04/02/2026
ဆရာသန်းတင့်နဲ့ ပန်းဆိုးတန်း Book Tree မှာ ခင်ဖုန်းသက်ဝေစာအုပ်ကို ဆရာသန်းတင့်က လက်မှတ်ထိုးပေးနေရင်း စကားစမြည် ပြောကြတယ် သူစိုက်ထားတဲ့ ငရုပ်သီးပင်လေးအကြောင်းပြောပြနေတယ် ဝယ်စားလိုက်ရင် စျေးသိပ်မပေးရပါဘူး ကိုယ့်ဘာသာ စိုက်စားတော့ လက်ဝင်လိုက်တဲ့ဖြစ်ခြင်း အပင်အားဆေးလေးကျွေးရ ရေလောင်းပေါင်းသင်ရ ဆိုလိုရင်းက ဒါတော့မဟုတ်ဘူးပေါ့ အဲဒီမှာ ကဗျာဆရာပြောတဲ့စကားတွေက ဘယ်လောက်နုလိုက်သလဲဆိုရင် သူစိုက်ထားတဲ့ ငရုပ်ပင်လေး အပွင့် ပွင့်တဲ့အချိန်ကျရင် စာကလေးတွေက လာလာနားပြီး ပွင့်ဖတ်လေးတွေကို လာစားသတဲ့ သူတို့လာပြီဆိုရင် တစ်ကောင်ထဲတောင် မဟုတ်ဘူးတဲ့ အဖော်အပေါင်းသင်းပါ ပါလိုက်သေးတယ် တစ်ကောင်နဲ့ တစ်ကောင် စကားတွေ ပြောလိုက်ကြ တစ်ကောင်ပေါ် တစ်ကောင် မှီလိုက်ကြ တစ်ကောင်နဲ့ တစ်ကောင် ခွံ့ကျွေးလိုက်ကြတဲ့ အဲဒီမှာ ကဗျာဆရာ ကိုသန်းတင့် ပြောပုံက အသက်
(မသိရင်တဲ့ သူတို့က ကန်တင်းက ဘူးသီးကြော်ဆိုင် ရောက်နေကြသလိုပဲတဲ့)
စာကလေးတွေကို ခင်ဖုန်းသက်ဝေ ရေးတဲ့ ကဗျာဆရာ ကိုသန်းတင့်က အဲလိုဖွဲ့ဆိုတယ် နားထောင်နေရင်း အဲဒီစကားလေးကို ကြိုက်လို့ ပြန်လည်ပြီး ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။
ကဗျာဆရာလည်း ပီသပါပေတယ် ဖွဲ့နွဲ့လိုက်ပုံများ...