Shwe Phone Sint

Shwe Phone Sint Handicraft Shop

🙏🙏🙏
27/10/2023

🙏🙏🙏

ကျွန်းနက်နှင့် သရက္ခံ မြတ်ဗုဒ္ဓဆင်းတုတော်များကို လူကြီးမင်းတို့စိတ်တိုင်းကျ ရွေးချယ်၍အသင့်ပင့်ဆောင်ပူဇော်နိုင်ပါသည်နှစ်သ...
13/09/2023

ကျွန်းနက်နှင့် သရက္ခံ မြတ်ဗုဒ္ဓဆင်းတုတော်များကို လူကြီးမင်းတို့စိတ်တိုင်းကျ ရွေးချယ်၍အသင့်ပင့်ဆောင်ပူဇော်နိုင်ပါသည်
နှစ်သက်ရာ မုဒြာပုံတော်များကိုလဲစိတ်တိုင်းကျ Order အပ်နှံနိုင်ပါသည်ရှင်

🎀ဓမ္မမိတ်ဆွေ လူကြီးမင်းတို့၏ ကျက်သရေရှိပြီးတင့်တယ်လှသည့် အိမ်ဂေဟာရှိဘုရားကျောင်းဆောင် တော်တွင် ဗုဒ္ဓ မြတ်စွာဘုရားရှင်သက်ရှိထင်ရှားပူဇော်ရသကဲ့သို့ စိတ်နှလုံးချမ်းမြေ့ကြည်ညိုဖွယ် ဖူးမြော်နိုင်စေရန် ကျွန်မတို့ ရွှေဘုန်းဆင့်မိသားစု ၏နိုင်ငံတကာအဆင့်မှီ ပန်းပုဆရာကြီးများမှထုဆစ်ထားသော သိဒ္ဓိဝင်ကျွန်းနက် နှင့် သရက္ခံသစ်မွှေးသား ဘုရားဆင်းတုတော် များကို လာရောက်လေ့လာနိုင်ပါကြောင်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

🎀လက်ရာအထူးသေသပ်လှပသော ဘုရားဆင်းတုတော်များက်ို ဆိုင်တွင် အသင့် ဝယ်ယူပင့်ဆောင်နိုင်သည့် အပြင် ကြိုက်နှစ်သက်ရာ မုဒြာအမျိုးမျိုးကို နှစ်သက်ရာဥာဏ်တော်အမျိုးမျိုးဖြင့် Order အပ်နှံ၍မှာယူနိုင်ပါသည်ရှင်

✴ မိမိတို့ရွှေဘုန်းဆင့်မိသားစု မှပန်းပုလက်ရာများကို ပြည်တွင်း၌သာမက နိုင်ငံခြားဧည့်သည်များနှစ်ခြိုက်လက်ခံ၍ ရောင်းချလာခဲ့သည်မှာနှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်ရာ လက်ရာ အရည်အသွေးအထူးအာမခံကြောင်းထပ်လောင်းပြောပါရစေရှင့်

✴ Super Service
အထူး Service အနေဖြင့် မိမိ တို့ရွှေဘုန်းဆင့်မှဝယ်ယူသွားသော ဆင်းတုတော်များ ရာသီဥတုအပူအအေးမမျှတမှု ၊ အခန်းအပူချိန် မမျှတမှုကြောင့် သစ်သဘာဝအရ ကွဲအက်ခြင်းများ၊ တနေရာမှတနေရာသို့သယ်ဆောင်ရာတွင်ထိခိုက်မိခြင်းများ၊ လူကြီးမင်းတို့ အမှတ်တမဲ့ထိခိုက်မိခြင်းများ၊ ရောင်တော်ပြန်လည်ဖွင့်ခြင်း အစရှိသည်တို့ကို လူကြီးမင်းတို့ ဝယ်ယူသည့်နေ့မှစတင်ကာ ရာသက်ပန် (အခမဲ့) တာဝန်ယူ ပြုပြင်​ပေးသွားမည် ဖြစ်ကြောင်း သတင်းစကားပါးပါရစေရှင်

✴ကျွန်မတို့ ရွှေဘုန်းဆင့်မိသားစုမှ တခါဝယ်ယူရုံဖြင့်ဘုရားဆင်းတုတော်များကိုအသစ်အတိုင်းအမြဲ
ပူဇော်ရသကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်ရှင်

