12/06/2026
မိုးရာသီမှာ Floral Dress လေးဝတ်ပြီး ချစ်ရသူနဲ့ Date ဖို့ အဆင်သင့်ပဲလား? 🌧️🌸
မိုးရွာနေတိုင်း အိမ်တွင်းပုန်းပဲ လုပ်မနေပါနဲ့တော့🙅။ တကယ်တော့ မိုးရာသီရဲ့ အေးစိမ့်စိမ့်လေပြေေလးနဲ့ Floral Dress လေးက အရမ်းကို Romantic ဆန်တဲ့အတွဲဖက်ပါ။
Cozy ဖြစ်တဲ့ ကော်ဖီဆိုင်လေးမှာ မိုးစက်လေးတွေကို ကြည့်ရင်း Date တာပဲဖြစ်ဖြစ်၊ Art Gallery လို နေရာမျိုးမှာ အေးအေးဆေးဆေး လျှောက်ကြည့်ကြတာပဲဖြစ်ဖြစ် Floral Dress လေးက ကိုယ့်ကို ပိုပြီး လန်းဆန်းပြီး လှပနေစေမှာပါ😉။
Floral Dress ကို မိုးရာသီမှာ ဘယ်လို အလှဆုံးဝတ်ကြမလဲ🤔။
ရေစိုခံတဲ့ Boot လေးစီးပြီး အပေါ်ကနေ ဂျင်းအင်္ကျီပါးပါးလေးပဲဖြစ်ဖြစ် Cardigan လေးပဲဖြစ်ဖြစ် ထပ်ဝတ်လိုက်တာက ဖက်ရှင်လည်းကျ၊ သက်တောင့်သက်သာလည်း ရှိ၊ အေးရင် အနွေးဓာတ်ပါရစေမှာပါ😗။
ပြီးတော့ခါးနားမှာ ခါးပတ်လေးတစ်ကွင်း ပတ်ပေးလိုက်ရင်တော့ ကိုယ့်ရဲ့ ပုံစံလေးက ပိုပြီး ပေါ်လွင်သွားတာပေါ့။ နောက်ပြီး ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှတဲ့ ထီးကြည်ကြည်လေးကိုသာ ဆောင်းထားလိုက်ပါ။
ဂါဝန်ဝတ်ရင် ရေစိုမှာပဲဆိုတဲ့ ပြသနာေသးေသးလေးတခုအတွက်နဲ့ ကို့အလှပကို အထိခိုက်ခံတော့မလို့လား🤔?
ဒီမိုးရာသီကို ပျင်းစရာကောင်းတဲ့ အချိန်တစ်ခုလို မသတ်မှတ်ေတာ့ပဲ ကိုယ်ကြိုက်တဲ့ Floral Dress လေးနဲ့ပဲ အလှပဆုံး Date တစ်ခု ဖန်တီးလိုက်ပါ🥳။