AMPP online shopping

AMPP online shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMPP online shopping, Shopping & retail, yongon, Yangon.

•ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ•Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတ...
19/01/2022

•ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ•

Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့
သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့
သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာက
Vintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်
ထည်းကဘဲ ရတာကိုး ။ ဟုတ်ပါတယ်
အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။ Vintage တွေ
ခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee,
Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။
တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Tee
တစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံ
တွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။

• ဘေထုပ်ဆိုတာ
Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး
အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့
ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်
အထုပ်ထည်းက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။
ဘေထုပ်ထည်းမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထည်းကပါတဲ့
အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Check
ဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာ
ဝယ်ယူဖို့ အကြံပြုပါရစေ ။

• Vintage Clothing
Vintage Clothing ဆိုတာကတော့ အထုပ်ထည်းကထွက်သမျှ
Vintage Clothing ဖြစ်မနေပါဘူး ။ Vintage Tee
တစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်
ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့
Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ Vintage
Tee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။
အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။
( Reproduction) လို့ အလွယ်ခေါ်ပါတယ် ။
အခု နောက်ပိုင်း အသစ် လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။
အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း
Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။

• ဘေထုပ်နှိုက်ခြင်း အနုပညာ
ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။
သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။
Round Two Founder Sean Wotherspoon
ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။
သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကို
Round Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို
ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။
သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။
ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။
အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။
ဆိုတော့...ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလို
ဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။
အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။
(ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfect
ပေါ့ဗျာ)

• For ဂျင်း Sellers
စောစောက Admin ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေ
တစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆို
Vintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုက
Google မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ
အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်း ကြတယ်
(စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့က
သူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်) Vintage Culture
ကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။
ဒါမျိုးတွေက 2020 မှာ ထည်းက ရှိကို မရှိသင့်တော့ပါဘူး ။
ပြီးတော့ နိဂုံးမချုပ်ခင် Admin အကြံပြုချင်တာကတော့
Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ်
ကောင်းတာကိုဘဲဝယ်ပါ
မကောင်းတာ နှစ်ထည်နဲ့
ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့
အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။
ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲ
ဝယ်ဖို့ အကြံပြုပါရစေ ။

• 2021 က စပြီး Vintage Culture ကို Bangkok ကို
မမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။
အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့
Vintage Culture ကြီး တိုးတက်လာအောင်
အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။

Vintage Tag လေးတွေ သိသလောက် ရှာလို့ရသလောက်လေး တင်ပေးထားပါတယ် ။
(Sharing လုပ်ပေးခြင်းသာ ဖြစ်ပါတယ်)

Address

Yongon
Yangon
4421

Website

Alerts

Be the first to know and let us send you an email when AMPP online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share