Travel by Ko Char

Travel by Ko Char ခရီးသွားခြင်းကို ရူးသွပ်သူ ..
ခရီးသွားခြင်းကို ယစ်မူးသူ ..
ခရီးကို စက်ဘီးတစီးနဲ့ သွားချင်သူ ..
ခရီးသွား ဓာတ်ပုံဆရာ တယောက် ..

ကျနော်သွားခဲ့တဲ့ ခရီးတွေနဲ့ နောက်သွားမဲ့ ..
- Cycling ခရီးစဉ်တွေ ..
- Trekking လမ်းကြောင်းတွေ ..
- Hiking အခြေအနေတွေရဲ့ ..
- ဓာတ်ပုံ တွေ ..
- Short Flim Clips လေးတွေနဲ့ ..
- ခရီးသွားအတွေ့အကြုံ .. (ခရီးသွားစာပေ ပုံစံမျိုး Notes တွေ) ..
အားလုံးကို ဒီ Page လေးကနေလဲ Sharing လုပ်ပေးပါ့မယ် .. Travelling ကိုစိတ်ဝင်စားပြီး ခရီးမထွက်ဖြစ်/မထွက်နိုင်တဲ့ သူတွေ အနေနဲ့ စိတ်ဝင်စားရင် Like & Follow လုပ်ထားလို့ရပါတယ် .. အားလုံးကို ကျေးဇူးပါ ..

ပြည်ကို ဒုတိယ အကြိမ်မြောက်နဲ့ မန္တလေးကို ၃ ကြိမ်မြောက် စက်ဘီး ခရီးစဉ် ..- ဒီတပတ် စနေ (13 June) ပြည်ကို စက်ဘီးခရီးလေး ထွက...
09/06/2026

ပြည်ကို ဒုတိယ အကြိမ်မြောက်နဲ့
မန္တလေးကို ၃ ကြိမ်မြောက် စက်ဘီး ခရီးစဉ် ..

- ဒီတပတ် စနေ (13 June) ပြည်ကို စက်ဘီးခရီးလေး ထွက်ဖို့ရှိပါတယ် .. အရင်တခေါက်က ရန်ကုန်-ပုဂံကို ပြည်ကနေ နင်းဖူးပေမဲ့ .. တညပဲ အိပ်ဖူးပြီး အခုတခါတော့ ပြည်ကို သက်သက်နင်းပြီး ပြည်မြို့ရဲ့ အစားအသောက် .. ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်တွေ (သရေခေတ္တရာမြို့ဟောင်း) ကြီးကိုလဲ အသေအချာ လေ့လာပြီး Vlog ရိုက်ချင်ပါတယ် .. (အရင်က ကားနဲ့ သွားဖူးပေမဲ့ အခုကတော့ စက်ဘီးနဲ့ နေရာစုံကို လျှောက်သွားမယ် .. လျှောက်စားမယ် .. လျှောက်လေ့လာမယ် ..)

- နောက်တခုက ပြည်ကနေ ရန်ကုန်တန်း မပြန်တော့ မန္တလေးကို စက်ဘီးနဲ့ ၃ ကြိမ်မြောက်အနေနဲ့ ဆက်နင်းဖို့လဲ စီစဉ်ထားပါတယ် .. (အချိန်ပေးရင် ပြင်ဦးလွင်ပါ ဆက်တက်မယ် ..)

- ပြည်သီးသန့်ပဲ လိုက်ချင်တဲ့သူတွေ အတွက်လဲ ပြည်ကနေ ဆက်မလိုက်ပဲ လှည့်ပြန်မဲ့ Cyclist အဖော်လဲရှိပါတယ် .. (လိုက်ချင်စိတ်ရှိတယ်ဆိုရင် စောင့်ခေါ်ပြီး ဖြစ်အောင် စီစဉ်ပေးလို့ရပါတယ် ..)

