15mins Bookworm

15mins Bookworm Reading can lift you up.

20/07/2023

အပိုင်း ၃

ကျန်းမားချမ်းသာခြင်းအတွက် မသိစိတ်ရဲ့စွမ်းအားကို အသုံးပြုခြင်း

မငိးမှာ ငွေကြေးဆိုင်ရာ အခက်အခဲ ကြုံတွေ့နေရရင် အသက်ရှင်နေထိုင်ရန် လုံလောက်သော ဝင်ငွေရရန် ကြိုးစားနေလျှင် မင်းမာ နေရာများစွာ ရှိသော မသိစိတ်ကို မယုံကြည်ရာရောက်ပါတယ်။

ကျန်းမာချမ်းသာမှုက ရိုးရှင်းသောမသိစိတ်ရဲ့ တိကျသေချာမှုဖြစ်ပါတယ်။
ငါက သန်းကြွယ် သူဌေးဖြစ်ပါတယ် ပါးစပ်ထိုင်ပြောနေရုံဖြင့် တကယ် ဖြစ်မလာပါ။ မင်းရဲ့စိတ်ထဲမာ စိတ်ပိုင်းဆ်ုင်ရာ ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ယူမှသာ ကျန်းမာချမ်းသာခြင်းနဲ့သက်ဆ်ုင်သော သိစိတ်က ကြီးထွားလာပါလိမ့်မယ်။

လူအများစုရဲ့ပြသနာက မြင်န်ုင်သော အထောက်အပံ့မရှိခြင်းဘဲဖြစ်ပါတယ် ။
စီးပွါးရေ ပျက်စီးသွားသောအခါ စတော့ဈေးကွက် ဈေးကျသောအခါ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဆုံးရှူံးသွားသောအခါ သူတို့ဟာ အကူအညီမဲ့ဖြစ်နေပါတယ်။ အဲလ်ု စိတ်မလုံခြုံမှုတွေရဲ့ အကြောင်းအရင်းကတော့ မသိစိတ်က်ု ဘယ်လို ဖွင့်ရမယ် ဆ်ုတာ မသိလို့ဘဲဖြစ်ပါတယ်။ သူတို့ထဲမာ မရေတွက်နိုင်စွာ ရှိသောသိုလှောင်မှုတွေနဲ့ရင်းနှီးမှု ကျွမ်းဝင်မှုမရှ်တာဘဲဖြစ်ပါတယ်။

မငိးကဒီအပိုင်းကို မင်းဖတိပီးပီလို့ ပြောကောင်းပြောလိမ့်မယ်။ ငါကြွယ်ဝချမိးသာမှုနဲ့ အောင်မြင်မှုလိုအပ်တယ်။ တနေ့က်ု သုံးလေးကြိမ် ငါးမိနစ်လောက်မင်းထပ်ခါထပ်ခါပြောပေးရမာဘဲဖြစ်တယ်။ စကားလုံးတွေမှာကြီးမားသောစွမ်းအားတွေရှိပါတယ်။
သူတို့ကမသိစိတ်တွင်းက စွမ်းအားတွေကိုကိုယ်စားပြုပါတယ်။ မငိးကိုယ်တွင်းမာရှိတဲ့ စစ်မှနိသောစွမ်းအားတွေအပေါ်မာ မငိးစိတ်ကို တည်ငြိမ်အောင်စူးစိုက်ထားပါ၊ထို့နောက် သူတို့ရဲ့ သက်ဆိုင်ရာ သဘာဝနဲ့ စွမ်းရည်ပေါ်မူတည်ပီးမင်းရဲ့ဘဝမာ ထင်ရှားလာပါလိမ့်မယ်။မင်းက်ုယ်မင်းကျမ်းမာ ချမ်းသာတယ်လိူ့ မင်းပြောမနေဘူးဆိုရင် မင်းကိုယ်ထဲမာရှိသောစစ်မှန်သောစွမ်းအားတွေက သူ့နေရာနဲ့သူဘဲရှိနေမှာ ဖြစ်ပါတယ်။

မင်းကျမ်းမာ ချမ်းသာမှုလို့ပြောလိုက်တဲ့အချိန်မာ မင်းစိတ်ထဲမာ ပဋိပက္ခ မရှိပါဘူး။ ပိုပီးပြောရမယ် ဆိုရင် မင်းက ကျမ်းမာချမ်းသာခြင်းစိတ်ကူးပေါ်မာနေထိုင်မယ်ဆိုရင် ကျမ်းမာချမ်းသာခြင်းခံစားမှုက မင်းကိုယ်ထဲမာ ပိုတိုးလာမာဘဲဖြစ်ပါတယ်။ ကျမ်းမာချမ်းသာခြင်းစိတ်ကူးပေါ်မာအချိန်တိုင်းနေထိုင်နေမယ်ဆိုရင် ကျမ်းမာချမ်းသာ ခြင်းခံစားမှုက အဲ့ဒ်စိတ်က်ု ဘဲ ထုတ်လွှင့်နေမာဖြစ်ပါတယ်။ မင်းရဲ့ မသိစိတ်က ဘဏ်တခုလိုဘဲဖြစ်ပါတယ်။ ကျန်းမာချမ်းသာခြင်း သို့မဟုတ် ဆင်းရဲခြင်း၊မင်းဘာစိတ်ကူးဘဲ ဘဏ်ထဲသွင်းသွင်း ပုံကြီးချဲ့ပေးပါတယ်။ထို့ကြောင့် ကျမ်းမာ ချမ်းသာခြင်းက်ုသာရွေးချယ်ပါ။

စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခကိုရှောင်ရှားနိုင်ရန် ဤလက်တွေ့ကျသော အခြေအနေတွေကို ထပ်ခါ ထပ်ခါ ပြုလုပ်ပေးပါ။အထူးသဖြင့်မအိပ်ခင်မှာ ငါရဲ့ဝါသနာပါရာ အားလုံးမှ ငါအောင်မြင်တယ် လိူ့သစ္စာပြုနိုင်ပါတယ်။

ဘာမှ မပါသောစစ်ဆေးမှုတွေမာ လက်မှတ်မထိုးပါနှင့်။ဥပမာ အနေဖြင့် အောက်ပါ အခြေအနေတွေကိုမင်းအမြဲတွေးနေမယ်၊ ငါ့အိမ်အပေါင်ဆုံးတော့မယ်၊ ငါ့မာ သွားစရာလဲမရှိတော့ဘူး ၊ မဖြစ်သေးသောအခြေအနေတွေကိုမင်းတွေးနေမယ်ဆိုရင် မင်းဟာဘာမှမပါသောစစ်ဆေးမှုတွေမာလက်မှတ်ထိုးနေတာနဲ့တူပါတယ်။မင်းမာ အနာဂတ်အတွက် စိုးရိမ်မှု အပြည့်ရှိနေမယ်ဆိုရင် မင်းကဘာနဲ့တူလဲဆိုလျှင် ဘာမှမရှိသော စစ်ဆေးမှုတွေနဲ့ မကောင်းသော အခြေအနေတွေကိုမင်းဆီဆွဲဆောင်နေတာနဲ့တူပါတယ်။မင်းမသိစိတ်က မင်းခေါ်ဆောင်လိုက်သော ကြောက်ရွံ့မှုတွေနဲ့ မကောင်းသောအခြေအနေတွေကို ယူပီး သူရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အခက်အခဲ အတားအဆီးတွေနဲ့ ကန့်သတ်ချက်တွေ မင်းရဲ့ဘဝထဲကိုသယ်ဆောင်ရှေ့ဆက်စေပါတယ်။

