Ri's Authentic Corner

Ri's Authentic Corner We supply authentic products from Korea � �

ဘူးကြီးရော ဘူးသေးရော In stock ပါရှင် 🥰
03/06/2026

ဘူးကြီးရော ဘူးသေးရော In stock ပါရှင် 🥰

သိပ်ကိုကောင်းတဲ့ Pantene Hair Serum ပါ 💛

ခုချိန်မှ တင်ရင် Trend နောက်ကျမယ်ဆိုတာသိတယ်
ဒါပေမဲ့ သေချာမသုံးရသေးဘဲ Review မလုပ်ချင်လို့
ဘူးသေးရော ဘူးကြီးရော သုံးပြီးတော့မှ လာပြောပြတာ

မလွဲရမနေနိုင် ၂မျိုးကမတူဘူးဆိုတာ ၂ဘူးလုံးကုန်မှသိတာ 🤣
အသေးလေးက Repair & smooth အကြီးကကျတော့
Repair & Moisture ဒါပေမဲ့ သုံးရတဲ့ Experience က သိပ်မကွာဘူးလို့ခံစားရတယ်ရော်

ကျွန်တော်ကတော့ မစိုမခြောက်အချိန်မှာသုံးရတာကို ပိုသဘောတွေ့မိတယ် ခြောက်နေတဲ့အချိန်သုံးရင် စီးစီးကြီးဖြစ်လို့ ပြီးရင် အများကြီးသုံးမိရင်လဲ ဆံပင်က အ၀ပ်လွန်ပြီး ပြားကပ်ကပ်ကြီးဖြစ်သွားရော ဒါကတော့ အားနည်ချက်ပေါ့နော်

ကျွန်တော်ကသိတဲ့အတိုင်း လက်လွန်ကြက်သွန် ဖြစ်လွန်းလို့ သူ့ကို R3 serum နဲ့ တွဲသုံးတယ် အဲ့လိုတွဲသုံးလဲ မိုက်တာနော် သိလား 🙂‍↕️

တမျိုးထဲသုံးရင်လဲ ဆံပင်လေးက ၀ပ်၀ပ်လေးနဲ့ ပုံသွင်းထားရင် ၂ရက်လောက်ခံတယ် ပုံထပ်သွင်းစရာမလိုဘူး

တွဲသုံးရင်လဲ ပုံသွင်းပြီးရင် ပျော့ဆင်းပြီး Shiny ဖြစ်နေတာ အတော်မိုက်တယ်

အထူးတလည် ဆံပင်ကြီးက ကောင်းလာတာမျိုးတော့မတွေ့ရဘူး Normal ဘဲ သုံးတဲ့ရက်နဲ့ မသုံးတဲ့ရက်တော့ကွာတယ် စွဲသုံးရင်တော့ ဆံပင်လေးလဲ ကောင်းလာဖို့လမ်းမြင်မိတယ်ပေါ့နော် 🙂‍↕️🙂‍↕️

ဆိုတော့က ဆံဖင်ဖွာတဲ့သူတွေအတွက် အိုကေတယ် ပြီးရင် ကျွန်တော့လို အပူပေးပြီးအားနေပုံသွင်းနေတဲ့သူတွေတွက်အိုကေတယ် 💛

ကျွန်တော်ကတော့ သဘောကျတယ် Price to Performance လဲ မိုက်တယ် 💛

အသေးလေးကတော့ Eunoia with LoanLinn ဆီက ဂုံးဆင်းထားတာ အကြီးကိုတော့ The Beauty Room က၀ယ်တာပါ

ဆိုတော့သိချင်တာရှိရင် Cmt မှာ ချန်ခဲ့နော်
ဘိုင်းဘိုင် 💛

နှစ်မျိုးလုံး အင်စတော့ရှိတယ်နော် 😘
22/05/2026

နှစ်မျိုးလုံး အင်စတော့ရှိတယ်နော် 😘

Glass Skin Goal…!

