ်ညာလက်ပြင် အလယ်မှ လက် မောင်း၊ လက်ဖျံရှေ့နောက်၊ အတွင်း ဘေးတစ်လျှောက်မှ လက်သန်း၊ လက်သူကြွယ်အထိ။

💢 ခံစားရတဲ့လက္ခဏာအများစုကတော့
========================

၁။ဇက်ကြောတင်းခြင်း၊ တက်ခြင်း။

၂။လည်ပင်းရိုးဆစ် တောင့်တင်းပြီး အနေခက်ခြင်း။

၃။ခေါင်းငုံ့ အာရုံစိုက်ရသည့် အလုပ်ကို ကြာရှည် မလုပ်နိုင်ခြင်း။

၄။လက်မောင်းနှင့် ပခုံးဆစ်တွင်ပါ ကိုက်ခဲခြင်း။ လက် မောင်းကပ်ခြင်း။

၅။ ခေါင်းဘယ်ညာလှည့်လျှင် ခေါင်းငုံ့လျှင်၊ ခေါင်းမော့ လျှင် ချာချာလည်မူးခြင်း၊အန်ခြင်း။

၆။ညအိပ်လျှင် ခေါင်းအုံးပေါ် ခေါင်းချပြီးနောက် တစ် နာရီခန့်အကြာ၌ လက်များတွင် ထုံကျဉ်ပြီး လန့် နိုးခြင်း။

🚫 ရှောင်ကြဉ်ရမည့် အရာတွေကတော့🚫
=========================

၁။ ခေါင်းငုံ့ပြီး၊ မော့ပြီး ကြာရှည်လုပ်ရသော အလုပ် များကို ရှောင်ကြဉ်ရန်။
အကယ်၍ မလွှဲမရှောင်သာ၍ လုပ်ရပါကလည်း တစ်နာရီ ကြာလျှင် ၁ဝ မိနစ်ခန့် အနားယူပေးရန် လိုအပ်ပါသည်။

၂။ ကုလားထိုင်၊ တန်းလျားများပေါ်တွင် ဇက်တင်ပြီး ဖြစ်စေ၊ ခွေခေါက်ပြီးဖြစ်စေ အိပ်ပျော်ခြင်းကို ရှောင်ကြဉ်ပါ။

၃။ခေါင်းပေါ်တွင် အလေးအပင်ရွက်ခြင်း၊ အထူးသဖြင့် ၁ဝ ပိဿာထက် ပိုသောအလေးအပင်ကို ရွက် ခြင်းမှ ရှောင်ကြဉ်ပါ။

၄။ ပန်ကာအသုံးပြုပြီး ထိုင်အလုပ်လုပ်နေသူများ သည် မိမိခေါင်းပေါ် တည့်တည့်မှာ ပန်ကာဖွင့်ခြင်း မပြုသင့်ပါ။

၅။ ဇက်ကြောတက်ခြင်းကြောင့် အနှိပ်ခံခြင်း ခေါင်း လျှော်ချိန်တွင် ရေလောင်းပြီးဇက်ကြောနှိပ်ခြင်း များ မပြုလုပ်သင့်ပါ။

လည်ဆစ်ကျီး​ပေါင်းကို သက်သာ​စေသည့်​လေ့ကျင့်ခန်း
================================

၁ - ပုခုံးအား မလှုပ်ရှားစေဘဲ မေးစေ့နှင့် ရင်ဘတ်အား တတ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၂ - ပုခုံးအား မလှုပ်ရှားစေဘဲ မျက်နှာကြက်ပေါ်သို့ တတ်နိုင်သမျှ မော့ကြပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၃ - ပုခုံးအား ငြိမ်ငြိမ်ထား၍မေးစေ့အား ပုခုံးတဖက်သို့
ကြည့်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ် ညာ ၁၀ ကြိမ်စီလုပ်ပါ။
- တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

၄ - ပုခုံးအား ငြိမ်ငြိမ်ထား၍ နားရွက်နှင့် ပုခုံးအား ထိကပ်နိုင်သမျှ ထိကပ်ပါ။
- ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
- တခါလုပ်လျှင် ဘယ်ဘက် ၁၀ ခါ ညာဘက် ၁၀ ခါ ပြုလုပ်ပါ
- တနေ့ ၃ ကြိမ်ပြုလုပ်ပါ။ ။