မင်းရဲ့မသိစိတ်က ဘယ်တော့မှစိတ်ကူးတွေပြတ်လတ်မှု မရှိပါဘူး။ မင်းရဲ့သိစိတိထဲကို လွယ်လွယ်ကူကူစီးဆင်းသွားမယ့် မရေမတွက်နိုင်သော အတွေးတွေအများကြီးရှိပါတယ်။ ဤဖြစ်စဉ်က သတ်မှတ်ချက်မရှိဘဲ မင်းစိတ်ထဲကိုဆက်သွားပါလိမ့်မယ်၊ မင်းရဲ့ကျမ်းမာချမ်းသာမှုက စာချုပ်တွေ စတော့တွေ ဘဏ်ထဲမာရှိသော ပိုက်ဆံတွေပေါ်မာ မှီခိုမနေပါဘူး။ ဤအရာတွေဟာ အသုံးဝင်သော လိုအပ်သော သတ်မှတ်ချက်တွေသာဖြစ်ပါတယ်။ဟုတိပါတယ်။ သတ်မှတိချကိတွေသာဖြစ်ပါတယ်။

ဆိုလိုရင်းကတော့ မသိစိတ်ကို မင်ရယုံကြည်ရင် ကျမ်းမာ ချမ်းသာမှုက မင်းအပိုင်ဘဲဖြစ်ပါတယ်၊ မသိစိတ်က မင်း ဘဝတလျှောက်လုံးသံသရာ လည်နေပီး မင်းဘဝမှာ မရှောင်န်ုင်ဘဲ မင်းပုံဖော်ရာအတိုင်းသတ်မှတ်ပေးနေမာဘဲဖြစ်ပါတယ်။

မင်းသိလား? ကျမ်းမာချမ်းသာခြင်းကိုသတ်မှတ်ပေးသော မင်းရဲ့စိတ်ပိုင်းဆိုင်ရာ ပဋ်ပက္ခတွေကို ကျော်ဖြတ်ရမယ့် နည်းလမ်းတခုက နေ့နေ့ညည ငါရဲ့ စိတ်ဝင်စားမှုတွေအားလုံးမှာ ငါအောင်မြင်နိုင်တယ် ဆိုပီး ထပ်ခါတလဲလဲ သစ္စာပြုခြင်းဘဲဖြစ်ပါတယ်။

အိမ်ထောင်ရေးပြသနာများသယ်ဆောင်လာသော သိစိတ်နှင့် မသိစိတ်တို့အပြန်အလှန်ဆကိနွယ်မှု၏ အသိပညာ ကင်းမဲ့မှု

စိတိ၏ လုပ်ဆောင်ချက်တွေနဲ့ စွမ်းအားတွေကို လျစ်လျူရှုခြင်း အိမ်ထောင်ရေးနဲ့ပက်သက်သော ဒုက္ခတွေရဲ့ ဖြစ်တည်ခြင်းအစဖြစ်ပါတယ်။ စိတ်ရဲ့ဥပဒေသကို မှန်မှန်ကန်ကန် အသုံးပြုခြင်းဖြင့် ယောက်ကျားနဲ့ မိန်းမကြားက မပြေလည်မှုတွေကိုဖြေရှင်းနိုင်ပါတယ်။ အတူတူဆုတောင်းခြင်းဖြင့် အတူတကွ နေထိုင်သွားနိုင်ပါတယ်။

မြငိ့မြတ်သောစိတ်ကူးတွေကို အာရုံပြုခြင်းဖြင့်၊ ဘဝရဲ့ ဥပဒေသတွေကို လေ့လာခြင်းဖြင့်၊ရည်ရွယ်ချက်တွေပေါ်မာ အပြန်အလှန် သဘောတူညီခြင်းဖြင့် လွတိလပ်စွာ ပျော်ရွှင်ခြင်းဖြင့် နှစ်ယောက်ကနေ တယောက်ဖြစ်စေမယ့် ပျော်ရွှင်သောအိမ်ထောင်ရေးကို ယူဆောင်နိုင်ပါတယ် ။

ကွာရှင်းခြင်းကို တားဆီးဖို့ အကောင်းဆုံးအချိန်ကတော့ လက်မထပိခင်ဘဲဖြစ်ပါတယ်။စိတ်မချမ်းမြေ့စရာကောင်းသော အခြေအနေကလွတ်မြောက်ဖို့ကြိုးစားတာ မမှားပါဘူး။ပထမနေရာကနေခြေနေဆိုးထဲကိုဘာကြောင့်သွားမာလဲ၊

ယောက်ကျားနဲ့မိန်းမ အခြားပြသနာများနဲ့အတူ၊ ကွာရှင်းခြင်း ပြသနာများ၊ သီးခြားနေထိုင်ခြင်း၊လက်ထပိစာချူပ် ပယ်ဖျက်ခြင်း၊အဆုံးမရှိသော တရားစီရင်ခြင်းများ အလုပ်လုပ်နေသေ သိစိတ်နဲ့မသိစိတ်ကြားကဆက်နွယ်မှုနဲ့အတူ တိုက်ရိုက်ခြေရာခံနိုင်ပါတယ်။

လက်ထပ်ခြင်းက စစ်မှန်မယ်သာဆိုရင် စိတ်ပိုင်းဆိုင်ရာပေါ် အခြေခံပါတယ်။နှလုံးသားလဲပါရပါမယ်၊အချစ်တွေစုနေတဲ့ နှလုံးသားဖြစ်ပါတယ်။ရိုးသားမှု၊ကြင်နာမှုနဲ့ ဂုဏ်သိက္ခာတွေလဲရှိရပါမယ်။တယောက်အပေါ် တယောက်ရိုးသားပီးကြင်နာရပါမယ်။ ယောက်ကျား တယောက်က ဂုဏ်၊ငွေအတွက်နဲ့မိန်းမတယောက်ကို လက်ထပ်မယ်ဆိုရင် စစ်မှန်သော အိမိထောင်ရေး ဖြစ်ပေါ်မလာပါဘူး၊ ဘာကြောင့်လဲဆိုရင် ရိုးသားမှုနဲ့ အချစ်မပါလို့ဘဲဖြစ်ပါတယ်။ထိုကဲ့သို့သော အိမ်ထောင်ရေးက ဟန်ဆောင်ထားမှူတခုသာဖြစ်ပါတယ်။