✴ ထို့ကြောင့်
-လူကြီးမင်းတို့ ကျက်သရေဖြာတင့်တယ်လှသော အိမ်ဂေဟာကြီး တွင် ကြည်ညို ကိုးကွယ်လိုလျှင်ဖြစ်ဖြစ်
-ဓမ္မမိတ်ဆွေအချင်းချင်း ဓမ္မမေတ္တာလက်ဆောင်မွန်ပေးလိုလျှင်ဖြစ်ဖြစ်
-လူကြီးမင်းတို့ သဒ္ဒါတရား ပွားများစွာ ဆောက်လုပ်လှူဒါန်းထားသော ဘုရား ၊စေတီ ၊သိမ် ၊ကျောင်း များတွင် တည်ထား ကိုးကွယ်လိုလျှင်ဖြစ်ဖြစ်
ကျွန်မ တို့ ရွှေဘုန်းဆင့်ကို သတိရလိုက်ပါနော်

✴ Free Service ထပ်တခုအနေဖြင့် ရန်ကုန်မြို့တွင်း ပို့ဆောင်ခ (အခမဲ့) နှင့် အိမ်အရောက်ငွေချေ စနစ်ဖြင့်ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ၊
နယ် Delivery ရောက်ရှိသောမြို့များကို အိမ်အရောက် ပို့ဆောင်ခ (အခမဲ့) ဖြင့်ပို့ဆောင်ပေးမည်ဖြစ်ပြီး Delivery မရောက်သောမြို့များကို
နယ်ကားဂိတ် ထိလဲ (အခမဲ့) ပို့ဆောင်ပေးသွားမှာနော်

✴E Payment များကိုလဲ % လုံးဝ မယူဘဲလက်ခံပေးသွားမှာနော်
🏠 အမှတ် (၁၁) ၊ ဗဟိုရုံ ၊ ဗိုလ်ချုပ်စျေး (စကော့စျေး) ၊ရန်ကုန်မြို့
🏠 အိမ် Showroom - အခန်း 401,တိုက် B4၊ ရွှေဂုဏ်သူ အိမ်ယာ၊ ဟုမ်းလမ်း၊ အောက်ကြည့်မြင်တိုင်၊ ရန်ကုန်မြို့
☎09456819393

Customer Order ထည်လေးပါရှင်မြတ် ဗုဒ္ဓဘုရားသက်ရှိထင်ရှားပူဇော်ရသကဲ့သို့ ကြည်ညိုဖွယ်ဖူးမြော်နိုင်စေရန် အနုစိတ်လက်ရာကောင်းမ...
13/09/2023

Customer Order ထည်လေးပါရှင်
မြတ် ဗုဒ္ဓဘုရားသက်ရှိထင်ရှားပူဇော်ရသကဲ့သို့ ကြည်ညိုဖွယ်ဖူးမြော်နိုင်စေရန် အနုစိတ်လက်ရာကောင်းများကို စေတနာအပြည့်ဖြင့် လူကြီးမင်းတို့စိတ်တိုင်းကျသည်အထိ ထုလုပ်ပေးပါတယ်ရှင့်
☎09456819393

🙏🙏🙏
07/09/2023

🙏🙏🙏

၂၇လက်မဉာဏ်တော် ကျွန်းနက်လာဘမုနိဘုရား ကိုလူကြီးမင်းတို့အသင့်ပူဇော်နိုင်ပါသည်ရှင်☎09456819393
07/09/2023

၂၇လက်မဉာဏ်တော် ကျွန်းနက်လာဘမုနိဘုရား ကိုလူကြီးမင်းတို့အသင့်ပူဇော်နိုင်ပါသည်ရှင်
☎09456819393

ပရိတ်-ဂုဏ်တော်-ဂါထာများ အထုံဖြစ်အောင်ရွတ်မိမိမှာ အစောင့်ကပ်လာလိမ့်မည်။ဘာဂါထာရွတ်ရမလဲ မေးကြသူတွေအတွက်(၃မိနစ်ပဲ ကြာမှာပါ ဖ...
22/08/2023

ပရိတ်-ဂုဏ်တော်-ဂါထာများ အထုံဖြစ်အောင်ရွတ်
မိမိမှာ အစောင့်ကပ်လာလိမ့်မည်။

ဘာဂါထာရွတ်ရမလဲ မေးကြသူတွေအတွက်
(၃မိနစ်ပဲ ကြာမှာပါ ဖတ်ကြည့်စေချင်ပါတယ်)
🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆🔆

