Beyond Bookshelf

Beyond Bookshelf Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beyond Bookshelf, Book shop, Yangon.

"ကျွန်တော်တို့အားလုံးဟာ တကယ်ပဲ သတိတရားနဲ့ ရှင်သန်နေကြတာလား... ဒါမှမဟုတ် ပုထုဇဉ်အသိနဲ့ ရူးသွပ်နေကြတာလား?"စာရေးဆရာကြီး ဦးန...
18/04/2026

"ကျွန်တော်တို့အားလုံးဟာ တကယ်ပဲ သတိတရားနဲ့ ရှင်သန်နေကြတာလား... ဒါမှမဟုတ် ပုထုဇဉ်အသိနဲ့ ရူးသွပ်နေကြတာလား?"

စာရေးဆရာကြီး ဦးနု ရဲ့ "ပုထုဇနောဥမ္မတ​ကော" ဆိုတဲ့ ဒီစာအုပ်ဟာ လူသားတို့ရဲ့ အတွင်းသန္တာန်မှာ ကိန်းအောင်းနေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အဲဒီနောက်ကွယ်က ရူးသွပ်မှုတွေကို ပေါ်လွင်အောင် ရေးသားထားတဲ့ လက်ရာကောင်းတစ်ခုပါ။ မျက်နှာဖုံးက ရောင်စုံပန်းချီကားချပ်လိုပဲလူ့လောကကြီးရဲ့ လှတဲ့ အလွှာပေါင်းစုံကို ဒီစာအုပ်ထဲမှာ ခံစားရမှာဖြစ်ပါတယ်။

ရိုးရှင်းပေမယ့် အနှစ်သာရပြည့်ဝပြီး ဖတ်ရသူကို အတွေးနယ်ချဲ့စေမယ့် စကားလုံးအသုံးအနှုန်းများ။ပုထုဇဉ်လူသားတို့ရဲ့ သဘာဝကို နားလည်လာစေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်ဖို့ အခွင့်အရေးပေးမယ့် ဇာတ်လမ်းဇာတ်ကွက်များ။

ဝတ္ထုတစ်ပုဒ်အနေနဲ့ ဖတ်ရုံတင်မကဘဲ လူမှုရေး၊ စိတ်ပညာနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကိုပါ တစ်ပါတည်း ရရှိနိုင်မှာပါ။

◽စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ပုထုဇနောဥမ္မတကော
#ဦးနု

တောသားလူငယ်ဘဝမှာ ဆရာအောင်သင်း ထောင်ကျတော့ ထောင်ကျဖက်တွေထဲမှာ သူက အမြတ်ထွက်ဆုံးလို့ ဆိုတယ်။ ထောင်ထဲမှာ ဆရာကောင်းနဲ့တွေ့ပြ...
18/04/2026

တောသားလူငယ်ဘဝမှာ ဆရာအောင်သင်း ထောင်ကျတော့ ထောင်ကျဖက်တွေထဲမှာ သူက အမြတ်ထွက်ဆုံးလို့ ဆိုတယ်။ ထောင်ထဲမှာ ဆရာကောင်းနဲ့တွေ့ပြီး Newsweek, Reader’s Digest တို့ကို ကောင်းကောင်းဖတ်နိုင်တဲ့အထိ အင်္ဂလိပ်စာ တတ်သွားလို့ ဖြစ်တယ်။

ဆရာအောင်သင်းထက်ကို ပိုအမြတ်ထွက်သူက ဆရာအောင်မျိုးသန်းပါ။ ထောင်ထဲမှာ တရားပြ ဆရာကောင်းနဲ့ တွေ့ပြီး တစ်သံသရာလုံးအတွက် အမြတ်ထွက်သွားလို့ပါ။

ဒီစာအုပ်က ရနိုင်တဲ့ တရားအသိနဲ့ နှိုင်းစာရင် စာအုပ်တန်ဖိုးက
မပြောပလောက်ပါဘူး။ အမှာစာနဲ့ နောက်ဆုံး နှစ်မျက်နှာကို
ဖတ်ကြည့်စေချင်ပါတယ်။

“ စာဖတ်ခြင်းဖြင့် ဘဝအဆင့်
စိတ်ဓာတ်အဆင့် မြင့်ကြပါစေ”

◽️စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#လွတ်မြောက်ရာသို့ပျံသန်းခြင်း
#အောင်မျိုးသန်း