ဤနည်းလမ်းကမင်းကိုစံပြခင်ပွန်းလောင်းကိုရရှိဖို့အထောက်အကူပြုပါလိမ့်မယ်။ ညဘက်မာ မင်းရဲ့ လက်တင်ပါတဲ့ခုံပေါ်မာထိုင်ပါ၊မျက်လုံးကိုမှိတ်ထားပါ၊ ခန္ဓာကိုယ် ကိုဖြေလျော့ထားပါ၊တိတ်ဆိတ်သောအခြေအနေသို့ရောက်ရှိသွားပါလိမ့်မယ်။

မင်းမသိစိတ်ကိုစကားပြောပါ၊အောက်ပါအတိုင်းပြောပေးပါ။ ရိုးသားသော၊ သစ္စာရှိသော ပျော်ရွှင်သော လူတယောက်ကိုလိုချင်ပါတယ်၊ငါလိုချငိသောအရည်အချင်းတွေက ငါ့ရဲ့မသိစိတိထဲမာ နစ်မြုပိနေပီ၊ဒီအပြုအမူတွေပေါ်မာ ငါနေနေသရွေ့၊ သူတို့ကငါရဲ့တစိတ်တပိုင်းဖြစ်ပီး ငါ့မသိစိတ်ထဲမာနစ်မြုပ်နေပီ။

မင်းရဲ့မသိစိတ်က ထုံသွားအောင် အပေါ်ကဖြစ်စဉ်ကိုလေ့ကျင့်ပေးပါ။ မင်းစိတ်ထဲကပုံဖော်ထားသော မင်းလိုချင်သော အရည်အချင်းတွေရှိသော လူကို ပုံဖော်ရင်း မင်းပျော်ရွှင်လာပါလိမ့်မယ်။

စံပြဇနီးကို ဆွဲဆောင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
ငါ့နဲ့အံဝင်ဂွင်ကျဖြစ်မယ့် အမျိုးသမီးကို ငါဆွဲဆောင်နေပါပီ။ဤဟာက စိတ်ပိုင်းဆိုင်ရာပေါင်းစပ်မှုဖြစ်ပါတယ်။ဘာလို့ဆိုဤဟာက ငါနဲ့ပေါင်းစပ်မည့် တစုံတယောက်ရဲ့ကိုယ်ရေးကိုယ်သွေးနဲ့အတူမြင့်မြတ်သော အချစ်လဲဖြစ်ပါတယ်။
ဒီအမျိုးသမီးကို အချစ်တွေ အလင်းရောင်တွေ ငြိမ်းချမ်းမှုတွေ ပျော်ရွှင်မှုတွေငါပေးနိုင်တယ်။ဒီအမျိုးသမီးရဲ့ဘဝကို ပြည့်စုံအောင်နှင့်ပျော်ရွှင်အောင် ငါလုပ်ပေးနိုင်တယ်။

သူ့မှာအောက်ပါအရည်အချင်းတွေပိုင်ဆိုင်ဖို့ငါအမိန့်ပေးပါတယ်။
သူမက စိတ်ပိုင်းဆိုင်ရာပြည့်ဝပီး သစ္စာရှိမယ် စစ်မှန်မယိ။သူမက ငြိမ်းချမ်းပီး ပျော်ရွီင်မယ်။ငါတို့တယောက်နဲ့တယောက်အဆုံးစွန် ဆွဲဆောင်နိုင်ကြမယ်။ အချစ်တွေနဲ့ သစ္စာတရားတွေသာ ငါတို့ပိုင်ဆိုင်ကြမယ်။ငါ့ရဲ့စံပြ အဖော်ကိုငါလက်ခံပါတယ်။

မှနိကန်သောနည်းလမ်းဖြင့်ဆုတောင်းနည်းကိုမင်းသင်ယူမယ်ဆိုရင် မင်းအတွက်စစ်မှန်သော အဖော်ကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

မင်းလိုချင်သော အဖော်မှာ ရှိသင်းသော အရည်အချင်းတွေကို မင်းတိတ်တိတ်လေးတွေးနေသလို မင်းရဲ့စိတ်ဓာတ်ကိုညီမျှမှုရှိအောင်တည်ဆောက်ယူရပါမယ်။ ထို့နောက် မင်းရဲ့မသိစိတ်ရဲ့ နက်ရှိုင်းသောနေရာကနေ မင်းတို့နှစ်ယောက်လုံးအတွက် မြင့်မြတ်သော အမိန့်ကိုယူဆောင်ပေးပါလိမ့်မယ်။

မင်းသိလား? မင်းအချစ်၊ငြိမ်းချမ်းမှု၊ပျော်ရွှင်မှုလှိုင်းတွေက မင်ရဲ့ပါတနာဆီဖြန့်ကျက်သောအခါ ဤတုန်ခါမှုတွေကမသိစိတ်ကကောက်ယူသွားပီး ရလာဒ်အနေဖြင့် အချင်းချင်းယုံကြည်မှုနှင့်လေးစားမှုထွက်လာစေပါတယိ။

မင်းရေးသော အတွေးတွေ၊ယုံကြည်မှု၊ထင်မြင်ချက်၊ သီအိုရီတွေက မသိစိတ်ကို အထင်ကြီးစေသောအခါ ထိုအခြေအနေတွေကိုရရှိအောင်ဆွဲဆောင်နိုင်ပါတယ်။ မင်းစိတ်ထဲမာ ဘာဘဲရေးရေး အပြင်မာ မင်းတွေ့ကြုံရမှာပါ။

အောက်ပါအရာတွေကိုကြိုးစားကြည့်ပါ။

အချိန်မှီမနိုးလိူ့ စိတ်ညစ်နေလား ?
မင်းရဲ့မသိစိတ်ကို အချိန်မှန်နိုး အချိန်မှန်ထဖို့ အကြံပေးကြည့်ပါ။ နာရီမလိုဘဲ မင်းကို အချိန်မှီ နှိုးပေးပါလိမ့်မယ်။
မင်းမအိပ်ခင်မှာ မင်းကိုယ်တိုင်အပါအဝင် တခြားလူတွေကို ခွင့်လွှတ်ပါ။ ဤအရာကမင်းစိတ်ကိုမြန်မြန်အနာကျက်စေပါလိမ့်မယ်။
အနဲဆုံး၈နာရီအိပ်ပေးပါ။စိတ်အေးချမ်းမှုနဲ့ခန္ဓာကိုယ် ကျမ်းမာရေးအတွက်လိုအပ်ပါတယိ။
မှနိကန်သောနည်းလမ်းဖြင့်မှန်ကန်သော အဖော်ရှိရန်ဆုတောင်းပါ။
အိမိထောင်ရေးပြသနာများအတွက် ကျွမ်းကျင်သောပညာရှင်အကြံဉာဏ်ယူပါ။
မိမိပါတနာကို စိတ်ကုန်အောင်မလုပ်ပါနဲ့။
ဤဟာကရူးမိုက်ပီး တခြားသူရဲ့မိမိကိုယ်ကိုယုံကြည်မှုကိုဖျက်ဆီးပါတယ်။

