LNG Food To You

LNG Food To You Special Food preorder cooked food Delivery via foodpanda , Grab Food and Food Mall App. Search" LNG''

ဆိုင်ခင်းပြီးမကြာခင်မြန်မြန်ကုန်တတ်လို့ကြိုတင်ဖုန်းဆက်ပြီး confirm လုပ်ထားရင် လာပို့ပေးတာဖြစ်စေ၊ ချန်ထားပေးတာဖြစ်စေ တစ်ခုခု စီစဉ်‌ေပးထားလို့ရပါတယ်။foodpanda , Grab Food နဲ့ Mall Plus App မှာ LNG Food To You လို့ရိုက်ရှာပြီး အော်ဒါမှာယူသုံးဆောင်နိုင်ပါတယ်။
စားမယ်ဆိုဟလို@09400922296

ကတ်ကြေးပုံရဖို့များတကူးတကရိုက်ယူ‌နေကြတယ်အံ့အောဘကွာ
15/06/2024

ကတ်ကြေးပုံရဖို့များတကူးတကရိုက်ယူ‌နေကြတယ်
အံ့အောဘကွာ

ကဆုန်လပြည့် ဗုဒ္ဓနေ့ ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ဘု...
21/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့
ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်ပါတယ်။

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ
ဤလေးတန်
မှတ်ရန် ဗုဒ္ဓနေ့

ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။

ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။

ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။

စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

က‌ဆုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓ၏ အဖြစ်တော်လေးမျိုးစလုံး တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သောကြောင့် ထိုနေ့သည် ထူးမြတ်သောနေ့ ဖြစ်သည်။ ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်တော် ရရှိခဲ့သည်။ [၁] ဂေါတမမြတ်စွာဘုရားလောင်း ဖြစ်တော်မူသော သိဒ္ဓတ္ထမင်းသား ကို သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)တွင် ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့်မိဖုရားခေါင်ဖြစ်သော သိရီမဟာမာယာ မိဖုရားကြီးတို့မှ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ခရစ်တော်မပေါ်မီ (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန်ဝိသာ ခါနက္ခတ်နှင့်စန်းအယှဉ်တွင် ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့အသွား လုမ္ဗိနီအင်ကြင်းတော ၌ ဖွားမြင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလမှာ ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းသော အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့သည်။

စိတ်ပုတ်တာ အနံ့တော့မထွက်ဘူးဒါပေမယ့် မျက်နှာမှာတော့ရုပ်ထွက်မကောင်းဖြစ်တယ်။အဲဒီရုပ်ကို ဘယ်လိုအကောင်းစားမိတ်ကပ်မျိုးနဲ့မှ ရ...
29/08/2023

စိတ်ပုတ်တာ အနံ့တော့မထွက်ဘူး
ဒါပေမယ့် မျက်နှာမှာတော့
ရုပ်ထွက်မကောင်းဖြစ်တယ်။

အဲဒီရုပ်ကို ဘယ်လိုအကောင်းစား
မိတ်ကပ်မျိုးနဲ့မှ ရုပ်ထွက်ကောင်းအောင်
လုပ်လို့မရဘူး။

ဒါကြောင့် နှလုံးသားလှအောင်ကြိုးစား
နေထိုင်ကြည့်ပါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

ဘယ်လိုတောင်လားအေးမိစန်းရယ်
24/08/2023

ဘယ်လိုတောင်လားအေးမိစန်းရယ်

မနာလိုမှု့ဟာသိပ်ကြောက်ဖို့ကောင်းတယ်😟သုံးအိမ်ကျော်ကမိန်းမကခိုင်းတာတဲ့ မနာလိုမှုတွေကြောက်ဖို့ကောင်းလိုက်တာနော်
14/08/2023

မနာလိုမှု့ဟာသိပ်ကြောက်ဖို့ကောင်းတယ်😟
သုံးအိမ်ကျော်ကမိန်းမကခိုင်းတာတဲ့
မနာလိုမှုတွေကြောက်ဖို့ကောင်းလိုက်တာနော်

Address

Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959400922296

Alerts

Be the first to know and let us send you an email when LNG Food To You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LNG Food To You:

Share