❝မိုးတွေရွာလိုက်တိတ်လိုက်ကမ္ဘာမှာ❞ ဟာ ကျတော်ရင်ဆိုင်ခဲ့ရတဲ့ ဟောဒီလူ့ဘ၀ပါပဲ။ ကျတော်က ဝေဒနာကိုထုပ်ပိုးပြီး ပြန်ရေးတတ်ခဲ့တယ...
17/04/2026

❝မိုးတွေရွာလိုက်တိတ်လိုက်ကမ္ဘာမှာ❞ ဟာ ကျတော်ရင်ဆိုင်ခဲ့ရတဲ့ ဟောဒီလူ့ဘ၀ပါပဲ။ ကျတော်က ဝေဒနာကိုထုပ်ပိုးပြီး ပြန်ရေးတတ်ခဲ့တယ်။ ပျော်ခဲ့တယ်။ ငိုခဲ့တယ်။ ‌ေသချင်စော်နံခဲ့တယ်။ ချစ်ခဲ့တယ်။ လွဲခဲ့တယ်။ တံတွေးတွေမျက်နှာကိုစင်ခဲ့တယ်။ ချစ်ပန်းရနံ့တွေလည်းအစဥ်သဖြင့်ရရှိခဲ့ပါတယ်။
ကျတော် အလိုရှိရှိ၊ မရှိရှိ
ခင်ဗျားတို့ အလိုရှိရှိ၊ မရှိရှိ။
မိုးတွေကအမြဲ ရွာလိုက်တိတ်လိုက်ဖြစ်နေမှာပဲ။

◽️မိုဃ်းဇော်

◾️စာအုပ်တန်ဖိုး - ၁၅၀၀၀ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#မိုးတွေရွာလိုက်တိတ်လိုက်ကမ္ဘာမှာ
#မိုးဃ်ဇော်

မြန်မာ့ရိုးရာနှစ်သစ်ကူးအချိန်အခါသမယလေးမှာမြန်မာပြည်သူပြည်သားများအားလုံးကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံ...
17/04/2026

မြန်မာ့ရိုးရာနှစ်သစ်ကူးအချိန်အခါသမယလေးမှာ
မြန်မာပြည်သူပြည်သားများအားလုံးကိုယ်၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး ပျော်ရွှင်ဖွယ်ရာ
နှစ်သစ်အခါသမယလေးဖြစ်ပါစေ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့စွာဖြင့် နှစ်သစ်ကို
စိတ်သစ်လူသစ်ဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်
ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း မင်မင်တို့
Beyond မိသားစုမှ ဆုမွန်ကောင်း
တောင်းအပ်ပါတယ်ရှင့် 💦💛

#နှစ်သစ်အခါသမယ
#နှစ်သစ်ဆုတောင်း

စိတ်ပျက်စရာတွေ အခက်အခဲတွေစတဲ့ ဒုက္ခနဲ့ကြုံတဲ့အခါ အရှုံးမပေးပဲ အဖြစ်နိုင်ဆုံး အားမာန်ကို တင်းထားရမှာပဲ။ ပစ်တိုင်းထောင် ရု...
17/04/2026

စိတ်ပျက်စရာတွေ အခက်အခဲတွေစတဲ့
ဒုက္ခနဲ့ကြုံတဲ့အခါ အရှုံးမပေးပဲ အဖြစ်နိုင်ဆုံး
အားမာန်ကို တင်းထားရမှာပဲ။ ပစ်တိုင်းထောင်
ရုပ်ကလေးတွေကို မြင်ဘူးကြမှာပဲ။ ငယ်ငယ်က
ဒီပစ်တိုင်းထောင် ရုပ်မျိုးလေးတွေနဲ့
ကစားဘူးကောင်း ကစားဘူးကြမှာပဲ။
ပစ်တိုင်းထောင်ကို ဘယ်လိုပဲပစ်ပစ်
ဘယ်နေရာကိုပဲ ပစ်လိုက်ပစ်လိုက်
ကျရာနေရာမှာ မတ်လျက်၊ ထောင်လျက်ပဲ။

ဒီပစ်တိုင်းထောင်လိုပေါ့။
ဘယ်လိုအခြေအနေကိုပဲ ရောက်ရောက်
ဦးထောင်ထောင် လည်မော့မော့နဲ့နေမယ်၊
အားမာန်တွေကို မလျော့ဘူး လို့ အားတင်းရမှာပဲ။