02/07/2023

အပိုငိး ၂

အံ့ဩဖွယ်စွမ်းရည်-မသိစိတ်ရဲ့စွမ်းရည်

မသိစိတိရဲ့စွမ်းရည်တွေက ကြီးမားကျယ်ပြန့်ပါတယ်။မသိစိတ်ကမင်းကိုစိတ်ဓာတ်တက်ကြွစေတယ်။လမ်းပြပေးတယ်။မင်းရဲ့ထိန်းသိမ်းထားတဲ့မှတ်ဉာဏ်တွေထဲကနေမင်းရဲ့အမည်၊အကြောင်းအရာ၊အခြေအနေတွေကိုပြန်လည်မှတိမိစေတယိ။မင်းရဲ့မသိစိတ်က မင်းရဲ့နှလုံးခုန်နှုံးက်ုစတင်တယ်၊မင်းရဲ့သွေးလည်ပတိမှုကို ထိန်းချူပ်တယိ၊မင်းရဲ့အစာချေစနစ်ကိုထိန်းချုပ်ပေးတယ်။မင်းပေါင်မုန့်တစကိုစားလိုက်သောအခါ မင်းရဲ့မသိစိတ်ကတစ်သျှူးတွေ ကြွက်သားအစိုင်အခဲတွေ အရိုးတွေ သွေးတွေအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။

မင်းရဲ့မသိစိတ်ကဘယ်တော့မှ မအိပ် အနားမယူပါဘူး။သူကအမြဲတမ်းအလုပ် လုပ်နေပါတယိ။မင်းမအိပ်ခင်မာ မင်းပြီးမြောက်ချင်တဲ့အရာတခုက်ုဆုတောင်းပီး မင်းရဲ့မသိစိတ်စွမ်းရည်က်ုရှာဖွေန်ုင်ပါတယ်။ မင်းရဲ့အတွင်းကထွက်လာတဲ့ စွမ်းအားများနဲ့စိတ်ကျေနပ်ဖွယ်ရလာဒ်များက်ုရှာဖွေတွေ့ရှိပီး မင်းပျော်ရွင် သွားပါလိမ့်မယ်။မင်းက
ကမ္ဘာကြီးက်ုရွေ့လျားစေန်ုင်သော၊နေက်ု အလင်းရောင်တောက်ပစေန်ူင်သောအဆုံးမရှိတဲ့စွမ်းအားတွေနဲ့ထိတွေ့နိုင်တဲဲ့စွမ်းအားအရင်းအမြစိဖြစ်ပါတယ်။

မင်းချရေးလိုက်တဲ့ အတွေး၊ယုံကြည်ချက်၊ထင်မြင်ချက်၊သီအိုရီတွေက မသိစိတ်က်ု အထင်ကြီးအောင်လုပ်ပေးပါတယ်။အဲဒါက လိုချင်တာတွေရလာအောင်စိတ်ထဲကထပ်တလဲလဲတွေးခြင်း ချရေးချင်း ကောင်းတာတွေဖြစ်လာအောင်ဆွဲဆောင်သော နည်းလမ်းကို အသုံးပြုန်ုင်ပါတယ်။မင်းစိတ်ထဲမာ ဘာဘဲရေးရေ တွေးတွေး၊ မင်းပြင်ပကမ္ဘာမှာတကယ်တွေ့ကြုံရပါလိမ့်မယ်။မင်းဘဝမာ အခြေအနေ၂ခုရှိပါတယ် ၊မြင်ရတဲ့ဘက်ခြမ်းနဲ့ မမြင်ရတဲ့ဘက်ခြမ်း၊အတွေးတွေနဲ့ အတွေးတွေက်ုဖြစ်လာအောင် ထပ်တလဲလဲတွေးတောပေးခြင်းဘဲဖြစ်ပါတယ်။

မင်းဦးနှောက်ကကျ်ုးသင့်ကြောင်းသင့်ပြုမူသောသိစိတ်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ အတွေးတွေက်ုလက်ခံရရှိပါတယ်။မင်းရဲ့သိစိတ်က အတွေးတွေက်ုလက်ခံလိုက်ပီဆိုရင် မင်းစိတ်ရဲ့ ဦးနှောက်လို့ခေါ်ရမယ့် ပင်မနေရာက်ုပို့ပါတယိ။

မင်းနိုးနေစဉ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်မှာ မောပန်းမှုမရှိတဲ့မင်ရဲ့မသိစိတ်ကခန္ဓာကိုယ်ရဲ့ အသက်ဆက်ရေးလုပ်ဆောင်မှု မှန်သမျှကို သိစိတ်ရဲ့ အကူအညီမပါဘဲ လုပ်ဆောင်ပါတယ်။ဥပမာ အနေဖြင့်မင်ရအိပ်ပျော်နေချိန်မှာ နှလုံးကစည်ရချက်မှန်စွာခုန်နေခြင်း၊မင်းရဲ့အဆုတ်ကလဲအနားမယူပါဘူး ၊အသက်ရှူသွင်းရှူထုတ်ဖြစ်စဉ်ကိုပြုလုပ်နေပါတယ်၊ မင်းနိုးနေတုန်းကလိုဘဲ မင်ရဲ့သွေးတွေဟာ လတ်ဆတ်တဲ့လေက်ု စုပ်ယူ နေကြပါတယ်။

မင်းရဲ့ မသိစိတ်က အစေချေစနစ်နဲ့အတူ ထူးဆန်းသောလုပ်ဆောင်ခြင်းတွေက်ုထိန်းချုပ်ထားပါတယိ။ မင်းနိုးနေနေ အိပ်ပျော်နေနေ မင်းမျက်နှာပေါ်က အမွေးအမျှင်တွေကရှင်သန်ကြီးထွားနေဆဲဘဲဖြစ်ပါတယ်။မင်းမျက်လုံး၊နားနဲ့ တခြားအာရုံခံတွေက်ု အိပ်ပျော်နေစဉ်မာလဲ နိုးကြားနေပါတယိ။ဥပမာအနေဖြင့် သိပ္ပံပညာရှင်တွေက သူတို့ရဲ့ ရှုပ်ထွေးသောပြသနာများက်ု အိပ်ပျော်နေစဉ် အဖြေတွေရရှ်ခဲ့ဖူးပါတယ်။ သူတို့ဟာအဖြေတွေက်ုအိမ်မက်ထဲမာတွေ့ခဲ့ကြတာဘဲဖြစ်ပါတယ်။

မင်းရဲ့မသိစိတ်က မင်းဘဝကို ကြာရှည်စွာထိန်းသိမ်းဖို့ရှာဖွေပြီး မင်းရဲ့ကျန်းမာရေးက်ု ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ထိန်းသိမ်းပေးပါတယိ။ ဘဝက်ုကျန်းမာ ပျော်ရွှင်စွာဖြတ်သန်းနိုင်စေရန် မင်းကလေးတွေက်ုချစ်ဖို့စိတ်က်ု မသိစိတ်ကဘဲဖြစ်ပေါ်စေပါတယ်။မင်းမကောင်းတဲ့အစားတွေစားမိတယ် ယူဆကြည့်ပါစို့။မင်းမသိစိတ်ကဘဲပြန်အန်စေပါတယ်။ မင်းမရည်ရွယ်ဘဲအဆိပ် တချို့က်ုသောက်မိတယ်ဆိုပါစို့ မင်းရဲ့မသိစိတ်စွမ်းအားတွေကဘဲ ပြယ်သွားအောင်လုပ်ဖို့စတင်ပါလိမ့်မယ်။ မင်းရဲ့အံ့ဩစရာကောင်းသော စွမ်းအားတွေကိုယုံကြည်သွားရင် မင်းရဲ့ကျန်းမာရေးကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။
မင်းရဲ့သိစိတ်ထဲမာ မငိးကိုဖျောိဖြေပေးသောအတွေးတွေနဲ့စိတ်ကူးတွေကို မင်းဂရုတစိုက်စောင့်ကြည့်သင့်ပါတယ်။