- တကယ်လို့ ခရီးဝေးမစီးဖူးပဲ .. စက်ဘီးနဲ့ ခရီးထွက်ချင်တဲ့ အတွေ့အကြုံ သိပ့်မရှိသေးတဲ့ Cyclists တွေကိုလဲ ဖိတ်ခေါ်ပါတယ် .. (အတွေ့အကြုံရှိတဲ့ လူဆိုရင်တော့ ပြောစရာမလို ..)

နေ့ခြင်းပြန် ခရီး မဟုတ်တဲ့ အတွက် ကန့်သတ်ချက်လေးအချို့တော့ ရှိတယ် ..

၁ - စက်ဘီးဦးထုတ် (မဖြစ်မနေ) လိုအပ်ပါတယ် ..
၂ - စက်ဘီးမီး ရှေ့/နောက် (မဖြစ်မနေ) လိုအပ်ပါတယ် ..
၃ - စက်ဘီးကျွတ် (အနဲဆုံး) တစ်ခု .. နှစ်ခုဆို ပိုကောင်း (မဖြစ်မနေ) လိုပါတယ် ..
၄ - Group Ride စီး/Lead နိုင်ဖို့အတွက် Speed ပြတဲ့ မိုင်းလစ်/Bike Computer တစ်ခုလိုပါတယ် .. (မဖြစ်မနေ မဟုတ်)
၅ - ပြည်က အသွားတင် ကီလို ၃၀၀ နီးပါးရှိတဲ့ အတွက် Speed 20 နဲ့ 25 ကြားနင်းနိုင်ရပါမယ် .. (အနီးစပ်ဆုံး စီးနိုင်ဖို့လို ..)
၆ - စက်ဘီးနဲ့ ခရီးထွက်တာဟာ ကားနဲ့လို သက်တောင့်သက်သာရှိတဲ့ ခရီးမဟုတ်တဲ့ အတွက် နေပူ/မိုးရွာ ဒဏ်ခံနိုင်တဲ့ ကျန်းမာရေးလဲ လိုပါတယ် .. (အခုချိန်တော့ သက်သာတယ် ..)
၇ - နောက်ဆုံးနဲ့ အဓိက အရေးကြီးဆုံးကတော့ Group လိုက်စီးနင်းမှာဖြစ်တဲ့ အတွက်ကျန် Group Members တွေနဲ့ သဟဇာတဖြစ်နိုင်မဲ့ ပေါင်းသင်းဆက်ဆံရေးမျိုး လိုအပ်ပါတယ် ..

မှတ်ချက် - ဒီလမ်းက လမ်းအရမ်းမဆိုးပေမဲ့ Fix ဘီးတို့ RB တို့ထက် Gravel ဒါမှမဟုတ် MTB ဆို ပိုကောင်းတယ် .. ထွက်မဲ့ အချိန်နဲ့ စုရပ်ကိုတော့ လိုက်မဲ့လူတွေရဲ့ နေရာ အပေါ်မူတည်ပြီး စီစဉ်ပေးပါ့မယ် .. (စောစောတော့ ထွက်မယ် ..)

ဒီအချက်တွေ ပြည့်စုံရင်တော့ အခုခရီးမှ မဟုတ်ဘူး .. နောက်သွားမဲ့ ခရီးတိုင်းကို လိုက်ခဲ့လို့ရပါတယ် .. ဘဝမှာ တော်ရုံလူတွေ မသွားဖြစ်/မသွားနိုင်တဲ့ စက်ဘီးနဲ့ ခရီးသွားခြင်းအရသာကို မြည်းစမ်းကြည့်လို့ရပါပြီ ..

စိတ်ဝင်စားရင် CB မှာ လာပြောပေးပါ ..

အရိုင်းဆန်တဲ့ .. သဘာ၀အလှတရားတွေကို ..မသေခင် တဝကြီး ခံစားပြီး ..ခရီးဆက်မယ်/ ခရီးထွက်မယ် ..
04/06/2026

အရိုင်းဆန်တဲ့ ..
သဘာ၀အလှတရားတွေကို ..
မသေခင် တဝကြီး ခံစားပြီး ..
ခရီးဆက်မယ်/ ခရီးထွက်မယ် ..


မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်ခဲ့တဲ့ (လွမ်းစေတီကနေ ဘုရားတောင်ထိပ်ပေါ်သို့) အရောက်သွားကြပြီး မုဆိုးတောင်မှာ Night Campi...
20/05/2026

မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်ခဲ့တဲ့ (လွမ်းစေတီကနေ ဘုရားတောင်ထိပ်ပေါ်သို့) အရောက်သွားကြပြီး မုဆိုးတောင်မှာ Night Camping ချခဲ့တဲ့ (ဒုတိယရက်/ဒုတိယပိုင်း) Vlog လေးကြည့်လို့ရပါပြီ ..

ဒီအပိုင်းမှာ လွမ်းစေတီ ကနေ မုလအိတောင်ထိပ်ကို Trekking လျှောက်ကြပြီး ဒီ ခရီးစဉ် ရဲ့ အကောင်းဆုံး အပိုင်းဖြစ်တဲ့ ဒေါနတောင်တန်းတွေကို နေဝင်ချိန်နဲ့ တွဲမြင်ရမဲ့ အလှဆုံး အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် .. နောက်တစ်ခုက အမျိုးသမီးတွေ တက်လို့မရတဲ့ မုလအိရဲ့ထိပ်ဆုံး စေတီတော်ကိုလဲ ကိုယ်တိုင်ရောက်သလို သေချာလေး ဖူးမျှော်နိုင်မှာ ဖြစ်ပါတယ် ..

မုလအိတောင်ကနေ မုဆိုးတောင်ကို မီးတွေနဲ့ Night Trekking လျှောက်ခဲ့ကြတဲ့ အတွေ့အကြုံတွေရယ် .. တောင်ထိပ်မှာ Tent တွေထိုးကြပြီး ကြယ်တွေ ကြည့်ကြတဲ့ Night Camping အခြေအနေ တွေလဲ ပါမှာ ဖြစ်ပါတယ် .. (ကြယ်တွေကတော့ အမှောင်ထဲမှာ Action Camera နဲ့ ရိုက်ပြဖို့ မလွယ် )

ပထမ Vlog တွေလိုပဲ နာရီအလိုက် ခံစားရတဲ့ အခြေအနေတွေကို မသွားဖူးတဲ့သူတွေ ကိုယ်တိုင်တက်သလို အနီးစပ်ဆုံး ခံစားနိုင်အောင်လဲ ပြောပြ/ရိုက်ပြ ထားလို့ Vlog လေးကြည့်ပြီး အချိန်ကုန်ကျိုးနပ်မယ်လို့လဲ မျှော်လင့်ပါတယ် ..

နောက်ထပ်သွားချင်တဲ့ သူတွေလဲ အဆင်ပြေအောင် Documentary ပုံစံမျိုး (မှတ်တမ်း Vlog) လို အသေးစိတ် ရိုက်ပြထားတဲ့ အတွက် တချို့နေရာလေးတွေရှည်သွားသလို ရှိတယ် .. ဘာလုပ်လုပ် အကောင်းမြင်/ဖြည့်ပြီး အားပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ followers တယောက်ချင်းစီကိုလဲ ကျေးဇူး အထူးတင်ပါတယ်ဗျာ ..


#မုလအိ #တောင်တက်ခရီးစဉ်

မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်ခဲ့တဲ့ ဒုတိယရက် (လွမ်းစေတီကနေ ဘုရား...

မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်တဲ့ ဒုတိယရက် (ငှက်ပျောတောကျောင်းမှလွမ်းစေတီသို့) တက်ခဲ့ကြတဲ့ Hiking & Trekking (ဒုတိယရက်...
18/05/2026

မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်တဲ့ ဒုတိယရက် (ငှက်ပျောတောကျောင်းမှလွမ်းစေတီသို့) တက်ခဲ့ကြတဲ့ Hiking & Trekking (ဒုတိယရက်/ပထမပိုင်း) Vlog လေးကြည့်လို့ရပါပြီ ..