လူတော်လူကောင်းတွေဟာ
သေရမယ့်ဒုက္ခကြီးမျိုးတွေကိုတောင်
ခိုင်ခံ့တဲ့စိတ်နဲ့ ရင်ဆိုင်ခဲ့ကြတာ
သမိုင်းမှာအများကြီးပဲ။

◽️ စာအုပ်တန်ဖိုး - ၈၀၀၀ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#နန္ဒာသိန်းဇံ
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

ငြိမ်သက်မှု ၊ အေးချမ်းမှုကို လိုချင်တယ်ဆိုရင်ကိုပဲ အဲဒီလူဟာ စိတ်နေသဘောထား နဲ့ ဉာဏ်ပညာ တော်တော်လေး ရင့်ကျက်နေပြီလို့ ပြော...
14/04/2026

ငြိမ်သက်မှု ၊ အေးချမ်းမှုကို လိုချင်တယ်ဆိုရင်ကိုပဲ အဲဒီလူဟာ စိတ်နေသဘောထား နဲ့ ဉာဏ်ပညာ တော်တော်လေး ရင့်ကျက်နေပြီလို့ ပြောလို့ရတယ်နော် ။ ငြိမ်သက်မှု ၊ အေးချမ်းမှုကို
မလိုချင်သေးဘူး ဆိုရင် နည်းနည်း “ကလေး” ဆန်သေးတယ်လို့ ပြောလို့ရတယ် ။ “ကလေး” ဆိုတာ ပျော်ရွှင်မှုကိုပဲ လိုချင်တယ် ။ အေးချမ်းမှု ၊ ငြိမ်သက်မှုဆိုတာ သူမသိဘူး ။ နားမလည်ဘူး ။

အဲဒီတော့ စိတ်ထဲမှာ ငြိမ်သက်တာ ၊ အေးချမ်းတာကို လိုချင်တဲ့စိတ် တောင့်တတဲ့စိတ် ဖြစ်လာပြီဆိုရင် အဲဒါ ကိုယ့်ကိုယ်ကို နားလည်လိုက်ပါ ။ စိတ်ဓာတ် နဲ့ အသိဉာဏ် အဆင့်အတန်း နည်းနည်း ရင့်ကျက်လာပြီ ၊ အဆင့်မြင့်လာပြီ ။ အဲဒီတော့ ကိုယ့်ရဲ့ အကျိုးစီးပွားကိုလည်း ကိုယ် တကယ်သိလာပြီလို့
ပြောလို့ရတယ် ။

#ဆရာတော်ဦးဇောတိက

" အရှုံးမရှိသော စွန့်လွှတ်ခြင်းများ " ✨အမှိုက်ဆိုတာ ကိုယ့်အတွက်အသုံးမဝင်တော့တာမို့ အမြန်ဆုံးစွန့်လွှတ်နိုင်မှတော်ကာကျပါတ...
10/04/2026

" အရှုံးမရှိသော စွန့်လွှတ်ခြင်းများ " ✨

အမှိုက်ဆိုတာ ကိုယ့်အတွက်အသုံးမဝင်တော့တာမို့ အမြန်ဆုံးစွန့်လွှတ်နိုင်မှတော်ကာကျပါတယ်။အမှိုက်တွေကို မစွန့်ပစ်ဘဲ သိမ်းထားရင် အိမ်ထဲကိုကြွက်တွေဝင်လာတတ်ပါတယ်။ အဲ့ဒီကနေမှတဆင့် ကိုယ့်အတွက်အသုံးဝင်တဲ့အရာတွေကို ပျက်စီးအောင် ဖျက်စီးတတ်ပါတယ်။ဒီတော့အမှိုက်တွေကို မြန်နိုင်သမျှမြန်မြန် ရှင်းထုတ်ပစ်ဖို့လိုပါတယ်။