ဝက်ခြံအမာရွတ် သက်သာမယ်၊ အသားအရည်ကြည်မယ်၊ Skin Barrier ကောင်းသည်ထက်ပိုကောင်းလာပြီး Healthy Skin ကိုပိုင်ဆိုင်ချင်တယ်ဆို ဒီ အတွဲလေးကို သုံးကို သုံးကြည့်ဖို့ Highly Recommendပါ 💯။

🔰SKIN1004 @ Tone Brightening Capsule Ampoule
🔰Dr.Althea 345 relief Cream

✅ Oily Skin, Acne Prone လုံးဝ(လုံးဝ) အဆင်ပြေပါတယ်။

Full Review ကိုတော့ နောက်မှ အေးဆေးရေးပေးမယ်နော်..။

နောက် Review တွေမှာပြန်တွေ့တာပေါ့ ..။

You တို့ရဲ့ ..
🌚မဲဂလိုး 🤍ကိုသားဖြိုး





နှုတ်ခမ်းသားခြောက်သွေ့ပြီး အဖက်တွေကွာနေပြီလား၊ နှုတ်ခမ်းမည်းနေလို့ စိတ်ညစ်နေလား၊ Lip Balm ကောင်းကောင်းနဲ့ စျေးတန်တာလေး ရ...
17/05/2026

နှုတ်ခမ်းသားခြောက်သွေ့ပြီး အဖက်တွေကွာနေပြီလား၊ နှုတ်ခမ်းမည်းနေလို့ စိတ်ညစ်နေလား၊ Lip Balm ကောင်းကောင်းနဲ့ စျေးတန်တာလေး ရှာနေတာလား

ဒါတွေအားလုံးအဆင်ပြေစေပြီး ခြောက်သွေ့နေတာတွေကို စိုပြေနူးညံ့ပြီး ဖူးဖူးစိုစိုနှုတ်ခမ်းလေး ရရှိစေဖို့ In2It ရဲ့ Lip Tint လေးရှိပါတယ် ❤️

နှုတ်ခမ်းနီအရောင်ရင့်တွေဆိုးရတာကြိုက်သူလေးတွေအနေနဲ့လည်း နှုတ်ခမ်းသားမပျက်စီးအောင် အောက်ခံနှုတ်ခမ်းနီအနေနဲ့လည်း ဆိုးလို့ရပါသေးတယ်

အရောင်လေးကတော့ အနီကိုမှ လူတိုင်းနဲ့လိုက်တဲ့ဖရဲသီးအနီရောင်မျိုးလေးနော် 🥰

Available Color
🍉 Watermelon 🍉

💵 1 pcs - 10500 kyats

✅ In Stock, 🇹🇭 BKK direct
YGN, MDY 🚚 Cash on Delivery

ရောက်တိုင်း အကုန်မြန်တဲ့ CutaPro ရဲ့ Gentle Cleanser လေး In Stock ပြန်ရပြီ‌ရှင် 🌸🩷CutaPro ကလေ တစ်ခါသုံးပြီးတိုင်း သူမှသူ...
17/05/2026

ရောက်တိုင်း အကုန်မြန်တဲ့ CutaPro ရဲ့ Gentle Cleanser လေး In Stock ပြန်ရပြီ‌ရှင် 🌸🩷

CutaPro ကလေ တစ်ခါသုံးပြီးတိုင်း သူမှသူ
ဆိုတာမျိုးအထိကောင်းတာ မင်မင်ဆို CutaPro ပြတ်လို့မရတဲ့ထဲပါတယ် 🥲♥️

အရေပြားဆရာဝန်တွေကိုယ်တိုင်လည်း ညွှန်းလေ့ရှိတာတော့ စိတ်ချလက်ချသာသုံးနော် 😘

CutaPro ကိုဘာလို့ ကြိုက်လဲဆို သူ့ကိုဝယ်သုံးရတဲ့ဈေးနဲ့ ပြန်ရတဲ့ results ကအရမ်းသိသာပြီး မင်မင်ကိုယ်တိုင်ရဲ့ လက်စွဲတော်လေးး 😍💕

CutaPro Cleanser က အရမ်း Mild ဖြစ်ပြီး Skin Barrier ကိုအားကောင်းစေတာမို့ သုံးနေရင်းကို အသားအရေကကြည်တောက်လာစေတဲ့အတွက် ပုံမှန်ထက် မျက်နှာလေးကို ကြည်ကြည်လေးနဲ့ Glass Skin ဖြစ်ချင်သူတွေအတွက်ဆို လုံးဝကိုရွေးချယ်သင့်တာပါရှင်

တစ်ခုရှိတာက အမြှုပ်အရမ်းမထွက်တဲ့ Cleanser မို့ အများကြီးသုံးစရာလည်း မလိုဘူးနော်

💵 1 pcs - 38,000 kyats (250 ml)