ဒီအပိုင်းမှာ တောင်ခြေကနေ အလယ်ကျောင်းထိ Trekking လျှောက်ဖို့ ရည်ရွယ်ထားပေမဲ့ အချိန်နောက်ကျသွားလို့ ငှက်ပျောတောကျောင်း မှာညအိပ်ပြီး (ဒုတိယရက်) အနေနဲ့ ငှက်ပျောတောကျောင်းကနေ လွမ်းစေတီ ကို Trekking လျှောက်ခဲ့တဲ့ လမ်းတလျှောက် မြင်တွေ့ရတဲ့ အဝါရောင် ဝါးတောတွေ .. သဘောင်္ဦး View Point အလှတရားတွေ .. မိုးထိအောင် မြင့်တဲ့ အပင်မြင့်ကြီးတွေနဲ့ .. မုလအိတောင်ထိပ်ကို တောင်တက်လမ်းကနေ အမျိုးမျိုး မြင်ရတဲ့ View တွေကို နာရီအလိုက် ခံစားရတဲ့ အခြေအနေတွေကို မသွားဖူးတဲ့သူတွေ ကိုယ်တိုင်တက်သလို အနီးစပ်ဆုံး ခံစားနိုင်အောင်လဲ ပြောပြ/ရိုက်ပြ ထားပါတယ် ..

နောက်ထပ်သွားချင်တဲ့ သူတွေလဲ အဆင်ပြေအောင် Documentary ပုံစံမျိုး (မှတ်တမ်း Vlog) လို အသေးစိတ် ရိုက်ပြထားတဲ့ အတွက် တချို့နေရာလေးတွေရှည်ပြီး .. ပျင်းသွားရင်လဲ ကျော်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ် .. (တချို့ကလဲ အသေးစိတ် ကြည့်ချင်ကြတယ် ပြောလို့ပါ ..)

နောက်တစ်ခု Vlog တစ်ပုဒ်နဲ့ တပုဒ်ကြား အချိန် အရမ်းကြာနေတဲ့ အတွက်လဲ တောင်းပန်ပါတယ် .. Vlogging ကို အလုပ်တခု ပုံစံမျိုးနဲ့ မဟုတ်ပဲ ပျော်ရွှင်မှုနဲ့ mood ကောင်းကောင်းရတဲ့ အချိန်မှ Edit လုပ်ချင်လို့လဲ .. ကြာသွားတာ နားလည်​ကြပါဗျာ .. (အချိန်တခုရောက်သွားရင်တော့ Vlog တွေ အစ/ဆုံး တဝကြီး ကြည့်ရှုအားပေးနိုင်မှာ ဖြစ်လို့ ခဏတော့ စောင့်ပေးကြပါအုံးနော် .. အခုကတော့ ပြီးသလောက်လေးပဲ အရင်ကြည့်ပေးကြနော် .. )

ကျနော် ဘာလုပ်လုပ် အကောင်းမြင်/ဖြည့်ပြီး အားပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ followers တယောက်ချင်းစီကိုလဲ ကျေးဇူး အထူးတင်ပါတယ်ဗျာ ..


#မုလအိ #တောင်တက်ခရီးစဉ်

မုလအိတောင်ပေါ်ကို လမ်းလျှောက်တက်တဲ့ ဒုတိယရက် (ငှက်ပျောတောကျောင်းမှလွမ်းစေတီသို့) တက်ခဲ့ကြတဲ့ Hiking & Trekking (ဒုတိယ....

နေဝင်/နေထွက်ချိန်တွေကြားမှာ ..စက်ဘီးလေးတွေနဲ့ ..ခရီးဆက်မယ် ..
08/05/2026

နေဝင်/နေထွက်ချိန်တွေကြားမှာ ..
စက်ဘီးလေးတွေနဲ့ ..
ခရီးဆက်မယ် ..