တစ်ခါတလေ ကိုယ့်အနားကိုလဲ အမှိုက်နဲ့တူတဲ့ပတ်ဝန်းကျင်ဆိုးတွေက ရှိနေတတ်ပါတယ်။ ကိုယ့်အတွက် အသုံးမဝင်၊ ကိုယ့်အကျိုးကိုလဲ မလိုလားတဲ့ ပတ်ဝန်းကျင်မျိုးပါ။ ဒီလိုပတ်ဝန်းကျင်မျိုးရှိလာပြီဆိုရင်တော့ အမှိုက်တွေလိုပဲ အမြန်ဆုံးရှင်းထုတ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ လက်ခံထားမယ်၊ ဖက်တွယ်နေမယ်ဆိုရင်တော့ ကြွက်တွေနဲ့ တူတဲ့ သူတို့ရဲ့ စရိုက်တွေ၊ သူတို့ရဲ့အပူတွေ၊ သူတို့ရဲ့ အဆင်မပြေမှုတွေက ကိုယ့်ဆီကိုပါ ကူးလာကြမှာဖြစ်ပါတယ်။အဲ့ဒီကမှတဆင့် ကိုယ့်ရဲ့စိတ်ကူးတွေ၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကိုလဲ တတိတတိနဲ့တိုက်စားခံလိုက်ရတဲ့အဖြစ်မျိုးနဲ့ ကြုံလာရနိုင်ပါတယ်။

ဒီတော့ အမိူက်နဲ့တူတဲ့ပတ်ဝန်းကျင်နဲ့တွေ့ကြုံလာရတဲ့အခါ အမြန်ဆုံးစွန့်ခွာနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ သွားလမ်းသာလို့ လာလမ်းဖြောင့်ချင်ရင် ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ထုတ်ကြရမှာဖြစ်ပါတယ်။ပိုကောင်းတဲ့ပတ်ဝန်းကျင်ကိုရချင်ရင် အကျိုးမပြုတဲ့ပတ်ဝန်းကျင်ကို စွန့်ပစ်ရမှာဓမ္မတာပါပဲ။ ဒါကြောင့် ကိုယ့်အတွက် အသုံးမဝင်တဲ့ အမှိုက်ပတ်ဝန်းကျင်ကို စွန့်ပစ်ရတာက ကိုယ့်အတွက်အရှုံးမရှိဘူးလို့ပြောချင်ပါတယ်။ကြွက်တွေမဝင်အောင်တားစီးနိုင်တာကလဲ အောင်မြင်ဖို့အတွက် ခြေတစ်လှမ်းပါပဲ။

◽️စာအုပ်တန်ဖိုး - ၆၀၀၀ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#စေးလူ
#သင့်အိပ်မက်တွေကိုဘယ်တော့မှလက်မလျှော့နဲ့

" နွေရောက်ပြီနော့ဥသြလေးတောင် တေးဆိုလှောင်ပေါ့အိမ်အပြန်ခက်အောင်နွေလက်ဆောင်တွေ ဝေခဲ့သူရယ်ဒီမှာကြည့်စမ်း ရွက်ကြွေလမ်းမှာပန်...
09/04/2026

" နွေရောက်ပြီနော့
ဥသြလေးတောင် တေးဆိုလှောင်ပေါ့
အိမ်အပြန်ခက်အောင်
နွေလက်ဆောင်တွေ ဝေခဲ့သူရယ်
ဒီမှာကြည့်စမ်း ရွက်ကြွေလမ်းမှာ
ပန်းခြောက်လေးတွေ လေမှာလွင့်
အလွမ်းတစ်ပွင့် ပန်းတစ်ပွင့် "

ဒီဝတ္ထုဟာ ရန်ကုန်တက္ကသိုလ်ကြီးကို
နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။

မောင်နန်းဝင်းရဲ့ နန်းမဟာသဘင်ကနေပြီး
ပြဇာတ်အဖြစ် စင်တင်ကပြခဲ့တဲ့ ပြဇာတ်ဝတ္ထုတစ်ပုဒ်။
မကြာမီအချိန်မှာလည်း ရုပ်သံဇာတ်လမ်းတွဲအဖြစ်
တင်ဆက်တော့မယ့် ဝတ္ထုတစ်ပုဒ်။

◽️စာညွှန်း - ကောင်းဆုသာစာပေ
◾️စာအုပ်တန်ဖိုး - ၁၆၀၀၀ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#တစ်ခါတုန်းကတက္ကသိုလ်မှာ
#နွမ်ဂျာသိုင်း

လူတစ်ယောက် တိုးတက် ကြီးပွားလာခြင်းရဲ့အခြေခံအုတ်မြစ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကပဲစတင်လာပါတယ်။အတွေးနဲ့လမ်းခင်းပြီး အလုပ...
09/04/2026