✅ Instock
YGN & MDY 🚛 Cash On Delivery


Seohae Sol Toner Padဘူးဆယ်ချီရောင်းထားပြီးတော့ ပစ္စည်းပြတ်လို့မရတဲ့ နိုင်ငံတော် Toner Pad ကြီး ပစ္စည်းထပ်ရောက်ထားပါပြီနေ...
17/05/2026

Seohae Sol Toner Pad

ဘူးဆယ်ချီရောင်းထားပြီးတော့ ပစ္စည်းပြတ်လို့မရတဲ့ နိုင်ငံတော် Toner Pad ကြီး ပစ္စည်းထပ်ရောက်ထားပါပြီနော် 😍😍😍

Review တွေထဲကလို တစ်ခါဆို ဆိုသလောက် သိသာတဲ့ Result ကိုပေးတဲ့အပြင် ပေးရတဲ့ဈေးထက်ကို ပိုတန်တယ်ဆိုတဲ့ Review တွေချည်းရထားတဲ့ Toner Pad လေးပါရှင် ❤️🥰

သူ့ထဲမှာက Toner ရော Essence ရောပါဝင်တဲ့အပြင် Toner Pad လိုတင်မကဘဲ sheet mask လိုပါ အသုံးပြုနိုင်တဲ့ 3 in 1 Toner Pad ပါရှင်..

Main ingredients တွေအနေနဲ့ Niacinamide, Hyaluronic Acid, Glycolic Acid, Panthenol တို့အပြင် anti-aging အတွက်အရမ်းကောင်းတဲ့ Bakuchoil extract တို့ အဓိက ပါဝင်ပါတယ်..

ဘာ effect တွေ ရမှာလဲဆိုရင် - ရေဓာတ်ပြည့်ဝစေလို့ Hydrating and Plumping ဖြစ်စေတယ်၊ အသားကို ကြည်စေပြီး Glowy Skin လေး ရစေတယ်၊ ချွေးပေါက်လည်းကျဉ်းပြီး မျက်နှာအဆီပြန်တာကို သက်သာစေတယ်၊ အသားအရည် တင်းရင်းစေပြီး နူးညံ့ချောမွေ့စေတယ်..

Normal Skin, Dry to super dry skin တွေအတွက်ကတော့ လုံးဝကို သင့်တော်တဲ့ Toner Pad လေးပါ.. ကြည်တောက်ရှင်း Glow Skin ရချင်သူတွေကတော့ သုံးကိုသုံးကြည့်သင့်တာလေးနော် 🥰

Oily Skin, Combination Skin နဲ့ Mild acne ရှိသူလေးတွေလည်း အသုံးပြုနိုင်ပါတယ်..

တစ်ခုသတိပြုရမှာက Fungal Acne safe တော့မဖြစ်ပါဘူး.. Fragrance ပါဝင်တဲ့အတွက် super sensitive skin တွေအနေနဲ့ သတိပြုသင့်ပါတယ်ရှင်..

Ri သဘောအကျဆုံးကတော့ mask လိုကပ်မယ်ဆိုရင် သူ့ရဲ့ Toner Pad ကိုဆွဲဆန့်လိုက်ပြီး လိုအပ်တဲ့နေရာမှာ ကပ်လို့ရတာကိုပဲ 🤩

ကဲ ဒီတစ်ခါက စျေးတန်တန်လေးနဲ့ ရလိုက်လို့
Pad အရွက် ၆၀ ပါတဲ့ ဘူးအကိတ်ကြီးကို 💵 125,000 kyats ပဲ ကျပါတော့မယ်ရှင် 😍😍😍

စျေးတန်နေတုန်း လက်မနှေးသင့်ဘူးနော် အချစ်တို့ 🤩🤩🤩

✅ In Stock, 💯 Authentic
YGN, MDY 🚛 Cash on Delivery

Glad2Glow Yuja Symwhite 377 Dark Spot Serumတင်းတိပ် အမည်းစက်နဲ့ နေလောင်ဒဏ်တွေ သက်သာချင်တယ်ဆိုရင်တော့ ဒီ Yuja 377 Dark Sp...
16/05/2026

Glad2Glow Yuja Symwhite 377 Dark Spot Serum

တင်းတိပ် အမည်းစက်နဲ့ နေလောင်ဒဏ်တွေ သက်သာချင်တယ်ဆိုရင်တော့ ဒီ Yuja 377 Dark Spot Serum လေးကိုသာ try ကြည့်နော်..