ကျနော်၈တန်း၉တန်းလောက်ကပေါ့ လူငယ်ဆိုတော့ ဘယ်ဂါထာကောင်းနိုးနိုး လူကြီးတွေပြောတဲ့ဂါထာ စာအုပ်တွေထဲ့ကဂါထာတွေ အကုန်ရှောက်ရွတ်တယ် ပုတီးလဲအမြဲစိတ်တယ်နောက်တော့မဟုတ်သေးပါဘူး ငါတစ်ခုပဲစွဲစွဲမြဲမြဲလုပ်တော့မယ်ဆိုပြီး ကိုယ့်ကြိုက်တာရွေးတော့ ဂုဏ်တော်ကိုးပါးရယ် သံဗုဒ္ဓေရယ် သရဏဂုံရယ်သုံးခုပဲရွတ်တယ် အဲဂါထာသုံးခုကို တစ်ခုပြီးတစ်ခု ရွတ်နေတာ ဟိူဟာပြီးဒါရွတ် ဒါပြီးဟိုဟာရွတ်ပေါ့

နောက်တော့သုံးခုထဲကတစ်ခုရွေးမယ်ပေါ့ အဲတာနဲ့ညအိပ်ခါနီး ဘုရားတိုင်တည် အထက်အဘတွေတိုင်တည် (အဲဒီတုန်းကအဘတွေဆိုတာ အဘဘိုးမင်းခေါင်ပဲသိတာ အဘပဲတိုင်တည်တာပေါ့)ပြီးအိပ်တော့ အိပ်မက်ထဲမှာကိုယ့်က လယ်ကွင်းကြီးတစ်ကွင်းထဲရောက်နေတာ အဲဒီမှာပဲ ဘာကောင်းကြီးလဲမသိဘူး အမွှေးရှည်ခြေလက်ရှည်ကြီးနဲ့ ကိုယ့်ဆီတန်းတန်းပြေးလာတာ ကိုယ့်ကလဲကြောက်ကြောက်နဲ့ပြေးလို့ကလဲမရ အဲဒီမှာပဲ အသံကြားတယ် သားရတဲ့ဘုရားစာရွတ်ပါတဲ့ အသံပဲကြားတာ လူမမြင်ဘူး သံဗုဒ္ဓေစရွတ်တယ် အကောင်ကြီးကပြေးလာရင် တန်းရပ်သွားတာ ပြီးတော့ရပ်ကြည့်နေတာ ကိုယ့်လဲဆက်မရွတ်ဘူးသူကြောက်ပြီး ပြန်ကြည့်နေ့တုန်း ဗြန်းဆိုပြန်ပြေးလာရော အဲဒီမှာဂုဏ်တောရွတ်တော့ တစ်ခါရပ်ပြီးကြည့်နေပြန်ရော ကိုယ့်ကလဲမောတော့ရပ်တော့ တန်းပြေးလာတာပဲ ကိုယ့်ဆီရောက်ဖုိ့နီးနီးလေးပဲလို့တယ်

ကိုယ့်လဲအရမ်းကြောက်ပြီး လက်အုပ်ချီပြီး သရဏဂုံရွတ်လိုက်တော့ ဝုန်းဆိုအကောင်ကြီးနောက်ကိုလွင်ထွက်သွားတယ် ပြီးတော့မီးတော့ လောင်နေတယ် အဲဒီမှာပဲလန့်နိုးလာတယ် ဒါပေမဲ့ပါးစပ်က သရဏဂုံရွတ်တုန်း အဲဒီနောက်ပိုင်းတော့ ပုတီးစိတ်လဲသရဏဂုံပဲရွတ်တယ် အမြဲတိုင်းလိုလိုသရဏဂုံရွတ်တော့တယ် အဲဒီမှာတစ်ခုပြောချင်တာက ဘုရားဂါထာပဲအတူတူပဲဘာလိုမတူတာလဲပြောလိမ်မယ် ဘုရားဂါထာကအတူတူပဲအားလုံးကအတူတူစွမ်းကြပါတယ် ဒါပေမဲ့ မတူတာရှိပါတယ်