မင်းသ်လား?သက်ရောက်မှုနဲ့ တုံ့ပြန်မှုဥပဒေက အားလုံးနဲ့သက်ဆိုင်ပါတယ်။ မင်းတွေးတွေကသက်ရောက်မှုဖြစ်ပီး မင်းရဲ့မသိစိတ်ရဲ့အတွေးတွေက ပြန်လည်တုန့်ပြန်မှုဖြစ်ပါတယ်။မငိးအတွေးတွေကိုသေချာစောင့်ကြည့်ပါ။

စိတိဒဏ်ရာကို ကုစားပေးနိုင်သော လက်တွေ့အသုံးချနေသော နည်းလမ်း

ဆုတောင်းခြင်းက ကျွန်တော်ဆန္ဒရှိရာတွေ ပြည့်စေဖို့စိတ်ကူးရဲ့ပုံသေနည်းဖြစ်ပါတယ်။
ဆုတောင်းခြင်းက ဆုတောင်းသူရဲ့စိတ်ဝိဉာဏ်ကိုလဲကျေနပ်စေပါတယ်။မင်းရဲ့ စိတ်ပျော်ရွှင်ကျေနပ်မှုကမင်းရဲ့ဆုတောင်းဘဲဖြစ်ပါတယ်။ဆုတောင်းတွေက မင်းရဲ့အနက်ရှ်ုင်းဆုံးလိုအပ်ချက်တွေကနေပေါ်ထွက်လာပီး မင်းဘဝမာလ်ုချင်တာတွေကိုဖော်ပြပေးပါတယ်။

မေးပါ၊မင်းလိူချင်တာရလာပါလ်မ့်မယ်၊ရှာဖွေပါ၊တံခါးခေါက်ပါ၊မင်းအတွက်တံခါးတွေပွင့်လာပါလိမ့်မယ်။ Mathew 7:7

အထက်ကပြောခဲ့သလ်ုဘဲ မင်းတောင်းဆိုတာကိုမင်းရရှိလာပါလိမ့်မယ်။မင်တံခါးခေါက်သောအခါတံခါးပွင့်လာပါလိမ့်မယ်၊မင်းရှာဖွေနေတဲ့အရာတွေက်ုမင်းတွေ့လာပါလိမ့်မယ်။

ဤသင်ကြားမှုက စိတ်ပိုင်းဆ်ူင်ရာနှင့်စိတ်ဝိညာဏ်ပိုင်းဆိုင်ရာ ဥပဒေများရဲ့ အဓိပါယ်ကိုဖော်ပြနေပါတယ်။ မင်းမသ်စိတ်ရဲ့အဆုံးမရှိသော အသိညာဏ်ပညာကနေ သိစိတ်ဆီသို့ တိုက်ရိုက်တုံပြန်မှု အမြဲရှိပါတယ်။ မင်းပေါင်မုန့်က်ုတောင်းဆ်ုရင် ကျောက်တုံးတတုံးတော့ရမလာပါဘူး။ မင်းရရှိမယ့်ဟာက်ုဘဲ တောင်းဆ်ုပါ။မင်းရဲ့စိတ်ကအတွေးတွေကနေ အရာဝတ္ထုဆီက်ုရွေ့လျားနေတာဖြစ်ပါတယ်။

ပထမဆုံးစိတ်ကူးပုံမဖော်န်ုင်ဘဲ ရှေ့က်ုရွေ့န်ုင်မာ မဟုတ်ပါဘူး။ မင်းရဲ့စိတ်ပိုင်းဆ်ုင်ရာအပြုအမူဖြစ်သော မင်းဆုတောင်းက မသ်စိတ်ကစွမ်းအားမသက်ရောက်ခင် မင်းစိတ်ရဲ့ ပုံရိပ်အနေဖြင့်လက်ခံထားပါတယ်။ မင်ရဲ့ စိတ်ထဲမာ လက်ခံန်ုင်သော အမှတ်တခုက်ု မင်းရောက်ရှိပါတယ်။

မျက်လုံးထဲမြင်အောင်ပုံဖော်သောနည်းလမ်း

စိတ်ကူးတခုက်ုပုံဖော်ရန် အလွယ်ကူဆုံးနဲ့ ထင်သာမြင်သာရှိသောနည်းလမ်းက မျကိလုံးထဲမြင်အောင် ပုံဖော်သောနည်းလမ်း၊စိတ်ကူးကိုအသက်ရှိနေသလိုခံစားပီး စိတ်မျက်လုံးထဲမာ သေချာမြင်စေသော နည်းလမ်းဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့အပြင်ဘက်မာတည်ရှ်နေသောအရာတွေကို မင်းကမျက်လုံးမပါဘဲတွေ့မြင်နိုင်ပါတယ်။ အလားသဏ္ဍာန်တူစွာဘဲ မင်းစိတ်ရဲ့မမြင်ရတဲ့နယ်ပယ်တွေကို မင်းရဲ့စိတ်မျက်လုံးထဲမာ ပုံဖော်နိူင်ပါတယ်။ မင်းမတွေ့ဘူးတဲ့အရာတွေ မင်းစိတ်မျက်လုံးထဲမာပေါ်လာတာက သက်သေဘဲဖြစ်ပါတယ်။ မင်းစိတ်ကူးတွေကို ပုံဖော်ရာမာ မင်းခန္ဓာကိုယ် ရဲ့အစိတ်အပိုင်းတွေလောက်စစ်မှန်နေတာတွေ့ရပါလိမ့်မယ်။ စိတ်ကူးနဲ့ အတွေးတွေက အစစ်အမှန်ဖြစ်ပီး မင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပုံရိပ်အပေါ်သစ္စာရှိမယ်ဆိုရင် တနေ့မာ အဲ့အတွေးတွေကပြင်ပကမ္ဘာမာ လက်ရှိထွက်ပေါ်လာပါလိမ့်မယ်။

တွေးခေါ်ခြင်းဖြစ်စဉ် ကမင်းစိတ်ထဲမာအထင်ကြီးမှုကို ပုံဖော်ပေးပါတယ်။အဆောက်အဦးတည်ဆောက်သူတွေက သူလိုချင်သော ပုံစံကို မျက်လုံးထဲမာ ပုံဖော်ပါတယ်၊ တည်ဆောက်ပီးစီးသွားသောအခါ သူအလိုရှိတဲ့အတ်ုင်းသူတွေ့မြင်ရပါတယ်။ သူရဲ့စိတ်ကူးပုံဖော်ကနေ အဆောက်အဦးဖြစ်ပေါ်လာခြင်းဘဲဖြစ်ပါတယ်။ သူရဲ့ စိတ်ပိုင်းဆိုင်ရာ ဖန်တီးပုံဖော်မှုက စာရွက်ပေါ်မာဆွဲသလို ပုံပေါ်လာတာဖြစ်ပါတယ်။