မုလအိတောင်ကို လမ်းလျှောက်ပြီး တောင်ခြေကနေတောင်ထိပ်ဆုံး စေတီတော်ထိကို အစ/ဆုံး တက်ခဲ့ကြတဲ့ Hiking & Trekking (ပထမရက်) Vlog...
07/05/2026

မုလအိတောင်ကို လမ်းလျှောက်ပြီး တောင်ခြေကနေတောင်ထိပ်ဆုံး စေတီတော်ထိကို အစ/ဆုံး တက်ခဲ့ကြတဲ့ Hiking & Trekking (ပထမရက်) Vlog လေးကြည့်လို့ရပါပြီ ..

ဒီအပိုင်းမှာ ရန်ကုန်ကနေ ရထားနဲ့ ထွက်လာပြီး တောင်ခြေသွားတဲ့ လမ်းက ရွာလေးတစ်ရွာမှာ ညအိပ်လို့ လမ်းမှာ သင်္ကြန် အကျနေ့ရဲ့ လမ်းတလျှောက် ပျော်စရာ မြင်ကွင်းတွေ .. တောင်ခြေကိုသွားတဲ့ လမ်းရဲ့ အခြေအနေတွေနဲ့ လမ်းအရမ်းဆိုးလို့ ဖုန်ရှူပြီး စီးခဲ့ရတာတွေလဲ ရိုက်ပြထားပါတယ် ..

တောင်ခြေကနေလဲ လမ်းတလျှောက် မြင်တွေ့ရတဲ့ တောမီးလောင်ထားတဲ့ နေရာတွေ .. လမ်းတလျှောက်က ဆိုင်လေးတွေနဲ့ .. Trekking လျှောက်ခဲ့ရတဲ့ ဝါးရုံတောကြီးတွေရဲ့ အလှတွေ .. မိုးထိအောင် မြင့်တဲ့ အပင်မြင့်ကြီးတွေရဲ့ အလှတွေ .. တောင်တက်တဲ့ နေရာမှာ နာရီအလိုက် ခံစားရတဲ့ အခြေအနေတွေကို မသွားဖူးတဲ့သူတွေ ကိုယ်တိုင်တက်သလို အနီးစပ်ဆုံး ခံစားနိုင်အောင်လဲ ပြောပြ/ရိုက်ပြ ထားလို့ Vlog လေးကြည့်ပြီး အချိန်ကုန်ကျိုးနပ်မယ်လို့လဲ မျှော်လင့်ပါတယ် ..

နောက်ထပ်သွားချင်တဲ့ သူတွေလဲ အဆင်ပြေအောင် Documentary ပုံစံမျိုးရိုက်ထားတဲ့ အတွက် တချို့နေရာလေးတွေရှည်ပြီး .. ပျင်းသွားရင်လဲ ကျော်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ် ..

ကျနော် ဘာလုပ်လုပ် အကောင်းမြင်/ဖြည့်ပြီး အားပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ followers တယောက်ချင်းစီကိုလဲ ကျေးဇူး အထူးတင်ပါတယ်ဗျာ ..


#မုလအိ #တောင်တက်ခရီးစဉ်

မုလအိတောင်ကို ခြေလျင် အစ/ဆုံး တက်ခဲ့ကြတဲ့ Hiking & Trekking ပထမရက် Vlog လေးကြည့်လို့ရပါပြီ ..ရန်ကုန်ကနေ ရထားနဲ့ ထွက်လာပြီး ....

နေဝင်/နေထွက်ချိန်တွေကြားမှာ ..ဓာတ်ပုံလေးတွေနဲ့ ..ခရီးဆက်မယ် ..
05/05/2026

နေဝင်/နေထွက်ချိန်တွေကြားမှာ ..
ဓာတ်ပုံလေးတွေနဲ့ ..
ခရီးဆက်မယ် ..