ကျနော်ငယ်ငယ်ကတိုင် အဖွားကဘယ်သွားသွားဘယ်လာလာ ရတနာမြတ်သုံးပါးမမေ့ရဘုးဆိုပြီး သရဏဂုံပဲအမြဲတိုင်ပေးတယ်ချပေးတယ် ကိုယ့်လဲအားတိုင်းရွတ်တယ် ကြာတော့ထုံလာတာပေါ့ အစကတိုင်ရွတ်လာတော့ ဒုက္ခရောက်တဲ့အချိန်ကြတော့ ထုံလာအောင်ရွတ်တဲ့ဂါထာတန်းခိုးကြောင့် ကွင်းလုံးကျွတ်လွတ်တာပါပဲ အရေးကြုံမှရွတ်တာနဲ့ ကိုယ့်အမြဲထုံအောင်ရွတ်လာတာနဲ့ ကွာတာပါ ဘုရားဂါထာတွေအတူတူပါပဲ ဒါကအိမ်မက်ထဲမှာပါ အပြင်မှာလဲ ကားနဲ့တိုက်ခံရဘူးတယ် ဆိုင်ကယ်နဲ့အတိုက်ခံရဘူးတယ် ကိုယ့်ကဘာမှမဖြစ်ဘူး ခြစ်ရာတောင်မဖြစ်ဘူး ကိုယ့်နဲ့ပါတဲသူ့က သွေးထွက်သံယို ဖြစ်တယ် ကျနော်ပြောချင်တာက ဘာပဲရွတ်ရွတ်တစ်ခုပဲ တစ်ခုပဲရွတ်ပါ ရွတ်တာများလို့ထုံလာရင် အကျိုးများပါတယ် ကိုယ်တိုင် ကြုံမှယုံကြပါစေ.

အဲလို့ ဂါထာတစ်ခုကို စွဲမြဲစွာရွတ်ဖက်ပူဇော်လာတော့ ကြာတော့ထုံလာပြီး ဂါထာရွတ်ဖတ်ပူဇော်သူမှာ အစောင့်ကပ်လာပါတယ် (အရေးကြုံမှ ရွတ်ဖတ်သူကို သူဒုက္ခနေတဲ့နေရာက သက်ဆိုင်ရာပုဂ္ဂိုလ်က ကူညီစောက်ရှောက်ပါတယ် "ဥပမာ အဲနားက ရုက္ခစိုးနတ် ဘုက္ခစိုးနတ် ကွင်းပိုင် အာကာသစိုးနတ် စသောနတ်ကောင်းနတ်မြတ်တွေက စောက်ရှောက်တာပဲ
မစောက်ရှောက်လို့မရပါဘူး ဘာလို့လဲဆိုတော့ အဲလို့ဒုက္ခနေတဲ့သူက ဘုရားဂုဏ်တော်ကို အရေးကြုံသော်လည်း သူယုံကြည်ပြီး အန္တာရာယ်မှလွတ်ကင်းရအောင် ရွတ်ဖတ်သူကို မစောက်ရှောက်တဲ့ အဲနေရာက ရုက္ခစိုးနတ် ဘုက္ခစိုးနတ် အာကာသစိုးနတ် တွေကို အထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူးတဲ့ အဲလို့မတတ်ရတော့ သူတို့ဖြစ်နေတဲ့ ဒုက္ခတွေ အခက်အခဲတွေကို နတ်သဘင်အစည်းအဝေးမှာ ချပြအကူအညီတောင်းခွင့်မရှိတော့ဘူး

ကျနော်ဖတ်ဘူးတဲ့ဘုရားစာအုပ်ထဲက အကြောင်းတစ်ခုပြောပြပါရစေ

တစ်ခါက သာဝတ္ထိပြည့်မှမိန်းမတစ်ယောက်သည် တခြားမြို့က သူအကိုဆီသွားလည့်ဖို့ သူခင်ပွန်းဆီခွင့်တောင်းတယ်

သူခင်ပွန်းက ကိုယ့်ဝန်အရင့်အမာကြီးနဲ့မို့ မသွားဖို့ ကလေးမီးပွားပြီးမှ သွားဖို့နားချတယ် မရဘူး
သူအကိုဆီသွားတာပဲပေါ့

အဲတာနဲ့သူခင်ပွန်းက သူကတော့ ကုန်းရောင်းကုန်ဝယ်သွားစရာရှိလို့
လိုက်ပို့မယ် နောက်မှပြန်လာခေါ်မယ်ဆိုပြီး လိုက်ပို့တယ်

အဲမာ ဘုရားရှင်က အဲအမျိုးသမီးရဲ့ အဖြစ်ကို၎င်း သူခလေးက နောက်တစ်ချိန်မှာ သာသနာတော်မှာ ထင်းရှားတဲ့ ရဟန္တာမထေရ်ဖြစ်မယ်ဆိုတာကို မြင်တော်မူပြီး ချီးမြှောက်ဖို့ လမ်းကစောင့်ပြိ်း အလှူခံတော်မူတယ်

လမ်းမှာ လင်မယားနှစ်ယောက်လုံး
ဘုရားနဲ့တွေ့တော့ လှူဖွယ်ပစ္စည်းလှူပြီး ဘုရားရှင်က
ငါးပါးသီလနဲ့တကွ သရဏဂုံသုံးပါးကို တည်ဆောက်ခိုင်းပြီး
ဘယ်လို့ဘေးအန္တရာယ်နဲ့တွေ့တွေ့
သရဏဂုံသုံးပါးကို မမေ့ဖို့မှာကြားပြီး ကြွတော်မူတယ်