နောက်ဆုံးမာ ကန်ထရိုက်နဲ့အလုပ်သမားတွေကမရှိမဖြစ် ကုန်ကြမ်းတွေကိုစုဆောင်းပီး အဆောက်အအုံပီးစီးအောင်တည်ဆောက်ကြသလ်ု တဖက်ကလဲ ဗိသုကာပညာရှင်ရဲ့ စိတ်ပိုင်ရဆ်ုင်ရာပုံစံတွေနဲ့အတူ လိုက်လျောညီထွေ တည်ဆောက်ကြရပါတယ်။

အိပ်ခြင်းနည်းလမ်း
အိပ်ငိုက်ခြင်းသို့ခြင်းနင်းဝင်ရောက်သော အခြေအနေမာ အင်အားတွေက အနည်းဆုံးသို့လျော့ကျသွားပါတယ်။ အိပ်ငိုက်နေသော အခြေအနေမာ သိစိတ်က ကြီးမားသော နယ်ပယ်ထဲကိုနစ်မြုပိနေပါတယ်။ အကြောင်းအရင်းကတော့ မအိပ်ခင်နဲ့နိုးပီးနောက်ပိုင်းမာ မသိစိတ်ရဲ့ အခန်းက အမြင့်ဆုံးဖြစ်ပီး ကြီးမားကျယ်ပြန့်လာပါတယ်။ဤအခြေအနေမာ မင်းရဲ့လိုအင်တွေက်ု ပျက်ပြယ်စေသော မကောင်းသော အတွေးအခေါ်တွေမသိစိတ်ရဲ့အကူအညီနဲ့တားဆီးနိုင်ပါတယ်။

မင်းရဲ့မကောင်းသော အကျင့်တခုကို မင်းဖယ်ရှားချင်တယ် ဆိုပါစို့။ သက်တောင့်သက်သာရှိသော ပုံစံနဲ့နေပါ၊ ခန္ဓာက်ုယ် ကိုဖြေလျော့ထားပါပြီးငြိမ်ငြိမ်လေးနေပါ။အိပ်ချင်သော အခြေအနေသိူ့ရောက်ရှ်လာပါလိမ့်မယ် ၊ ထိုအခြေအနေမာ တိတ်တိတ်လေးထပ်ခါထပ်ခါ သားချော့တေးဆိုသလ်ုပြောပါ၊ ငါရဲ့ မကောင်းသော အကျင့်ဆိုးကြီးကနေ ငါလုံးဝ လွတ်မြောက်သွားပီ၊အထက်ပါအတိုင်း ဖြေညှင်းစွာနဲ့တိတ်စိတ်စွာ နေ့စဉ် မနက် ညတွေမာ ငါးမိနစ် ဆယ်မိနစ်ခန့်ပြောပေးပါ။ မင်းထပ်ခါထပ်ခါပြောသော အကြိမ်တိုင်းမာ မင်းရဲ့စိတ်ခံစားမှု မြင့်တက်လာမာဘဲဖြစ်ပါတယ်။ ဤနည်းလမ်းအားဖြင့် မသိစိတ်က မင်းရဲ့စိတ်ကူးကိုလက်ခံလာပီး ကုစားခြင်းကနောက်ကလိုက်လာပါလိမ့်မယ်။

ကျေးဇူးတင်ခြင်းနည်းလမ်း
ကျမ်းစာထဲတွင် ပေါလ်က ကျွန်တော်တ်ု့ရဲ့ တောင်းဆိုမှူတွေကို ဆုတောင်းခြင်းဖြင့်ရနိုင်ကြောင်းထောက်ခံထားပါတယ်။ရိုးရှင်းသော ဆုတောင်းခြင်းနည်းလမ်းဖြင့် သဘာဝလွန်ရလာဒ်တွေရနိုင်ပါတယ်။ ကျေးဇူးတငိတတ်သော နှလုံးသားက စကြာဝဠာကြီးရဲ့ ဖန်တီးနိုင်သော စွမ်းအားတွေနဲ့ အမြဲနီးစပ်နေပါတယိ။

မင်းစိတ်ထဲမာနစ်မြုပ်နေသော အတွေးတွေကနေ ကောင်းမွန်သော ကျန်းမာရေး အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေကို တည်ဆောက်နိုင်ပါတယ်။

30/06/2023

အပိုင်း၁

မင်းက်ုယ်ထဲမှာရတနာအိမ်ရှိတယ်

မင်းရဲ့စိတ်ဝိဉာဏ်ကိုဖွင့်ပီး မင်းက်ုယ်ထဲမာရှိတဲ့ရတနာအိမ်ကိုမြင်အောင်ကြည့်မယ်ဆိုရင် အဆုံးမရှိတဲ့ကြွယ်ဝမှုတွေမင်းနားမာရှိတာကိုတွေ့လိမ့်မယ်။ မင်းမာဘဝက်ုပျော်ရွှင်စွာဖြတ်သန်းဖို့အလ်ုရှ်ရာမှန်သမျှထုတ်ယူနိုင်တဲ့ ရွှေတွင်းကြီးရှိတယ်။

လူအများစုကအိပ်ပျော်နေတဲ့ရွှေတွင်းကြီးက်ုမနှ်ုးနိုင်ကြပါဘူး။ဘာလို့ဆိုသူတို့က်ုယ်တိူင်တောင် သူတ်ု့မာ အဆုံးမဲ့တဲ့ အသိဉာဏ်တွေနဲ့အချစ်တွေရှိတဲ့ရွှေတွင်းကြီးသူတို့က်ုယ်ထဲရှ်မှန်းမသိကြပါဘူး။မင်းအလ်ုရှိရာမှန်သမျှအဲ့တွင်းကြီးထဲဆွဲထုတ်နိုင်ပါတယ်။လောကကြီးမာ လူအမျ်ုးအစား၂မျိုးဘဲရှိပါတယ်။
(၁ )သံလိုက်လိုလူ-ယုံကြည်မှုနဲ့သစ္စာတရားအပြည့်ရှ်တဲ့လူ၊သူကအောင်မြင်ဖို့မွေးဖွားလာတယ်ဆ်ုတာသူသိတယ်၊
(၂)သံလိုက်မဟုတ်တဲ့လူ-အကြောက်တရား သံသယအပြည့်နဲ့လူ၊ရှေ့တိုးရမှာကြောက်တဲ့လူ၊ရောက်ရာနေရာမာဘဲရပ်နေမယ့်လူ၊

ဘဝမာ သံလိုက်လိုလူအဖြစ်နေပီး အသက်အရွယ်အလိုက်လူဘဝရဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေကြစ်ု့။

မင်းစိတ်ထဲမာ အသက်အရွယ်အလိုက်ဖြစ်ပေါ်လာမယ့်လူ့ဘဝရဲ့လျှို့ဝှက်ချက်တွေကဘာတွေလို့ထင်လဲ?