သင်္ကြန်တွင်းတုန်းက မုလအိတောင်ကို ခြေလျင်တက်ဖို့ ရန်ကုန်ကနေ မော်လမြိုင်ထိတဖြတ်ကို ရထားစီးပြီး သွားခဲ့တဲ့ Vlog လေးကြည့်လိ...
04/05/2026

သင်္ကြန်တွင်းတုန်းက မုလအိတောင်ကို ခြေလျင်တက်ဖို့ ရန်ကုန်ကနေ မော်လမြိုင်ထိတဖြတ်ကို ရထားစီးပြီး သွားခဲ့တဲ့ Vlog လေးကြည့်လို့ရပါပြီ ..

ရန်ကုန်-မော်လမြိုင် ရထားလမ်းတလျှောက် မြင်တွေ့ရဲ့ ရှုခင်းတွေ .. ရထားပေါ်မှာ ဝယ်ပြီးစားလို့ရတဲ့ အစားအသောက်လေးတွေနဲ့ ဈေးနှုန်းလေးတွေ .. လမ်းတလျှောက် ဘူတာတွေကို ရထားဆိုက်ရောက်ခဲ့တဲ့ အချိန် Information တွေ .. သင်္ကြန်တွင်းဖြစ်လို့ ကလေးတွေ ရေပက်ကြပုံတွေကို လိုက်ပါ သလို ခံစားရအောင် အတက်နိုင်ဆုံးတော့ ရိုက်ပြထားပါတယ် .. (ရထားသံ အရမ်းဆူတော့ တချို့နေရာလေးတွေ စကားပြောတဲ့ အသံတိုးသွားရင်လဲ တောင်းပန်ပါတယ် .. အသံရဲ့ ခံစားမှုကို အစစ်အမှန်ရချင်လို့ ရိုက်ပြီးမှ အသံပြန်သွင်းတာမျိုးတော့ မလုပ်ချင်ခဲ့လို့လဲ ပါတယ် ..)

ဒီအပိုင်းမှာ ရထားလမ်းကြောင်းအပြင် .. မော်လမြိုင်ဘူတာကြီးကနေ တောင်ခြေကို အသွား ညအိပ်မဲ့ ဖာသိမ်ရွာလေးထိကို တုတ်တုတ်ရော .. ကားစီးပြီး ရေပက်ခံခဲ့တာလေးတွေ အပြင် လမ်းတလျှောက် မြင်တွေ့ရတဲ့ မုဒုံမြို့ရဲ့ အထင်ကရ နေရာလေးတွေရဲ့ Information လေးတွေလဲ ထည့်ပေးထားပါတယ် ..

Vlog လေးကြည့်ပြီး နောက်ထပ်သွားချင်တဲ့ သူတွေလဲ အဆင်ပြေအောင် Data နဲ့ Information ကို အသားပေးပြီး Documentary ပုံစံမျိုးရိုက်ထားတဲ့ အတွက် တချို့နေရာလေးတွေ ပျင်းသွားရင်လဲ ကျော်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ် .. ပြောနေကျအတိုင်း ကျနော် ဘာလုပ်လုပ် အကောင်းမြင်/ဖြည့်ပြီး အားပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်းနဲ့ followers တယောက်ချင်းစီကိုလဲ ကျေးဇူး အထူးတင်ပါတယ်ဗျာ ..


#မုလအိ #ရထားခရီးစဉ်

1 like. "မုလအိတောင်ကို မော်လမြိုင် ရထားကြီးစီးပြီး သွားကြမယ် (အပိုင်း ၁) "

ရာသီတွေ ပြောင်းရင်း ..ဓာတ်ပုံလေးတွေနဲ့ ..ခရီးဆက်မယ် ..
03/05/2026

ရာသီတွေ ပြောင်းရင်း ..
ဓာတ်ပုံလေးတွေနဲ့ ..
ခရီးဆက်မယ် ..


မုလအိတောင် Trekking လမ်းတလျှောက် (၃)
27/04/2026

မုလအိတောင် Trekking လမ်းတလျှောက် (၃)


Address

Yangon

Alerts

Be the first to know and let us send you an email when Travel by Ko Char posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel by Ko Char:

Share