သူတို့လဲ သူအကိုဆီရောက်တော့
သူခင်ပွန်းက ထားပြီးပြန်သွားတယ်

အဲမာ သူအကိုက ဘာမှမဖြစ်ပေမဲ့
အကိုမိန်းမ သူညီမဆီက လက်ဝတ်ရတနာတွေကိုလိုချင်လို့
သူခင်ပွန်းကို နည်းပေါင်းစုံနဲ့ မြူစွယ်တော့ ရသွားတယ်

အဲမှာသူအကိုက ညီမရေ ဟိုဘက်ရွာမှာ အဖေတို့အမေတို့ရှိစဉ်က ရစရာရှိတဲ့အကြွေးတွေ သွားတောင်းရအောင်
ငါ့ညီမပြန် အကိုပေးမယ်ပေါ့
ညီမလဲ မလိုက်ဘူးပေါ့ ကိုယ့်ဝန်အရင့်အမာကြီးနဲ့
အကိုက ဇွတ်အတင်းခေါ်တော့ပါသွားတယ်

အဲတာ တောထဲရောက်တော့ တွန်းချလိုက်ပြီး နင်ကိုသတ်ပြီး ပစ္စည်းတွေယူမယ်ပေါ့

ညီမလုပ်သူက ကိုယ့်ဝန်အရင့်အမာကြီးနဲ့မိုမလုပ်ပါနဲ့ အကိုတူလေးကိုလဲ သနားပါအုံးပေါ့

ဟိုကလဲ မစိတ်မွှန်းနေတာမရဘူး
သေတော့ဆိုပြီး ဓားနဲ့ခုတ်မို့အချိန်
သူညီမကလဲ ကြောက်လန်ပြီး "ဗုဒံ္ဓသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ "ဆိုပြီး လက်အုပ်ချီ မျက်လုံးမိတ်ပြီးရွတ်ဖက်ပူဇော်လိုက်တယ်

အဲအချိန်မှာ သစ်ပင်ကြီးနောက်က သူညီမရဲ့ ခင်ပွန်းက ဓားကြီးဆွဲပြီး မင်းသေပေတော့ဆိုပြီး ပြေးလာတာ ဟိုကလဲ ချက်ချင်းပေါ်လာတာဆိုတော့ ကြောက်လန်ပြီး ထွက်ပြေးသွားတယ်

အဲတာ လင်မယားနှစ်ယောက်လုံးပြန်လာတော့ ညမိုးချုပ်တော့ မြို့တံခါးပိတ်သွားလို့ သာဝတ္ထိပြည့်အပြင်က ဇရပ်မှာညအိပ်ကြတယ်
အဲညမှာ ခလေးမီးဖွားတယ်

သူလဲမနက်မိုးလင်းတော့ သူခင်ပွန်းဘယ်ရောက်သွားလဲပေါ့ ခေါ်ကြည့် လိုက်ကြည့်တော့လဲမတွေ့ဘူး
အဲအချိန်မှာပဲ လူတစ်ယောက်သူဆီတန်းတန်းလာနေတာတွေ့တယ်

အနီးကပ်ကြမှ သူခင်ပွန်းဖြစ်နေတယ် သူလဲမေးတာပေါ့ ဘယ်သွားနေတာလဲပေါ့
သူလဲအံသြနေတာ ငါအခုမှလာတာပေါ့ အခုညက အိမ်မက်မက်လို့ ဇရပ်မှာလာခေါ်တာ

ဒါဆို့ ညက ကျမခင်ပွန်းကဘယ်သူလဲပေါ့
လမ်းမှာလဲစောက်ရှောက်လာတာပေါ့

ဒါနဲ့ ဘုရားဆီသွားပြီး ဖြစ်ကြောင်းကုန်စင်လျှောက်တော့
ဘုရားရှင်က သရဏဂုံသုံးပါးကို ရွတ်ဖက်ပူဇော်သူဟာ ဘုရားရဲ့သားသမီးမြည်တယ် အဲလို့ သရဏဂုံသုံးပါးကိုရွတ်ဖတ်ပူဇော်တဲ့သူကို ဒုက္ခရောက်နေရင် နတ်ကောင်းနတ်မြတ်တွေ စောက်ရှောက်ရတယ်
ညက ချစ်သမီးကို လမ်းခရီးမှာကော့ လိုက်ပြီးစောက်ရှောက်တဲ့သူဟာ
အဲတောမှာ နေထိုင်တဲ့ ရုက္ခစိုးနတ်ဖြစ်တယ်

သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်တဲ့သူ ဒုက္ခရောက်နေတာကို မကူညီရင် အဲနတ်ကို အထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူး

ကိုယ့်နေထိုင်ရာ ပတ်ဝန်းကျင်မှာ သူတော်ကောင်းတွေ ဒုက္ခရောက်နေရင် အဲပတ်ဝန်းကျင်က နတ်တွေက ဝိုင်းဝန်ကူညီရမယ်လို့ အထက်နတ်တွေက စည်းကမ်းချက်ချထားတယ်
လို့မိန့်တော်မူတယ်

စွဲမြဲစွာရွတ်ဖက်ပူဇော်လာတဲ့သူနဲ့ အကျိုးပေးမတူပါဘူး ဘာကွာလဲဆိုတော့ စွဲမြဲစွာရွတ်ဖက်ပူဇော်လာကြာလာတာနဲ့အမျှ ဂါထာထုံလာပြီးဆိုရင် အဲဒီးလူကို အမြဲစောင့်ရှောက်မဲ့အစောင့်ပုဂ္ဂိုလ်က စောင့်ပါပြီး ဘာလို့လဲဆိုတော့ သူခန္ဓာမှာ ဂုဏ်တော်ရဲ့သတ္တိတွေ အစွမ်းတွေ ဘုရားရဲ့ဂုဏ်တော်တွေ ထုံလာတာနဲ့အမျှကိန်းအောင်းနေလိုပါ
တစ်ခုရှိတာက စွဲမြဲစွာထုံအောင်ရွတ်ဖတ်တဲ့သူက ဘာအကြောင်းနဲ့မှ ရက်ပြတ်လို့မရပါဘူး
ဥပမာ လည်နေတဲ့ ပန်ကာက တစ်ချောင်းကျိုးသွားရင် လေအားအပြည့်အဝမရတော့ပါဘူး

ဒါကြောင့် ကျနော်ထပ်ပြီး စေတနာနဲ့ တိုက်တွန်းပါရစေ
ဘာပဲလုပ်လုပ် ဘာဂါထာ ဘယ်ဂုဏ်တော်နဲ့ပဲ ရွတ်ဖက်ပူဇော်ပါစေ တစ်ခုပဲစွဲစွဲပူဇော်သွားပါ တကယ်ပေါက်မြောက်အောင်မြင်တဲ့သူတွေက တစ်ခုပဲ စွဲစွဲမြဲမြဲလုပ်သွားတာပါ ဒါမှလဲ အကျိုးပေးမြန်မှာပါ အဲလို့မဟုတ်ပဲ ဟိုလူပြောလို့ဒါရွတ် ဒီးလူပြောလို့ဒါရွတ်ဆိုရင် အသက်၆၀သာပြည့်သွားမယ် ဘာမှဖြစ်မှာမဟုတ်ပါဘူး ကုသိုလ်တော့ရပါလိမ့်မယ်

ကျနော်ကဆရာကြီးလုပ်တာမဟုတ်ပါဘူး မိတ်ဆွေတို့ကို စိတ်ရင်းစေတနာနဲ့ပါ ကျနော်မျက်စီသွေးကြောပေါက်ထားတာတောင် အခုလို့ ဓမ္မဒါနလေးတွေ ဖြန့်ဝေရရင်ပျော်တယ်

တစ်ချို့ cbမှာလာပြီးတော့ ကျနော်အခုအကိုပိုစ့်ကြောင့် အရင်ကသိပ်မလုပ်ပေမဲ့ အခုပုံမှန်လေး ပူဇော်ဖြစ်တယ် ဘယ်ဂါထာရွတ်ဖက်ပူဇော်တယ်
ဘယ်လို့ အဓိဌာန်ပုတီးဝင်တယ်
အဲလို့ပြန်ကြားရတာ တကယ်ပီတီဖြစ်ပါတယ်

လက်ညောင်းတာလဲတန်တယ် မျက်စိသွေးကြောပေါက်သွားတာလဲ တန်တယ်

တကယ်လုပ်လို့ တကယ်ရတာ မိတ်ဆွေတို့ပါ ဒါကြောင့်မိတ်ဆွေတို့က ကိုယ့်တိုင်လုပ်တဲ့အတွက်ပိုပြီး အကျိုးကျေးဇူးများပါတယ်