အဲဒါကဘာလဲဆိုရင် မငိးမသိစိတ်ထဲမာရှိတဲ့ မင်းမဖြစ်န်ုင်ဘူးထင်တဲ့ထူးခြားဆန်းကြယ်တဲ့စိတ်စွမ်းအင်ဘဲဖြစ်ပါတယ်။

မင်းရဲ့မသိစိတ်ရဲ့စွမ်းအင်တွေကိုထိတွေ့ပီး သင်ယူတတ်မြောကိပီးရင် မင်းရဲ့မသ်စ်တ်ရဲ့စွမ်းအားတွေနဲ့မင်းရဲ့ဘဝက်ု ရုပ်ပိုင်းဆ်ုင်ရာ စိတ်ပိုင်းဆ်ုင်ရာ ကျန်းမာ ချမ်းသာအောင် စွမ်းဆောင်န်ုင်ပါလ်မ့်မယ်။

မင်းဒီစွမ်းအားတွေရအောင်လုပ်စရာမလိုပါဘူး ။ ဘာလိူ့ဆိုသူတို့ကမင်းကိုယ်ထဲရှိပီးသားလေ။မင်းဘယ်လိုအသုံးပြုရမယ်ဆိုတာကိုသင်ယူပီး မင်းဘဝရဲ့အခန်းကဏ္ဍတိုင်းမာပြန်လည်အသုံးချဖို့ဘဲဖြစ်ပါတယ်။

မင်းမာအသိစိတ်တခုဘဲရှိပါတယ်။ ဒါပေမဲ့မင်းရဲ့စိတ်ကတော့ထငိရှားတဲ့ဝိသေသ၂ခုပိုင်ဆိုင်ပါတယ်။သိစိတ်နဲ့မသိစိတ်ဘဲဖြစ်ပါတယ်။သိစိတိကတော့ ယာဉ်တခုမာဦးဆောင်တဲ့captainနဲ့တူပါတယ်။သူကသဘ်ောကိုဦးဆောင်ပါတယ်။စက်ခန်းထဲမာရှိတဲ့အလုပ်သမားတွေကိုအမိန့်ပေးပါတယ်။စက်ခန်းထဲမာရှိတဲ့လူတွေကသူတို့ဘယ်သွားနေမှန်းမသိပါဘူး။ အမိန့်အတ်ုင်းဆောင်ရွက်ပါတယ်။captain က မှားယွင်းစွာညွှန်ကြားပါကသူတ်ူ့ကျောကိတုံးပေါ်လဲသွားနေနိုင်ပါတယ်။အင်ဂျင်စက်ခန်းကအကုန်လုံးသဘော်captain ညွှန်ကြားချက်အရသာ အလုပ်လုပ်ကြပါတယ်။သဘော်capatinက သဘော်တစီးလုံးရဲ့အရှင်သခင်ဖြစ်ပါတယ်။ အဲ့အဖြစိလိုပါဘဲ ကျွန်တော်တို့မှာလဲသိစိတ်ကကျွန်တော်တို့ခန္ဓာကိုယ်၊ပတ်ဝန်းကျင်၊ကျွန်တော်တို့ကိတ်စ္စအဝဝအတွက်အရှင်သခင်ဖြစ်ပါတယ်။မသိစိတ်ကတော့သဘော်စက်ခန်းကလူတွေလိုဘဲ အမိန့်တွေကိုလက်ခံယူပါတယ်။

မင်းသိလား? လူတွေရဲ့အကောင်းဆုံးလျှို့ဝှက်ချက်ကသူတ်ု့ရဲ့စွမ်းရည်ကိုဆက်သွယ်နိုင်ဖို့နဲ့အဲ့စွမ်းအင်တွေက်ု မသိစိတ်ဆီပို့ပေးနိုင်ဖို့ဖြစ်ပါတယ်။မင်းလဲတူတူဘဲလုပိန်ုင်ပါတယ်။

မသ်စိတ်ကမင်းစ်တ်ခံစားမှုတွေရဲ့နေရာဖြစ်တယ်။

မင်းရဲ့စိတ်က်ု မင်းဘယ်လိုအသုံးပြုရမယ်ဆိုတာသင်ယူသင့်တယ်။မင်းစိတ်မာအဆင့်၂ခုရှိတယ်။သိစိတ်နဲ့မသ်စိတ်ဖြစ်တယ်။မင်းသိစိတ်နဲ့တွေးတယ်၊ပြီးတော့မင်းတွေးနေကျအရာတွေဟာ မင်းအတွေးတွေရဲ့သဘာဝအရဖန်တီးပေးသော မသိစိတ်ထဲမာနစ်မြုပ်သွားတယ်။မင်းရဲ့မသိစိတ်ကစိတ်ခံစားမှုတွေရဲ့နေရာလည်းဖြစ်၊ဖန်တီးနိုင်စွမ်းရှိသောနေရာတခုလဲဖြစ်တယ်။
မင်းကောင်းတာတွေးရင် အကောင်းတွေကမင်းဆီလာမယ်။ဆိုးတာတွေးရင် အဆိုးတွေကမင်းဆီလာမယ်။ အဲဒါကမင်းစိတ်ရဲ့အလုပ်လုပ်ပုံဘဲဖြစ်တယ်။

အဓ်ကအရေးပါဆုံးအချက်ကမသ်စိတ်ကစိတ်ကူးတွေကိုလက်ခံပီးစတင်အကောင်အထည်ဖော်တယ်။ မသိစိတ်ရဲ့ဥပဒေက ကောင်းတာရော ဆိုးတာအတွက်ပါ အတူတူဘဲအလုပ်တယ်။အဲဒါက စိတ်ဝင်စားစရာကောင်းပီးအမှန်တရားတခုလဲဖြစ်တယ်။

ကျွန်တော်တို့မာစိတ်၂ခုမရှိပါဘူး။မသိစိတ်နဲ့သိစိတ်က အတွင်းစိတ်တခုထဲမာရှိတဲ့အရာတွေဖြစ်ပါတယ်။မင်းရဲ့သိစိတ်ဆိုတာ အကျိုးအကြောင်းသင့်စဉ်းစားတဲ့စိတ်ဖြစ်တယ်။ရွေးချယ်လိူက်တဲ့စိတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်။
ဥပမာအနေဖြင့် မင်းဘဝမာမင်းရွေးချယ်လိုက်တဲ့စာအုပ်၊အိမ်၊ဘဝအဖော် စသဖြင့်ဖြစ်တယ်။မင်းရဲ့သိစိတ်နဲ့ဆုံးဖြတ်ချက်တွေချတယ်။တခြားတဖက်ကလဲ မင်းရဲ့သိစိတ်ကရွေးချယ်မှုတွေမရှိဘဲနဲ့ မင်းနှလုံးသားကစည်းချက်မှန်မှန်ခုန်နေမယ်၊သွေးလည်ပတ်ခြင်း၊အစာချေဖျက်ခြင်း၊အသက်ရှူခြင်းတွေဟာသိစိတ်ရဲ့ထိန်းချုပ်မှုမပါဘဲ မသိစိတ်ကလုပ်ဆောင်နေတာဖြစ်ပါတယ်။