31/05/2022

💗💖💗Sharing is caring 💗💖💗

Free Online Courses with Certificate of Completion
အင်္ဂလန်နိုင်ငံက ထောက်ပံ့ပေးတဲ့ အခမဲ့သင်တန်းပေါင်း (81) ခုဖြစ်ပါတယ်။ Online Leaning ဖြစ်ပြီး ဘာသာရပ်တစ်ခုကို သင်ကြားချိန် နာရီ (၂၀) ဝန်းကျင် ရှိမှာပဲဖြစ်ပါတယ်။ ခု ဖော်ပြထားတဲ့ သင်တန်းတွေကို လူတိုင်းတက်ရောက်နိုင်ပြီး အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက်မရှိဘဲ သင်တန်းသားတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ သင်ခန်းစာတွေကို အကန့်အသတ်မရှိ လေ့လာ သင်ယူနိုင်ပါတယ်။ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များရယူနိုင်ပါသည် ။
ရွေးချယ်စရာ သင်တန်းတွေကတော့ -
Free Business Management Course
(https://bit.ly/3MqGvg9)
Free Construction Management Course
(https://bit.ly/3lm4zoA)
Free Customer Services Course
(https://bit.ly/3llLIdc)
Free Event Management Course
(https://bit.ly/3Ngk7Ga)
Free Fashion Design Course
(https://bit.ly/3Loh4KI)
Free Hotel Management Course
(https://bit.ly/3liwuFM)
Free Human Resources Management Course
(https://bit.ly/3lh2udz)
Free Internet Marketing Course
(https://bit.ly/3sGcOzC)
Free Management Course
(https://bit.ly/3PpetU6)
Free Project Management Course
(https://bit.ly/3wCd5VF)
Free Public Relations Course
(https://bit.ly/3wG7huq)
Free Supply Chain Management Course
(https://bit.ly/38sQ3bT)
Free Starting an Online Business Course
(https://bit.ly/3LivHPK)
Free Risk Management Course
(https://bit.ly/3sJMaGd)
Free Travel and Tourism Course
(https://bit.ly/3LiEktL)
Free Accounting and Finance Course
(https://bit.ly/3NhZvgM)
Free Teaching Assistant Course
(https://bit.ly/38ydbWg)
Free Bookkeeping Course
(https://bit.ly/3sGpEOq)
Free Diet and Nutrition Course
(https://bit.ly/3wzXyWf)
Free Interior Design Course
(https://bit.ly/38ERbZI)
Free Leadership & Management Course
(https://bit.ly/3wob00H)
Free Facilities Management Course
(https://bit.ly/3wqhnk9)
Free Social Media Marketing Course
(https://bit.ly/3NmOTx4)
Free Digital Marketing Course
(https://bit.ly/39qn9Jn)
Free Cyber Security Course
(https://bit.ly/3sE0akD)
Free Life Coaching Course
(https://bit.ly/3LpWgmf)
Free Wedding Planning Course
(https://bit.ly/3MowJLf)
Free Administrative Skills Course
(https://bit.ly/3MpdKjL)
Free Understanding Debits & Credits Course
(https://bit.ly/3NoTqiv)
Free The Role of an Accountant Course
(https://bit.ly/3FSYCZA)
Free Accounting Concepts and Standards Course
(https://bit.ly/37UE6vd)
Free P&L Account Course
(https://bit.ly/3MuXFJt)
Free Balance Sheet Course
(https://bit.ly/3NpdXDV)
Free Key Financial Report Course
(https://bit.ly/3lgUIjQ)
Free Warehouse & Material Handling Course
(https://bit.ly/3yFj5j3)
Free Fraud Prevention Course
(https://bit.ly/3wzTllt)
Free Digestion and Detoxification Course
(https://bit.ly/3sImbyY)
Free Eating Disorders Course
(https://bit.ly/3PsireH)
Free Weight Control Management Course
(https://bit.ly/37XESaO)
Free Manicure and Pedicure Course
(https://bit.ly/3MrOB86)
Free Room by Room Designing Course
(https://bit.ly/3PnIV13)
Free Course Report Writing Stages
(https://bit.ly/3yLBzP2)
How to Start a Consulting Business Free Course
(https://bit.ly/3yNCzlx)
Introduction to Business Ethics Free Course
(https://bit.ly/3Nn2wfW)
Philosophical Approaches to Ethics - Free Course
(https://bit.ly/3FVBREo)
COVID-19 Coronavirus : Free Online Course
(https://bit.ly/39t6epx)
Free Online Autism Course
(https://bit.ly/3wn5Ly2)
Free Strategic Planning Course
(https://bit.ly/3Ps2mpc)
Free Marketing Course
(https://bit.ly/3FUNifu)
Free Anger Management Course
(https://bit.ly/37UImLb)
Free Communication Skills Course
(https://bit.ly/3LqqYvg)
Free Problem Solving Course
(https://bit.ly/3sHV9Yu)
Free Creative Thinking Course
(https://bit.ly/3PFnqJh)
Free Crisis Management Course
(https://bit.ly/3FWMBT1)
Free Dyslexia Course

Free Business Course Online. Enrol for free online business courses at OHSC and study for 100% free. Accredited certificates can also be claimed.

 #လမ်းလျှောက်ပါ🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ🚶~~~~~~~~~~~~~~~~~~~~~~~~🌾အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...🌀သဘ...
04/05/2022

#လမ်းလျှောက်ပါ

🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ🚶
~~~~~~~~~~~~~~~~~~~~~~~~

🌾အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...

🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။အဖော် ပါလာပါတယ်။

🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

🌀လူတစ်ယောက်ဟာ တစ်နေ့ကိုနှလုံးခုန်တဲ့
အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့်
နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။
🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။

🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

🌀သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

🌀ခြေသလုံး၂ခုက ကြွက်သားတွေညှစ်ပေးမှသွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

🌀နှလုံးအိမ်မှာ သွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုးဝင်ရောက်သွားပါတယ်။
🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲက အနည်တွေပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေညှစ်မှ ရတာပါ။

🌀ခြေသလုံးကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှရတာပါ။အပြေးလေ့ကျင့်မှရတာပါ။

🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

🌀ယခုအခါမှာ လူတွေဟာလမ်းတောင် မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။

🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီးကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

🌀လမ်းလျှောက်တဲ့လူတွေ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Smart Choice Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share