ကျနော်ကတော့ စေတနာနဲ့သတိပေး တိုက်တွန်းတဲ့သဘောပါပဲ

မိတ်ဆွေတို့အားလုံးလဲ လောကီ လောကုတ်နှစ်ဖြာသော အကျိုးတွေရကြပါစေ။

ကျနော်လွန်ခဲ့တဲ့5နှစ်က ရေးခဲသော ပိုစ့်အဟောင်းပါ
☸☸☸ရွှေလရောင်

မူရင်းပို့စ်အား လေးစားစွာဖြင့် Crd ပေးပါသည်
______________________________________
#မျှဝေပေးတာလေးတွေကိုသဘောကျလျှင်
ပေးသွားပါ။
#လူအများဖတ်ရအောင်_ပြန်လည်မျှဝေပေးပါ။

 #ကြီးပွား​တော့မယ့်သူဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လိ...
18/08/2023

#ကြီးပွား​တော့မယ့်သူ

ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။
ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။
အဲ့လို့နေ့စဉ်လုပ်ရင်
#ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။ မကြာခင် #ကြီးပွါးတော့မယ့် လက္ခဏာပဲ။

သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။

လူတစ်ယောက်ဟာ
#အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်
အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။

#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ကုသိုလ်ကိုစွဲသွားလို့ပဲ။ စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။
အဲ့ဒါမျိုးကို #အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊
#အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် #ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။ အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။
မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။

#အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ
အကောင်းဆုံး ယတြာတစ်ခု (သို့) သံသရာ ပါမည့် အစီအရင်ကောင်းလေး တစ်ခုမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်🙏🙏🙏
ဒီထက်ကောင်းမည့် ယတြာ ကျွန်တော် မတွေ့ဘူး🙏

ဘူမိဖဿမုဒြာ
17/08/2023

ဘူမိဖဿမုဒြာ

စျာန်အဂါ၅ပါးကိုကျင့်ကြံနေသော စျာန်နမုဒြာဟန် ဘုရားဆင်းတုတော်ကို ကိုးကွယ်ပူဇော်ရသောအကျိုးကျေဇူးကြောင့်ပူပန်သောက ကင်းဝေးပြီ...
12/08/2023

စျာန်အဂါ၅ပါးကိုကျင့်ကြံနေသော
စျာန်နမုဒြာဟန် ဘုရားဆင်းတုတော်ကို ကိုးကွယ်ပူဇော်ရသောအကျိုးကျေဇူးကြောင့်
ပူပန်သောက ကင်းဝေးပြီး စိတ်နှလုံးချမ်းမြေ့၊
ဉာဏ်ပညာအလင်းရောင်ပွင့်လန်းကာ တရားထူးတရားမြတ်များကို လျှင်မြန်စွာရရှိနိုင်ပါသည်။

လူကြီးမင်းတို့ အသင့်ပင့်ဆောင်ပူဇော်နိုင်သော ဉာဏ်တော်၁၅လက်အရှိ သရက္ခံသစ်မွှေးသားဖြင့်ထုဆစ်ထားသော အဘယမုနိ မြတ်စွာဘုရားပါရှ...
06/08/2023

လူကြီးမင်းတို့ အသင့်ပင့်ဆောင်ပူဇော်နိုင်သော ဉာဏ်တော်၁၅လက်အရှိ သရက္ခံသစ်မွှေးသားဖြင့်ထုဆစ်ထားသော အဘယမုနိ မြတ်စွာဘုရားပါရှင်

🎀ဓမ္မမိတ်ဆွေ လူကြီးမင်းတို့၏ ကျက်သရေရှိပြီးတင့်တယ်လှသည့် အိမ်ဂေဟာရှိဘုရားကျောင်းဆောင် တော်တွင် ဗုဒ္ဓ မြတ်စွာဘုရားရှင်သက်ရှိထင်ရှားပူဇော်ရသကဲ့သို့ စိတ်နှလုံးချမ်းမြေ့ကြည်ညိုဖွယ် ဖူးမြော်နိုင်စေရန် ကျွန်မတို့ ရွှေဘုန်းဆင့်မိသားစု ၏နိုင်ငံတကာအဆင့်မှီ ပန်းပုဆရာကြီးများမှထုဆစ်ထားသော သိဒ္ဓိဝင်ကျွန်းနက် နှင့် သရက္ခံသစ်မွှေးသား ဘုရားဆင်းတုတော် များကို လာရောက်လေ့လာနိုင်ပါကြောင်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

🎀လက်ရာအထူးသေသပ်လှပသော ဘုရားဆင်းတုတော်များက်ို ဆိုင်တွင် အသင့် ဝယ်ယူပင့်ဆောင်နိုင်သည့် အပြင် ကြိုက်နှစ်သက်ရာ မုဒြာအမျိုးမျိုးကို နှစ်သက်ရာဥာဏ်တော်အမျိုးမျိုးဖြင့် Order အပ်နှံ၍မှာယူနိုင်ပါသည်ရှင်