တခါတလေသိစိတ်ကမင်းရဲ့ဘက်မလိုက်တဲ့စ်တ်လဲဖြစ်တယ်။ဘာလို့ဆ်ုသူကဘောင်အပြင်ဘက်ကအရာတွေနဲ့လည်းထိတွေ့နေရလို့ဖြစ်တယ်။ဘက်မလိုက်တဲ့စိတ်ကပြင်ပကမ္ဘာရဲ့ အသိပညာတွေက်ုလဲယူရပါတယ်။ဘက်မလိုက်စိတ်ရဲ့ရှာဖွေတွေ့ရှိမှုက မင်းရဲ့ အာရုံငါးပါးဘဲဖြစ်ပါတယ်။
မင်းရဲ့သိစိတ် ၊ဘက်မလိုက်တဲ့စိတ်ကမင်းရဲ့ညွှန်ပြသူဖြစ်ပီး မင်းပတ်ဝန်းကျင်နှင့်အတူမင်းနဲ့ထိစပ်နေသူတွေက်ု ညွန်ကြားသူလဲဖြစ်ပါတယ်။

အာရုံငါးပါးကိုဖြတ်ပီး မင်းကအသ်ပညာဗဟုသုတတွေရရှိတယ်။မင်းရဲ့သ်စိတ်က ရှာဖွေတွေ့ရှိမှု၊အတွေ့အကြုံနဲ့ ပညာရေးတွေက်ုအခြေခံပီးသင်ယူတယ်။အပေါ်မာထောက်ပြခဲ့သလ်ု သိစိတ်ရဲ့မကောင်းဆုံးလုပ်ဆောင်မှုကကြိုးကြောင်းဆင်ခြင် ခြင်းဘဲဖြစ်ပါတယ်။မင်းက လော့စ်အန်ဂျလိစ်ကိုနှစ်စဉ်လာတဲ့ ခရီးသွားတယောက်ဘဲဆ်ုပါစ်ု့။မင်းကပန်းခြံတွေ၊လှပသော အိမ်တွေ၊ချစ်စရာကောင်းတဲ့ဥယျာဉ်တွေ မ်ုးမျှော်တ်ုက်ကြီးတွေရှိတဲ့ လှပသော မြ်ု့တမြို့ဖြစ်လို့သာ မင်းရောက်ရှိလာတာမလား။အဲလိုဘဲ သိစိတ်ကလဲ အလုပ်လုပ်ပါတယ်။

မင်ရဲ့မသိစိတ်က မင်းရဲ့တွန်းအားပေးခံရတဲ့စိတ်လဲဖြစ်ပါတယ်။မသ်စိတ်ကအာရုံငါးပါးက်ုဖြတ်ပီး ပတ်ဝန်းကျင် ရဲ့ ဗဟုသုတတွေကိုယူပါတယ်။
မင်းရဲ့ မသိစိတ်က အလိုလိုသိခြင်းက်ု အသုံးပြုပီးတဖြည်းဖြည်းသိရှိနားလည်လာပါတယ်။အဲဒါက မင်းရဲ့စိတ်လှုပ်ရှားမှုတွေနဲ့ မှတ်ဉာဏ်တွေကိုထိန်းသိမ်းထားတဲ့နေရာလဲဖြစ်တယ်။မင်းရဲ့သိစိတ်ကမလိုက်နာတဲ့အချိန်မာ မင်းရဲ့မသိစိတ်ကအမြင့်ဆုံးလုပ်ဆောင်မှုကိုပြုမူပါတယ်။
စကားတလုံးထဲနဲ့ပြောရမယ်ဆိုရင် မင်းရဲ့သိစိတ်ကအားနဲနေတဲဲ့အချိန်မာ မသိစိတ်ကသူ့က်ုသူဖြစ်ချင်ရာဖြစ်စေတဲ့ အသိညာဏ်ဖြစ်ပါတယ်။

ဘယ်တောမှ ငါမတတိနိုင်ဘူး၊ ငါမလုပ်နိုင်ဘူးဆိုတဲ့စကားက်ု မသုံးပါနဲ့။မင်းရဲ့မသိစိတ်က မင်းက်ု မင်းရဲ့စကားလုံးတွေဆီသယ်ဆောင်သွားပီး မင်းမာ စွမ်းရည်မရှိဘူး လုပ်နိုင်တဲ့ ပိုက်ဆံမရှိဘူးဆိုပီးပုံရိပ်ယောင်က်ုမြင်စေပါတယ်။ငါ့ရဲ့မသိစိတ်ရဲ့စွမ်းအားတွေကိုအသုံးပြုပီးငါအားလုံးလုပ်န်ုင်တယ်လို့ သစ္စာပြုရမယ်။

မင်းသ်လား? မင်းရဲ့မသိစိတ်မာပြသနာအားလုံးအတွက်အဖြေရှိပါတယ်။မင်းရဲ့မသိစိတ်ကိုအိပ်ရန်လဲစေခိုင်းနိုင်ပါတယ်။မင်းပြောကြည့်ပါ ။ကျွန်တော် မနက် ၆နာရီအိပ်ရာထချင်တယ်။အမှန်တကယ် မင်း၆နာရီမာနိုးလာတာတွေ့ရပါလိမ့်မယ်။

30/06/2023

ချစိသောတို့ကို ပထမဆုံးတငိပေးချငိသော စာအုပိလေးကတော့ The power of your subconscious mind (မသိစိတ်ရဲ့စွမ်းအား)ဆိုတဲ့ စာအုပ်လေးဘဲဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဆိုရင် စာရေးစရာ Joseph Murphy က မသိစိတ်ကို ဘယ်လိုယုံကြည်ပီး လူတယောက်ရဲ့ဘဝက်ု ဘယ်လိုပြောင်းလဲန်ုင်ကြောင်းကိုယ်စိတ်ချမ်းသာစေသောနည်းလမ်းများကို လက်တွေ့ကျကျ ပြောပြသောနည်းလမ်းဖြင့် စာဖတ်သူကိုဆွဲဆောင်ခေါ်ယူသွားပါတယ်။ မင်မင်တို့ တင်ပေးမယ့် ပုံစံက စာအုပ်တအုပ်လုံးက်ု ၁၅မိနစ် စာ အကျဉ်းချုပ် အဖြစ်၃ပိုင်းခွဲပီးတင်ပေးမာဘဲဖြစ်ပါတယ်။
ခုလို မျိုးစိတ်ရော လူရော ပင်ပန်းနေသော အချိန်ကာလကြီးမာ မင်မင်တင်ပေးသော စာအုပ်လေးက အားဆေးလေးတခွက်ဖြစ်ပါစေ။

16/05/2023

Welcome

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 15mins Bookworm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category