လူတစ်ယောက် တိုးတက် ကြီးပွားလာခြင်းရဲ့
အခြေခံအုတ်မြစ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကပဲ
စတင်လာပါတယ်။

အတွေးနဲ့လမ်းခင်းပြီး အလုပ်နဲ့လမ်းလျှောက်ရင်
ကိုယ်လိုချင်တဲ့ခရီး အမြန်ဆုံးရောက်မှာ အသေအချာပါပဲ။

ကျရှုံးမှုကို လက်မခံနိုင်လို့ ဘာမှမလုပ်ရင် အဲဒီလူရဲ့
ဘ၀မှာ အောင်မြင်မှုဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့အခွင့်အရေးဆိုတာ
သူ့ရဲ့လုပ်ရပ်အပေါ်မှာပဲ မူတည်ပါတယ်။
လူငယ်ဆိုတာ ကြီးမားတဲ့ပြောင်းလဲမှုတွေကိုလည်း
လုပ်ဆောင်နိုင်သလို၊ တောက်ပတဲ့ အနာဂတ်ကိုလည်း
ပုံဖော်နိုင်ပါတယ်။

◽️ စာအုပ်တန်ဖိိိုး - ၇၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ပိုင်ပိုင်လင်းဦး

◽️ဆယ့်လေးရာစုနှောင်းပိုင်းမှ စတင်ထုတ်ဝေခဲ့သော စာရေးဆရာ လော်ကွမ့်ကျုံးရေးသားသည့်  " သုံးပြည်ထောင် " သည် တရုတ်ရှေးဂန္ထဝင် ...
08/04/2026

◽️ဆယ့်လေးရာစုနှောင်းပိုင်းမှ စတင်ထုတ်ဝေခဲ့သော စာရေးဆရာ လော်ကွမ့်ကျုံးရေးသားသည့် " သုံးပြည်ထောင် " သည် တရုတ်ရှေးဂန္ထဝင် ဝတ္ထုရှည် လေးအုပ်ထဲမှ အကျော်ကြားဆုံး၊ လူသိအများဆုံး၊ ရာစုနှစ်ချီ လူကြိုက်များသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

ယွမ်မင်းဆက်နှောင်းပိုင်းနှင့် မင်မင်းဆက်ဦးပိုင်းက စာရေးဆရာ လော်ကွမ့်ကျုံးသည် ချိန်ရှုပ် ( Chen Shou) ရေးသားပြုစုသော “သုံးပြည်ထောင် သမိုင်းမှတ်တမ်း”၊ ဖေဆုန်းကျီး(Pei Songzhi) ရေးသားသည့် “သုံးပြည်ထောင်သမိုင်းမှတ်တမ်း ဋီကာဖွင့်ဆိုချက်များ”၊ ပါးစပ်ရာဇဝင်များ၊ ကျေးလက်ဒဏ္ဍာရီပုံပြင်များနှင့် ရိုးရာအဆိုအက... စသည်များကို စုစည်းကာ ဇာတ်အိမ်တည်၍ စာပေအနုပညာလက်ရာအဖြစ် ဖန်တီးထားသော ဝတ္ထုရှည်တစ်အုပ်ဖြစ်ပေသည်။

သုံးပြည်ထောင်ခေတ်သည် တရုတ်သမိုင်းတွင် သွေးမြေအကျဆုံးသော ခေတ်ဖြစ်သလို၊ စစ်ဘုရင်များ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သည့်ခေတ်လည်း ဖြစ်ပေသည်။ ဧကရာဇ်ပင်လျှင် “စစ်ပြေးဒုက္ခသည်ဘဝ” ရောက်ရရှာ၏။ ဤဝတ္ထုသည် နှစ်တစ်ရာကာလတိုင် အသောမသတ်နိုင်သော စစ်မက်အကြောင်းကို ဖော်ကျူးထားသည်။ အကယ်၍ ဆွန်းစု(Sun Zi)၏ စစ်ပညာကျမ်းကို သီအိုရီအဖြစ်မှတ်ယူပါက စစ်မက်ထူပြောသော သုံးပြည်ထောင်ခေတ်သည် ၄င်းသီအိုရီမှန်ကန်မှု ရှိမရှိကို လက်တွေ့စမ်းသပ် စစ်ဆေးခြင်းပင် ဖြစ်သည်။