✴ မိမိတို့ရွှေဘုန်းဆင့်မိသားစု မှပန်းပုလက်ရာများကို ပြည်တွင်း၌သာမက နိုင်ငံခြားဧည့်သည်များနှစ်ခြိုက်လက်ခံ၍ ရောင်းချလာခဲ့သည်မှာနှစ်ပေါင်း ၂၀ ကျော်ပြီးဖြစ်ရာ လက်ရာ အရည်အသွေးအထူးအာမခံကြောင်းထပ်လောင်းပြောပါရစေရှင့်

✴ Super Service
အထူး Service အနေဖြင့် မိမိ တို့ရွှေဘုန်းဆင့်မှဝယ်ယူသွားသော ဆင်းတုတော်များ ရာသီဥတုအပူအအေးမမျှတမှု ၊ အခန်းအပူချိန် မမျှတမှုကြောင့် သစ်သဘာဝအရ ကွဲအက်ခြင်းများ၊ တနေရာမှတနေရာသို့သယ်ဆောင်ရာတွင်ထိခိုက်မိခြင်းများ၊ လူကြီးမင်းတို့ အမှတ်တမဲ့ထိခိုက်မိခြင်းများ၊ ရောင်တော်ပြန်လည်ဖွင့်ခြင်း အစရှိသည်တို့ကို လူကြီးမင်းတို့ ဝယ်ယူသည့်နေ့မှစတင်ကာ ရာသက်ပန် (အခမဲ့) တာဝန်ယူ ပြုပြင်​ပေးသွားမည် ဖြစ်ကြောင်း သတင်းစကားပါးပါရစေရှင်

✴ကျွန်မတို့ ရွှေဘုန်းဆင့်မိသားစုမှ တခါဝယ်ယူရုံဖြင့်ဘုရားဆင်းတုတော်များကိုအသစ်အတိုင်းအမြဲ
ပူဇော်ရသကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်ရှင်

✴ ထို့ကြောင့်
-လူကြီးမင်းတို့ ကျက်သရေဖြာတင့်တယ်လှသော အိမ်ဂေဟာကြီး တွင် ကြည်ညို ကိုးကွယ်လိုလျှင်ဖြစ်ဖြစ်
-ဓမ္မမိတ်ဆွေအချင်းချင်း ဓမ္မမေတ္တာလက်ဆောင်မွန်ပေးလိုလျှင်ဖြစ်ဖြစ်
-လူကြီးမင်းတို့ သဒ္ဒါတရား ပွားများစွာ ဆောက်လုပ်လှူဒါန်းထားသော ဘုရား ၊စေတီ ၊သိမ် ၊ကျောင်း များတွင် တည်ထား ကိုးကွယ်လိုလျှင်ဖြစ်ဖြစ်
ကျွန်မ တို့ ရွှေဘုန်းဆင့်ကို သတိရလိုက်ပါနော်

✴ Free Service ထပ်တခုအနေဖြင့် ရန်ကုန်မြို့တွင်း ပို့ဆောင်ခ (အခမဲ့) နှင့် အိမ်အရောက်ငွေချေ စနစ်ဖြင့်ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ၊
နယ် Delivery ရောက်ရှိသောမြို့များကို အိမ်အရောက် ပို့ဆောင်ခ (အခမဲ့) ဖြင့်ပို့ဆောင်ပေးမည်ဖြစ်ပြီး Delivery မရောက်သောမြို့များကို
နယ်ကားဂိတ် ထိလဲ (အခမဲ့) ပို့ဆောင်ပေးသွားမှာနော်

✴E Payment များကိုလဲ % လုံးဝ မယူဘဲလက်ခံပေးသွားမှာနော်
🏠 အမှတ် (၁၁) ၊ ဗဟိုရုံ ၊ ဗိုလ်ချုပ်စျေး (စကော့စျေး) ၊ရန်ကုန်မြို့
🏠 အိမ် Showroom - အခန်း 401,တိုက် B4၊ ရွှေဂုဏ်သူ အိမ်ယာ၊ ဟုမ်းလမ်း၊ အောက်ကြည့်မြင်တိုင်၊ ရန်ကုန်မြို့
☎09456819393
#သရက္ခံ

Address

အမှတ် (၁၁) ၊ ဗဟိုရုံ ၊ ဗိုလ်ချုပ်စျေး (စကော့စျေး)
Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Phone Sint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share