အဓိက ingredients တွေဖြစ်တဲ့ Symwhite 377 နဲ့ Yuja (Yuzu) Extract တွေက အသားအရည်ကို ဝင်းပစေပြီး အမည်းစက်၊ အမာရွတ်၊ တင်းတိပ် စတာတွေကို ဖြေးဖြေးချင်း မှေးမှိန်သက်သာစေပါတယ်..

သူရဲ့ Texture ကလည်း light-weighted ဖြစ်ပြီး Skin Type အကုန်လုံးနဲ့ သင့်တော်ပါတယ်.. Day and Night အသုံးပြုလို့ရပြီး နေ့ဘက်သုံးရင်တော့ Sun Cream လေး သေချာလိမ်းပေးနော် 😘

💵 1 pcs - 35,000 kyats (17ml)

✅ In Stock, 🇹🇭 BKK Direct
YGN, MDY 🚚 Cash on Delivery

Mediheal Sleeping Mask မနက်နိုးလာရင် စိတ်လေးကြည်နေရုံတင်မကဘဲ မျက်နှာလေးပါ ကြည်လင်လန်းဆန်းနေစေဖို့ဆို Mediheal ရဲ့ Sleepi...
16/05/2026

Mediheal Sleeping Mask

မနက်နိုးလာရင် စိတ်လေးကြည်နေရုံတင်မကဘဲ မျက်နှာလေးပါ ကြည်လင်လန်းဆန်းနေစေဖို့ဆို Mediheal ရဲ့ Sleeping Mask အထုပ်လေးတွေကိုသာ သုံးကြည့်နော် ❤️

Gel Type ဖြစ်လို့ ရာသီဥတုမရွေး အသားအရည်မရွေးသုံးလို့ အဆင်ပြေပြီး လိမ်းလိုက်တာနဲ့ အသားထဲ စိမ့်ဝင်သွားတာနော်.. ညဘက် သူ့တစ်မျိုးထဲလိမ်းအိပ်ရင်တောင် မနက်ကျ အသားလေးက အိအိလေးဖြစ်နေစေတာ 🥰

Panthenol, Niacinamide 5% စတာတွေလည်း ပါဝင်တဲ့အတွက် အသားအရည်မညီတာ၊ အမာရွက်အမည်းစက်ရှိတာတွေကို လျော့နည်းသက်သာစေပါတယ်..

Ri ဆီမှာ ၃ မျိုး In Stock ရပါမယ်ရှင် ❤️

💚 ဝက်ခြံထွက်တတ်တဲ့သူတွေ၊ ဝက်ခြံထွက်နေတဲ့သူတွေအတွက် အစိမ်းရောင် Cica AC Calming

💛 အမည်းစက်၊ အမာရွတ်ကင်းပြီး အသားလေးဝင်းစိုကြည်လင်ချင်သူတွေအတွက် အဝါရောင် Vita C Brightening

💙 အသားခြောက်တတ်သူတွေ၊ အသားရေ စိုပြေကြည်တောက်ချင်သူတွေအတွက်က အပြာရောင် Hyaluron Hydration

ကျား၊ မ မရွေး, Skin Type မရွေးအသုံးပြုနိုင်ပြီး ညဘက်ပဲ အသုံးပြုပေးဖို့လိုပါတယ်ရှင် 😍

💵 1 pcs - 8,500 kyats (20 ml)

✅ In Stock, 💯 Authentic
YGN, MDY 🚚 Cash on Delivery

Review တွေအရမ်းကောင်းတဲ့ Skin Pastel x5 Ampoule (Retinol Booster)လေး Ri ဆီ Instock ရှိပါတယ်ရှင် 😍Retinol + Hylauronic ပါ...
15/05/2026

Review တွေအရမ်းကောင်းတဲ့ Skin Pastel x5 Ampoule (Retinol Booster)လေး Ri ဆီ Instock ရှိပါတယ်ရှင် 😍

Retinol + Hylauronic ပါဝင်တာမို့ အရေးအကြောင်းကင်းပြီး အသားအရေကိုစိုစိုအိအိလေးဖြစ်စေပါတယ်.. အမဲစက်, အမာရွတ်တွေကိုလည်းလျော့ပါးစေတဲ့အပြင် ချွေးပေါက်ကိုလည်းကျဥ်းစေပြီး Skin Tone ကိုလည်း ညီညာစေပါတယ်ရှင်..