◾️သုံးပြည်ထောင်ခေတ်က ဖြစ်ရပ်များသည် မျက်မှောက် ကာလ၌ ဖြစ်ပျက်နေသော နိုင်ငံအချို့၏ ပြည်တွင်းရေးနှင့် အတော်ပင် ဆင်တူနေကြောင်း တွေ့မြင်ရပါလိမ့်မည်။

◽️မောင်ရှင် ( ဘာသာပြန်သူ၏အမှာစာ _ မှ)

◽️ စာအုပ်တန်ဖိုး - ၃၅၀၀၀ ကျပ် ( အတွဲ ၁ )
- ၄၅၀၀၀ကျပ် (.အတွဲ ၂ )

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#သုံးပြည်ထောင်
#မောင်ရှင်

ငါမရှိလို့ မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်ကိုယ် ပင်ပန်းစေရုံ ကိုယ်တိုင် ချည်နှောင်ထားမိတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက ကိုယ့်ကိုယ်က...
08/04/2026

ငါမရှိလို့ မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်ကိုယ် ပင်ပန်းစေရုံ ကိုယ်တိုင် ချည်နှောင်ထားမိတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့ မေ့သွားစေပါတယ်။ တကယ်တော့ ကိုယ် ရှိပေးနေနိုင်တုန်းမှာ သူတို့အတွက် အကောင်းဆုံး ဆောင်ရွက်ပေးပြီး မရှိပေးနိုင်တော့တဲ့အချိန်မှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အစွမ်း အစနဲ့ ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် စီစဥ်ပေးသင့်တာပါ။

◽️စာအုပ်တန်ဖိုး - ၇၀၀၀ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ကောင်းမြတ်ခေတ်
#ပြိုင်ဘက်ကငါ

စတုတ္ထတန်းကို လေးနှစ် လေးခါကျောင်းလေးကျောင်းမှာ တက်ခဲ့ရသည့်မူလတန်း ကျောင်းသားဘဝမှသည်တက္ကသိုလ်တွင် ပါမောက္ခဆရာတယောက်ဖြစ်သ...
07/04/2026

စတုတ္ထတန်းကို လေးနှစ် လေးခါ
ကျောင်းလေးကျောင်းမှာ တက်ခဲ့ရသည့်
မူလတန်း ကျောင်းသားဘဝမှသည်
တက္ကသိုလ်တွင် ပါမောက္ခဆရာတယောက်
ဖြစ်သည့်အထိ တက်လှမ်းခဲ့ရသော
ပညာရေးခရီးရှည်ကြီး တလျှောက်
တွေ့ခဲ့ ကြုံခဲ့ ဖြတ်သန်း ခဲ့ရသော
ပညာရေးစနစ် အပြောင်းအလဲများ၊
စာသင်ကြားပုံ စနစ်များကို
ရိုးခနဲ ရိပ်ခနဲ တင်ပြရင်း- ‌

ကျောင်းသားဘဝတလျှောက်
တပျော်တပါး ရင်ခုန်စိတ်လှုပ်ရှားလျက်
ပါဝင်ဆင်နွှဲခဲ့ရသော ပျော်ပွဲရွှင်ပွဲ၊
မောင်မယ်သစ်လွင် ကြိုဆိုပွဲများ မှသည်

စကားရည်လုပွဲ၊ စာပေဟောပြောပွဲ၊
ဉာဏ်ကြီးရှင်ဖြေဆိုပွဲ၊ တကသ ရွေးကောက်ပွဲ၊
ကျောင်းသားပွဲတော်၊ ဘွဲ့နှင်းသဘင်၊
သုတေသနဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊
ရန်ကုန်တက္ကသိုလ် ရွှေရတု စိန်ရတုပွဲများ အလယ်

ရန်ကုန်တက္ကသိုလ်နှစ်တရာပြည့်ပွဲ ထိတိုင်
ဆရာမောင်ခင်မင်(ဓနုဖြူ)၏ အတွေ့အကြုံများ။

◽️ စာအုပ်တန်ဖိုး - ၁၄၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#မောင်ခင်မင်(ဓနုဖြူ)

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959795343784

Website

Alerts

Be the first to know and let us send you an email when Beyond Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beyond Bookshelf:

Share

Category