Gel Texture မို့ လိမ်းရတာစိမ့်ဝင်လွယ်ပြီး ညဘက် သူ့တစ်မျိုးတည်းသုံးရင်တောင်မှအဆင်ပြေတယ်နော်..

250 ml ပါလို့ Budget လည်း Save ဖြစ်၊ Result ကလည်းရှယ်မိုက် ❤️

💵 1 pcs - 30,000 kyats

Instock
YGN, MDY 🚚 Cash on Delivery


Glad2glow Peach Retinol Serum + MoisturizerRetinol ပါတဲ့ skincare ထဲမှာမှ‌ ဈေးသင့်ပြီး ကောင်းတာလေးကို ညွန်းပေးပါဆိုရင်တေ...
15/05/2026

Glad2glow Peach Retinol Serum + Moisturizer

Retinol ပါတဲ့ skincare ထဲမှာမှ‌ ဈေးသင့်ပြီး ကောင်းတာလေးကို ညွန်းပေးပါဆိုရင်တော့ Glad2glow လေးကိုသာ သုံးကြည့်ပါရှင် 🥰

Retinol Serum (17ml)
================
Serum လေးကတော့ Retinol ကို သုံးကြည့်ချင်တဲ့သူလေးတွေ၊ စသုံးတဲ့ beginner လေးတွေ try ကြည့်သင့်တဲ့ Retinol Serum လေးပါ..

ညဘက်ပဲ သုံးဖို့လိုပြီး ဘယ်သူတွေသုံးသင့်လဲ/သုံးလို့ရလဲဆိုရင်
👉🏻 ဝက်ခြံရှိသူတွေ
👉🏻 အိုမင်းရင့်ရော်မှုကို ကာကွယ်ချင်သူတွေ
👉🏻အရေးအကြောင်း၊ smile line တွေကို သက်သာချင်သူတွေ
👉🏻 Retinol ကို ခုမှ စသုံးမယ့်သူလေးတွေ
အတွက် သင့်တော်ပါတယ်ရှင်..

ဘာတွေကောင်းလဲဆို အရေးအကြောင်းတွေ သက်သာမယ်၊ ချောမွေ့ကြည်လင်တဲ့ skin လေးပိုင်ဆိုင်မယ်၊ ဝက်ခြံတွေ သက်သာစေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းနီးမြန်းတာတွေ သက်သာစေပါတယ်..

Suitable for all skin types ပါရှင် ❤️

💵 1 pcs - 35,000 kyats

Retinol Moisturizer (30ml)
===================
Peach Extract က antioxidant တွေ ကြွယ်ဝစွာပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပါတယ်.. အသားအရည်ရဲ့ အစိုဓာတ်ကိုလည်း ထိန်းညှိပေးလို့ အသားလေးကိုစိုပြေစေပါတယ်..

Niacinamide လည်းပါဝင်တဲ့အတွက် ဝက်ခြံထွက်ခြင်းကို ထိန်းပေးပြီး အမာရွတ်နဲ့ အမည်းစက်တွေကိုလည်း သက်သာစေပါတယ်..

ဇာတ်လိုက်ကျော်ဖြစ်တဲ့ Retinol ကတော့ anti-aging အတွက်အထူးကောင်းမွန်ပြီး Retinol ကို အခုမှစသုံးမယ့်သူတွေပါ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားပါတယ်... Texture ကလည်း လိမ်းလိုက်ရင် စိမ့်ဝင်လွယ်ပါတယ်နော်..

All Skin Type အသုံးပြုနိုင်ပြီး ညဘက်ပဲ သုံးရမှာနော် အချစ်တို့ ❤️
သူ့ရဲ့ Retinol Serum နဲ့ တွဲသုံးရင်တော့ ပိုသိသာတဲ့ result ကိုမြန်မြန်ရစေတယ်နော်

💵 1 pcs - 32000 kyats (30ml)

✅ In stock, 🇹🇭 BKK Imported
YGN, MDY 🚛 Cash on Delivery

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ri's Authentic Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share